မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၅၆)ဇာတ်သိမ်းပိုင်း(Z+U)

10.5K 451 33
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅၆)
ဇာတ်သိမ်းပိုင်း

ချူးချူးကတော့ရှင်းသည်။ ကမာကယ်တင်ထားပေးပြီး မွေးစားထားတာဆိုတော့ ချူးချူး၏ နောက်ခံ အင်အားစုတော့ မရှိနိုင်ပါ။ ကျောက်မိန်၏ အင်အားစုလည်းပြိုကွဲသွားပြီဆိုတော့ ချူးချူးကို ကယ်သူ များက ယခင်မင်းကြီး၏ သစ္စာရှိကျေးကျွန်များဖြစ်ရမည်။ ချူးချူးကို ကမာ အရမ်းအလေးထား သည်ကို ကြွက်က အချိန်ယူကာ စောင့်ကြည့်နေလိမ့်မည်။ ချူးချူးကတော့ ထိုကြွက်နှင့် မပတ်သတ် နိုင်ပါ။

ဒါဆို ဟေဇယ်။ ဟေဇယ်အကြောင်းကို မိမိသေချာမသိပါ။ ကမာ့ညီငယ်လေး။ တာတာများက ပါရှားတွင်ကျွန်အဖြစ်ရောင်းစားပြီး ပါရှားနန်းတွင်းတွင် ကြီးလာသည်။ ထို ကောင်လေးက ကမာ့ ထက်အများကြီးပါးနပ်ကာ ဥာဏ်များသည်။ ချုစ်စဖွယ် မျက်နှာလေး နောက်တွင် သိတတ်နားလည် မှုအရိပ်အယောင်များက တင်တက်ရင်ကို မနှစ်သက်စိတ်ဖြစ်စေသည်။ ဖြူစင်သော ကမာ၏ မျက်ဝန်း များနှင့် ရင်းနှီးနေသောကြောင့် ပါးနပ်ဥာဏ်များသော မျက်ဝန်းကို မနှစ်သက်တာလည်း ဖြစ်နိုင် သည်။ ဒါမှမဟုတ် ကမာ့ကို အရမ်းချစ်သည့် မျက်ဝန်းကြောင့်လည်းဖြစ်နိုင်သည်။ ကမာ့ကို ချစ်သည့် မျက်ဝန်းနှင့် စိုက်ကြည့်လျှင် ဟေဇယ်မပြောနှင့် တင်မော်ရင် ကြည့်လျှင်ပင် မိမိက သိပ် မကြိုက်ချင်ပါ။
အင်မတန်ကို ပါးနပ်သော ဟေဇယ်ကို သစ္စာဖောက်ကြွက်က ကြိုတင်စည်းရုံးထားလျှင် ဘာတွေဖြစ် နိုင်သေးလဲ။ အကျိုးဆက်က မတွေးဝံ့စရာဖြစ်လာနိုင်သည်။ ဟေဇယ်သည် ချူးချူးထက်ပင် ကမာကို ထိခိုက်အောင်လုပ်နိုင်သူဖြစ်သည်။ ဟေဇယ်ကို ကမာ ဘယ်လောက်ချစ်သည်ကိုမိမိ အသိဆုံးဖြစ် သည်။ ဒါဆို ကြွက်၏လူက ဟေဇယ်ဖြစ်ရမည်။ တင်တက်ရင်သည် ဟေဇယ်ကို သတိထားရန် တင်မော်ရင်ထံစာပို့ဖို့ တေးထားလိုက်သည်။

မိမိသာ ကြွက်ဆိုလျှင် ယခုချူးချူးကျသွားသည့် ချောက်နားတွင် ထောင်ချောက်ဆင်ထားမှ သေချာသည်။ ဒါကို မိမိမြေပုံတွင်ကြည့်ပြီးလေပြီ။ ထိုနေရာက စစ်ရေးအရ ချောင်ပိတ်ဖမ်းဖို့ ကောင်းသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် ထောင်ချောက်တစ်ခုစောင့်ကြိုနေလိမ့်မည်။ ထိုထောင်ချောက်ထဲ မိမိ သေချာပေါက်မိမှာကို ကြိုသိနေသည်။ မိမိမမိသော်လည်း ကမာက မိလိမ့်မည်။ ကမာကို ထောင်ချောက်ထဲ မိမိစေလွှတ်မည်မဟုတ်ပေ။ သွားမည့်သွား မိမိသာ သွားလိုက်မည်။

ချူးချူးက ငါးစာဆိုတော့ သတ်ဦးမည်မဟုတ်ပေ။ ချူးချူးကို မိမိတို့တခါတည်း ကယ်နိုင်အောင် ကြိုးစားရမည်။ ဖြစ်နိုင်မလား။ မိမိတို့ထောင်ချောက်ထဲ ကျသွားလျှင် ကြွက်က လူလုံးထွက်ပြနိုင် ပါသည်။ ကြွက်ထွက်လာလျှင် ပွဲပြီးပြီ။

တင်တက်ရင်သည် စိတ်တိုင်းကျတွေးနေမိစဉ် မြင်းသည်တော်ရောက်လာသည်။ စာလွှာပါးလာခြင်း ဖြစ်သည်။ တင်တက်ရင်သည် စာချွန်တော်ကို ဖတ်ပြီး ပြုံးယောင်သမ်းလိုက်သည်။ ထို့စဉ် ကမာ နိုးလာသည်။
တင်တက်ရင်က ကမာ့ကို ရထားလုံးထဲထားခဲ့ကာ အပြင်ကို ထွက်သွားသည်။ အပြင်တွင် စာချွန်လွှာကို ရေးကာ မြင်းသည်တော်နှင့် စေလွှတ်လိုက်သည်။ ထိုမြင်းသည်တော်ထွက်သွားသည် နှင့် တင်တက်ရင် သည် စာပို့ခိုကို စေလွှတ်လိုက်သည်။

ကမာသည် အကိုကြီးအလုပ်များနေသည်ကို သိသောကြောင့် အဝေးမှ အကဲခတ်နေသည်။မိမိကို ချစ်သောကြောင့် သူကိုယ်တိုင်လိုက်လာသည်ကို မိမိသိပါသည်။ သူ့လက်ချက်ဟု မထင်ချင်သော် လည်း မိမိသေချာချင်သည်။ အင်မတန်သြဇာအာဏာကြီးသော တင်တက်ရင်၏ အကျဥ်းသားကို လုပ်ကြံရဲသောသူက ဒီမွန်ဂိုအင်ပါယာတွင်လုံးဝမရှိနိုင်ပေ။ ကမာသည် ချူးချူးကြောင့် စိတ်ရောကိုယ် ပါ ပင်ပန်းနေသဖြင့် ဘာကိုမှ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တော့ပေ။

"သွားရအောင်...ကမာ။"

"အကိုကြီး ဘာတွေထူးလို့လဲ။"

"ဘာမှ မဟုတ်ပါဘူး။ နေပြည်တော်က အခြေအနေကို မော်ရင် အစီရင်ခံတာပါ။"

"အကိုကြီး ဘာလို့ စာပို့ခိုပို့တာလဲ။"

"တပ်ဖွဲ့တွေကို နှိုးဆော်တာပါ။ ဘာဖြစ်လို့လဲ။ ကိုယ့်ကို မယုံလို့လား။"

"ဟင့်အင်း။ အကိုကြီးကို ကျွန်တော်ယုံပါတယ်။"

ကမာ ချက်ချင်းပြောလိုက်သည်။ တင်တက်ရင် စိတ်ချမ်းသားသွားသည်။ ကမာ့စကားကို မိမိယုံကြည် သည်။ သူက ဘယ်တော့မှ လိမ်မပြောတတ်ပါ။ တင်တက်ရင်သည် ကမာ့ကို ရင်ခွင်ထဲ ဆွဲယူကာပြောလိုက်သည်။

"မင်းအတွက် အကောင်းဆုံးကို လုပ်ပေးမှာပါကွယ်။ လာ သွားကြရအောင်။ ကိုယ်အားလုံးကို စီစဉ်ထားပြီးပြီ။"

တင်တက်ရင်၏ စကားကြောင့် ကမာ မျက်ရည်စို့လာသည်။ သို့သော် စကားမဆိုပဲ ခေါင်းကို သူု့ရင်ခွင်ထဲ အသာဝှက်ထားလိုက်သည်။

တင်တက်ရင်နှင့်ကမာတို့ ခရီးဆက်ခဲ့ကြသည်။ ချူးချူးချောက်ထဲကျသောနေရာကို ရောက်တော့ ရဲမတ်က သတင်းပို့သည်။

"အရှင်မင်းကြီးရောက်ပါပြီ"

ထိုအသံကိုကြားသော် ကမာ ချက်ချင်းရထားထဲမှ ဆင်းလာခဲ့သည်။ထိုနေရာတွင် တင်တက်ရင်၏ တပ်ကြီးက ဖြန့်ကျက်နေရာယူထားသည်။ တောင်စောင်းများပေါ်တွင်လည်း တပ်စိတ်တစ်စိပ် နေရာယူထားလေပြီ။ တင်တက်ရင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ အမိန့်ပေး
လိုက်သည်။

"အနားကပ်လာတဲ့ သူတွေ့ရင် အသေပစ်သတ်လိုက်။ တပ်စိပ်တစ်စိပ် ချောက်အောက်ကို ဆင်းရှာမယ်။"

တင်တက်ရင်ကိုယ်တိုင် ဓါးဆွဲကာ သတိနှင့်နေသည်။ ကမာကတော့ ဘာမှ သတိမထားချေ။ ချောက်နားကို သွားကြည့်သည်။ အောက်ခြေတွင် ရထားလုံး အစအနများကိုတွေ့ရသည်။ ကမာ ရင်ထိတ်သွားသည်။ ချူးချူးနှင့်အထိန်းတော်ကြီး သေပြီလားဟု တွေးမိသည်။

"အကိုကြီး သူတို့ကို တွေ့အောင်ရှာခိုင်းပါနော်။ သူတို့ကို အကိုကြီး ရအောင်ကယ်ပေးပါဗျာ။"
ကမာ သည် အကိုကြီးကို လှည့်ကြည့်ကာတောင်းပန်လိုက်သည်။

တင်တက်ရင်က ခေါင်းငြိမ့်လိုက်သည်။
"မင်း ကိုယ့်ဘေးမှာနေပါ။ ချူးချူးကို တွေ့တဲ့အထိ ကိုယ်ရှာပေးမယ်။စိတ်ချ။"

ကမာ စောဒက မတက်တော့ပဲ သူ့အနားတွင်ကပ်နေသည်။ ကမာလည်း သတိနှင့်ဓါးကိုဆွဲကိုင် ထားသည်။ချောက်အောက်ကို သွားရှာသော တပ်စိပ်က သတင်းပို့လာသည်။

"အရှင်မင်းကြီး ခြေရာတချို့က တောင်ဘက်ကို ဦးတည်သွားတာ တွေ့ရပါတယ်။ "

ကမာ မျှော်လင့်ချက်တချို့ရှိလာသည်။ တင်တက်ရင်က ဆက်လိုက်ရန်အမိန့်ပေးလိုက်သည်။
ကမာ အကိုကြီးကို တောင်းဆိုလိုက်သည်။

"အကိုကြီး ကျွန်တော်လည်း လိုက်ရှာချင်တယ်။ "

"ရဲမတ်တွေ လိုက်ရှာနေပြီ ကမာ။ ခဏသည်းခံပေးပါ။ ဒီနေရာကို ကိုယ်သိပ်သဘောမကျဘူး။ တယောက်ယောက် ချောင်းနေတယ်လို့ ခံစားရတယ်။ ဘာအသံကြားကြားမင်းကိုယ်နားက မခွါနဲ့နော်။ မင်းအတွက်ပြောတာ။"

ကမာသည် အကိုကြီး မိမိအတွက်စိုးရိမ်သောကြောင့်ပြောသည်ကို သိတော့ ခေါင်းငြိမ့်လိုက်သည်။ အကိုကြီးကိုလည်း သနားမိသည်။ မိမိကြောင့် သုလည်း ပင်ပန်းတာများလှပြီ။

တင်တက်ရင်သည် ကမာ့ကို မိမိအနားတွင်ခေါ်ထားကာ နယ်မြေကို စစ်ဆေးကြည့်သည်။ တိတ်ဆိတ်သော အခြေအနေက ကျက်သရေကင်းမဲ့စွာရှိနေသည်။ ဌက်သံပင် မကြားရအောင် တိတ်ဆိတ်နေတာက သဘာဝတော့မကျပေ။ တင်တက်ရင်က ယခုနယ်နှင့်ကပ်လျက် မြှောင်လူမျိုးနွယ်စုများ ပါလာမည်ကို စိုးရိမ်နေမိသည်။ ထိုမျိုးနွယ်စုက အဆိပ်ကို အသုံးပြုရာ တွင်ကျွမ်းကျင်သည်။ ကမာကို ထိခိုက်မည်ကို စိုးရိမ်မိသည်။

ကမာသည် ရဲမတ်များကို စောင့်ရင်းကနာမငြိမ်အောင်ဖြစ်နေမိသည်။ ကြာလှပြီမဟုတ်လား။ ထိုစဉ် ရဲမတ်တစ်ဦးတက်လာခဲ့သည်။

"အရှင်မင်းကြီး။ မိန်းကလေး တစ်ဦးနဲ့ မိန်းမကြီးတစ်ယောက်ကိုတွေ့ရပါတယ်။ မိန်းကလေးကတော့ အသက်ရှိနေသေးတယ် အရှင်မင်းကြီး။ "

ထိုသတင်းကို ကြားသော် ကမာ ဆတ်ခနဲထ၇ပ်ကာ တင်တက်ရင်ကို ပူဆာသည်။
"အကိုကြီး ကျွန်တော်ကိုယ်တိုင် လိုက်ပါရစေ။"

"မလိုက်နဲ့။ သူတို့ကို အပေါ်ကို သယ်ခိုင်းလိုက်မယ်။"

"ဟင့်အင်း ကျွန်တော် သွားပါရစေ။ "

"မသွားရဘူး။ ဟေ့ မင်းသားကမာကို ချူပ်ထားစမ်း။ "
တင်တက်ရင်၏ အမိန့်အဆုံးတွင် ကမာကို ရဲမတ်နှစ်ဦးက ချက်ချင်းချုပ်ထားလိုက်သည်။ ကမာ ဒေါသဖြင့် အကိုကြီးကိုလှမ်းကြည့်ကာ ပြောလိုက်သည်။

"အကိုကြီး ဘာလုပ်တာလဲ။ ကျွန်တော့်ကို လွှတ်ပါ။"

တင်တက်ရင်သည် ကမာ့ကို လှည့်မကြည့်တော့ပဲ ရဲမတ်များကို ချောင်းဘေးတွင်တွေ့သော အလောင်းနှင့်မိန်းကလေးကို သယ်လာခိုင်းခဲ့သည်။ သို့သော် စေလွှတ်လိုက်သော ရဲမတ်အများစုက ပြန်တက်မလာနိုင်ခဲ့ပေ။ အလောင်းကိုထိမိသော လူများအားလုံး ပြာနှမ်းကာ လဲကျသေဆုံး သွား သဖြင့် ရဲမတ်တစ်ဦးက သတင်းလာပို့သည်။

"အရှင်မင်းကြီး အလောင်းမှာ အဆိပ်ရှိပါတယ်။ အခု ရဲမတ် ၄ ဦး သေသွားပါပြီ။ "

"မိန်းကလေး ကအဆိပ်မိထားသေးလား။"

"သူ့ကိုယ်မှာလဲ အဆိပ်ရှိပါတယ်။ သူ့ကို သယ်မလို့ အနားကပ်လိုက်တာနဲ့ရဲမတ်တွေ လဲကျသွား ပါတယ်။"

တင်တက်ရင်ထင်သည့်အတိုင်း ဖြစ်လာလေပြီ။ ကမာသည် ထိုစကားကို ကြားသော် လှမ်းပြီးတောင်း ပန်သည်။ ချူးချူးကို စိုးရိမ်လှပြီ။

"အကိုကြီး။ တောင်းပန်ပါတယ်။ ချူးချူးကို ရအောင်ကယ်ပေးပါ။"

တင်တက်ရင်သည် ကမာ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ချူးချူးနဲ့ ကိုယ်နဲ့ တယောက်ကို ရွေးရရင် မင်းဘယ်သူ့ကို ရွေးမလဲ ကမာ။"

ကမာ မျက်ရည်ကျလာသည်။ တင်တက်ရင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"နှစ်ယောက်လုံးကိုရွေးမယ်။"

တင်တက်ရင် ခေါင်းယမ်းလိုက်သည်။
"တယောက်ပဲ ရွေးရမယ် ကမာ။ မင်းဖြေပါ။ ဘယ်သူုပဲ ဖြစ်ဖြစ်မင်းဖြေမှ ကိုယ်ရအောင်ကယ် ပေးမယ်။"

ကမာ ခေါင်းကို တွင်တွင်ယမ်းရင်း မျက်ရည်ကျနေမိသည်။ အောက်နူတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။
"ချူးချူးကို ကယ်ပေးပါ အကိုကြီး။"
တင်တက်ရင် မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်သည်။ ထင်သည့်အတိုင်း ကမာ မိမိထက် ချူးချူးကို ရွေးသွားလေပြီ။ သို့သော် ကတိအတိုင်း တင်တက်ရင် ချောက်အောက်ကို ဆင်းလာ ခဲ့သည်။ ကမာချစ်သော ချူးချူးကို မိမိရအောင်ကယ်ပေးရမည်။

"အကိုကြီး ကျွန်တော်လည်း လိုက်မယ်။ ကျွန်တော့်ကို ခေါ်ပါ။"

တင်တက်ရင်သည် စစ်သူကြီးကို ခေါ်ကာ ပြောလိုက်သည်။
"ကိုယ်တော် ပြန်တက်မလာနိုင်ရင် မင်း မင်းသားကမာကို စောင့်ရှောက်ပြီး အနီးဆုံးမြို့ကို သွားပါ။ မြို့ကို ပိတ်ပြီး အိမ်ရှေ့မင်းဆီက တပ်တော်မရောက်မချင်း မြို့ကို ခံတပ်လုပ်ပြီး လုံခြုံအောင်နေပါ။ မင်းအသက်နဲ့ လဲပြီး မင်းသားကို ဘေးကင်းအောင် စောင့်ရှောက်ပါ။"

စစ်သူကြီးက ရိုသေစွာ ဦးညွတ်ကာ ကတိပေးသည်။
"အမိန့်ကို နာခံလျက်ပါ အရှင်မင်းကြီး"

အကိုကြီး၏ စကားကို ကြားသော် ကမာ ကြိုးတုပ်ထားသည်ကို အတင်းရုန်းကာ အကိုကြီးနှင့် အတူလိုက် နိုင်ရန်ကြိုးစားသည်။ သို့သော် ကြိုးများက ခိုင်မာလွန်းလှသည်။

"အကိုကြီး...အကိုကြီး...အကိုကြီး...."

ကမာ တကြော်ကြော်အော်သည့်ကြားမှ ကိုယ်ရံတော်တစ်စုနှင့် တင်တက်ရင် ကိုယ်တိုင် ချောက်အောက်ကို ဆင်းသွားလေပြီ။

အကိုကြီး ချောက်အောက်ကို ဆင်းသွားသည်ကို ကြည့်ရင်း ကမာ၏ ရင်အစုံပွင့်ထွက်လုမတတ် နာကျင်လာသည်။ ကမာ မျက်ရည်ကျနေစဉ် အော်ဟစ်သံများကြားရသောအခါ ခေါင်းမော့ကြည့် လိုက်စဉ် ရဲမတ်တချို့ကို တပ်သားတစ်ချို့က ဓါးများဖြင့် အလစ်ထိုးသွင်းကာ ရက်ရက်စက်စက် ခုတ်သတ်လိုက်သောအခါ ကမာ ကြက်သေသေသွားသည်။ ဘာကြောင့် တပ်သားအချင်းချင်း သတ်နေရတာလဲ။

"စစ်သူကြီး။ ရန်သူတွေလား။"
စစ်သူကြီးက သွေးစွန်းသောဓါးကိုကိုင်ပြီး ကမာ့ထံသို့လာနေသဖြင့် ယုံကြည်စွာလှမ်းမေး လိုက်သည်။

စစ်သူကြီးက ခေါင်းညိမ့်ကာ ကြိုးဖြေပေးပြီးပြောလိုက်သည်။

"ဟုတ်ပါတယ် အရှင့်သား။ ကျွန်တော်တို့ အလစ်တိုက်ခံရပြီ။ ပြေးကြပါစို့။"

ကမာ သည် စစ်သူကြီးကို အရေးတကြီးမေးလိုက်သည်။

"မင်းကြီး။ မင်းကြီး ဘယ်မှာလဲ။"

"မင်းကြီး လုပ်ကြံခံရလို့ နတ်ရွာစံပါပြီ အရှင်မင်းသား။"

စစ်သူကြီး၏ စကားသံက ကမာ့ကို ယိုင်သွားစေသည်။

"ဟင့်အင်း မဖြစ်နိုင်ဘူး။ အကိုကြီးက ဒီလို လုပ်ကြံခံရရုံနဲ့ သေရမယ့်သူ မဟုတ်ဘူး။ အကိုကြီးကို သွားရှာမယ်။"

ကမာသည် ကြိုးပြေသည်နှင့် အပြင်ကို ပြေးထွက်သွားသဖြင့် စစ်သူကြီးက တားကာ လက်ကို ဖမ်းဆွဲကာ ပြောလိုက်သည်။

"ခွင့်လွှတ်ပါ အရှင့်သား။ မင်းကြီးအမိန့်အတိုင်း မင်းသားကို ဘေးလွတ်ရာကို ခေါ်သွားရပါ့မယ်။ "

ကမာ့လက်ကို ဆွဲကာ စစ်သူကြီးက ဇွတ်ဆွဲခေါ်လိုက်သည်။ ကမာ ပထမ အသာတကြည်လိုက်ခဲ့ပြီး ရွက်ဖျင်တဲ အပြင်ကို လိုက်ခဲ့သည်နှင့် အတင်းရုန်းကာ ထွက်ပြေးခဲ့သည်။

"အရှင့်သား မပြေးပါနဲ့။"

အပြင်သို့ရောက်သော် လက်မောင်းတွင် ပုဝါအနီစည်းထားသော ရဲမတ်များ ချည်းသာကျန် တော့သည်။ သူတို့က ကမာ့ကို ၀ိုင်းကြည့်နေကြသည်။သူတို့အကြည့်ကို ကမာမကြိုက်ပါ။ သားရဲများ၏ မျက်လုံးများလို တောက်ပြောင်နေသည်။ ဓါးသွားများတွင်သွေးများစွန်းပေနေ
သည်။

ထိုအခါမှ မိမိကိုလာခေါ်သောစစ်သူကြီး၏လက်မောင်းတွင် အနီပတ်ပတ်ထားသည်ကိုတွေ့သော် ကမာနားလည်သွားသည်။အကိုကြီး စိတ်ချစွာအပ်ထားသော စစ်သူကြီးကသစ္စာဖောက်ပေါ့။ ဒါဆို ချူးချူးဆီသွားနေသော အကိုကြီးကထောင်ချောက်ထဲကျပြီပေါ့။ကမာ ရင်ပူသွားသည်။ မိမိကြောင့် အကိုကြီးရန်သူ့ထောင်ချောက်ထဲ ကျရောက်သွားလေပြီ။ မိမိကြောင့်ဆိုသည့် အတွေးက ကမာ့ ရင်ကို ဓါးနှင့်ခွဲလိုက်သလိုပင်။ခံရခက်သည့် ဝေဒနာကို ကမာ ကြိတ်ခံလိုက်သည်။ မထင်ထားပါ။ မိမိကြောင့် အကိုကြီး ဒီလို အသက်သေသွားရမည်ကို ပေါ့။ မိမိအပြစ်တွေပါ။ မိမိသာ ဇွတ်ထွက်မလာ လျှင် အကိုကြီးလည်း အခုလိုလုပ်ကြံခံရမည် မဟုတ်ပေ။

"အရှင့်သား။ ကျွန်တော်မျိုးတို့ သွားကြပါစို့။"

ကမာသည်စစ်သူကြီး၏ စကားသံကိုကြားသော် ချောက်ဘက်ကို တဟုန်ထိုးလှည့်ပြေးသွားသည်။ ကမာဆုံးဖြတ်ပြီးသွားလေပြီ။ အကိုကြီးမရှိသည့် ဘ၀တွင် အသက်ရှင်လို့လည်း ဘာထူးမည်နည်း။ အကိုကြီးကို အမှီလိုက်ဖို့လိုသည်။ အကိုကြီးကို တမလွန်အထိလိုက်ပြီးတောင်းပန်ရမည်။

ကမာ ဘာလုပ်မည်ကို ကြိုသိသည့်နှယ် သူ့တပ်သားများကို လှမ်းအော်လိုက်သည်။

"မင်းသားလေးကို ဖမ်းလိုက်စမ်း။ မလွတ်စေနဲ့။ အင်မတန် တန်ဖိုးရှိတဲ့ သူလွတ်သွားရင် မင်းတို့အားလုံးကို သတ်မယ်။"

တပ်သားများက စစ်သူကြီး၏ အမိန့်ကို ကြားသော် ကမာကို တဟုန်ထိုးလိုက်ကြသည်။ သူတို့ အားလုံးလက်က လွတ်အောင် ကမာ ချောက်ဘက်ကို အားစိုက်ကာပြေးခဲ့သည်။ ရဲမတ်များက ချောက်နားသို့နီးလာသည်နှင့်ကမာကို ဖမ်းမိပြီဟု အပိုင်တွက်လိုက်သည်။ သို့သော် ကမာသည် ချောက်ထဲကို တဟုန်ထိုး ခုန်ဆင်းလိုက်သည်။

ရင်ထဲ အေးခနဲဖြစ်သွားခြင်းနှင့်အတူ ကမာ ကျောက်ခဲလေးပမာ ချောက်အောက်ကို အတားအဆီးမဲ့ ကျဆင်းသွားတော့သည်။ ကမာ မျက်လုံးကို မှိတ်ထားလိုက်သည်။ သို့သော် အာရုံထဲတွင် အကိုကြီး၏ ပြုံးနေသောမျက်နှာကို မြင်ယောင်ရင်း နူတ်ခမ်းမှ ပြုံးလိုက်မိသည်။

"အကိုကြီး ကျွန်တော်လာပြီ။ ကျွန်တော်က အကိုကြီးနဲ့ သေအတူ ရှင်အတူပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးမှာလား။ ကျွန်တော် အကိုကြီးရဲ့ အချစ်တွေကိုလျစ်လျူရှုခဲ့တာတွေ အတွက် ကျွန်တော့်ကို ခွင့်လွှတ်နိုင်ဦးမှာလား အကိုကြီး။ ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့။ ကျွန်တော်က အကိုကြီးအတွက် အသက်ရှင်နေမယ့်သူပါ။"

ကမာသည် အသက်ရှင်စဉ် မပြောလိုက်ရသော စကားများကို ပြောရန် အကိုကြီးနောက်ကို အမှီလိုက်ဖို့ ကြိုးစားလိုက်သည်။ တမလွန်ခရီးပဲ ဖြစ်ဖြစ်၊ ငရဲပြည်ကို ပဲဖြစ်ဖြစ် အကိုကြီးနှင့် အတူသွားမည်။

"အကိုကြီး ကျွန်တော့်ကို စောင့်ပါ။ ကျွန်တော့်ကို ခဏလေး စောင့်ပေးပါ အကိုကြီး။"

အေးစက်သော၊အရှိန်ပြင်းသော ရေစီးထဲကို နစ်မြှုပ်သွားပြီး တောင်ကျချောင်းရေနှင့်အတူ ကမာ မျှောပါသွားတော့သည်။ ရေဖိအားကို မတွန်းလှန်နိုင်ပဲ အသက်ရှုကြပ်ပြီး နောက်ဆုံးကမာ အသိစိတ် နှင့်ကင်းလွတ်သွားတော့သည်။

တမလွန်ဆိုသည့် ခရီးကို ကမာ ကျေနပ်စွာ စတင်လိုက်လေပြီ။ အကိုကြီးကြောင့် ရှင်သန်ခဲ့သည့် အသက်တစ်ချောင်းကို အကိုကြီးထံပြန်ပေးလိုက်တော့မည်။ ကမာ တဖွဖွရွတ်နေမိသည့် စကားက

"အကိုကြီး ကျွန်တော့်ကို စောင့်ပါ။"

ကမာ့ ရင်ထဲမှ စကားကို ကြားသည်ထင်သည်။ အကိုကြီး၏ သန်မာသောလက်အစုံက ကမာ့ခါးကို ရစ်ပတ်ကာသိုင်းဖက်လိုက်သည်ကို သတိမလစ်ခင် နောက်ဆုံးသိလိုက်သည်။ ဒါဆိုရပြီ။ အကိုကြီး၏ လက်ကိုတွဲပြီး တမလွန်ခရီးကို မိမိလျှောက်သွားလို့ရပြီ။ အသက်ဆုံးရသည်ကို မိမိမကြောက်ပါ။ အကိုကြီးနှင့် လွဲသွားမည်ကို သာ မိမိကြောက်သည်။

"ကျေးဇူးတင်ပါတယ် မိုးနတ်မင်းရယ်။ အကိုကြီးနဲ့ ကျွန်တော့်ကို မခွဲတဲ့အတွက်ကြောင့်ပါ။ အကိုကြီး ဒီတစ်ခါ ဘယ်သူခွဲခွဲ မကွဲစေရပါဘူး။ ကျွန်တော် ကတိပေးပါတယ်ဗျာ။"

အကိုကြီး၏ အပွေ့အဖက်ကို ခံရတာ ဘယ်လောက်စိတ်လုံခြုံမှုကို တိုးစေသည်ကို မဖော်ပြနိုင်တော့ ပေ။ ဒီရင်ခွင်ကလွဲပြီး ဘယ်ကိုမှ မသွားတော့ဟုကမာ ဆုံးဖြတ်လိုက်သည်။ ဘ၀ဆက်တိုင်း အကိုကြီးရဲ့ ဘေးမှာ အကိုကြီးကို ပါရမီဖြည့်ပေးသွားပါရစေဟု ဆုတောင်းလိုက်မိသည်။

--------- Season (1) ပြီးပါပြီ ---------

~ May King

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now