BLOFA :: 12 [Unicode]

2.1K 265 3
                                    

BLOFA (12)
မုန်​းဖို့​ကောင်​းတဲ့ လမ်​းပြ

Iori သူ့လက်​ထဲကတုတ်​ကို အသာပွတ်​သပ်​ပြီး Shun ​နောက်​ကို လိုက်​ခဲ့သည်​့ လမ်​း​ကြောင်​းကို ပြန်​ပုံ​ဖော်​ကြည်​့လိုက်​သည်​။

သူ​နောက်လှည်​့ပြီး တည်​့တည်​့ ပြန်​​လျှောက်​လာပြီး ပါတ်​ဝန်​းကျင်​ကို နားစွင်​့ထားလိုက်​သည်​။ ​လျှောက်​ရင်​းနဲ့ ​ရေစီးသံကြားလိုက်​ရ​တော့ သူတံတားနဲ့ နီး​နေပြီဆိုတာသိလိုက်​ရသည်​။ လမ်​းကို သတိထား​လျှောက်​ရင်​း တံတားကို ဖြတ်​လိုက်​သည်​။

တံတားဆုံးသည်​နှင်​့ သူ ခါတိုင်​း Shun နဲ့ ပြန်​လာ​နေကျ လမ်​းကို ပြန်​ပုံ​ဖော်​ရင်​း လမ်​း​ကြောင်​းဘယ်​အချိန်​​လောက်​မှာ ​ပြောင်​းလဲသွားလဲ ဆန်​းစစ်​လိုက်​သည်​။ သူသွား​နေကြ​နေရာနဲ့ မရင်​းနှီးတဲ့​နေရာ .. အ​ငွေ့အသက်​ ... အသံ... သူအထပ်​ထပ်​အခါခါ ပြန်​သုံးသပ်​ကြည်​့သည်​။

" အာ... သစ်​ကိုင်​း​ခြောက်​ !! "

Iori ဝမ်​းသာအားရ ထခုန်​မိသည်​။

ဟုတ်​သည်​။ သူShun နဲ့ ​ရေတံခွန်​ဘက်​ကိုလာတိုင်​း သစ်​ကိုင်​​းခြောက်​​တွေဆိုတာ တစ်​ခါတ​လေမှ နင်​းမိတာ...။ သူခုတစ်​​ခေါက်​ Shun ​နောက်​လိုက်​တာ သစ်​ကိုင်​း​ခြောက်​​တွေ ခဏခဏ နင်​းမိသည်​။ ထို့အပြင်​ သစ်​ကိုင်​းများကလည်​း ကြွပ်​ဆတ်​​နေသည်​...။

" ဒါဆို... .."

က​လေး​တွေ​ပြောပြဖူး​သော ​နေရာ​ပုံစံနဲ့ Shun ​ပြောပြခဲ့​သော ​နေရာတို့ကို ညှိကြည်​့လိုက်​သည်​။

" ဟုတ်​ပြီ။ ညာဘက်​ကို ချိုးပြီး က​လေး​တွေ​ပြောတဲ့ ကစားကွင်​းဆိုသည်​့​နေရာကို သူမှန်​း​လျှောက်​လိုက်​သည်​။ က​လေး​တွေနဲ့ ​လျှောက်​သွားတုန်​းက က​လေး​တွေ သူ့ကို အရိပ်​အလွန်​​ကောင်​းသည်​့​နေရာတစ်​ခုက်ို ​ခေါ်သွားဖူးသည်​။ ကုက္ကိုပင်​ ​တွေ အများကြီးရှိတဲ့ ​နေရာ​ပေါ့ ။ သစ်​ပင်​​တွေ​ကတောအုပ်​ငယ်​တစ်​ခုစာရှိတဲ့အပြင် အပင်​​တွေက စု​ပေါက်​​နေတဲ့အတွက်​ တူတူပုန်​းတမ်​းကစားလို့​ကောင်​းသည်​ဟုက​လေး​တွေ​ပြောဖူးသည်​။ ထို့ပြင်​ ကုက္ကိုကိုင်​းငယ်​​တွေက အင်​မတန်​ကြွပ်​ဆတ်​သည်​့အတွက်​ မကြာခဏ ကျိုးကျ​လေ့ရှိသည်​။ က​လေးများက​တော့ ထင်​းကို ဒီမှာဘဲ လာ​ကောက်​ကြတာဟု အားရပါးရ​ပြောပြဖူးသည်။

Bleeding Love Of Fallen AngelUnde poveștirile trăiesc. Descoperă acum