BLOFA :: 45 [Unicode]

1.5K 179 0
                                    

"ဒူ..."

Warui စခန်းထဲက စည်သံသည် တိတ်ဆိတ်နေသော ပါတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ ထိုးခွင်းနေသည်။ စည်သံမှာ ကျောက်တောင် များကြားတွင်တည်ဆောက်ထားသည့် စခန်းဖြစ်သည့်အလျောက် ရေငွေ့သိပ်သည်း နေသောလေထု နှင့် ကျောက်ဆောင်များကို ဖြတ်နိုင်ဟန်မတူ။ သို့သော် ပဲ့တင်သံငယ်များကတော့ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။ ထိုပဲ့တင်သံကို တစ်ချက်နားစွင့်ကာ ကိုယ်စီအလုပ်ပြန်လုပ်နေကြသော တပ်သားများကတော့ စခန်းတစ်ခုလုံးကို ဖုံးနေသော နှင်းများကို ဖယ်သူကဖယ်။ လေ့ကျင့်နေသူများက လေ့ကျင့်လျက် ရိက္ခာများကို သိုလှောင်စခန်းငယ်ကနေ သယ်သူကသယ်နှင့် ကိုယ်စီအလှုပ်ရှုပ်နေကြသည်။ ထိုအထဲမှ ဖွေးဖွေးလှုပ်နေသော နှင်းထုကိုလည်း အရေးမစိုက်နိုင် ခါးစည်းဝတ်လောက်သာ ဝတ်နိုင်သည်အထိ ပူလောင်နေကြသူများကတော့ ပန်းပဲဖိုက လုပ်သားများ။

သူတို့နားတစ်ဝိုက်က နှင်းထုမှာ အရည်ပျော်လျက်....။

ထိုသူများကို နှင်းခဲများနှင့်အပြိုင်အေးစက်စွာ ကြည့်နေသည်က ဤစခန်း၏အရှင်။

" Warui Sama.... လုပ်ကြံသူတွေကို ခေါ်လာခဲ့ပါပြီ "

သူ့နောက်မှာ အမြဲ ရပ်နေတတ်သော ကိုယ်ရံတော် သုံးယောက်ရဲ့ လျှောက်တင်မှုကို အသိအမှတ်ပြုသည့်အနေနှင့် Warui ခေါင်းတစ်ချက်ငြိမ့်ပြီး အိမ်ဆောင်ရှေ့က ကွင်းပြင်ဘက်ကို ထွက်လာခဲ့လိုက်သည်။

Warui က ကိုယ်တိုင် စီရင်မယ်ဆို၍ Iori, Akashi, Haru, Karin, Shino နှင့် Asahi တို့ခြောက်ယောက်လုံး စံအိမ်ရှေ့က ကွင်းပြင်ရှေ့တွင်ဒူးထောက်နေရသည်။
အကုန်လုံးက ထွက်ပြေးရင် လွတ်နိုင်သည့်အနေအထားတွင်ရှိပေမယ့် ဒါဏ်ရာရနေသော Haru နှင့် ပျောက်နေသော Rai ကို ငဲ့နေရတာမို့ ဘာကိုမှ စွန့်စွန့်စားစား မလုပ်လိုကြချေ။ ဒါဏ်ရာ မပြင်းပေမယ့် တစ်ညတာအတွင်းသွေးအတော်အတန်ဆုံးရှုံးထားသဖြင့် Haru မနည်းထိုင်နေရသည်။ နဂို အားနည်းသူမို့ စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြန်သည်။ လောလောဆယ် သူတို့အတွက်အရေးကြီးတာက သူတို့ကို ချက်ချင်းမသတ်ပစ်ဖို့နဲ့ ဒီကနေ အသက်ရှင်လျက်လွတ်မြောက်ဖို့။ နန်းတော်က တပ်တွေက မကြာခင် ရောက်လာတော့မှာ မဟုတ်လား။ နန်းတွင်းတပ် ဆိုခါမှ Shun ကို သတိရမိသည်။ Shun ရော ဒီကိစ္စတွေကို သိရင် သူတို့ကို လာကယ်ကောင်းပါရဲ့။

Bleeding Love Of Fallen AngelWhere stories live. Discover now