BLOFA :: 23 [Unicode]

1.8K 229 1
                                    

BLOFA :: 23

လောကကြီးက ကျီးစယ်တတ်လွန်းသည်။
ကိုယ်အရိုးကြေကြေအရေခမ်းခမ်း ကြိုးစားပမ်းစား ရယူထားရတဲ့အရာတစ်ခုက အခြားသူတွေအတွက်ကျတော့ မျက်တောင်ခတ်သလို လွယ်ကူနေတဲ့အခါ လောကကြီးရဲ့မမျှတမှုက ပိုပီပြင်လာတယ်။
အခုလည်း ထီးနန်းရဖို့သေချာချင်ရင် အဲဒီမိန်းကလေးနဲ့ လက်ဆက်ရမယ်တဲ့။
အဲဒီမိန်းကလေးဆိုတာကလည်း ကိုယ့် ညီမလေးလိုစောင့်ရှောက်လာရတဲ့သူ...
ကိုယ်နဲ့တစ်ချိန်တုန်းက ညီအစ်ကိုတွေထက်ပိုသွေးနီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ...
အဲထက်ဆိုးတာက ကိုယ်နဲ့ အဲဒီမိန်းကလေးက ကိုယ်ရဲ့ဖအေတူမအေကွဲ မောင်နှမမဟုတ်လား

" မယ်မယ်စကားကို ငြင်းဖို့မကြံနဲ့ သားတော်။ "

မပြုံးမရယ်ပြောနေသည့် မယ်တော်ဖြစ်သူကို စိတ်မကောင်းသလို မော့ကြည့်ပြီး Akashi လက်သီးဆုပ်ထားလိုက်မိသည်။

" သားတော် ဘဝတစ်ခုလုံးကို တိုင်းပြည်အတွက်ပေးထားရင်တောင် အမှားသေးသေးလေးတစ်ခုလုပ်တာနဲ့ အရှင်က သားတော်ကို သတ်ဖို့ နှစ်ခါစဉ်းစားမှာမဟုတ်ဘူး။ ဒါပေမယ့်. Sakura Chan ကို သားတော်လက်ဆက်လိုက်ရင်တော့ သားတိုင်းပြည်ကို မီးရှို့ပစ်ရင်တောင် သားတော်ကို ထီးနန်းလွဲပေးလိမ့်မယ်။ "

တိုးသက်သော မိဖုရားကြီး၏ တစ်လျှောက်လုံး ကြိုးစားလာရသမျှဟာ အလကားဘဲ ဟုပြောနေသယောင်...

"သားတော် မငြင်းပါဘူး မယ်မယ်။ ဒါပေမယ့် အချိန် တစ်ခုလောက် စောင့်ပေးပါ မယ်မယ်။ "

" ဘယ်အချိန်ထိလဲ။ "

" Sakura လေးက အရမ်းငယ်သေးတယ် မယ်မယ်။ သူဆယ့်ငါးနှစ် ပြည့်တဲ့အထိစောင့်ပေးပါ မယ်မယ်။ "

မယ်မယ့်ကို မနည်းဖြောင်းဖျလိုက်ရပေမယ့် Akashi ကိုယ်တိုင်လည်း စိတ်ထဲ မတင်မကျ ဖြစ်နေသည်။ Sakura ပြန်လာကတည်းက ထီးနန်းလိုချင်တဲ့သူတွေအားလုံးက Sakura ကို မျက်စိကျနေကြတာ။

သက်ပြင်းချရင်း နောက်နေ့ ခရီးသွားရမှာမို့ စောစော အိပ်ဖို့ကြံပေမယ့် အိပ်လို့မရသောကြောင့် Shino နှင့် အတူထိုင်ရင်း လက်ဖက်ရည်သောက်ကာ အလွတ်နီးပါးရနေပြီဖြစ်သော သံတမန် နည်းဗျူဟာ ကျမ်းကို ဖတ်နေလိုက်သည်။

Bleeding Love Of Fallen AngelWhere stories live. Discover now