BLOFA :: 37 [Unicode]

1.6K 214 4
                                    

" Riku Kun က ငါ့ကို မချစ်ဘဲ ဘာလို့ ချစ်တယ်လို့လိမ်ခဲ့တာလဲ "

သူမရဲ့ မျက်လုံးများက မျက်ရည်များရစ်ဝိုင်းကာ တာကျိုးသလို ပါးပြင်ထက် အလုအယက်ပြေးဆင်းနေကြသည်။ သူမငိုတာ သူမမြင်ဖူးဘူး။ သူမက အမြဲတမ်းအေးချမ်းတဲ့အပြုံးနှင့် တည်ငြိမ်နေတတ်ခဲ့တာ။

" Riku Kun က ဘာလို့... "

သူမရင်ဘတ်ကို ဖိပြီး ရှိုက်ကြီးတငင်ငိုခဲ့သည်။ သူမရဲ့ နာကျင်မှုကို သူအလိုလို ခံစားနေရသည်။ သူမအပေါ် အေးတိအေးစက်မဟုတ်သည့်တိုင် နွေးထွေးစွာ မဆက်ဆံခဲ့သော သူ့ကို သူမဘယ်တုန်းကမှ မေးခွန်းမထုတ်ခဲ့ဖူးပါ။ ဒါဟာ သူမရဲ့ ပထမဦးဆုံးမေးခွန်း။

" ငါ့ကို မချစ်ဘဲ လက်ထပ်ခဲ့တာလဲ "

" ငါ.. "

သူထွေးပွေ့ဖို့ကြိုးစားမိသည်။ သူ့ရင်ထဲက လှပစွာဖူးပွင့်နေသော ချစ်ခြင်းကို လှစ်ဟဖို့ ကြိုးစားလိုက်သည်။ သူမဟာ ယောကျာ်းလေးအများစုရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့သူ။ ယောကျာ်းလေးတွေနှင့်အပြိုင် ဓားချင်းယှဉ်ခုတ်ကာ အောင်လံထူနိုင်သည့်သူ။ သူမကို သူလေးစားအားကျခဲ့ဖူးသည်။ ဘာလို့ သူမကို မချစ်ဘဲ နေနိုင်မှာလဲ။ သူ့ရဲ့ကြိုးစားမှုဆုလာဘ်အနေနဲ့ သူမကို သခင်မကြီးထံ တောင်းခဲ့တာ။

သူမကို ထွေးဖက်ဖို့ အနားကပ်လိုက်ချိန်မှာဘဲ ကြွေးကြော်သံ၊ ညာသံတစ်ချို့ကြားလိုက်ရသည်။ အမြဲ သတိ အပြည့်ရှိနေသည့် သူမက အိမ်ရှေ့ကိုပြေးထွက်ကာ ခြံတံခါးဖွင့်ပြီး တောင်အောက်ကို ငုံ့ကြည့်လိုက်သည်။ မျက်ရည်မခြောက်သေးသော သူမမျက်နှာထက်မှာ စိုးရိမ်မှုကအပြည့်။

သူလဲ ငုံ့ကြည့်လိုက်မိသည်။ ယူရခါ ရွာကနေ မီးရောင်တွေ ရဲရဲနီနေပြီး မီးခိုးများကလည်း တလူလူ ထွက်နေသည်။

နှစ်ယောက်လုံး ဓားကိုယ်စီဆွဲကာ တောင်အောက်ကို ဆင်းလာခဲ့ပြီး ရွာနားရောက်ခါနီးကျတော့ အခြေအနေတစ်ချက် ကြည့်လိုက်သည်။ တစ်ရွာလုံး မီးရှို့ခံရဟန်တူသည်။ ရွာသားတွေက ပြေးလွှားနေကြပြီး တစ်ရွာလုံး ကပ်ဆိုက်သည့်အလား ရုတ်ရင်းဆံခတ်ဖြစ်နေသည်။ ဓားပြလား သူပုန်လား မကွဲပါးသေးခင်မှာဘဲ နီညိုရောင်ဝတ်စုံနှင့် ဓားကိုင်သူအချို့ကိုတွေ့လိုက်ရသည်။

Bleeding Love Of Fallen AngelOpowieści tętniące życiem. Odkryj je teraz