BLOFA :: 25 [Unicode]

1.7K 236 1
                                    

" မင်း ငါ့ကို စိတ်ဆိုးနေတုန်းလား "
မှိုင်တွေနေသော Iori ကို Shun မေးလိုက်သည်။ Iori ခေါင်းကိုခါလိုက်သည်။

" ငါစိတ်မကောင်းဖြစ်နေတာ။ "
Iori ရဲ့အသံက တိုးတိတ်လွန်းပေမယ့် Shun ကောင်းကောင်းကြားရပါ၏။

" ငါ့အချောအလှမျက်နှာလေးကို စုတ်ပြတ်သတ်အောင်လုပ်မိလို့လား။ အာ့ဆိုစိတ်ထဲမထားပါနဲ့ ။ "

စိတ်မကောင်းဖြစ်သည့်ကြားကပင် Iori ကျွတ်စုတ်လိုက်မိသည်။

" ငါစဉ်းစားနေတာ။ ငါသာ မျက်စိမြင်ရင် အခြေအနေတွေက ပိုများကောင်းမလားလို့ပါ။ "

" ဘာအခြေအနေလဲ Iori "

အခုက သူတို့နှစ်ယောက် အပြင်သွားဖို့ဆိုပြီး Shun က Iori ကို ဆံပင်ဖြီးပေးနေတာ။ Iori အချိန်တွေကို ရပ်တန့်ထားချင်မိသည်။ တကယ်ကို ထူးခြားစွာ တိတ်ဆိတ်နေသော အိမ်ကြီးထဲမှာ သူတို့နှစ်ယောက်တည်းရှိသလိုခံစားရသည်။

" ငါသာမျက်စိမြင်ခဲ့ရင် မင်းမိသားစုရဲ့ပုံစံကို မြင်နိုင်မှာဘဲ။ ပြီးတော့ ဒီရွာရဲ့အလှ။ ပြီးတော့ မင်းးခုလိုထွက်သွားတဲ့အချိန်မျိုးဆို မင်းမိသားစုနဲ့ ပိုရင်းနှီးနေမိမှာ..။ ခုတော့ ငါဒီအိမ်ထဲမှာ မင်းနဲ့ နှစ်ယောက်တည်းရှိနေသလိုဘဲ "

" အဲဒါမကောင်းဘူးလား။ "

" ဟမ်... "

ကြားရသည့်စကားကို မယုံနိုင်စွာ Iori ပြန်မေးမိသည်။

" ရပြီ။ "

ဆံပင်ကို အပြီးသတ်စည်းပေးပြီး Shun ထသွားသည်။

" နတ်ဆေးသမားတော်ရဲ့တပည့်ကိုရှာနေတယ်ဆို"

" ရှာတယ်... Shun..။ နယ်တကာလှည့်ပြီးဆေးကုပေးနေတာ။ ဒါပေမယ့်.. "

Iori ရဲ့အသံက ဇဝေဇဝါ။

" ဒါပေမယ့် ဘာဖြစ်လဲ "

" သူ့ကို တစ်ခါတလေ ငါရှိတဲ့နေရာမှာ တွေ့တယ်တဲ့။ ဒါပေမယ့် သူ့ကို သွားပင့်ရင် သူမရှိတော့ဘူး။ သူ့ကြည့်ရတာ... "

Ioti ပြောရခက်သည့်ဟန်ပန်ဖြင့် နှုတ်ခမ်းကိုက်လိုက်သည်။ Shun ကလည်း စိတ်ရှည်ရှည်စောင့်သည်။

Bleeding Love Of Fallen AngelWhere stories live. Discover now