BLOFA :: 20

1.9K 241 4
                                    

" သမီးက Iori ပေါ့ "

" ဗျာ.. အဲ ... ရှင် ..အဲ ဟုတ်ကဲ့ ..ဟို.."

Mei သူမရှေ့မှာ ကျုံးကျုံ့လေးထိုင်နေသည့် ကောင်မလေးကို ကြည့်ပြီး ပြုံးလိုက်မိသည်။

" အဒေါ့်ကို ရင်းရင်းနှီးနှီး Mei လို့ဘဲ ခေါ်ပေါ့ "

" ဟုတ်..ဟုတ်ကဲ့ .. Mei San "

" မင်းကဘယ်ကလဲ "

" Nara နေပြည်တော်ကပါ။ "

Iori ရဲ့ မဆိုင်းမတွပြန်ဖြေသံကြောင့် Mei က Shun ကို မျက်မှောင်ကြုံ့ကြည့်သလို Shun ကလည်း Iori ကို စားပွဲအောက်ကနေ ကန်ထည့်လိုက်သည်။

" ဘာလဲ "

" Iori Chan ငါ့ အမေကို ကြောက်နေတာလား။ ရဲရဲဖြေပါကွ။ "

Iori ဘာမှ ဆက်မပြောဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။ သူ့မျက်နှာကိုလဲ သူမလုံ။ သူ့အသံလည်း ထိန်းထားသည့်ကြားကပင် ခပ်အက်အက်ထွက်နေသည့်အတွက် သူ့ကိုယ်သူ မလုံ။

Mei က Shun ခေါင်းကို အားရပါးရလှမ်းခေါက်လိုက်သည်။

" သားပြောခါမှ Iori Chan ကြောက်နေပြီ။ "

Mei က ပြောလည်းပြော Iori လက်လေးကို ဆွဲယူလိုက်သည်။

" ဟင် သမီးလက်က "

Iori တစ်ချက်တုန်တက်သွားသည်။

" လှလိုက်တာ။ "

Mei ရဲ့ မှတ်ချက်ကြောင့် Shun ခွီခနဲ့ရယ်လိုက်သည်။

Iori လည်းကြောင်အမ်းအမ်းဖြင့်ပင် လက်ကို ပြန်ဆွဲလိုက်သည်။

Mei တစ်ယောက် Iori ကို သေသေချာချာ ကြည့်နေလိုက်သည်။ ဒီကလေးမလေးကို သူမြင်ဖူးသလို ခံစားနေရသည်။

မျက်နှာချေ အနည်းငယ်လိမ်းထားကာ နှုတ်ခမ်းကို ဆေးဆိုးထားသောကြောင့် နီရဲနေသောနှုတ်ခမ်း တစ်စုံနှင့်ကလေးမလေးသည် ကြွေရုပ်လေးအလားပင်။

ပါးလေးနှစ်ဖက်က ပြည့်ဖောင်းနေကာ အသားဖြူဖွေးကာ ကြည်လင်နေချက်က ခေါင်းမော့လိုက်လျှင် အပြင်က ထိုးနေသည့် နေရောင်ကြောင့် အသွေးအသားထဲထိ ထွင်းဖောက်မြင်ရတော့မည့်အတိုင်းပင်။

ပြစ်ချက်မရှိလှရက်သော ကလေးမလေးသည် အထက်တန်းလွှာက ဖြစ်ပုံပေါ်သည်။ အနေအထိုင်က နူးညံ့သိမ်မွေ့ကာ ပကတိကြည်လင်နေသော မျက်နှာလေးကို မြင်ရသူအဖို့ ရင်ဝယ်အေးချမ်းစေနိုင်သည်။ ဖောင်းပြည့်နေသော လက်ဖဝါးနှစ်ဖက်သည် နူးညံ့အိစက်မှုမရှိသော်ညား အဖျားသွယ်သော လက်ချောင်းများနှင့် ကြည်လဲ့နေသော သဘာဝလက်သည်းခွံလေးများက ထိတွေ့ နမ်းရှိုက်ချင်စဖွယ်ကောင်းလှသည်။ သို့သော် ကလေးမလေးဆီက ထူးဆန်းသည့် အငွေ့အသက်ရှိနေသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now