BLOFA :: 15 [Unicode]

2.2K 265 19
                                    

BLOFA :: 15
Good Night

🍁 Oyasumi [ Good Night ]🍁

🌾Bleeding Love 🌾
^~ Fallen Angel ~^

"ကြမ်​းကျွံလျှင် နှုတ်လို့ရပေမယ့်

စကားကျွံရင် နှုတ်လို့မရဘူး " တဲ့

မှန်​လိုက်​​လေ။

တစ်​လမ်​းလုံး " ​သေချင်​တယ်​ " ဆိုတဲ့ စကားကို အသက်​ကယ်​ဂါထာပမာ တဖွဖွ ရွတ်​လာ​သော Iori ကို ကြည်​့ပြီး Shun တရားကျမိသည်​။

တကယ်​ဆို စကားစကျွံတာက သူ။

ဘယ်​သွားသွား ဘယ်​သူ့ကိုမှ ခွင်​့မ​တောင်​းဖူးတဲ့ Shun။

သူ မယ်​မယ်​့ဆီပြန်​မယ်​လို့​ပြောစဉ်​က တကယ်​​တော့ Iori ဆီက " ​ကောင်​းတယ်​ ။ နား​အေးတာ​ပေါ့ " ဆိုတဲ့စကား​လေးကို ကြားချင်​ခဲ့တာ။

" ​ကောင်​း​ကောင်​းသွား.. " ဆိုတဲ့ စကားနဲ့ တိုက်​ရိုက်​အချိုးကျတဲ့ နှင်​ထုတ်​သံ​လေးကို​ပေါ့။

Iori လိုက်​မယ်​လို့​ပြောမယ်​ကို မထင်​ထားခဲ့တာ။

သူငြင်​းကြည်​့​ပေမယ်​့ အရက်​က​လေးဝင်​ပြီး ​သွေးဆူ​နေတဲ့ Iori က​တော့ သူလိုချင်​တာရဖို့ ဘာမဆို လုပ်​​တော့မည်​့ပုံမို့။

အင်​း....

ဒါနဲ့ ဒီ အဆင်​့ထိ​ရောက်​လာတာဘဲ။

🌾Bleeding Love 🌾
^~ Fallen Angel ~^

မိန်းကလေး ဝတ်စုံနှင့် သူ့ပုံစံက အတော် ဂွကျနေသည်။ ခြေထောက်က အနည်းငယ်ကားနေပြီး လက်က မြင်းဇက်ကြိုးကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။ Shun ခမျာ Iori မြင်းဇက်ကြိုးကို လွတ်လိုလွတ်ငြား အနည်းငယ် ဆောင့်ဆွဲကြည့်တာတောင် လုံးဝမလွတ်ပေး။ Shun နှင့် အရပ်အမောင်းချင်းက သုံးလက်မလောက်ကွာသော်လည်း ခန္ဓာကိုယ်ကိုတောင့်ထားသောကြောင့် Shun မှာ ရှေ့ကိုလည်းကောင်းကောင်းမမြင်ရချေ။ ခေါင်းကို အနည်းငယ်စောင်းပေးဖို့ ဒါမှမဟုတ် အနည်းငယ်ပြင်ထိုင်ဖို့ Iori က်ုပြောပေမယ့် Iori ကတော့ မမြင်ရသော သူ့ကို တစ်ချက်လှည့်မော့ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းခါကာ နေမြဲအတိုင်းဆက်နေသည်။ Shun ခမျာ ရှေ့ကိုလည်း သေချာမမြင်ရ၊ Ken ကိုလည်း သေချာ မထိန်းနိုင်ရှာ။ သခင်၏ ဆန္ဒကို ကောင်းမွန်စွာ သိသော Ken လို မြင်းလိမ္မာကြောင့်သာတော်ရော့တော့သည်။

Bleeding Love Of Fallen AngelWhere stories live. Discover now