BLOFA :: 43 [Unicode]

1.3K 164 2
                                    

BLOFA :: 43 Part-1]
ကျီးကန်းကောင်

ညနက်ကာ သန်းခေါင်းပင်ရောက်နေပြီ ဖြစ်သော်လည်း ကျောက်တံတိုင်းပေါ်ရှိ အစောင့်တို့မှာ နိုးကြားနေတက်ကြွစွာကင်းလှည့်နေဆဲပင်။ မီးလှုံနေသော တပ်သားတစ်ချို့က ရွာထဲ၌ပင် ကင်းပြန်လှည့်နေကြသည်။ ရွာတွေကို အလစ်ဝင်တိုက်ကာ လက်စတုန်းတတ်သော ဤ ညဥ့်နက် တပ်သားတွေကို အမှောင်ထဲမှာပင် တိုက်စစ်ဆင်ရမည်ဖြစ်သောကြောင့် Iori တို့ ခုနှစ်ယောက်လုံး သတိအပြည့်နှင့် တံတိုင်းကို ချဉ်းကပ်နေရသည်။

တံတိုင်းပေါ်မှာ အစောင့်က ခြောက်ယောက်တောင်ရှိပြီး နှစ်ယောက်က အပြင်ဘက်ကို စောင့်ကြည့်နေကာ နှစ်ယောက်က ရွာအတွင်းဘက်ကို စောင့်ကြည့်နေသည်။ ကျန်နှစ်ယောက်ကတော့ တံတိုင်းထိပ်ကနေ ဟိုဘက်သည်ဘက်လျှောက်ကာ ပါတ်ဝန်းကျင် တစ်ခွင်ကို စောင့်ကြည့်နေသည်။ Rai, Shino နှင့် Asahi က တံတိုင်းအောက် မှောင်ရိပ်ကျနေသော ထောင့်သို့တိုးသွားကာ ကင်းလှည့်တဲ့ နှစ်ယောက်လုံးလစ်ဟာသွားတာနဲ့ တစ်ပြိုင်နက် Rai က တံတိုင်းနှင့်အနည်းငယ်ခွာကာ မုဆိုဒူးထောက်လိုက်သည်။ သူ့နောက်ကနေ Shino က မတ်တပ်ရပ်လျက်အသင့်အနေအထားနှင့်။ Asahi က ချက်ချင်းပင် အရှိန်အနည်းငယ်ယူကာ Rai ရဲ့ ပုခုံး နှင့် Shino ရဲ့ ပုခုံးကို နင်းလျက် တံတိုင်းပေါ် လျင်မြန်စွာ ကပ်တွယ်ကာ တက်သွားသည်။

Asahi တံတိုင်းပေါ်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကင်းလှည့်နေရာမှ ပြန်ရောက်လာသည့် အစောင့်ကို အနီးကပ်တိုက်ခိုက်ရေးသမားပီပီ လက်ဦးမှုရယူကာ အစောင့်ရဲ့ ဇက်ကို ချိုးကာ သတ်ပစ်လိုက်သည်။ ထို့နောက် လျင်မြန်ဖျတ်လျတ်စွာ အစောင့်တွေကို အသံ တစ်ချက်မှ မထွက်စေဘဲ ကိစ္စရှင်းလိုက်သည်။

" Crack~! "

ငါးယောက်မြောက်ဖြစ်သော ရွာထဲကို စောင့်ကြည့်နေသည့် အစောင့်မေးရိုးကို ကိုင်လှည့်လိုက်တာ အားလွန်ပြီး လိုတာထက်အသံထွက်သွားသည်။

ခြောက်ယောက်မြောက်အစောင့်က ချက်ချင်းလှည့်ကြည့်ကာ အခြေအနေကို ရိပ်မိသွားသည်နှင့်တစ်ပြိုင်နက် သူနောက်ခြေငါးလှမ်းအကွာမှာ ထောင်ထားတဲ့ စည်ကြီးကိုတီးဖို့ နောက်ကို ချက်ချင်းဆုတ်သွားသည်။ Asahi ပြေးတားဖို့ပြင်လိုက်ပေမယ့် ရပ်လိုက်သည်။ အစောင့်အနောက်မှာရောက်နေတဲ့ Akashi က အစောင့်ရဲ့ လှည်မျိုကို လှီးဖြတ်လိုက်သည်မို့။

Bleeding Love Of Fallen AngelWhere stories live. Discover now