BLOFA :: 14 [Unicode]

2.1K 289 2
                                    

BLOFA (14)
Boi In Shrine Maiden Outfit

" ငါ..Iori ...ဘယ်​​တော့မှ ​ပြောပြီးသား စကား​တွေက်ို ပြန်​မရုတ်​သိမ်​းတတ်​ဘူး။ ငါဂတိကိုလည်​း ငါမ​မေ့ဘူး။ မင်​း​နောက်​ကို ငါမိန်​းက​လေးပုံစံနဲ့ လိုက်​ခဲ့မယ်​။ ငါ့စကားက ငါ့သက်​​သေ ငါ့ဂတိဘဲ "

အာ​လေးလျှာ​လေးဖြင်​့ Iori ​လေသံအတိုင်​းတသ​ဝေမတိမ်​း​ပြောလိုက်​​သော Shun ​ကြောင်​့ Iori သတ္တမအကြိမ်​ ကိုယ်​့ကိုယ်​ကိုယ်​ကျိန်​ဆဲလိုက်​သည်​။

အချင်​းချင်​းမို့ အရက်​မူး​နေချိန်​ စိတ်​လွတ်​ကိုယ်​လွတ်​ လုပ်​ချင်​ရာ လုပ်​ တတ်​​ပေမယ်​့ ​သေ​သေချာချာပြန်​​တွေးကြည်​့လျှင်​ ဖြစ်​ပျက်​သမျှကို မှတ်​မိ​နေတတ်​တဲ့ မှတ်​ဉာဏ်​ကို Iori ပထမဦးဆုံးအကြိမ်​အပြစ်​တင်​မိသည်​။

" ကဲ အထုတ်​ပြင်​ ငါ့​နောက်​လိုက်​ခဲ့ "

" ဘာလို့လဲ ... ​ယောကျာ်​း​လေးအတိုင်​းသွား​တော့​ရော ဘာဖြစ်​မှာမို့လဲ "

" ​အော်​​ဟော်​.. မင်​း​ပေးခဲ့တဲ့ ဂတိကို ပြန်​ရုတ်​သိမ်​းမလို့လား။ ရှက်​ဖို့​ကောင်​းလိုက်​တာ "

တကယ်​လည်​း လိုက်​ချင်​တာ မဟုတ်​ပါဘဲ ဘာလို့ အရက်​မူး​နေတုန်​း ရူးရူးမိုက်​မိုက်​ ဂတိ​ပေးခဲ့လည်​း Iori ကိုယ်​့ကိုယ်​ကိုယ်​ တကယ်​နားမလည်​။

" ငါ... မလိုက်​​တော့ဘူး "

" မင်​းကအဲလိုလား..။ ဟုတ်​ပြီ​လေ။ ငါ..Iori...ဘယ်​​တော့မှ​ပြောပြီးသားစကား​တွေကို ပြန်​-"

" ​တော်​....​ ​တော်​... ငါလိုက်​မယ်​ "

Iori လက်​​လျှော့လိုက်​သည်​။ တစ်​မနက်​လုံး ဒီဂတိစကားက နှိပ်​စက်​​နေတာ ။

" ဒါ​ပေမယ်​့ ငါ့ဆီမှာ မိန်​းက​လေးအသုံးအ​ဆောင်​ ဘာမှ မရှိဘူး "

Iori အ​ကြောင်​းပြချက်​ကို ရှာကြံ​ပေးလိုက်​သည်​။

" စိတ်​မပူနဲ့။ ဒီမှာ မျက်​နှာ​ချေ​တွေ "

Shun ဆိုတာကလည်​း သူတစ်​ပါးကို မဟုတ်​တာ လုပ်​ခိုင်​းဖို့ဆို ​မီးကုန်​ယမ်​းကုန်​ ​ထောက်​ပံ​့ပေးတတ်​သူ။ စားပွဲ​ပေါ် တင်​​ပေးလိုက်​တဲ့ ပစ္စည်​း​တွေကို စမ်​းရင်​း Iori အလန်​့တကြား​ပြောသည်​။

Bleeding Love Of Fallen AngelWhere stories live. Discover now