BLOFA: 60 [Zawgyi]

1.6K 219 26
                                    

Blofa :: 60

Iori က​လေး​တွေကြားထဲမှာထိုင်​ရင်း Mina နဲ့ ရွာသား​တွေရဲ့ စကား​တွေကို ငြိမ်​ငြိမ်​က​လေးနား​ထောင်​မိသည်​။ Mina အရမ်း​ပျော်​​​နေပုံ​ပေါ်သည်​။ သူလဲမနိုင်​​တော့။ အခုလည်း သူ့ကို ပစ်​ပြီး တီးမှုတ်​ ကခုန်​​နေကြတာ။

" Wahhhhh.... Oyabun San ရဲ့ ​မေ​မေ ကတာ အရမ်းလှတာဘဲ "

အမွှာအငယ်​မ​လေး Misaki ရဲ့ မှတ်​ချက်​​ကြောင့်​ Iori ​ခေါင်းကြိမ်းသွားသည်​။ အခု ရွာသား​တွေကြားထဲ ဝင်​​တောင်​ က ​နေပြီလား။ ​တော​၊ ရွာ​တွေမှာ ​ယောကျာ်း၊ မိန်းမ အကုန်​ တန်းတူ ကကြ​ပေမယ့်​ သူတို့အိမ်​​တော်​မှာက အဲလိုမှမဟုတ်​တာ။

အစပိုင်းက​တော့ Mina က သူတို့ရဲ့ နတ်​ပူ​ဇော်​ပွဲ​တွေမှာ ​အေး​အေး​ဆေး​ဆေးဝင်​ကူပြီး စကား​ကောင်း​ကောင်း​ပြော​နေကြတာ​လေ။ ပြီး​တော့ သူတို့ တိုက်​သမျှ၊ ​ကျွေးသမျှကို ယဉ်​ယဉ်​​ကျေး​ကျေး ပြန်​ ငြင်း​နေတာ။ Mina အူစမြူးတာ ဘယ်​တုန်းကပါလိမ့်​။ အင်း... Onozuka သခင်​ကြီးအ​ကြောင်းကို စ​ပြောကြတုန်းက ထင်​တယ်​။

Flashback:

" Mina Sama ကအရမ်း​ပျော်​တတ်​တာဘဲ။ ပြီး​တော့ ​တောဓ​လေ့​တွေလည်း အကုန်​သိတာဘဲ​နော်​ "

" ဟုတ်​ပ ဟုတ်​ပ။ "

" အိမ်​​တော်​ကြီး က အရှင်​သခင်​မတစ်​​ယောက်​ကို ဒီလိုမျိုး မြင်​ဖို့ဆိုတာအရမ်းခက်​တယ်​ "

" ဝတ်​စားထားပုံကလည်း ရဲရင့်​တဲ့ မိန်းမငယ်​​လေးတစ်​​ယောက်​လိုဘဲ "

Mina ရယ်​လိုက်​သည်​။ ​ယောကျာ်း​လေးလို ဝတ်​စားထားကာ ဆံပင်​ကို ခပ်​​မြောက်​​မြောက်​စည်းထား​သော သူမရဲ့အသွင်​မှာ အိမ်​​တော်​တစ်​ခုရဲ့ အရှင်​သခင်​မထက်​ အမျိုးသမီးစစ်​သည်​​တော်​နှင့်​တူ​နေသည်​။ သူမကို မြင်​​တွေ့​နေရတာ Iori ကို မိန်းက​လေးပုံစံနှင့်​ မြင်​​နေရသလိုပင်​။

" ​တော့ဓ​လေ့​တွေအကုန်​သိဆို ကျွန်​မကလည်း ​မွေးကတည်းက​ တောသူ​လေးတစ်​​ယောက်​ဘဲ​လေ "

" အယ်​... ဒါကို Onozuka သခင်​ကြီးနဲ့ ဘယ်​လို​တွေ့ခဲ့တာလည်း။ "

Bleeding Love Of Fallen AngelWhere stories live. Discover now