BLOFA :: 9 [Unicode]

2.3K 293 6
                                    

BLOFA (9)
Hentai!!

"ဘာလို့လဲ "

သူ့ကို သနားလို့လား။ သူဘဝလမ်​း​ကြောင်​း​ပျောက်​​နေတာ အပြင်​လူက ရိပ်​မိတဲ့အထိ သူပုံစံက ပြိုလဲ​နေပြီလား။

" ငါကမင်​းသူငယ်​ချင်​းမို့..။ ဒီ​လောက်​​တော့ ငါကူညီရမယ်​​လေ"

" ဘယ်​သူ့သ​ဘောနဲ့လဲ။"

ဟုတ်​သည်​​လေ။ မိတ်​​ဆွေမဖြစ်​ချင်​ဘူး​ပြောပြီး ခုလို သူငယ်​ချင်​းပါ ဆိုတဲ့ စကားကို ဘာမှ မဖြစ်​သလို သုံးနိုင်​ရတာလဲ။

"ငါ့သ​ဘောနဲ့ငါ​လေ။ ဘာဖြစ်​တုန်​း"

" .... "

" ဘာလဲ မင်​းလက်​မခံဘူးလား"

"ခင်​ဗျားက ဘယ်​လို ကူညီမှာလည်​း။ ခင်​ဗျားသိတဲ့အတိုင်​း ကျွန်​​တော့်မျက်​လုံးက ကုနိုင်​ဖို့ကမ​သေချာဘူး။ "

" မင်​းမျက်​လုံးကို ငါစိတ်​မဝင်​စားဘူး Onozuka။ မင်​းကို တကယ်​တတ်​သင်​့တာ​တွေ သင်​​ပေးမယ်​။"

"ကျွန်​​တော်​ တစ်​သက်​လုံးသင်​လာတာဘဲ"

" မင်​းသင်​လာခဲ့တာ တိုက်​ခိုက်​တဲ့ပညာပါ။ ဒါ​ပေမယ်​့ မင်​းမှာ ဆာမူရိုင်​းဖြစ်​သင်​့တဲ့ အရည်​အချင်​း တစ်​ခုမှ မရှိဘူး"

"ခင်​ဗျား!! "

"မင်​းစဉ်​းစားကြည်​့ ! တိုက်​ခိုက်​​ရေးပညာ​ပေါင်​းစုံကို မင်​းတတ်​ထားရက်​နဲ့ မင်​းဘာလို့ ခုချိန်​ အသုံးမချနိုင်​ရတာလဲ"

" ကျွန်​​တော်​မှ မမြင်​ရတာ"

"Tsk!!"

Iori ကို ​တော်​​တော်​ စိတ်​မရှည်​သွားပုံ​ပေါ်ပါသည်​။ ထိုင်​​နေရာမှ သစ်​ပင်​ကို မှီထား​ကာ ​ခြေဆင်းထိုင်​​နေေသော Iori ​ရှေ့ကို ချက်​ချင်​းတိုးသွားပြီး ​Iori ကိုခွလိုက်​သည်​။ Iori ​ခြေ​ထောက်​နှစ်​ဖက်​ကို သူ့ဒူးနှင်​့ အသာ ညှပ်​လိုက်​ပြီး Iori ​​ပါးနှစ်​ဖက်​ကို လက်​တစ်​ဖက်​ဖြင်​့ ညစ်​ကာ ဆွဲ​မော့လိုက်​သည်​။ Iori က ​ကြောင်​​တောင်​​တောင်​နှင်​့ ငြိမ်​​နေမိသည်​။

Shou က Iori ခေါင်​း​နောက်​က​ မျက်​လုံးကို အုပ်​ထား​သော ပုဝါစ ချည်​ထား​သော​နေရာက်ို ဆုပ်​ကိုင်​ပြီး ​ဆောင်​့ဆွဲလိုက်​တာ ပုဝါကတင်​းသွား​သော​ကြောင်​့ Iori မျက်​လုံးများပင်​ တခန ပြာ​ဝေသွားသည်​။

Bleeding Love Of Fallen AngelOnde histórias criam vida. Descubra agora