BLOFA :: 47 [Unicode]

1.2K 160 6
                                    

BLOFA :: 47

ကွေးထားသော သံတိုင်များကို ကြည့်ရင်း Akashi သက်ပြင်းချလိုက်သည်။ သူက သံတိုင်တွေကြားထဲကနေ ထွက်သွားလို့ရလည်းကောင်းသားဟု ရေရွတ်ရုံဘဲရှိသေး။ သံတိုင်းတွေကို အားနှင့် ကွေးညွတ်လိုက်သော Iori နှင့် Shino ကြောင့်သူစိတ်လေသွားသည်။ အသက် ၁၈ ပင်မပြည့်သေးသော Iori ကို သည်လောက်အားကောင်းလိမ့်မည်မထင်ခဲ့။ သံတိုင်တွေကို ကွေးလိုက်တာတောင် သူတို့ ခေါင်းပင် မဆံ့တော့ တွန့်တွန့်ကွေးပွေးသံတိုင်များကိုသာ မချင့်မရဲနှင့်ကြည့်နေလိုက်တော့သည်။

သံတိုင်တစ်ဖက်က အလင်းဝင်ပေါက်တွင်ထင်းလင်းနေသောကောင်းကင်ကိုပင်မြင်နေရသည်။ လွတ်မြောက်ရာလမ်းက ခြေခုနှစ်လှမ်းစာမှာရှိနေရက်နှင့် မသွားနိုင်ဘဲ ထိုင်ကြည့်နေရသည့်ဘဝက ဆိုးရွားလွန်းလှသည်။

သူတို့မလွတ်မြောက်နိုင်မှာကို စိုးရိမ်တာ မဟုတ်ပေမယ့် ကလေးတွေနှင့်အခြားသူတွေကို မကယ်နိုင်ဘဲ ထွက်ပြေးရမည်ကို သူတို့ရှက်မိခြင်း။

Shun များ စိတ်ကပြောင်းပြီး သူတို့ကို လာကယ်ရင် ဘယ်လောက်ကောင်းမလဲ။

စိတ်ရှုပ်ထွေးနေသည့်ကြားထဲက ဝင်လာသောအတွေးကြောင့် Akashi လက်သီးတင်းတင်းဆုပ်ထားမိသည်။

ကိုယ့်ထက်ငယ်သူက လာကယ်မှာကို စောင့်နေရသည့် ခံစားချက်က ဆိုးရွားလွန်းသည်။

" ထွက်ပြေးဖို့ကြိုးစားထားတာလား "

ရုတ်တရက်ထွက်လာသောအသံကြောင့် အကျဉ်းထောင်ထဲ စိတ်ဓာတ်ကျနေတဲ့သူတွေခေါင်းထောင်လာသည်။ ငွေရောင် မျက်နှာဖုံးရယ်၊ သစ်လွင်သော အဖြူရောင် ဝတ်စုံဖြင့် ရပ်နေသော လင်းယုန်ဖြူ.. .။ လက်ထဲမှာလည်း အဖြူရောင် ပယ်တောင် တစ်ခုကိုင်ထားသည်။ ပွဲ တစ်ခုခုတက်ရတော့မည့်ပုံစံပင်။

" မင်းတို့က ဒီညရဲ့ ယဇ်ကောင်တွေဆိုတော့ ဝဝဖြိုးဖြိုး သန့်သန့်ရှင်းရှင်းဖြစ်နေဖို့လိုတယ်။ "

လင်းယုန်ဖြူက လေသံအေးအေးဖြင့်ရှင်းပြကာ အကျဉ်းတံခါးကို ဖွင့်လိုက်သည်။ သူ့နောက်က ဝင်လာတဲ့ ရဲမက်များက အစားအသောက်များကို သူတို့ရှေ့တွင်လာချပေးလိုက်သည်။

Bleeding Love Of Fallen AngelWhere stories live. Discover now