BLOFA ^ 29 ^

3.3K 463 15
                                    


Shun ရဲ့ ​နွေး​ထွေးတဲ့ အပြုအမူဟာ Iori ​ပေါ် များစွာ သက်​​ရောက်​မှုရှိခဲ့သည်​။ မနက်​နိုးလာလို့ Shun မရှိ​တော့​သော ဟာလာဟင်းလင်း အိပ်​ယာထက်​ နိုးထလာရ​သော်​လည်း Iori ​ကျေနပ်​​နေမိသည်​။ ချက်​ချင်းမထဘဲ အိပ်​ယာထဲလဲကာ Shun အိပ်​ခဲ့​သော ​နေရာကို လက်​နှင့်​အသာအယာပွတ်​သပ်​​နေမိသည်​။ ​အေးစက်​​နေ​သော်​လည်း သူ့နှလုံးသားကို​နွေး​ထွေးမှု​ပေးနိုင်​သည်​။ မ​နေ့က အဖြစ်​အပျက်​ကို​တွေးတိုင်း Iori ရင်​ထဲ ​မျှော်​လင့်​ချက်​ ဒီ​ရေတို့တရိပ်​ရိပ်​တက်​လာရသည်​။

ယောကျာ်းတစ်​​ယောက်​က အခြား​ယောကျာ်းတစ်​​ယောက်​ကို ဘယ်​​လောက်​အတိုင်းအတာ အထိ ချစ်​နိုင်​လဲ Iori မသိ​ပေမယ့်​ ​သေချာတာ​တော့ Shun ကို ထိုအတိုင်းအတာ ဂိတ်​ဆုံးအထိ စိတ်​ခံစားချက်​ ထားမိသွားပြီထင်​သည်​။

ရေချိုးသန့်​စင်​ပြီး​တော့ မနက်​စာကို သူတို့နှစ်​​ယောက်​ တိတ်​ဆိတ်​​နွေး​ထွေး​သော စား​သောက်​ဆိုင်​​လေးထဲ စား​သောက်​​ကြသည်​။

" ဒါပြီးရင်​ ဘယ်​သွားကြမလဲ"

Iori ရဲ့ ​ပုံမှန်​​မေးခွန်းဟာ Shun ကို အကြပ်​ရိုက်​​စေသည်​။ သူ့စိတ်​ထဲမှာ​ထွေ​ထွေထူးထူးသွားချင်​တဲ့​နေရာ မရှိ​ပေမယ့်​ Iori ကို ပို့ချင်​​သော​နေရာ တစ်​ချို့ရှိသည်​။

ဒါ​ပေမယ့်​...

Iori မှ မမြင်​ရတာ။

အတန်​ကြာ နှုတ်​ဆိတ်​​နေတဲ့ Shun ​ကြောင့်​ Iori ပြုံးလိုက်​သည်​။

" ငါ့ကို ထည့်​မတွက်​ပါနဲ့။ ငါမမြင်​ရ​ပေမယ့်​ Shun သွားချင်​တဲ့​နေရာရှိရင်​ ငါလိုက်​မယ်​​လေ။ "

ဘာမှ ပြန်​မ​ဖြေ​သော Shun ​ကြောင့်​ Iori အားနာသွားရသည်​။

ဒီအသုံးမကျတဲ့ မျက်​လုံး​တွေ​ကြောင့်​ ...။ မဟုတ်​ရင်​​ရောက်​တုန်း​ရောက်​ခိုက်​ ​နေရာစုံသွားပြီး ပို​ပျော်​လို့ရသည်​။ ဒါ​ပေမယ့်​ ခု​တော့ Shun ခမျာ သွားချင်​တာ​တောင်​ သူ့ကို ငဲ့​နေရတယ်​။ Shun က ဒီလိုကျ​တော့ သူများအ​ပေါ်စာနာတတ်​သားဘဲ။ ဒါ​ပေမယ့်​ ​လော​လောဆယ်​​တော့ Shun ကို စိတ်​​ပေါ့သွား​အောင်​အရင်​လုပ်​ရမည်​။

Bleeding Love Of Fallen AngelWhere stories live. Discover now