BLOFA :: 33 [Unicode]

1.6K 221 7
                                    

BLOFA :: 33

" Shun က ဘယ်လိုပုံစံလဲဟင် "

ကလေးတစ်ယောက်လို အပြစ်ကင်းစွာမေးလာတဲ့ Iori ကို အားလုံးက ဝိုင်းကြည့်လိုက်မိသည်။

" သခင်လေး တကယ်မသိဘူးလား "

အဘိုးအိုရဲ့အမေးကို Iori ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး အဖြေပေးလိုက်သည်။

" ကျွန်တော် မျက်စိကွယ်သွားပြီးမှ သူ့ုနှင့်ဆုံခဲ့တာ။ ပြီးတော့ သူ့ရုပ်ရည်နဲ့ပါတ်သက်ကြီး ကျွန်တော် မမေးဖူးဘူး ဗျ "

" သခင်လေး Shun က အင်မတန် ခန့်ညားတဲ့ လူရွယ်လေးတစ်ယောက်။ မျက်ခုံးနက်နက်၊ မျက်တောင်နက်နက်၊ မျက်ဆံနက်နက်ရှိတဲ့ ဆွဲဆောင်အားကောင်းလွန်းတဲ့ မျက်နှာပိုင်ရှင်ဘဲ၊ ကျွန်တော်လည်းမပြောတတ်ဘူး၊ "

အဘိုးအိုကသာ မပြောတတ်ဘူးပြောနေတာ။ Iori ရင်ထဲ Shun ကိုတွေ့ဖူးချင်စိတ်က တဖွားဖွားပေါ်လာရသည်။

" မျက်ကွင်းနက်နက်လည်းရှိတယ်။ "

" ဗျာ "

" မသိသာပေမယ့် သခင်လေး Shun ရဲ့ မျက်လုံးထောင့်နဲ့ အောက်မျက်ခမ်း အစပ်တွေက အရမ်းညိုတယ်။ အနှစ်နှစ်အလလ အိပ်ရေးပျက်ထားတဲ့ပုံမျိုး "

Iori တွေဝေသွားရသည်။ ရရင်ရသလို အရက်သောက်ပြီး ထိုးအိပ်တတ်သူက မျက်ကွင်းညိုနေသည်တဲ့လား။

ရွာသားတွေနဲ့ စကားစမြည်ပြောရင်း ညနက်ခါနီးတော့ ရွာသားတွေကလည်း အိပ်ယာဝင်ကြသည်။ Iori ကတော့ မီးပုံဘေးမှာ အဝေးတစ်နေရာမှာ ငုတ်တုတ်ထိုင်ရင်း Shun ကို မျှော်နေမိသည်။ ညတော်တော်နက်မှ Shun ပြန်ရောက်လာသည်။ Shun ရေချိုးသန့်စင်ပြီးလို့ သူ့နားလာထိုင်တဲ့အထိ Iori အတွေးတွေထဲ တဝဲလည်လည်ဖြစ်နေသည်။

Iori ကိုယ့်ခံစားချက်ကို လိုက်မမှီတော့သည့်အဆုံး ပြန်လှောင်နေမိသည်။ မမြင်ဖူးတဲ့ လူတစ်ယောက်ကို ချစ်ရတာကို ထူးဆန်းတယ်လို့ တစ်ခါမှလည်း မတွေးခဲ့ဖူးပေမယ့် အခုတော့ ထူးဆန်းနေပြီ။ တကယ်လို့များ Shun နဲ့ကွဲသွားရင် ဘယ်လိုပြန်ရှာရမယ်မှန်းတောင်မသိပေ။ လူတစ်ယောက်ကို နာမည်သိရုံ၊ အသံကြားရုံနှင့်ဒီလိုအလွယ်တကူ ချစ်သွားနိုင်မှန်း Iori တကယ်မသိခဲ့တာပါ။ အဆိုးဆုံးက Shun က မျိုးတူ ယောကျာ်းသားတဟ်ယောက်။ Iori မျက်စိမမြင်ရပေမယ့် ထိုတစ်ချက်နှင့်တင် အထီးကျန်လွန်းလှသည့် အနာဂတ်ကို Iori မြင်နေရသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now