BLOFA :: 2 [Unicode]

5.8K 499 2
                                    

BLOFA :: 20 

Iori(အီယိုရီ)


" တစ်ခါတုန်းက Nara ဆိုတဲ့ အရမ်းလှပတဲ့ နိုင်ငံလေးတစ်နိုင်ငံရှိသတဲ့။ ရာသီဥတုကလည်းမှန်လို့ သစ်သီးဝလံတွေလည်းပေါတယ်။ လူတွေကလည်း ကျန်းမာသန်စွမ်းပြီး သဘောလည်း အရမ်းကောင်းကြတယ်။ ဒါပေမယ့် တစ်နေ့တော့ Nara ဘုရင်ကြီးကို ပရောဖက်တစ်ယောက်က မယုံနိုင်စရာ နမိတ်တစ်ခုပြောပြခဲ့တယ်။ Nara နိုင်ငံကို သွေးချောင်းစီးစေမယ့် ကိစ္စတွေ ပေါ်လာမယ်တဲ့။ မကြာပါဘူး။ Nara နိုင်ငံကို ရုပ်ဆိုးပြီး အရမ်း အကျင့်ပုတ်တဲ့ စစ်ဘုရင်ကြီး warui စစ်ကြေညာပါလေရော....။ Nara က နိုင်ငံငယ်ဖြစ်တဲ့ အပြင်  နိုင်ငံမို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့သူတို့ရဲ့ မဟာမိတ်တွေကို လှမ်းအကူ အညီတောင်းပါလေရော။ ဒါပေမယ့် Warui နဲ့ ဘယ်သူမှ ရန်သူမဖြစ်ချင်တော့ ဘယ်သူမှမကူညီခဲ့ဘူး"

"ဘာလို့လဲ မေမေ"

တစ်ချိန်လုံး ငြိမ်ငြိမ်ကလေးနားထောင်နေပြီးမှ မျက်မှောင်လေးကြုံ့ ကာ မေးလိုက်သော Iori ကို ကြည့်ပြီး Mina ပြုံးလိုက်သည်။

" မိတ်ဆွေစစ်မဟုတ်လို့ ပြီးတော့ သစ္စာမရှိလို့ပေါ့ ။ သစ္စာမရှိတဲ့ သူဟာ အယုတ်ညံ့ဆုံးလူတွေဘဲ သား။ တန်ဖိုးရှိတဲ့ သူတွေဟာ မှန်ကန်တဲ့ အရာတစ်ခုအပေါ်မှာ အဆုံးထိ သစ္စာရှိသူတွေဘဲ။ မှတ်ထားနော်"

သူ့ပါးကို ပွတ်သပ်ပြီးပြောလိုက်သော မာတာမိခင်ကိုကြည့်ပြီး Iori ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။ အထိန်းတော် များစွာရှိတာတောင် အိပ်ယာဝင်တိုင်း သူရဲကောင်းပုံပြင်များကိုပြောပြလေ့ရှိသော Mina ကို Iori သိပ်ချစ်ပါ၏။

" ဆက်ပြောလေ မေမေ!"

" အင်း.... သူတို့အကူအညီ မဲ့နေချိန်မှာ Genji ဆိုတဲ့ မျိုးနွယ်စုလေးတစ်ခုက ရောက်လာတယ်။ သူတို့အားလုံးဟာ နယ်မြေသစ်ကို ရှာဖွေ နေတယ့်သူတွေပေါ့။ Nara နိုင်ငံကြီးဟာ လှပလွန်းတဲ့အတွက် Nara ကို ကူညီမယ်တဲ့။ အပြန်အလှန်အနေနဲ့ သူတို့ကို နိုင်ငံထဲမှာ နေဖို့ ခွင့်ပြုပေးရမယ်ပေါ့။ ကူကယ်ရာမဲ့နေတဲ့ Nara ဘုရင်ကြီးကလည်း လက်ခံလိုက်တယ်။ မမျှော်လင့်ပေမယ် စစ်မြေပြင်မှာ Genji တွေရဲ့ အစွမ်းက အံမခန်းဘဲ။ အထူးသဖြင့် အခြား Genji တွေထက် တိုက်ရည် ခိုက်ရည်ပိုကောင်းတဲ့ Genji ခေါင်းဆောင်ရဲ့သားဟာ အားလုံးထဲမှာ အထင်ပေါ်ဆုံးဖြစ်နေတာပေါ့။ နောက်ဆုံးတော့ Warui ကို သတ်နိုင်ကြပြီး စစ်ပွဲကလည်းပြီးဆုံးသွားတော့တယ်။ Nara ဘုရင်ကြီးက အရမ်းပျော်တာပေါ့ ။ သူတို့ နိုင်ငံကို သွေးချောင်းစီးစေမယ့် ကပ်ဘေးကနေကယ်တင်လိုက်တာကိုး..။ ဒါနဲ့ သူ့အချစ်ရဆုံး မင်းသမီးလေးကို Genji ခေါင်းဆောင်ရဲ့သားနဲ့ လက်ဆက်ပေးလိုက်တယ်။ "

Bleeding Love Of Fallen AngelWhere stories live. Discover now