BLOFA :: 30 [Unicode]

1.7K 218 2
                                    


Nakamura Clan ရဲ့ အဝန်းပိုင်းကနေ မြို့ထဲထိ Ken ကို ဒုန်းစိုင်းစီးသွားရင်း တည်းခိုခန်းတစ်ခုနားရောက်တော့ Shun ရပ်လိုက်သည်။

" ဒီည ဒီမှာ နားရအောင် "

Iori အလိုက်သိစွာမြင်းပေါ်က ဆင်းလိုက်သည်။ Shun လည်း မြင်းပေါ်က ဆင်းလိုက်ပြီး တည်းခိုခန်းထဲဝင်ကာ တစ်ယောက်အိပ်အခန်း တစ်ခန်း မှာလိုက်သည်။ Iori အံအားသင့်သွားသလို တည်းခိုခန်းအလုပ်သမ ကလည်း သူတို့နှစ်ယောက်ကို မယုံနိုင်သလိုပြူးကြောင်ကြောင်လေးနှင့်ကြည့်နေသည်။

" ဘာကြည့်တာလဲ "

" ဟို... နှစ်ယောက်လုံးတည်းမှာ မဟုတ်ဘူးလား "

" ဟုတ်တယ်လေ "

" အာ့ဆို တစ်ယောက်အိပ်အခန်းနှစ်ခန်း "

" မလိုဘူး တစ်ခန်းဘဲ "

တည်းခိုခန်းအလုပ်သမားကို ဘောက်ဆတ်ဆတ်နဲ့ ပြောနေသော Shun ကြောင့် Iori မျက်နှာပူပူနှင့်ပင် ဝင်ပြောရသည်။

" Shun ငါတို့နှစ်ခန်း မှာသင့်တာ မဟုတ်လား "

" အတူ အိပ်မှာဘဲကို "

Shun ကသာ အေးအေးဆေးဆေးပြောနေပေမယ့် Iori မျက်နှာပိုပူလာသည်။

" အဲဒါဆိုလည်း နှစ်ယောက်ခန်းတော့မှာလေ "

" ပိုက်ဆံမရှိဘူး "

ညနေက Shun လောင်းကစားရှုံးတာကို သတိရပြီး Iori သက်ပြင်းချလိုက်သည်။ တည်းခိုခန်းအလုပ်သမလေးကလည်း သူတို့နှစ်ယောက်ကို စိတ်လွတ်နေသူလို ကြည့်ပြီး အခန်းလိုက်ပြလိုက်တော့သည်။

" ဒီ အခန်းက သခင်လေးပြောတဲ့အတိုင်း ကိုယ်ပိုင်ရေချိုးခန်းပါပြီး ဝရံတာလည်း ရှိတယ်။ ဒါပေမယ့် သခင်လေးဖြစ်စေချင်သလို အသံလည်း လုံတယ်။ ညစာကတော့ အောက်ထပ်က စားသောက်ဆိုင်မှာစားလို့ရသလို အခန်းထဲမှာလည်းစားလို့ရပါတယ်။ အဆင်မပြေတာရှိရင်လည်း ကျွန်မတို့ကို အချိန်မရွေးပြောလို့ရပါတယ်။ "

ကောင်မလေးက သံပါတ်ပေးထားတဲ့အရုပ်လို မျက်နှာသေနှင့် ပြောစရာရှိတာပြောပြီး ဦးညွှတ်ကာထွက်သွားတော့သည်။ သို့သော် သူမလမ်းလျှောက်နေတဲ့ပုံစံက ဖုတ်ဝင်နေသလို စိတ်လွတ်နေသူလိုပင်။

Bleeding Love Of Fallen AngelDove le storie prendono vita. Scoprilo ora