BLOFA :: 42 [Unicode]

1.4K 187 0
                                    

BLOFA :: 42

🍁🍁
.
.
ချစ်မိတဲ့အခါ
ကိုယ့်ဘက်ကို လှည့်မကြည့်တဲ့
သူ့ရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ့်ကိုစိတ်မကောင်းဖြစ်စေရင်တောင်
သူ့ဆုံးဖြတ်ချက်တိုင်းကိုလေးစားနေမိတာမျိုး
.
.
🍁🍁

🌾 Bleeding Love 🌾
^~ Fallen angel ~^

ညတွင်းချင်း စခန်းကို ဝင်စီးဖို့ Iori တို့ ပြင်ဆင်လိုက်ကြသည်။ Rai နှင့် Shino ယူလာသော မျက်နှာဖုံးနှင့် Warui ငရဲတပ်သား ဝတ်စုံကို ယူဝတ်လိုက်ကြသည်။

" Ne.. Rai မျက်နှာဖုံးတွေက ဘာလို့ သိုးရုပ်လေးတွေဖြစ်နေတာလဲ။ "

" မီးဖိုချောင်မှာ တာဝန်ကျတဲ့သူတွေက သိုးမျက်နှာဖုံးတွေ ဝတ်ထားရတယ်။ မီးဖိုချောင်မှာဆိုပြီး အထင်မသေးလိုက်နဲ့နော် သိုးမျက်နှာဖုံးဆို အလိုလို လမ်းဖယ်ပေးပြီးသားဘဲ။ သူတို့က အစားအသောက်တော့ အတော်ကလေးခုံမင်ကြတယ်။ ကြားရတဲ့သတင်းအရဆို မီးဖိုချောင်မှာတာဝန်ကျတော့မယ်ဆို အဲဒီလူကို အားလုံးက ကောင်းကောင်းဆက်ဆံကြတော့တာဘဲတဲ့ "

Rai က ဂုဏ်ယူစွာရှင်းပြသည်။

" သူတို့ကို အဆိပ်ခတ်သတ်ရင်တောင်ရမယ်ထင်တယ်။ "

Haru က မျက်လုံးများအရောင်တောက်လျက် Rai ကို မော့ကြည့်ကာပြောသည်။

" မဆိုးဘူး အဲဒီအကြံ။ ဒါပေမယ့် သူတို့အားလုံး ဒီနေ့တစ်နပ်ကိုတောင် မစားလိုက်ရဘဲ သေကြတော့မှာလေ။ "

" ဟုတ်သားဘဲ။ "

အားလုံးထက်အရင်အသင့်ဖြစ်နေတဲ့ Shino က ဝတ်စုံတစ်စုံကိုယူကာ Iori

" Iori Sama အတွက် "

" Arigatou Shino San "

အကျႌကို ကိုင်ကာအခက်တွေ့နေဟန်ုဖြစ်နေသော Iori ကို Shino သတိထားမိသည်။

" အာ... Iori Sama ကျွန်တော် ကူဝတ်ပေးရမလား "

" ရပါတယ်။ "

Shino ကို ပြုံးကာခေါင်းရမ်းပြလိုက်တော့ Shino ထွက်သွားသည်။ Iori တကယ်တော့ နားစွင့်နေပြီး Shun ရှိမယ့်နေရာကို နားစွင့်နေခြင်း။ အခြားသူရှေ့မှာ အဝတ်ချွတ်ရမှာ ဘာဆိုဘာမှမဖြစ်ပေမယ့် Shun ရှေ့မှာတော့ မချွတ်ချင်။ အကုန်မြင်ဖူးတယ် ဘာညာဘယ်လောက်ပြောပြော အခုအခြေအနေက အရင်ကနဲ့မတူတော့။ ခံစားချက်က အကြီးကြီးကွာသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now