Blofa :: 55 [Unicode]

1.7K 196 2
                                    

Blofa :: 55

အမှောင်ထုထဲ Iori မှတ်တပ်ရပ်နေသည်။ ပထမတော့ သူ့ကိုယ်သူဘယ်ရောက်နေမှန်းမသိ။ သူ့ရှေ့မှာ လူတစ်ယောက်ပေါ်လာလို့မေးဖို့ရှေ့တိုးလိုက်ပေမယ့် ထိုသူနားရောက်တဲ့အခါ။ သူခြေလှမ်းတွေ ရပ်တန့်သွားမိသည်။ ထိုသူရဲ့ နဖူးစပ်မှာ အမာရွတ်တစ်ခုက ရှိနေတာမို့။ သို့သော်နောက်ကျသွားချေပြီ။ ထိုသူက Iori ကို ချီမကာ ချောက်နက်ကြီးထဲပစ်ချလိုက်သည်။ အရှိန်နဲ့ကျသွားတဲ့တစ်လျှောက်မှာ မကြောက်မိပေမယ့် မြေပြင်ပေါ်ကို မနာမကျင်ဘဲ ပက်လက်ကလေးကျသွားတဲ့နောက်မှာ ကြောက်ရွံ့မှုက တစ်ဟုန်ထိုးဝင်လာသည်။ 

*တစ်ယောက်ယောက် ကယ်ကြပါ......*

ပွင့်နေသောမျက်ဝန်းအစုံကို ပိတ်ထားချင်ပေမယ့် ပိတ်လို့မရနိုင်ခဲ့ ။

*ကယ်ကြပါ။*

မကြာခင် စားဖိုဆောင်ကြီး ပေါက်ကွဲပြီး သူမျက်စိဖောက်ထုတ်ခံရလိမ့်မည်။
သူသိနေပေမယ့် ဇက်ခိုင်နေသလိုဖြစ်ကာ အကြည့်လဲ မလွဲနိုင်သလို မျက်လုံးလဲ မှိတ်လို့လည်းမရနိုင်ခဲ့။

" မီး.... မီး !!....."

" Iori... Iori... ရှူး....ဘာမှမဖြစ်ဘူး.. "

တစ်စုံတစ်ယောက်က ဘေးမှာရှိတယ်ဆိုတဲ့ လုံခြုံနွေးထွေးမှုကို ဖြစ်ပေါ်စေသော အသံတစ်ခုက Iori နားထဲကိုတိုးသဲ့သဲ့ဝင်လာသည်။ အရာအားလုံးက တခဏတာ ငြိမ်သက်သွားပြီးတဲ့နောက်မှာ ချောက်ကမ်းပါးမှာရပ်နေတဲ့ လူတစ်ယောက်ကို သူမြင်လိုက်သည်။ သူသွားဆွဲဖို့ကြိုးစားပေမယ့်  မျက်ရည်များ ပြည့်နှက်နေသော မျက်ဝန်းများနှင့်ထိုသူက Iori ကိုလှည့်ကြည့်လာသည်။

" မင်းကိုကုသပေးမယ့်အစား ငါ နတ်ဆေးသမားတော်လောင်း ဘဝကိုဘဲ အဆုံးရှုံးခံလိုက်တော့မယ်။ "

Iori ခြေလှမ်းတွေရပ်တန့်သွားသည်။

" တောင်းပန်ပါတယ်... တောင်းပန်ပါတယ် "

Iori နောက်ပြန်လှည့်ပြေးကာ အမှောင်ထဲကိုတိုးဝင်မိသည်။

" တစ်ချိန်တုန်းကတော့ အသိုင်းအဝိုင်းကလည်းကြီး၊ ဆရာတွေကလည်းချစ်တော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့တာလေ။ ခုတော့ လူတွေရဲ့အကူအညီကို ယူနေရပြီမလား ဟားဟား "

Bleeding Love Of Fallen AngelWhere stories live. Discover now