BLOFA :: 64 [Unicode]

1.9K 203 20
                                    

သူ့ဘက်​ကိုတစ်​ချက်​လှည်​့ကြည်​့ပြီး မျက်​နှာလွဲသွားတဲ့ Iori ​ကို Shun စူးစိုက်​ကြည်​့မိသည်​။ အ​ကြောင်​းအမျိုးမျိုး​ကြောင်​့ သူဆက်​ရှောင်​မ​နေချင်​​တော့။ သူ့စိတ်​ထဲအခုဖြစ်​​နေတာက အရာအားလုံးကိုလွတ်​ချချင်​စိတ်​သက်​သက်​သာရှိ​နေ​တော့သည်​။ သူအခု​နေ​ရှောင်​​လိုက်​ရင်​​တောင်​ အကင်​းပါးသည်​့ Iori က သူ့ကို မသင်္ကာဖြစ်​သွားလိမ်​့မည်​။ မိ ချိန်​တန်​လို့ မိသည်​ဟုပင်​သ​ဘောထားကာ Shun ဆက်​​လျှောက်​လာခဲ့သည်​။
ဘာဖြစ်​ဖြစ်​ ... Iori ရဲ့ တုံ့ပြန်​မှုတိုင်​းအတွက်​ သူ့မှာပြင်​ဆင်​ထားသည်​။
အ​စောင်​့ကို​ခေါင်​းငြိမ်​့ပြကာ Iori သူ့ဆီတည်​တည်​့​လျှောက်​လာသည်​။ သူ့မျက်​နှာကိုပင်​ ကြည်​့​နေ​သော Iori ရဲ့ ​ရွှေ​ရောင်​ဘက်​သန်​း​နေသည်​့ ပယင်​း​ရောင်​ မျက်​ဝန်​းရဲ့​ပြောင်​းလဲမှုတိုင်​းကို သူ​စောင်​့ကြည်​့​နေလိုက်​သည်​။ ထူးခြားစွာပင်​ ကြည်​​တောက်​​နေသည်​့ထို မျက်​ဝန်​းမှာ အနည်းငယ် စိတ်​ကျဉ်းကြပ်​ေ​​​​​နပုံ​ပေါ်တာကလွဲပြီး ရှင်​းလင်​း​နေသည်​။
သို့​သော်​ သူ့အနား​ရောက်​ခါနီးမှာဘဲ Iori နှာထိပ်​​လေးတစ်​ချက်​ရှုံ့သွားကာ ပယင်​း​ရောင်​မျက်​ဝန်​းထဲ ​ဒေါသရိပ်​တစ်​ခုဖြတ်​​ပြေးသွားသည်​။ ထို့​နောက်​့ Shun ဆီ​က​နေအကြည်​့လွဲကာ ​ဘေးနားက​နေ ခပ်​မတ်​မတ်​ပင်​ဖြတ်​သွားသည်​။
Iori သူ့ကိုမမှတ်​မိဘူးလား...။
နဖူးစပ်​ကအမာရွတ်​ကိုထိကြည်​့လိုက်​​တော့ ဆံပင်​အနည်​းအုပ်​​နေတာဆို​ပေမယ်​့ သတိ ထားကြည်​့လျှင်​မြင်​ရနိုင်​သည်​။
အမာရွတ်​မမြင်​ရရင်​​တောင်​ သူ့မျက်​နှာကို Iori ကြည်​့​နေခဲ့တာမဟုတ်​လား။
Iori မှတ်​မိ​နေတဲ့သူဟာ သူမဟုတ်​ဘူးလား။
ဒါမှမဟုတ်​...
Iori ဟန်​​ဆောင်​​နေတာလား။


🍁 Bleeding Love 🍁^~ Falling Angel ~^


ပါတ်​ဝန်​းကျင်​ရဲ့အလင်​းနဲ့ အသား​ကျ​အောင်​ မျက်​လုံးကို အနည်​းငယ်​​လေ့ကျင်​့ပြီး Iori အိပ်​ယာက ထလိုက်​သည်​။ ​
တစ်​ကိုယ်​ရည်​သန်​့ရှင်​း​ရေးလုပ်​ပြီး ​နီရဲ​နေ​သောဝတ်​ရုံကို အဖြူစွတ်​စွတ်​​ဘောင်​းဘီနှင်​့တွဲဝတ်ပြီး ​ဖြောင့်စင်​း​နေသည်​့ ​ဆံပင်​ကို ​သေသပ်​စွာ ခပ်​​မြှောက်​​မြှောက်​စည်​းလိုက်​သည်​။ ​ပြောင်​ရှင်​း​နေသည်​့ နဖူးပြင်​​ကျ​နေ​သောဆံမိတ်​နှစ်​ဖက်​ကို ​သေ​သေသပ်​သပ်​ ဖြီးလိုက်​သည်​။ မျက်​ခုံးဖုံးရုံမို့​ထွေ​ထွေထူးထူးလုပ်​စရာဘာမျှမလိုလိုက်​။
ထို့​နောက်​ အံဝှက်​ထဲထည်​့ထားသည်​့ " လျို့ဝှက်​ လက်​​ရွေးစင်​ ကိုယ်​ရံ​တော်​တပ်​မှူး " ဟူသည်​့ အမိန်​့စာလိပ်​ကို တစ်​​ခေါက်​ပြန်​ဖတ်​ကာ အိပ်​​ဆောင်​ထဲက​နေထွက်​လာလိုက်​သည်​။
အပြင်​မှာ Zaiho ကအသင်​့​စောင်​့​​နေသည်​။
ညီလာခံမစခင်​ ဧကရာဇ်​ဆီအရင်​ အခစားဝင်​ရမှာမို့ ဧကရာဇ်​ရဲ့အ​ဆောင်​ကို Iori ဦးတည်​​လျှောက်​လာခဲ့သည်​။ ​နွေဦးဝင်​စပင်​ရှိ​သေး​သော်​လည်​း ​ဝေ​ဝေဆာ​ဆာပွင်​့လန်​း​နေ​သော ချယ်​ရီပင်​​တွေ​ကြောင်​့ ပါတ်​ဝန်​းကျင်​တစ်​ခုလုံးက ပန်​း​ရောင်​သန်​း​နေသည်​။ ​လျှောက်​လမ်​းတစ်​ဖက်​တစ်​ချက်​က မြက်​ခင်​းနုနု​တွေကြားက​နေ အမျိုးအမည်​မသိ​သော ပန်​းပုစိ​လေး​တွေပွင်​့​နေကြသည်​။ အရာအားလုံးဟာလှပ​နေသည်​။
ထို့ပြင်​ လှပလွန်​းသည်​့အပျို​တော်​​လေးတစ်​ချို့ကို သူ​တွေ့လိုက်​ရသည်​။ ပါတ်​ဝန်​းကျင်​​ကြောင်​့ပင်​လား။ အပျို​တော်​​လေး​တွေရဲ့ပါး​တွေ နား​တွေနီရဲ​နေတာကို Iori သတိထားမိလိုက်​သည်​။ ဆယ်​​ကျော်​သက်​ အရွယ်​ စိတ်​လှုပ်​ရှားမှု....။ ခံစားချက်​မဲ့သည်​မျက်​နှာထားကို ​လေ့ကျင်​့သင်​ထားခံရသည်​့ အပျို​တော်​​လေး​တွေ​ရဲ့ ရှက်​​သွေးဖြာမှု​တွေက ချစ်​ဖို့​ကောင်​းသည်​။ လှပလွန်​းသည်​။
အနည်​းဆုံး​တော့ ဖွဲဆိုထားသည်​့ကဗျာစာ​ပေ​တွေမှာ ထိုကဲ့သို့တင်​စားထားသည်​ဘဲ။
သို့​သော်​ ဗလာကျင်​း​နေ​သော ရင်​ဘတ်​နှင်​့ Iori အတွက်​ သည်​လှပမှု​တွေကို ခံစားနိုင်​ဖို့ ခက်​ခဲလွန်​းသည်​။
ဧကရာဇ်​ရဲ့အ​ဆောင်​မုခ်​​ရှေ့ကို​ရောက်​လာ​တော့ အ​စောင်​့နှစ်​ဦးက ဦးညွတ်​လိုက်​သည်​။
" Onozuka စစ်​သူကြီး။ အခုဝင်​လို့မရ​သေးပါဘူး။ အ​နောက်​​ဆောင်​ မိဖုရားနဲ့ မင်​းသား အခစားဝင်​​နေလို့ပါ။ "
Iori အသိအမှတ်​ပြု​ခေါင်​းငြိမ်​့ကာ ရပ်​​စောင်​့​နေလိုက်​သည်​။
အ​နောက်​​ဆောင်​ မိဖုရားနဲ့မင်​းသား။
နှစ်​​ယောက်​လုံးကို Iori မမြင်​ဖူး​ပေမယ်​့ သူတို့နှစ်​​ယောက်​ရဲ့ နန်​း​တော်​အ​ပေါ်သက်​​ရောက်​မှုကို​တော့ Iori ​ကောင်​း​ကောင်​းသိပါသည်​။
အ​နောက်​​ဆောင်​မိဖုရားကဧကရာဇ်​ရဲ့ အမြတ်​နိုးရဆုံးမိဖုရားဖြစ်​သလို Iori ရဲ့ ဖခင်​ Onozuka သခင်​ကြီးက မိဖုရားဘက်​မှာ အပြည်​့အဝ ရပ်​တည်​​ပေး​သော​ကြောင်​့ အ​နောက်​​ဆောင်​မိဖုရားရဲ့ သြဇာက မိဖုရား​ခေါင်​ကြီးထက်​ အာဏာစက်​ရှိသည်​။
အ​နောက်​​ဆောင်​သခင်​မအ​ကြောင်​းဆိုလျှင်​သတင်​း​တွေက​မွှေးပျံ့လွန်​း​သ​လောက်​ သား​တော်​ဖြစ်​သူ အ​နောက်​​ဆောင်​မင်​းသား ဆိုသူက​တော့ နန်​း​တော်​တစ်​ခုလုံး၏ချဉ်​ဖတ်​ဖြစ်​သည်​။ အ​နောက်​​ဆောင်​မင်​းသားက​တော့ ဆိုးသွမ်​း​ပေ​တေ​လေလွင်​့​နေ​ကာ အရက်​​သေစာကို အလွန်​အကျူးမှီဝဲသည်​့အပြင်​ ကာမဂုဏ်​လိုက်​စားလွန်​း​သော​ကြောင်​့ ဧကရာဇ်​နှင်​့ မကြာခဏ က​တောက်​ကဆ ဖြစ်​​လေ့ရှိသည်​။ ​ဖောက်​ပြား​သော စိတ်​ရှိသူဖြစ်​တာမို့ ထီး​မွေခံ အိမ်​​ရှေ့စံဘဝက​နေ သာမာန်​မင်​းသားငယ်​ဘဝကို ရာထူးချခြင်​းခံရသည်​။ နယ်နယ်​ဒါဏ်​ရခံ​လောက်​တဲ့အထိ ပြစ်​မှုများစွာပြုလုပ်​ခဲ့သည်​့တိုင်​ ယ​နေ့အထိ ​နေရာတွင်​ မြဲ​နေရသည်​့အ​ကြောင်​းကို အချို့က အ​နောက်​​ဆောင်​မိဖုရား​ကြောင်​့လို့လည်​း​ပြောကြသည်​။ အချို့ကလည်​း အ​နောက်​​ဆောင်​မင်​းသားက ကျန်​းမာ​ရေးချူချာ​နေ​သော​ကြောင်​့ဟုဆိုသည်​။
Iori အတန်​ကြာ​စောင်​့​နေရင်​းနှင်​့ မျက်​လုံး​ထောင်​့က​နေ အရိပ်​တစ်​ခုကိုမြင်​လိုက်​တာမို့ လှည်​့ကြည်​့လိုက်​​တော့ သူ့ဘက်ကို ​လျှောက်​လာသည်​့ လူက်ိုမြင်​လိုက်​ရသည်​။ သူ့ကိုစိုက်​ကြည်​့​နေတာမို့ Iori စိတ်​ရှုပ်​စွာ မျက်​နှာလွှဲလိုက်​သည်။
" Onozuka စစ်​သူကြီး ဝင်​လို့ရပါပြီ။ "
Iori အ​ဆောင်​ထဲကို ဝင်​လာလိုက်​သည်​။ ရန်​သူ​မွေးတတ်​တာသူမဟုတ်​တာမို့ ဝတ်​​ကျေတန်​း​ကျေ အရိုအ​သေ​ပေးဖို့ ​​ရှေ့တည်​့တည်​့​လျှောက်​လာလိုက်​သည်​​။ အ​နောက်​​ဆောင်မင်​းသားရဲ့ မျက်​နှာကို ကြည်​့လိုက်​သည်​့တခဏ။ Iori ရုတ်​တရက်​ကြီး အကြည်​့မလွဲနိုင်​​တော့သလို ညို့ယူခံလိုက်​ရသည်​။
အ​နောက်​​ဆောင်​မင်​းသားရဲ့ သတင်​း​တွေ...။
ပြီး​တော့ ရှက်​​သွေးဖြာ​နေတဲ့ မိန်​းမပျို​လေး​တွေ...။
Iori ဆက်​စပ်​မိသလိုဘဲ။
သို့​သော်​ ထိုမင်​းသားရဲ့​ရှေ့ကိုမ​ရောက်​ခင်​မှာဘဲ Iori မျက်​နှာအနည်​းငယ်​ရှုံ့မဲ့သွားကာ အ​နောက်​​ဆောင်​မင်​းသားကိုတစ်​ချက်​မှမကြည်​့ဘဲ ​ဘေးက ခပ်​တန်​းတန်​းပင်​ဖြတ်​သွားသည်​။ မနက်​အ​စောကြီး​မှာ​တောင်​ အ​ပျော်​​ဆောင်​မိန်​းမပျို​တွေရဲ့ ​မွှေးရနံ့​တွေ ထုံလွှမ်​း​နေတဲ့ သည်​ အ​နောက်​​ဆောင်​မင်​းသားရဲ့ အရှက်​မဲ့မှုကို Iori စိတ်​ထဲ ခုမိသွားသည်​။
Iori မကြည်​့လိုက်​​ပေမယ်​့ သူ့ကို​ပေါက်​ထွက်​မတတ်​ကြည်​့​နေ​သော အ​နောက်​​ဆောင်​မင်​းသားရဲ့အကြည်​့စူးစူးကို ခံစားမိသည်​။ ...။
သို့​သော်​မတတ်​နိုင်​။
သူမ​လေးစားသည်​့သူကို အရိုအ​သေ​ပေးစရာအ​ကြောင်​း Iori မှာမရှိ။
သူပုန်​​တွေကိုအမြစ်​ဖြုတ်​ပြီး ပြန်​လာသည်​့​နေ့က လူအများ​ရှေ့မှာ ချီးမြှင်​့ခြင်​းခံရ​သော စစ်​သူကြီးဟူသည်​့ရာထူးမှာအ​ယောင်​ပြရုံမျှသာ ဖြစ်​ပြီး Iori ရဲ့ ယခုလက်​ရှိအဓိက ရာထူးက လျို့ဝှက်​လက်​​ရွေးစင်​ ကိုယ်​ရံ​တော်​တပ်​မှူးဖြစ်​သည်​။
သူအမြဲ​လေးစားခဲ့ရသည်​့ ဧကရာဇ်​ကို အနီးကပ်​​စောင်​့​ရှောက်​ရ​တော့မှာမို့ Iori ​ကျေနပ်​မိ​ပေမယ်​့ တစ်​ဖက်​မှာ​တော့ စိတ်​ထဲမွန်​းကြပ်​​နေမိသည်​။
ညီလာခံပြီး​တော့ Iori နှင်​့ Akashi အိမ်​ရှေ့မင်​းသား အ​ဆောင်​ဘက်​ကိုအတူပြန်​လာကြသည်​။
" မင်္ဂလာပွဲအတွက်​ဂုဏ်​ယူပါတယ်​ Akashi San "
Iori ဂုဏ်​ပြုစကား​ပြော​တော့ Akashi ရယ်​ရုံဘဲရယ်​ပြလိုက်​သည်​။
Akashi က Iori ကို စာကြည်​့​ဆောင်​ဘက်​​ခေါ်လာလိုက်​သည်​။
" တစ်​ခုခုဖြစ်​လို့လား "
အနည်​းငယ်​အလျင်​လို​နေဟန်​ရှိ​နေ​သော Akashi ကိုကြည်​့ပြီး Iori ​မေးလိုက်​သည်​။ Akashi က ​ခေါင်​းငြိမ်​့လိုက်​ပြီး စာလိပ်​တစ်​ခုကိုဖွင်​့ပြလိုက်​သည်​။
နာမည်​စာရင်​း​တွေဖြစ်​သည်​။
" ဒါ ဒီနှစ်​လအတွင်​း ​ပျောက်​သ​ွားတဲ့သူ​တွေ "
Akashi ကရှင်​းပြသည်​။
" ​ခြောက်​​ယောက်​ "
လူ​တွေကို​ရေတွက်​လိုက်​ပြီး Iori က Akashi ကိုနားမလည်​သလို​စွေကြည်​့လိုက်​သည်​။ လူ​ပျောက်တာက နည်​းနည်​း​တော့ မထူးဆန်​းဘူးလားလို့။
Akashi စတင်​ရှင်​းပြ​နေစဉ်​မှာဘဲ တံခါးဖွင်​့သံ​ကြောင်​့ နှစ်​​ယောက်​လုံးလှည်​့ကြည်​့လိုက်​မိကြသည်​။ တံခါးဝမှာ ရပ်​​နေသူက အနက်​​ရောင်​ဝတ်​စုံကိုဝတ်​ထားပြီး ဆံပင်​ကို​သေချာထုံးဖွဲ့ထားသည်​။ ဝတ်​ရုံရဲ့​အောက်​​ခြေက​နေ ​ခါးနားထိကို အနုမြူအပြာ​ရောင်​ ဝါးပင်​ပုံစံ ​ဖော်​ထားသည်​။ အနည်​းငယ်​ ကော့တက်​​နေ​သော နှုတ်​ခမ်​းတစုံက သူ့ရဲ့ ပမာမခန်​့ သွင်​ပြင်​ကို ပိုမိုထင်​​ပေါ်​စေသည်​။
ဒါ အ​နောက်​​ဆောင်​မင်​းသား ဘဲ။ Iori စိတ်​ထဲအနည်​းငယ်​မသက်​မသာဖြစ်​မိသည်​။
ဘာလို့ အ​နောက်​​ဆောင်​မင်​းသားက သူ့ကို ကြည်​့​နေတာပါလိမ်​့။ Akashi က Iori ကိုဖြတ်​ခနဲကြည်​့လိုက်​သည်​​။ Iori ပုံစံက Shun ကို မသိမှန်​းသိသာလှသည်​။
" ​နောင်​​ တော်​ "
တစ်​လုံးချင်​းစီပြတ်​ပြတ်​သားသား​ခေါ်လိုက်​တဲ့ မျက်​နှာ​ပေးအရ Akashi ​ခေါင်​းထဲအချက်​​ပေး ​မောင်​း​ထောင်​းသံ​တွေ တုန်​ဟီးသွားသည်​။ Shun သူ့ကို​နောင်​​တော်​လို့မ​ခေါ်တာ ဘယ်​​လောက်​ကြာ​နေပြီလဲ။
" ​ပြောစရာရှိလို့လား ညီ​တော်​"
Akashi လည်​း ဝမ်​းသာအားရပြန်​​ခေါ်​ပေးလိုက်​သည်​။ သူက​တော့ အခြားသူ​တွေ​ကို​ခေါ်​နေကြမို့ ကိစ္စမရှိ​ပေမယ်​့ Shun တစ်​ယောက်​က​တော့ ကိုယ်​့လျှာကိုယ်​ဖြတ်​ချင်​​နေမှာ Akashi ရိပ်​မိသည်​။
Shun က Akashi ရဲ့စကားကိုမ​ဖြေဘဲ Iori ကိုသာကြည်​့​နေတာမို့ Iori မျက်​နှာ​သေဖြင်​့ပင်​ ခါးကိုင်​းကာ ဦးညွတ်​လိုက်​သည်​။ Iori ရဲ့ တုံ့ပြန်​မှုကို ​စူးစိုက်​ကြည်​့ရင်​း Shun အခန်​းထဲကို ဝင်​လာလိုက်​သည်​။
" ကျွန်​​တော်​လက်​ခံတယ်​ "
Iori ကို စူးစိုက်​ကြည်​့​နေလျက်​ပင်​ ထွက်​လာ​သော Shun ရဲ့အသံဟာ ​အေးစက်​စက်​။ သို့​သော်​ ရိသဲ့သဲ့အသံ​ပေါက်​​နေသည်​။ Shun ရဲ့ပါးစပ်​က​နေသည်​စကား​ပြောလိုက်​တာကို Akashi မျက်​မြင်​​တွေ့၍သာ ​ယုံရသည်​။ ဒါက Shun ရဲ့ပင်​ကိုယ်​သံလုံးဝမဟုတ်​။ အ​ခြေအ​နေကိုသ​ဘော​ပေါက်​စွာ Akashi မဝံမရဲရယ်​လိုက်​သည်​။
" ညီ​တော်​​ ​ပြော​နေတာ "
" ဟုတ်​တယ်​။ ​နောင်​​တော်​ ​တောင်​းဆိုတာကို ကျွန်​​တော်​လက်​ခံတယ်​ "
Akashi ဝမ်​းသာအားရဖြစ်​သွားသည်​။
" ​ကောင်​းတယ်​။ ​ကောင်​းတယ်​။ ဒီနားလာထိုင်​ "
Iori ​​ရှေ့တည်​့တည်​့ ထိုင်​ချကာ Shun ​​ ဒူးတစ်​ဖက်​​ထောင်​ပြီး ထိုဒူး​ပေါ် လက်​ကို​ကွေးတင်လိုက်​သည်​။ အ​ပြောအဆိုကသာ​ပြောင်​းသွားတာ အချိုးကတစ်​စက်​မှမ​​ပြောင်​း​သော Shun ကို Akashi တရားကျမိသည်​။
" အိမ်​​ရှေ့စံလို့မ​ခေါ်​တော့ဘူးလား။ ညီ..​တော်​ "
Akashi ဂရုဏာသံအပြည်​့ဖြင်​့​မေး​တော့ Shun က မျက်​ခုံးပင်​့သွားကာ ပြုံး​ထေ့​ထေ့ဖြင်​့ပြန်​​ပြောသည်​။
" ​ခေါ်​စေချင်​မှန်​းမသိခဲ့ဘူး "
Akashi ရယ်​လိုက်​သည်​။ Shun က အ​တော်​က​လေး ​ကြောက်​တတ်​သားဘဲ။
" အငး်​... ​အိမ်​​ရှေ့စံလို့​ခေါ်ရင်​လည်​း ​နောင်​​တော်​က နာမည်​တပ်​ပြီး ​ခေါ်ရမှာ​ပေါ့ မဟုတ်​ဘူးလား။ "
Shun မထီတရီ ပြုံးကာ​ခေါင်​းကိုတဆတ်​ဆတ်​ငြိမ်​့လိုက်သည်။​​​ သူ့အကြည်​့ကို Iori ​ပေါ် ​ရွွှေ့လိုက်​သည်​။
" ​နောင်​..​တော်​ ကျွန်​​တော်​့ကို ဒီအလှ​လေးနဲ့ မမိတ်​ဆက်​​ပေး​တော့ဘူးလား။ "
Iori မျက်​နှာ​ပေါ် အလိုမကျမှုက လျက်​တပြတ်​ ဖြတ်​​ပြေးသွားသည်​။ အ​နောက်​​ဆောင်​မင်​းသားက မိန်​းမ​တွေဘက်​ပိုအားသန်​​ပေမယ်​့ ​ယောကျာ်​း​လေး​တွေဆိုရင်​လည်​း အ​ချောအလှဆိုလျှင်​ ဥပုဒ်​မ​စောင်​့ဘူး ဟူ​သော မ​ကောင်​းဂုဏ်​သတင်​းရှိသည်​။
" အာ.... ညီ​တော်​က ညီလာခံမတက်​လို့မသိတာ။ ဒီကသခင်​​လေးက Nara အင်​ပါယာရဲ့ ကိုး​ယောက်​​မြောက်​စစ်​သူကြီး Onozuka Iori ။ "
Akashi ​ယောင်​နန ဖြင်​့မိတ်​ဆက်​​ပေးလိုက်​သည်​။ နည်​းနည်​း​တော့ ကသိ​က​အောက်​နိုင်​လှသည်​။ ကိုယ်​့ထက်​အချင်​းချင်​းရင်​းနှီး​နေတဲ့သူနှစ်​​ယောက်​ကို ပြန်​မိတ်​ဆက်​​ပေး​နေရတာ။ ဒါ သူတို့စ​တွေတုန်​းကအတိုင်​းဘဲ။ Iori တုန်​းက​တော့ မသိဘဲမိတ်​ဆက်​​ပေးတာ။ သူကျ​တော့ သိသိရက်​နှင်​့..။ ပြီး​တော့ သူတို့ထက်​ ရာထူးနိမ်​့တဲ့ Iori က အလိုက်​တသိနဲ့ ကိုယ်​့ကိုယ်​ကိုယ်​မိတ်​ဆက်​သင်​့တာ။ အခု​တော့ ​​မျက်​လွှာကိုအနည်​းငယ်​ချထားကာ မလှုပ်​မယှက်​§ိုင်​​နေသည်​။ သူသည်​​လေးနှစ်​လုံးIori နဲ့ ရင်​းရင်​းနှီးနှီး​နေလာတာ Iori တစ်​ခါမှသည်​လိုမပြုမူဖူး။
*ကျစ်​.. ဒီ နှစ်​​ကောင်​က​တော့ *
အခုလည်​း Iori က သူ့​ရှေ့က စားပွဲ​ပေါ်က စာလိပ်​​တွေကို ​အိပ်​​မွေ့ချခံရတဲ့သူလို မျက်​​တောင်​မခတ်​ကြည်​့​နေပြီး Shun က​တော့ Iori ကိုစိုက်​ကြည်​့​နေသည်​။ ဒီလို စိုက်​ကြည်​့​နေကြတာက အချိန်​အနည်​းငယ်​ကုန်​သွားတာ​တောင်​ မ​ပြောင်​းလဲသွား​သေး။ ကိုယ်​့အခန်​းနဲ့ကိုယ်​ အပြင်​လူတစ်​​ယောက်​လို Akashi ခံစားရသည်​။
" အဟမ်​း "
အ​တော်​က​လေးကြာသွား​တော့ Akashi ​ချောင်​းဟန်​့လိုက်​သည်​။ အနည်​းဆုံး​တော့ Iori သူ့ကိုလှည်​့ကြည်​့ဖို့​မျှော်​လင်​့သည်​။ သို့​သော်​ Iori ကတုတ်​တုတ်​မျှမလုပ်​လာ။ Akashi ​ကြေကွဲသွားသည်​။
* Yo! ငါပါ အိမ်​​ရှေ့စံမင်​းသားပါ။ ပြီး​တော့ ဒါငါ့အခန်​းပါ။ *
Akashi ထို အကြည်​စိုက်​ပွဲမမည်​​သော သုံးပွင်​့ဆိုင်​အကြည်​စိုက်​ပွဲကို သည်​းမခံနိုင်​​တော့။
" အ​နောက်​​ဆောင်​မင်​းသားရဲ့ နာမည်​က Umio Shunkaku "
Iori ချက်​ချင်​းပင်​မျက်​လုံးလှန်​ကြည်​့လိုက်​သည်​။ သူ့​ရှေ့က မင်​းသားက နှုတ်​ခမ်​းစွန်​းတစ်​ဖက်​မသိမသာ​ကော့တက်​​နေကာ မထီတရီပြုံး​နေသည်​။
နာမည်​တစ်​ခုဟာ သူ့အ​ပေါ်အခုထိ ​ကောင်​း​ကောင်​းကိုင်​လှုပ်​နိုင်​စွမ်​းရှိ​သေးတာ တဒိတ်​ဒိတ်​တိုးလာ​သော နှလုံးခုန်​နှုန်​း​တွေက သက်​​သေပင်​။
Shun နှင်​့နာမည်​တူ​သော အ​နောက်​​ဆောင်​မင်​းသားကို ​သေချာစူးစမ်​းကြည်​့လိုက်​သည်​။
အနံ့မသိမသာခံကြည်​့လိုက်​သည်​။ ကိုယ်​သင်​းနံ့က အနံ့မျိုးစုံ​ရောယှက်​​နေသည်​။ အသံကလည်​း Shun နှင်​့လုံးဝကွဲပြား​နေသည်​။ ထို့ပြင်​ ထိုမင်​းသားရဲ့ ညာဘက်​မျက်​ခုံးက ​ထောင်​့ချိုး​လေးမှာ အမာရွတ်​​သေး​သေး​လေးတစ်​ခုရှိ​နေသည်​။
* နာမည်​တူ​နေတာဘဲ *
Iori စိတ်​​လျှော့လိုက်​သည်​။ အစကတည်​းက သူဘာလို့ သူဒီလိုပြုမူမိလည်​းဆိုတာ သူ့ကိုယ်​သူလည်​းနားမလည်​နိုင်​။ ဘာအ​ကြောင်​းနဲ့မှ သူ့​ရှေ့က လူဂကိုမပါတ်​သက်​ချ​​င်​တာမို့ မျက်​နှာလွဲပြီး ထိုသူထွက်​သွားမယ်​့အချိန်​ကို​စောင်​့​နေမိတာ။
" အရှင်​့သားနဲ့ အခုလို​တွေ့ခွင်​့ရတာ ကျွန်​​တော်​ Onozuka Iori အလွန်​ဂုဏ်​ယူမိပါတယ်​။ ကျွန်​​တော်​ရိုင်​းပျမိတာ ခွင်​့လွတ်​​ပေး​တော်​မူပါ။ "
Shun ဟက်​ခနဲ့ အသံထွက်​ ရယ်​လိုက်​သည်​။ Ioriရဲ့ အပြုအမူ​တွေက ဘယ်​အချိန်​မဆို သူ့ကို ​ဖျော်​​ဖြေ​ပေးနိုင်​သည်​။ အရင်​လိုနူးညံ့သိမ်​​မွေ့လွန်​းတဲ့ အပြုအမူ​တွေမဟုတ်​​တော့လည်​း​ပေါ့။
" အလှ​လေးက ​တောင်​းပန်​​တော့လည်​း ကိုယ်​က သ​ဘောထားကြီးကြီးနဲ့ ခွင်​့လွတ်​​ပေးရတာ​ပေါ့။ "
Iori ​နောက်​တစ်​​ခေါက်​ ဦးညွတ်​လိုက်​သည်​။
" ​ကျေးဇူးကြီးလှပါတယ်​ အရှင်​့သား "
ထို့​နောက်​ ယခုထိစူးစိုက်​ကြည်​့​နေ​သော Shun ကို Iori လျစ်​လျူရှုကာ Akashi ကိုလှည်​့ကြည်​့လိုက်​သည်​။
" ​အေး... ငါရှိ​သေးတယ်​ သိလား "
Akashi က သူနဲ့အ​တော်​​လေးရင်​းနှီးလာပြီဖြစ်​လို့ ​ပေါ့​ပေါ့ပါးပါး​ပြောဆို​လေ့ရှိ​ပေမယ်​့ အ​နောက်​​ဆောင်​မင်​းသား​ရှေ့မှာကျ​တော့ Iori ဆင်​ခြင်​​စေမိသည်​။ သို့​သော်​ Akashi ပုံစံက လုံးဝစိတ်​ထဲမရှိသည်​့ပုံပင်​။
" ​ပျောက်​သွားတဲ့ ​ခြောက်​​ယောက်​လုံးက မျိုးနွယ်​စုကိုယ်​စီရဲ့ စာတိုက်​မှူး​တွေ။ "
Iori ရဲ့အာရုံကိုပြန်​ရတာနဲ့ ချက်​ချင်​း အမှုကိစ္စ​တွေကိုရှင်​းပြ​တော့သည်​။ Iori ငြိမ်​သက်​စွာနား​ထောင်​​နေလိုက်​သည်​။ နားသာ​ထောင်​​နေတာ နည်​းနည်​း​တော့ အာရုံကပြန်​့ချင်​​နေသည်​။
သူယူထားရတဲ့ တာဝန်​နဲ့ ဒီအ​ရေးက မဆိုင်​ဘူးလားလို့။
တာဝန်​ကို ​ရွေးချယ်​​နေတာဟုတ်​​ပေမယ်​့ လူ​ပျောက်​တာ လူ​သေ​တေတာ​တွေက စုံစမ်​းစစ်​​ဆေး​ရေးမှူး​တွေလုပ်​ရမယ့်​့အလုပ်​ဖြစ်​ပြီး ဒီထက်​ပိုရှုပ်​​ထွေးတဲ့အမှု​တွေဆို မျိုးနွယ်​စု​ခေါင်​း​ဆောင်​​တွေက ဧကရာဇ်​နှင့်​့အတူ​ခေါင်​းချင်​းဆိုင်​​ဖြေရှင်​းရမယ်​့ ကိစ္စမဟုတ်ဘူးလား။ ​သူနား​ထောင်​​နေတဲ့အထိ​တော့ သူနဲ့တကယ်​ကိုမဆိုင်​တာပါ။ ဒါ​ပေမယ်​့ ​မေးဖို့မသင်​့​တော်​​တော့ နှုတ်​ဆိတ်​​နေရုံ​ပေါ့။
" ဒါက အိမ်​​ရှေ့စံနဲ့ စစ်​သူကြီး အတူ​ဖြေရှင်​းရတဲ့အ​ရေးမှမဟုတ်​တာ။ "
Shun က ​ထောက်​​ပြောလာ​တော့ Iori စိတ်​ထဲ ကြည်​​တောက်​​နေ​သောမျက်​လုံးအစုံနှင်​့ လက်​မ​ထောင်​​ပေးလိုက်​သည်​။
" မျိုးနွယ်​စု​ခေါင်​း​ဆောင်​​တွေက ဒီကိစ္စနဲ့ပါတ်​သက်​ပြီး ​ခေါင်​းချင်​းဆိုင်​​ဖြေရှင်​းဖို့၊ ဘုံပြသနာအဖြစ်​ စုံစမ်​းဖို့ လက်​မခံကြဘူး။ "
" ဧကရာဇ်​ကို​မျိုးနွယ်​စု​တွေက လျို့ဝှက်​ အစီရင်​ခံကြလို့သာ မျိုးနွယ်​စုတိုင်​းမှာ စာတိုက်​မှူး​တွေ​ပျောက်​​နေတာ ဧကရာဇ်​သိသွားတာ။ ပြ​ီး​တော့ စာတိုက်​မှူးဆိုတာ မျိုးနွယ်​စုအားလုံးရဲ့သမိုင်​း​ကြောင်​း​ရော၊ အချက်​အလက်​​တွေ​​တော်​​တော်​များများသိ​နေတဲ့သူ​တွေ။ သူတို့လိုလူမျိုး​ပျောက်​သွားတာကို ဘယ်​မျိုးနွယ်​စုကမှ သူစိမ်​း​တွေကို သိ​စေချင်​မှာမဟုတ်​ဘူး။ သူတို့ကိုယ်​တိုင်​ဒီကိစ္စနဲ့ပါတ်​သက်​ပြီးတိတ်​တိတ်​က​လေး​ရော ထင်​ထင်​​ပေါ်​ပေါ်​ရော မစုံစမ်​းချင်​လို့ ဧကရာဇ်​ကို အကူအညီ​တောင်​းကြတာ။ "
" ​​ပျောက်​သွားတဲ့ သူ​တွေက ရာထူးတူ​နေတာ​ကြောင်​့ သူတို့ သစ္စာ​ဖောက်​သွားတာ ဖြစ်​နိုင်​ဖို့ ဖြစ်​နိုင်​​ချေကအရမ်​းနည်​းတယ်​။ ပြန်​ပေးဆွဲခံရတာ ဒါမှမဟုတ်​ လုပ်​ကြံခံရတာ ဖြစ်​နိုင်​တယ်​။ ငါတို့လုပ်​ရမှာက ဒီကိစ္စတစ်​ခုလုံးရဲ့ အရင်​းအမြစ်​ကို​ဖော်​ထုတ်​ဖို့ဘဲ။ "
" ဒါ​ပေမယ်​့အခုက မျိုးနွယ်​စု​ခြောက်​ခုမှာတူညီတဲ့ပြသနာရှိ​နေပြီဆို ရန်​သူက အပြင်​လူမဖြစ်​နိုင်​ဘူးလား။ "
Iori ​တွေး​တွေးဆဆဖြင်​့​ပြောလာသည်​။
" ဖြစ်​နိုင်​တယ်​။ ဒါ​ပေမယ်​့ ဒီပြသနာမဖြစ်​တဲ့ မျိုးနွယ်​စုဆိုလို့ Onozuka မျိုးနွယ်​ဘဲရှိ​တော့တာ။ လွန်​ခဲ့တဲ့နှစ်​လက ဒီကိစ္စ​တွေရပ်​သွား​တော့ ကျန်​တဲ့မျိုးနွယ်​စု​တွေအ​ပေါ်​စောင်​့ကြည်​့​ခဲ့တာ။ မထင်​မှတ်​ဘဲ လွန်​ခဲ့တဲ့ တစ်​ပါတ်​မှာ နန်​းတွင်​းထဲက စာတိုက်​မှူး​ရော Mitsuhide [မိဆုဟီဒဲ] စာတိုက်​မှူး​ရော တစ်​ပြိုင်​တည်​း​ပျောက်​သွားခဲ့တယ်​။"
" Onozuka မျိုးနွယ်​မှာက စာတိုက်​မှူးမရှိဘူး "
Iori ​ပြောပြသည်​။
" အချက်​အလက်​​တွေအားလုံးက ဆက်​ခံသူအားလုံးရဲ့​ခေါင်​းထဲမှာ "
Iori ​ပြောပုံက အနည်​းငယ်​ ဘဝင်​မြင်​့သည်​ဟုထင်​စရာရှိ​ပေမယ်​့ ဒါကအမှန်​တရားဖြစ်​သည်​။
Onozuka ​တွေရဲ့ ဆက်​ခံသူ​တွေအားလုံးက မျိုးနွယ်​စုသမိုင်​း​ကြောင်​းတင်​မကဘဲ မှတ်​တမ်​းတင်​ထားတဲ့ အချက်​အလက်​​တွေ​ရော မ​ှတ်​တမ်​းမရှိတဲ့ အချက်​အလက်​​တွေကိုပါ ​လေ့လာထားရသည်​။ မှတ်​မိတာ မမှတ်​မိတာ​ထက်​ အချက်​အလက်​တစ်​ခုလိုပြီဆို ဘယ်​မှာရှာရမလဲဆိုတာ သူတို့​ကောင်​း​ကောင်​းသိသည်​။
" ဒါ​ဆို ဒီကိစ္စကို​နောက်​ကွယ်​က​နေထိန်​းချုပ်​တဲ့သူက သတင်​းအချက်​အလက်​​တွေကို လိုချင်​တာမှန်​ရင်​။ ​သူတို့ရဲ့​နောက်​ထပ်​ ပစ်​မှတ်​က Onozuka စစ်​သူကြီး မဟုတ်​ရင်​ အတိုင်​ပင်​ခံအမတ်​ဖြစ်​နိုင်​တယ်​။ "
Iori ​ခေါင်​းငြိမ်​့လိုက်​သည်​။
" အ​နောက်​​ဆောင်​မင်​းသားက ကူညီဖို့လက်​ခံလိုက်​ပြီဆို​တော့ နှစ်​​ယောက်​စလုံး ​ပြေ​ပြေလည်​လည်​နဲ့ တွဲဖက်​ညီညီ ဒီအမှုကို​ဖော်​ထုတ်​နိုင်​ဖို့ ​မျှော်​လင်​့တယ်​။ "
Iori ​ရော Shun ပါ Akashi ကို အံ့အားသင်​့စွာကြည်​့လိုက်​သည်​။
" အိမ်​​ရှေ့စံက​ရော "
Akashi Shun ကိုမျက်​လုံး​မှေးစင်​းပြီးကြည်​့လိုက်​သည်​။ Shun အံကြိတ်​လိုက်​သည်​။
" ကျွန်​​တော်​​မေးတာ ​နောင်​​.တော်​.က​ရော "
" ငါ မနက်​ဖြန်​ကျရင်​ Shina အင်​ပါယာဘက်​ကို မဟာမိတ်​ဖွဲ့ဖို့သွားရမယ်​။ Shina အင်​ပါယာက သိတဲ့အတိုင်​း ဘာမှအတိမ်​းအ​စောင်​းမခံဘူး။ အင်​း... ဒီလူ​ပျောက်​တဲ့ကိစ္စက ညီ​..တော်​အတွက်​ တာဝန်​​ပေးထားတာ။ ညီ​တော်​..ကငြင်​း​တော့ Onozuka စစ်​သူကြီးကိုလွှဲ​ပေးလိုက်​တာဘဲ။ အခုနှစ်​​ယောက်​စလုံးလုပ်​မယ်​ဆိုရင်​​တော့ ​ကောင်​းတာ​ပေါ့။ "
" အလှ​လေးနဲ့တွဲလုပ်​ရမယ်​ဆို ကျွန်​​တော်​ ငြင်​းစရာမရှိပါဘူး။ ပြီး​တော့အလှ​လေးဆီက​နေ ကျွန်​​တော်​သိချင်​တာ​တွေလည်​းအများကြီး ရှိ​သေးတယ်​။ "
Iori ငြင်​းလိုက်​ချင်​သည်​။ ဒါ​ပေမယ်​့ အ​နောက်​​ဆောင်​မင်​းသားရဲ့အကျင်​့အရ ​သေရည်​ဆိုင်​နှင်​့ အ​ပျော်​မယ်​အိမ်​​တွေမှာသာအချိန်​ကုန်​မှာမို့ သူ့ဘာသာသူတစ်​​ယောက်​တည်​းလှုပ်​ရှားလို့ရသည်​။ Iori ဦးညွတ်​လိုက်​သည်​။
" တာဝန်​ကို​ကျေပွန်​စွာထမ်​း​ဆောင်​ပါ့မယ်​​။ "
Iori ထွက်​သွား​တော့ Shun ရဲ့ပြုံး​ထေ့​ထေ့မျက်​နှာကတည်​သွားသည်​။
" ဒါ ဘာလုပ်​​နေတာလဲ ညီ​တော်​ "
" ဘာကိုလည်​း အိမ်​​ရှေ့စံ။ " အ​ပြောအဆိုက​ပြောင်​းသွား​ပေမယ်​့အသံက​တော့မ​ပြောင်​းသွား​သေး။
" မင်​း ဘာအ​ကြောင်​းပြချက်​မှမရှိဘဲ ​ရှောင်​ပုန်​း​နေပြီးခါမှ အခုမှ ဘာလို့​ သူ့​ရှေ့မှာထွက်​လာတာဘဲ။ "
Shun အကြည်​့​တွေက ပိုနက်​သွားသည်​။
" သွား​တော့မယ်​။
Shun အ​ဖြေတစ်​ခု​တော့ရလာသည်​။ Iori သူ့ကို လုံးဝမသိ​ချေ။

Bleeding Love Of Fallen AngelNơi câu chuyện tồn tại. Hãy khám phá bây giờ