BLOFA ^18^

3.4K 497 19
                                    

🍁 When Unacceptable Love Bloom,
A Heart's Doomed 🍁

🌾 Bleeding Love 🌾
^~ Fallen angel ~^

"​ရောက်​ပြီ။ "

မြင်းကို ရပ်​ပြီး Iori နားနားကပ်​​ပြောကာ Shun မြင်း​ပေါ်က ဆင်းလိုက်​သည်​။ ထို့​နောက်​ မြင်း​ပေါ် ​ကြောင်​အမ်းအမ်းနှင့်​ထိုင်​​နေ​သော Iori ​နောက်​​ကျောကိုထိန်း ဒူး​အောက်​လက်​လျိုကာ သတို့သမီး​လေးလို ​ပွေ့ချီလိုက်​သည်​။

" ဘာ..ဘာလုပ်​တာလဲ။ ငါ့ကိုလွတ်​။ "

Iori ရုန်း​ပေမယ့်​ Shun က Iori လက်​​မောင်းကို ခပ်​တင်းတင်းဆုပ်​ကိုင်​ကာ Iori ​​ပေါင်​ကို ခပ်​​တင်းတင်း ဆုပ်​ကိုင်​လိုက်​​တော့ Iori နတ်​ပူးသလို တစ်​ချက်​ တွန့်​ကာ ထရီ​တော့သည်​။

" ​ငြိမ်​ငြိမ်​​နေ။ "

နှစ်​ကိုယ်​ကြားရုံ ခပ်​တိုးတိုး​ပြောလိုက်​တဲ့ Shun ​ကြောင့်​ Iori တွန့်​လိမ်​​နေရာမှ ငြိမ်​ကျသွားသည်​။ အိမ်​က တိတ်​ဆိတ်​​နေပြီး မသိနိုင်​​သော အရှိန်​အဝါတစ်​ခုက လွှမ်းမိုး​နေ​သော​ကြောင့်​ Iori အနည်းငယ်​​ရှိန်​​နေတာ​တော့အမှန်​။ Iori ကို ​ပွေ့သွားရင်း Shun အ​ဆောင်​တွင်းထဲသို့ဝင်​သွားသည်​။

Ken က​တော့ သူ့ကို အဖက်​မလုပ်​ဘဲထွက်​သွားသည့်​ Shun ကို အသံ​ပေါင်းစုံဖြင့်​ ဆန္ဒပြ​နေ​ပေမယ့်​ Shun က​တော့လုံးဝလှည့်​မကြည့်​​ဘဲ အ​စောင့်​တစ်​​ယောက်​က မြင်း​စောင်းထဲ ​ခေါ်သွားတာကို မသွားချင်​သွားချင်​​ပေကပ်​ကပ်​နှင့်​လိုက်​သွား​တော့သည်​။ သူလည်း အနားယူရဦးမည်​။ သူ့သခင်​က သူ့ကို လူလိုသူလို မစီးဘူး​လေ။

စော​စောက အထိန်း​တော်​ကြီးရဲ့ အသံတိတ်​သတိ​ပေးမှု​ကြောင့်​ တိတ်​တိ​​နေခဲ့ရ​သော နန်းတွင်းသူများသည်​လည်း Shun အထဲ​ရောက်​သွားသည်​နှင့်​ တစ်​​ယောက်​ကို တစ်​​ယောက်​ တွတ်​ထိုး​နေကြသည်​။ သူတို့​ပြောတဲ့​ခေါင်းစဉ်​က​တော့ မိန်းမပျိုတစ်​ဦးကို မချီစဖူးချီသွားသည့်​ သူတို့ရဲ့ ​ပေါ့တိ​ပေါ့ပျက်​မင်းသားအ​ကြောင်း၊ နန်း​တော်​ကို အရက်​အိုးလည်းမပိုက်​ ၊ အရက်​လည်း မူးမလာဘဲ ပြန်​လာသည့်​ အရက်​ကျေးကျွန်​ မင်းသားတစ်​ပါးအ​ကြောင်း​ပေါ့....။

Bleeding Love Of Fallen AngelWhere stories live. Discover now