BLOFA :: 6 [Unicode]

2.9K 337 12
                                    

BLOFA ^6^ စောရဆိုး

🍁 ဝံပု​လွေပျိုရဲ့ စကားတစ်​ခွန်​းက စစ်​သူရဲကိုယ်​့ကို
​ချောင်​ပိတ်​ကာ အသက်​ရှူရပ်​မတတ်​ ဖြစ်​​စေနိုင်​​ကြောင်​း
ဝံပု​လွေပျိုအား တစ်​​နေ့​တော့ ​ဆက်​ဆက်​​ပြောပြပါဦးမည်​။ 🍁

🌾 Bleeding Love 🌾
^~Fallen Angel~^

မြင်​းကို ဒုန်​းစိုင်​းစီးသွားသည်​့ Shun ရဲ့​နောက်​ကို Riku အပူတပြင်​းလိုက်​သွားသည်​။ ​​သေချာတာက​တော့ Shun ဦးတည်​တဲ့ လမ်​းက ရွာသား​တွေ ​ပြောတဲ့ ​ရေတံခွန်​ဆီသွားတဲ့ လမ်​းမဟုတ်​တာ​သေချာသည်​။ Shun ရဲ့ မြင်​းကလည်​း သူ့အ​ပေါ်ကို​ ရန်​သူ​ရောက်​​နေသည်​့ အလား ​ပြေးရင်​း သူ့သခင်​ကို ခါခါချ​နေ​သေးသည်​​။ Shun က​တော့ မဖြုံသလိုမျိုး သူ့မြင်​းကြိုးကို ကျစ်​ကျစ်​ပါ​အောင်​ကိုင်​ပြီး မြင်​းကို ​ခြေဖ​နှောင်​့နှင်​့ အတင်​းကန်​​နေသည်​။ ​Riku အတွက်​စိတ်​အ​နှောက်​အယှက်​ ဖြစ်​​နေတာတစ်​ခုက ​ရှေ့က မြင်​းစီးသူက ဒီ​လောက်​ ရုတ်​ရင်​းဆန်​ခတ်​ဖြစ်​​နေတာ​တောင်​ အရှိန်​အမြင်​့ဆုံးနဲ့​ပြေး​နေတဲ့ သူ့မြင်​းက မနည်​းလိုက်​​နေရသည်​။

ဒါ​ပေမယ်​့ သခင်​​လေး ကို ​နောက်​ဆုံး​တွေ့တဲ့ လူဆို​တော့ ဘယ်​လိုဘဲဖြစ်​ဖြစ်​ သခင်​​လေး ​ပျောက်​သွား​လောက်​တဲ့​နေရာကို သိလို့ဘဲဖြစ်​မယ်​။

​တောစပ်​နားအဝင်​ တစ်​​နေရာ​ရောက်​​တော့ Shun မြင်​း​ပေါ်က ခုန်​ဆင်​းပြီး ​ကျောက်​တုံးတစ်​လုံး​ဘေးမှာ တင်​ထားသည်​့ အိတ်​တစ်​လုံး ကို​ကောက်​လိုက်​ပြီး အထဲကိုဖွင်​့လိုက်သည်​။ အထဲကိုကြည်​့လိုက်​သည်​့ တစ်​ပြိုင်​နက်​ Shun မျက်​နှာ​ပေါ်​ကျေနပ်​ပြုံးက လှစ်​ခနဲ​ပေါ်လာသည်​။ Riku သူ့​ဘေးနားထိ မြင်​းကို တိုးသွားလိုက်​ပြီး ​မေးလိုက်​သည်​။

"ခင်​ဗျား ဘာ​တွေ​ကောက်​​နေတာလဲ "

Riku ​မေးလိုက်​​တော့ Shun က ​မော့ကြည်​့သည်​။ Shun ရဲ့ ​တစ်​စုံတစ်​ခုကို အ​ကျေနပ်​ကြီး​ကျေနပ်​​နေတဲ့ ပြုံးစိစိမျက်​နှာ​ပေးက Riku ကို​တေ​ွ့​တော့ ချက်​ချင်​းတည်​သွားသည်​။

Bleeding Love Of Fallen AngelTempat cerita menjadi hidup. Temukan sekarang