BLOFA :: 36 [Unicode]

1.6K 217 5
                                    

BLOFA :: 36

ထိတ်လန့်နေသော Riku ကိုနှစ်သိမ့်ပြီး Iori အပြင်ထွက်လာလိုက်သည်။ အပြင်မှာ မီးဖိုထားပြီး Shun က ငါးကင်နေသည်။ Akashi က သူမသောက်ရတာကြာပြီဖြစ်တဲ့ Shun လက်ရာ အသားစွပ်ပြုတ်ကို အားပါးတရစားနေပြီး Shino က တော့ သူတို့လာခဲ့တဲ့လမ်းရဲ့မြေပုံအကြမ်းကိုဆွဲနေသည်။

" Onozuka San။ Mamuya San အဆင်ပြေရဲ့လား "

" မှန်လှပါ အရှင်မင်းသား။ ဘုန်းတော်ကြောင့် အတော်သက်သာလာပြီဖြစ်ကြောင်းပါ။ "

" ဘယ်သူ့ဘုန်းတော်လဲ ငါလား "

ခပ်ရွဲ့ရွဲ့မေးသောမေးခွန်းကို လျစ်လျူရှုရင်း Iori ထိုင်ချလိုက်သည်။ အရမ်းချမ်းနေလို့လားမသိ။ မီးဖိုဘေးထိုင်တာတောင် ပိုချမ်းလာသလိုဘဲ။ Akashi စွပ်ပြုတ်တစ်ပန်းကန်ခပ်ကာ Iori ကိုပေးလိုက်သည်။ Iori ပြာပြာသလဲ ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

" ကိုယ်တု့ိကြားမှာ ပကာသနတွေဖယ်ကြရအောင့် Onozuka San ကိုယ် Onozuka ကို Iori လို့ဘဲ ခေါ်မယ်။ Iori လည်း ကိုယ့်ကို Akashi လို့ ရင်းရင်းနှီးနှီးခေါ်။ "

" မသင့်တော်ပါဘူး အရှင်မင်းသား။ "

" ကိုယ် မင်းကို မိတ်ဆွေတစ်ယောက်လို သဘောထားလို့ပါ။ မင်းကိုယ့်ကို မငြင်းသင့်ဘူး "

" မှန်လှပါ အရှင်မင်း... အဲ.. Akashi Kun "

" လိမ္မာတယ် "

ဆိုပြီး Iori ကို ပါးလိမ်ဆွဲလိုက်သော Akashi လက်ကို Iori ချက်ချင်းရိုက်ထုတ်ကာ လက်ကို နောက်လိမ်ကာ ချုပ်ထားလိုက်သည်။ ထင်မှတ်မထားသည့်အရာမို့ Akashi အငိုက်မိသွားသည်။ ဗီဇအရ တုံပြန်ပြီးခါမှ Iori ပြာပြာသလဲ ခါးကျိုးမတတ် တောင်းပန်မိသည်။

" ကျွန်တော် မှားသွားပါတယ် အရှင့်သား။ ကျွန်တော် အကျင့်ပါနေလို့ "

" ရတယ်.... ရတယ်... ဟားဟား ... Iori ကိုယ့်ကို ရင်းနှီးလို့ လုပ်တယ်လို့ဘဲမှတ်လိုက်မယ်။ တော်တော်တော့ နာသား.. ဟားဟား "

Akashi ရယ်ရင်း Shun ကို မသိမသာခိုးကြည့်လိုက်တော့ Shun က သူ့ကို မျက်နှာသေဖြင့်ကြည့်နေသည်။ ပြီးမှ လက်နှစ်ချောင်းထောင်ကာ မျက်နှာသေဖြင့် " ရှက်ကရော " ပုံစံဖြင့် လက်နှစ်ချောင်းကို ကွေးလိုက်ဆန့်လိုက် လုပ်ပြသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now