ပင်လယ်ရေလှိုင်းတို့ကသူတို့ခြေထောက်နား
ရိုက်ခတ်လာသည်။"ဖေဖေရေမီးမီးတို့ရေဆော့ရအောင်လေ
ပင်လယ်သာလာတယ်
ဖေဖေကရေလည်းမဆော့ခိုင်းဘူး "သမီးငယ်ကချန်းယောလ်လက်ကိုလှုပ်ရမ်း
ပြောနေသည်မို့အတွေးထဲနှစ်မျောနေရာက
သတိပြန်ဝင်လာသည်။*ဟွန်း ရေ အဲ့မှာပျော်နေလား
ကိုယ်တို့သမီးလေးတောင်အရွယ်အတော်ရနေပြီ *ချန်းယောလ် မျက်ဝန်းထဲဝေဝါးလာသည်မို့သမီးမတွေ့အောင်သုတ်လိုက်ရသည်။
ကမ်းစပ်တလျောက်သမီးနဲ့လက်တွဲလျောက်ရင်းဟွန်းကိုသတိရစိတ်ကထိန်းမရ။အချိန်ကာလတခုကြာခဲ့သည်တိုင်ဟွန်းကိုသူတနေ့မှမေ့မရ။
ထွက်သွားသူထက်ကျန်ရစ်ခဲ့သူကပိုရင်နာစမြဲလေ။ဘဝတသက်လုံးအသက်မသေဆုံးခင်ထိတမ်းတသတိရလွမ်းဆွတ်သွားရမှာ။
ဟွန်းရေကိုယ်မရှိတဲ့ကမ္ဘာမှာမင်းပျော်နေပြီလား။ကိုယ်တော့အခုထိမင်းကိုမမေ့နိုင်ဘူး။
အခုထိမင်းမရှိတော့ဘူးဆိုတာကြီးကအသားမကျသေးဘူး။ကိုယ်တို့သမီးလေးကအရမ်းချစ်ဖို့ကောင်းတယ်။မင်းသာရှိရင်ဒီအချိန်...
"ဖေဖေကအရမ်းချောတဲ့သမီးကိုမွေးပေးခဲ့တဲ့
ဖေဖေကိုသတိရနေပြန်ပြီ ဟုတ် တယ်မလား''ဟွန်း ရော
စကားတတ်လှတဲ့သမီးလေးကို
မြင်ရင်ဘယ်လိုနေမလည်း။ချစ်မဝဖြစ်နေမှာသေချာတယ်။သမီးကိုမွေးရင်ဆုံးပါးသွားတာမို့သမီးလေးကိုတောင်မတွေ့လိုက်ရသွားသော ဟွန်း
အတိတ်ကိုပြန်တွေးရင်ကျွန်တော့်အပြစ်တွေများခဲ့သည်။ဟွန်းအပေါ်လျစ်လျူရှူခဲ့တာ
တွေကြောင့်အခုလိုဒဏ်ခတ်ခံရတာလား။
ကံကြမ္မာကိုဘဲယိုးမယ်ဖွဲ့ရမလား။သမီးနဲ့အတူကမ်းခြေတစ်လျောက်လမ်းလျောက်ပြီးပြန်လာပြီးနားနေကြတာ။
သာလိကာမလေးကတော့ပင်ပန်းပြီမို့
အိပ်ပျော်သွားပြီကျွန်တော့်မှာတော့ထုံးစံအတိုင်းမအိပ်နိုင်။ဒီပင်လယ်ကြီးထဲဟွန်းရဲ့အရိုးပြာကိုကြဲခဲ့တာလေ။ပင်လယ်ကြီးကိုသဘောကျပါတယ်ပြောထားသောဟွန်းဆန္ဒအတိုင်းနောက်ဆုံးခရီးကိုသူ့လက်နဲ့ကိုယ်တိုင်ပို့ပေးခဲ့တာ။
နှစ်တိုင်း ဒီအချိန်ရောက်တိုင်းသူအရောက်လာခဲ့တယ်။သမီးလေးလည်းအမြဲခေါ်လာခဲ့သည်။
YOU ARE READING
CHANHUN MINI STORY BOOK 1
Short Story⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person .