BLOFA :: 65 [Unicode]

2K 220 54
                                    

Blofa :: 45
Fall

ဝံပုလွေပျိုက ကိုယ့်ဘဝ ဝင်္ကပါအားလုံးရဲ့ အဆုံးသတ်။

🍁 Bleeding Love 🍁
^~ Fallen Angel ~^

" Oyabun~ "

အနားကိုတိုးလာတဲ့ Chiku ကို Iori လှည့်ကြည့်လိုက်သည်။ ခေါင်းကိုငုံ့ထားကာ မပွင့့်တပွင့်ခေါ်လိုက်တာမို့ Iori စိုးရိမ်သွားသည်။

" ပြောစရာရှိလို့ "

သူ့ကိုမျက်လုံးလေးတစ်ချက်လှန်ကြည့်ပြီးချက်ချင်းခေါင်းငုံ့သွားသော ကောင်ငယ်လေးမှာ အသံကအနည်းငယ်တုန်ရီနေသည့်အပြင် လက်ကလည်း မြှားတစ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

လွန်ခဲ့ဲ့ရက်တွေက သူ Chiku နှင့် Tetsu နှစ်ယောက်လုံးကို လေ့ကျင့်ပေးနေကတည်းက Chiku မူမမှန်တာသူသိသည်။

ဒီနေ့လည်း လေ့ကျင့်နေတဲ့အပေါ်အာရုံမရဘဲ သူ့ကိုသာခိုးခိုးကြည့်နေသော ကောင်ငယ်လေးဟာ ထင်သည့်အတိုင်း သူ့ကိုပြောစရာရှိနေတာဘဲ။

" ကျွန်တော်.... "

ပြောရင်းအသံတွေတိမ်ဝင်သွားသော Chiku ကို Iori အားမလိုအားမရဖြစ်လာသည်။

" ကျွန်တော်.. .......ကျွန်တော် ..."

" Chiku "

" ဗျာ "

Iori ခပ်ဆတ်ဆတ်ခေါ်လိုက်တော့ Chiku တချက်တုန်သွားကာ မပီမသထူးသည်။

" Oyabun ကိုမော့ကြည့် "

Iori နူးညံ့စွာပြောလိုက်တော့ Chiku ကမော့ကြည့်လိုက်သည်။ ကြည်လင်နေသော Iori ရဲ့ မျက်နှာဟာ မပြုံးပေမယ့် နွေးထွေးသိမ်မွေ့လွန်းသည်။ Chiku ခေါင်းပြန်မငုံ့တော့မှ Iori ပြုံးလိုက်ပြီး Chiku ရဲ ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။ သည်ကောင်လေးစိတ်လှုပ်ရှားနေတာဘဲ။

" အဆင်ပြေသွားပြီလား "

"Hai"

" ဟုတ်ပြီ။ ဒါဆိုပြောစရာရှိတာ ပြတ်ပြတ်သားသားပြောတော့။ "

Chiku ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်ပုံဖြင့် ပြောလာသည်။

" ကျွန်တော် အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်ဖြစ်ချင်တယ်။ "

ထင်မှတ်မထားတဲ့ စကားမို့ Iori ခနတော့တွေသွားသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now