BLOFA :: 61 [Unicode]

1.7K 204 14
                                    

Blofa :: 61
I see nothing

" မတွေ့သေးဘူးလား။ "

Zaiho ခေါင်းခါလိုက်သည်။

" Iori Sama နဲ့ Shun Sama အတူထွက်သွားတာဖြစ်မယ်။ နှစ်ယောက်လုံးပျောက်နေတာ "

" ဟာကွာ။ သတင်းကောင်းပြောပါမယ်ဆို "

" ဘာသတင်းကောင်းမို့လို့လဲ "

Kankuro စာလိပ်တစ်ခုထုပ်လိုက်သည်။

" ငါ့ဆရာ Iori Sama အတွက် မှတ်ထားတဲ့ သီးသန့်ဆေးစာလိပ်။ Iori Sama ဆေးရည်စိမ်လို့ အလင်းဒါဏ်ကြောင့် ရောင်နေတဲ့ သွေးကြောတွေပြန်ကောင်းသွားတဲ့အခါ ဆက်ကုပေးရမယ့် ရောင်ခြယ်တွေကို အားပြန်ဖြည့်ပေးရမ့ယ် ဆေးနည်း။ ဒါနဲ့ဆို ရက်နှစ်ဆယ်လောက် အခန်းပိတ်ကုသပေးလိုက်မယ်ဆို အကောင်းတိုင်းပြန်မြင်ရတော့မှာ။ "

" Iori Sama တော့ အရမ်းပျော်နေမှာဘဲ။ ဘယ်သွားကြတာလဲကွာ။ ဘာမှလည်းမပြောသွားဘူး။ "

" သူတို့အိမ်ကို အခြားသူလက်ထဲ စိတ်ချလက်ချပစ်ထားနိုင်လိုက်ကြတာ "

🌾 Bleeding Love  🌾
^~ Fallen angel ~^

" နည်းနည်းတော့ စိန်ခေါ်မှုဆန်တယ်နော်။ "

ရေငွေ့တွေ တလူလူထနေသော ရေပူစမ်းဘေးမှာ မလှုပ်မယှက်ရပ်ရင်း Iori ရေရွတ်လိုက်သည်။

" ကြောက်နေပြီလား။ "

Shun က ရေတိမ်သည့်နေရာဘက်တွင် ခပ်လျော့လျော့ထိုင်ကာ ရေပူစမ်းထဲ မဝင်လာသေးသည့်ကောင်လေးကို စနောက်လိုက်သည်။

" မဟုတ်ပါဘူး "

အေးစက်နေတဲ့ ဆောင်းတွင်းကြီးမှာ အနွေးဝတ်ရုံလေးနှင့် ကိုယ့်ဘာသာကိုယ် နေနေတာအကောင်း။  ရေပူစမ်းထဲ ဇိမ်ဝင်ယူပြီး ခန္ဓာတစ်ခုလုံး နွေးပြီးခါမှ အပြင်ပြန်ထွက်လာလျှင် အအေးဒါဏ်ကို မခံစားနိုင်တော့မှာတွေးပြီး အနည်းငယ်တွန့်ဆုတ်မိခြင်းသာ။ အိမ်တော်မှာလိုလည်း ချက်ချင်း နွေးနွေးထွေးထွေးနေလိုက်လို့မရဘူး။ သူတို့ ခရီးအဝေးကြီး ပြန်ရဦးမှာ။

အင်း...။ ဒါက ဖြစ်သင့်တဲ့ အကြောင်းပြချက်ပေါ့။

ဒါပေမယ့် သူကြောက်နေတာက ရေပူစမ်းထဲက မကောင်းဆိုးဝါးကြီးကိုပင်။ အခြားသူတွေကိုခေါ်လာမယ်ဆိုတာကို ဂရုမစိုက်ဘဲ ခုတော့ နှစ်ယောက်တည်း။ Shun အဆင်ပြေပေမယ့် သူအဆင်မပြေဘူး။

Bleeding Love Of Fallen AngelWhere stories live. Discover now