BLOFA :: 24 [Unicode]

1.7K 242 3
                                    

မျက်လုံးတစ်ဖက်ညိုမည်းဖူးရောင်နေသော Shun ကို တလှည့်၊ အဝတ်အစားလဲဖို့ Iori ဝင်သွားတဲ့ အတွင်းခန်းထဲကို တလှည့်ကြည့်ပြီး Sakura ကြိတ်ရယ်နေမိသည်။

" Shun Nii ဝက်ဝံနဲ့ နှပမ်းသတ်လာတာလား "

" မဟုတ်ဘူး။ စိတ်ကောက်နေတဲ့ အိမ်ရှင်မနဲ့ တိုးလာတာ။ "

"နည်းတောင်နည်းသေးတယ်။ "

ပြောသာပြောရတာ။ Shun မျက်လုံးတစ်ဖက်ပိတ်သွားသည်အထိ လုပ်ခဲ့တဲ့သူဟာ သူမနေ့က အရမ်းသိမ်မွေ့တဲ့မိန်းကလေး လို့ကောက်ချက်ချထားတဲ့ Iori ဆိုတာ သူမယုံနိုင်သေးပါ။

မနေ့က Shun ဆီက ပြန်လာလို့ သူမအဆောင်ဘက်ကိုတောင်ပြန်မရောက်သေးဘဲ Shun သူ့ဆီကိုပေါက်ချလာသည်။

" သွားစရာရှိတယ်။ သူ့ကို အဖော်လုပ်ပေးထား "

" အစ်ကိုတော်ပြောတော့ သူနဲ့အပြင်- "

သူ့စကားကိုပင် နားမထောင်ဘဲ အမိန့်ပေးပြီး ထွက်သွားသော သူမအစ်ကိုတော်ရဲ့စကားကို သူမအတိအကျလိုက်နာတာပေါ့။ သူမအစ်ကိုတော် ပထမဦးဆုံးအကြိမ် အကူအညီတောင်းခြင်းမဟုတ်လား။

ချက်ချင်းပင် Iori အဆောင်ဘက်ကို ပြန်သွားလိုက်သည်။ သူရောက်တော့ Iori က Shun ဘာမပြောညာမပြောဘဲ ထွက်သွားသည့်အကြောင်းကို တိုင်တန်းသလို ပြောရှာသည်။

" Shun Nii. က ဒီလိုဘဲ မမရဲ့။ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ သူလုပ်ချင်ရာလုပ်တတ်တာ။ "

" သူက ဒီလိုဘဲဆိုတိုင်း သူလုပ်ချင်သလို လုပ်ခွင့်ပေးလို့ရမလား"

Iori က နီရဲနေသော သူမနှုတ်ခမ်းကိုကိုက်ပြီး မကျေမနပ်ရေရွတ်ခဲ့သည်။

ကိုယ်စိတ်ခုနေတာကို သူများက "သူက ဒီလိုပါဘဲ" လို့ဖာသိဖာသာ နှစ်သိမ့်ရုံနဲ့ လွတ်ပေးလိုက်မည့်သူထဲ Iori မပါ။ စိတ်ကို အတင်း မလျှော့ချလိုက်သလို ခွင့်လွတ်ချင်လည်း ယောင်မဆောင်တတ်တာကို Sakura သိလိုက်သည်။

ဒါပေမယ့် Iori က ို စကားလမ်းကြောင်းလွဲသည့်အနေဖြင့် မိန်းကလေးတွေစိတ်ဝင်စားတတ်သည့်အကြောင်းအရာတွေကို သူမ စပြောမိသည်။ Iori ပုံစံက ငိုတော့မလို ဖြစ်လာသည်။ သို့သော် သူမပြောသမျှကို စိတ်ပါလက်ပါ ပြန်ပြောသည်။ Iori ကို ကြည့်ရင်းကြည့်ရင်း သူမ ခင်မင်လာမိသည်။
သူမပြောတာတွေက တကယ်ကို ပျင်းစရာကောင်းသည့် သူမ အကြောင်းအရာတွေချည်း။ ဒါပေမယ့် Iori က သေသေချာချာ နားထောင်ပေးသည်။ သုံးသပ်ပေးသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now