BLOFA :: 31 [Unicode]

1.7K 220 9
                                    

Blofa :: 31

🍁🍁

တကယ်တော့ ကိုယ်ဟာ ကောက်ရိုးပုံစောင့်တဲ့ ခွေးလိုပါဘဲ
ကိုယ်ကိုယ်တိုင်ဖြင့် ပျော်ရွှင်အောင်မစွမ်းဆောင်နိုင်ပါဘဲ
ဝံပုလွေငယ် အခြားသူရင်ခွင်မှာ ပျော်ရွင်မှာကို စိုးကြောက်နေမိတယ်..

🍁🍁

🌾 Bleeding love 🌾
^~ Fallen Angel ~^

အနည်းငယ်ဆူနေသော ပါတ်ဝန်းကျင်မှာ Ken ကိုရပ်ကာ Iori ကိုပွေ့ချရင်းပြောလိုက်သော Shun ကြောင့် Iori ကြောင်သွားသည်။

** လူပျိုဘဝကို နှုတ်ဆက်လိုက်တော့ ဆိုတာဘာသဘောလဲ **

Iori တွန့်သွားပြီး ပေတေရပ်လိုက်ပေမယ့် Shun က Iori ပုခုံးကိုဖက်ကာ အပျော်ဆောင်ထဲ အတင်းဆွဲခေါ်လိုက်သည်။

" မကြောက်ပါနဲ့ မင်းအတွက် ဒီကအစ်ကိုကြီးက အကောင်းဆုံးမိန်းမလှလေးကို ရွေးပေးမှာ "

Shun ရဲ့ ရယ်ကျဲကျဲအသံက Iori ကို ပါးရိုက်လိုက်သလိုပင်။ ရှက်ရွံ့မှုနှင့် ကြောက်လန့်မှုတို့ ရင်ထဲဟုပ်ခနဲ ဝင်လာသည်။

" မင်းရူးနေလား၊ မင်းနေချင်နေခဲ့ ငါပြန်မယ် "

Shun လက်ထဲကနေအတင်းရုန်းထွက်ပြီး Iori နှောက်ဆုတ်လိုက်မိသည်။

Shun က သူတို့ကိုအပေါ်ကနေလှမ်းကြည့်နေတဲ့ ဆေးဆိုးပန်းရိုက်နဲ့ မိန်းမကြီးကို ပြုံးပြလိုက်သည်။ မိန်းမကြီးက မျက်ခုံးပင့်ပြတော့ Shun လျှာသပ်ကာခေါင်းငြိမ့်ပြလိုက်သည်။

မိန်းမကြီးက လက်ခုပ် နှစ်ချက်တီးကာ အခန်းထဲမှာရှိတဲ့ လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို ရယူလိုက်သည်။

" ဒီသခင်လေးကို သီးသန့်ဆောင်ထဲခေါ်သွားပေးလိုက်ကြပါဦး။ "

သူမရဲ့အမိန့်သံအဆုံး ကလေးမလေးသုံးယောက်ထွက်လာကာ Iori လက်ကို တစ်ဖက်တစ်ချက်ဆီတွဲပြီး အဆောင်တစ်ခုထဲ အတင်းဆွဲခေါ်ကြသည်။ တစ်ခစ်ခစ်ရယ်သံတွေအရ မိန်းမငယ်လေးတွေမှန်းသိတဲ့ Iori က အတင်းရုန်းကန်တာမျိုးမလုပ်ရဲတော့ဘဲ သူတို့ဆွဲခေါ်ရာနောက်ကိုပါသွားသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now