မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၃၆)

4.6K 307 1
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၆)

မင်းကြီး တေးဟာခန်သည် စစ်သူကြီးတင်တက်ရင်နှင့် နှမတော် ယင်းယင်း၏ မင်္ဂလာရက်ကို အမြန်ဆုံးသတ်မှတ်ပေးလိုက်တော့သည်။
ကမာသည် အကိုကြီးကို ရှောင်နေတော့သည်။ အကိုလေး မင်္ဂလာပွဲကလို အိမ်တော်ကို သိပ်မသွား တော့ပေ။ တေးဟာခန်က ကမာကို သွားခွင့်ပေးသည်။ သို့သော် ကမာက မင်းကြီး၏ကျန်းမာရေးကို အကြောင်းပြကာငြင်းလိုက်သည်။
နန်းတွင်းထဲတွင် မိဖုရားခေါင်ကျောက်မိန် လူသတ်မှုဖြင့် သေဒဏ်ပေးခံရပြီးကတည်းက နှင်းမိဖုရား သည် တရားဝင်ထုတ်ပြန်ခြင်းမရှိသော သြဇာအရှိဆုံး မိဖုရားကြီးတစ်ပါး ဖြစ်လာခဲ့သည်။ တေးဟာခန်က ကမာကို တရားဝင်မိဖုရားခေါင်ခန့်အပ်ချင်သော်လည်း ကမာက အတင်း ငြင်းဆန် သောကြောင့် မင်းကြီးက မည်သူ့ကိုမှ တရားဝင်မိဖုရားကြီးအဖြစ်မတင်မြှောက်ပေ။ အနောက် နန်းဆောင်တွင် ဂိုယိုပြည်မှ မိဖုရားကတော့ သတင်းကြီးနေသည်။ ကမာကတော့ ဘာမှ စိတ်မ၀င် စားနိုင်ပဲ မထွေးနိုင် မအန်နိုင်ဝေဒနာကို ကြိတ်ခံနေရသည်။
တင်တက်ရင်သည် ကမာ၏ တောင်းပန်စကားကိုကြားသော်လည်း စိတ်ဆုံးဖြတ်ပြီးဖြစ်လို့ မိမိအစီအစဉ်ကို ရှေ့ဆက်တိုးခဲ့သည်။ မင်းသမီးယင်းယင်းကလည်း သူစိမ်းတော့ မဟုတ်ပေ။ နန်းတော်တွင်းတွင် အတူကြီးလာခဲ့သူလို့ ပြောလို့ရသည်။ ပြီးတော့ သူမငယ်စဉ်ကတည်းက တင်တင်ရင်ကို အကိုကြီးလိုခင်မင်နေသူဖြစ်သည်။
တင်တင်ရင်တို့ စစ်ထွက်လွန်းလို့သာ ယင်းယင်းနှင့် ဝေးသွားခြင်းဖြစ်သည်။ တင်တက်ရင် ကတော့ ယောကျာ်းဆိုတော့ နယ်စုံထွက်၊ လူစုံတွေ့၊ အတွေ့ကြုံသစ်နှင့် မို့ ယင်းယင်းတို့ အကြောင်းကို မေ့လျော့သွားခဲ့သည်။ နန်းတွင်းထဲတွင်သာ နေရသော ယင်းယင်းလို မိန်းမသားများအတွက်တော့ ငယ်စဉ်က ပျော်စရာလေးကို တမ်းတကာ တနေ့တနေ့ အချိန်ဖြုန်းနေရသူဖြစ်သည်။
အကိုတော် မင်းကြီးနှင့် အတူကြီးလာသော တင်မော်ရင်တို့ ညီအစ်ကို ကို ယင်းယင်း ငယ်စဉ်ကတည်းက ခင်သည်။ အစအနောက်သန်သော တင်မော်ရင်ထက် စကားနည်းကာ တည်တည်နေသော တင်တက်ရင်ကို ယင်းယင်း တိတ်တခိုးချစ်နေမိသူပါ။ ထို့ကြောင့် ခမည်းတော် စပ်ပေးသော ဆွေတော်မျိုးတော်ထဲမှ မင်းသားများကို ငြင်းကာ သူ့ကိုမှ စောင့်နေခြင်းဖြစ်သည်။ ပထမ ခမည်းတော်က ယင်းယင်းကို ဒေါသထွက်သော်လည်း မယ်မယ်ကတဆင့် တင်တက်ရင်ကို ချစ်နေကြောင်းသိတော့မှ ခမည်းတော် ဘာမှမပြောတော့ပေ။ တကယ်တမ်းတော့ ခမည်းတော်လည်း အကိုတော် တင်တက်ရင်ကို သဘောကျကာ သားမက်တော်ချင်နေသည် မဟုတ်လား။
ယခုတော့ အကိုတော်ကိုယ်တိုင် ယင်းယင်းကို လက်ထပ်ချင်ကြောင်း ကမ်းလှမ်းလာတော့ ခမည်းတော်က ချက်ချင်းပင်လက်ခံလိုက်သည်။ အကိုတော် မင်းကြီးထံမှ မင်္ဂလာရက်ထွက် လာတော့ မင်္ဂလာဝတ်တစုံကို ချက်ချင်းချုပ်သည်။ ယင်းယင်းသည် ချစ်သော အကိုတော်နှင့် အတူ ဘ၀ခရီးကို လျှောက်ရမည့်အတွက် ပျေုာ်တပြုံးပြုံးဖြစ်နေသည်။
ယင်းယင်းနှင့်ဆန့်ကျင်ဘက်က တင်တက်ရင်ဖြစ်သည်။ ယင်းယင်းကို လက်ထပ်မည့်ပွဲတွင် တင်မောရင်ကို အားလုံးလွှဲထားသည်။ ကမာများ လာမလားဟု မျှော်နေမိသည်။ သို့သော် ကမာ လုံးဝ ပေါ်မလာခဲ့ပေ။ နန်းတော်ထဲသွားသော်လည်း ကမာ လုံးဝအတွေ့မခံပေ။ နေမကောင်းဘူး ဟု အကြောင်းပြကာ မိမိကို ရှောင်နေသည်။
ကမာရှောင်လေ တင်တက်ရင်က တွေ့ချင်လေဖြစ်သည်။ နောင်ဆုံး တင်မော်ရင်ကနေတဆင့် ကမာကို ခေါ်ခိုင်းလိုက်သည်။ ယင်းယင်းနှင့် မိတ်ဆက်ပေးရင်း ညစာ အတူစားမည် ဟုပြောကာ မင်းကြီးကို လျှောက်တင်ခိုင်းလိုက်သည်။
မင်းကြီးကလည်း တင်မော်ရင်အကျိုးသင့်အကြောင်းသင့် စကားကြောင့် ကမာကို လက်မထပ်ခင် ညီအစ်ကို သုံးယောက် ညစာစားရန် လွှတ်လိုက်သည်။ ကမာ ယောကျာ်းလေးလိုဝတ်ကာ အလုံပိတ် ရထားလုံးနှင့် လာခဲ့သည်။
မရီးတော်နှစ်ယောက်အတွက် မင်းကြိးကို လျှောက်တင်ကာ မင်းကြီးလက်ဆောင်ပေးထားသော ရတနာများထဲမှ ပုလဲလည်ဆွဲ ၂ စုံယူလာခဲ့သည်။ ညီတော်မှ မရီးတော်များကို ပေးသည့် လက်ဆောင်ဖြစ်သည်။
ကမာ ရထားပေါ်မှ ဆင်းသည်နှင့် အကိုကြီး.ကိုအရင်တွေ့ရသည်။ အကိုကြီးက ကမာကို စောင့်ကြိုကာ စိုက်ကြည့်နေသည်။ ကမာ အပြုံးတစ်ခုကို ဇွတ်ဖန်တီးကာ အကိုကြီးကို မင်္ဂလာ စကားပြောကာ နူတ်ဆက်လိုက်သည်။
"အကိုကြီး မင်္ဂလာသတင်းအတွက် ဂုဏ်ယူပါတယ်။ "
"ကမာလေး...အကိုကြီးကို ဟန်ဆောင်စကားပြောစရာမလိုပါဘူးကွာ။"
တင်တက်ရင် ကမာ့ကို ဖက်ကာနူတ်ဆက်ရင်းပြောလိုက်သည်။ ကမာ ငြိမ်နေပြီးမှ ပြုံးကာ သူ့လက်မောင်းများကြားမှ အသာရုန်းကာ ဘာမှမဖြစ်သလိုပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အကိုကြီး။ မရီးတော် ကို ကမာ သွားပြီး နူတ်ဆက်ပါရစေ."

"ပြီးမှ သွားနူတ်ဆက်ပါ။ အကိုကြီး မင်းကို လွတ်လွတ်လပ်လပ်တွေ့ချင်လို့။"

"ဘာပြောစရာရှိလို့လဲ အကိုကြီး။ ပြီးမှ ပြောပါလား။"

တင်တက်ရင်သည် ကမာ၏ အမူအယာနှင့် ပြောပုံဆိုပုံတို့ကြောင့် စိတ်ထဲထင့်သွားသည်။ ကမာ၏ ပုံစံက ပုံမှန်မဟုတ်ပေ။ ကမာ သူ့ရင်ထဲက ခံစားချက်ကို ဖုန်းကွယ်ထားကြောင်း တင်တက်ရင် ခံစား မိလိုက်သည်။ ကမာ့လက်ကို ဆွဲကာ အိမ်တော်နောက်သို့ခေါ်လာခဲ့သည်။ ကမာ သူ့လက်ထဲမှ မိမိလက်ကို အတင်းရုန်းကာ ပြောလိုက်သည်။
"အကိုကြီး ဘယ်သွားမလို့လဲ။"

"ခြံထဲကို..."

"မရီးတော်ကို အရင်နူတ်ဆက်ပါရစေ.. အကိုကြီး"
ကမာပြောသည်ကို သူက နားမပါသူလို အတင်းဆွဲခေါ်သွားသည်။ ကမာ အတင်းငြင်းလျှင် အိမ်တော်မှ အစေခံများသိကုန်မည်စိုးလို့ သူ့နောက်ကို လိုက်ပါလာခဲ့သည်။ မြှားပစ်ကွင်းကို ရောက်သော် ခြုံအနောက်ကို ဆွဲယူကာ ကမာကို ရင်ခွင်ထဲတခါတည်းဆွဲဖက်ကာ သူစိမ်းဆန်ဆန် စကားဆိုနေသော ကမာ့နှင်းဆီဖူးနူတ်ခမ်းလေးကို ဒဏ်ခတ်လိုက်တော့သည်။ ကမာ ပထမ ငြင်းဆန် သေးသည်။ သို့သော် သူ့အနမ်းပင်လယ်တွင် ကျရှုံးသွားတော့သည်။

"ကမာလေး...အကိုကြီး လုပ်သမျှက ကမာလေးနဲ့ နီးစပ်ဖို့ပါ။ အကိုကြီးကို မမုန်းလိုက်ပါနဲ့ကွယ်။ ကမာလေး ကိုယ့်ကို စိမ်းကားတာ အကိုကြီး မခံစားနိုင်ဘူး။ "
ကမာ နူတ်ဆိတ်နေလိုက်သည်။ ပြောစရာ စကားမရှိတော့သလို ခံစားလိုက်ရသည်။

"အကိုတော်...အကိုတော် အိမ်ထောင်ရှင်ဖြစ်သွားရင် ကျွန်တော့်ကို ညီတစ်ယောက်လိုပဲ ဆက်ဆံပေးပါလားဟင်.."

ကမာ သူ့ကို တောင်းပန်လိုက်သည်။ တင်တက်ရင် ဆတ်ခနဲဖြစ်သွားပြီး မေးလိုက်သည်။

"ဘာသဘောလဲ။ ညီလိုဆက်ဆံတယ်ဆိုတာ ဘာသဘောကို ပြောချင်တာလဲ ကမာလေး။"
ကမာ သူ့မျက်နှာကို မော့ကြည့်ကာ ပြောလိုက်သည်။

"အကိုကြီးကို သေလုအောင် ချစ်နေပါစေ အစ်မတော် ယင်းယင်းရဲ့ ခင်ပွန်းဖြစ်သွားရင် ကမာ အကိုကြီးကို အကိုအရင်းလိုပဲချစ်တော့မယ်။"
တင်တက်ရင်သည် အံကြိတ်ကာ မေးလိုက်သည်။

"ဒါဆို အခုက ကမာ ကိုယ့်ကို ချစ်သူုလို သဘောထားလို့လား။"
ကမာ သူ့ကို မော့ကြည့်ကာ ခေါင်းငြိမ့်လိုက်စဉ် သူက ပြုံးကာ ပြောလိုက်သည်။
"ဒါဆို ကိုယ့်ချစ်သူကို ကိုယ်ချစ်တင်းမနှောရသေးဘူး ကမာလေး။ အခု ကိုယ် ယင်းယင်းရဲ့ ယောက်ျား မဖြစ်သေးဘူုး။ မင်းကို ကိုယ်ချစ်လို့ရသေးတယ်။ လာ..."
တင်တက်ရင်သည် ကမာ့ကို အနားရှိ နားနေဆောင်ထဲကို ပွေ့ချီလာခဲ့သည်။ ကမာ မျက်လုံးပြူး သွားသည်။ မင်းသမီးနှစ်ပါး ရှိနေချိန် အကိုကြီး ဘာလုပ်မလို့လဲ။ လူမိသွားလျှင် အားလုံး အသတ်ခံ ရနိုင်သည်။ ကမာ အကိုကြီးလက်ထဲမှ အတင်းရုန်းကာ ဆင်းပြေးရန်ကြံသော်လည်း အင်မတန်ကို သန်မာသော စစ်သူကြီး၏ လက်ထဲတွင် အရုပ်ကလေးလို ပါသွားတော့သည်။
"အကိုကြီး ...မလုပ်...ပါနဲ့...ဟင့် အင်း...မင်းကြီးသိရင်...အ...မလုပ်ပါနဲ့...ဟင့်အင်း..."
တင်တက်ရင်၏ မျက်လုံးထဲတွင် ကမာကလွဲရင် ဘာမှ မမြင်တော့ပေ။ ကမာ၏ စကားများက တင်တက်ရင်၏ ထိန်းချုပ်နိုင်စွမ်းကို ရိုက်ချိုးပစ်လိုက်တော့သည်။

"အကိုကြီး..ကျွန်တော်က မင်းကြီးရဲ့ မိဖုရားပါ။"

"မင်း ကိုယ့်ကို မကျေနပ်ရင် မင်းကြီးကို လျှောက်တင်လိုက်။ ကိုယ် ခေါင်းဖြတ်ခံလိုက်မယ်။ အခုတော့ မင်းကို မရရင် ကိုယ်ရှေ့လျှောက်မယ့် ခရီးအတွက် အားမရှိတော့ဘူး။ မင်းလေးကို ကိုယ်ရအောင်ယူဖို့ အရာအားလုံးကို ကိုယ်ချရင်းလိုက်တော့မယ် ကမာလေး။ ဒါက မင်းကို ချစ်လွန်း လို့၊ ပိုင်ဆိုင်ချင်လွန်းလို့ဆိုတာ မမေ့ပါနဲ့။ မငိုပါနဲ့ ကမာလေးရယ်။ အကိုကြီးရဲ့ အချစ်က မင်း အတွက် မုန်တိုင်းလို ကြမ်းတမ်းချင်ကြမ်းတမ်းနေလိမ့်မယ်။ ဒါပေမယ့် အကိုကြီးရဲ့ ချစ်မုန်တိုင်း တွေက မင်းအတွက် အေးချမ်းတဲ့ လောကကို ဖန်ဆင်းပေးမှာပါ။ ကိုယ့်ကို ခွန်အားလေး ပေးသနားပါ ကမာလေးရယ်။ "
ကမာ မျက်ရည်ကြားမှ အကိုကြီး၏ အချစ်ကို မလွန်ဆန်နိုင်စွာ လိုက်လျောလိုက်ရတော့သည်။
ကမာ နှင့် အကိုကြီး အိမ်တော်ပေါ်ရောက်တော့ မင်းသမီး နှစ်ပါးက ပြုံးရွှင်စွာ ဆီးကြိုနေကြသဖြင့် ကမာ စိတ်မလုံတော့ပေ။ အကိုကြီးကတော့ သူမဟုတ်သလို မင်းသမီးယင်းယင်းနားကို သွားကာ ဖက်ရင်းပြောလိုက်သည်။
"ယင်းယင်းရေ...ညီတော်လေးက ယင်းယင်းကို တွေ့ချင်လို့ပူဆာနေတာ ကြာပြီ။ လာ ကမာလေး။ "
ယင်းယင်းသည် တင်တက်ရင်၏ အချစ်တော် ညီတော်လေး ကမာကို ပြုံးကာလှိုက်လှဲစွာကြို လိုက်သည်။ ကမာသည် မရီနှစ်ဦးကို အရိုအသေပေးတော့ သူမတို့က ပြန်လည်အရိုအသေ ပေးနေသဖြင့် ကမာ နေရခက်သွားသည်။

"မရီးတော်တို့အတွက် လက်ဆောင်နည်းနည်းယူလာတာ လက်ခံပေးတော်မူပါ။"
မင်းသမီးနှစ်ပါးက ရတနာဗူးကိုဖွင့်ကြည့်လိုက်သောအခါ မျက်လုံးပြူးသွားသည်။

မင်းသမီးနှစ်ပါးက ရတနာဗူးကိုဖွင့်ကြည့်လိုက်သောအခါ မျက်လုံးပြူးသွားသည်။

"အိုး....ညလင်း ပုလဲ လည်ဆွဲပါလား။ "

"ဒီလောက်တန်ဖိုးကြီးတာကို ပေးတာ လက်မခံရဲပါဘူးကွယ်။ "
မင်းသမီးနှစ်ပါးက နှင်းမိဖုရားအတွက် အကိုတော် မင်းကြီးသီးသန့်ပြုလုပ်ပေးထားသော ရတနာဖြစ်လို့ လက်မခံဝံ့အောင်ဖြစ်နေကြသဖြင့် ကမာက ပြောလိုက်သည်။

"မင်းကြီးကို ခွင့်တောင်းခဲ့ပြီးပါပြီး အစ်မတော်တို့၊ "
ထိုအခါမှ မင်းသမီးနှစ်ပါးက လက်ခံဝံ့တော့သည်။ တင်တက်ရင်သည် ယင်းယင်းကို ဖက်ထားရင်း ကမာ့ကို စိုက်ကြည့်နေသဖြင့် ကမာ မျက်လုံးခြင်းမဆိုင်ဝံ့ပေ။ တင်မော်ရင်က အကိုကြီးနှင့် ကမာ၏ ဆက်ဆံရေးကို တချက်ကြည့်ကာ ရိပ်တော့ရိပ်မိလိုက်သည်။ သို့သော် နောက်ပိုင်း အကိုကြီးလည်း နန်းတော်မှ ထွက်သွားတော့မည်ဖြစ်လို့ ဘာမှ ဆက်မဖြစ်နိုင်တော့ဟု တွေးကာ ဘာမှ မပြောပဲ မျိုသိပ်ထားလိုက်သည်။ ခဏကလည်း အကိုကြီးက ကမာကို အနောက်ဘက်သို့ အတင်းဆွဲခေါ်သွား သည်ကို တွေ့ကတည်းက မင်းသမီးနှစ်ပါးကို မိမိက အာရုံပြောင်းထား၇သည် မဟုတ်လား။
တင်တက်ရင်သည် ကမာ့ကို အတင်းအကြပ်ရယူပြီးနောက် ကမာ့အပေါ် ချစ်မ၀နိုင်အောင်ဖြစ် နေမိသည်။ ဘယ်လိုကြည့်ကြည့် ကမာ့လှုပ်ရှားဟန်လေးက မိမိကို ညှို့နေသလို ခံစားရသည်။
ကမာ ညစာစားပြီးနောက် ညပြန်သွားတော့ မင်းကြီးနား မကပ်ခင် ကိုယ်လက်သန့်စင်ရသေးသည်။ မိဖုရားအ၀တ်ကို လဲကာ အမွှေးနံ့သာပက်ဖြန်းပြီးမှ မင်းကြီးနားကို လာခဲ့သည်။ မင်းကြီးက ကမာကို ဆီးကြိုဖက်ကာ ပျော်မပျော်ကို မေးနေသည်။ ကမာသည် မိမိကို အချစ်ကြီးသော မင်းကြီးကို သစ္စာရှိ ရှိပြုစုသွားရန် ဆုံးဖြတ်လိုက်သည်။
စစ်သူကြီး တင်တက်ရင်နှင့် အမတ်ချုပ်သမီး ယင်းယင်း၏ လက်ထပ်ပွဲတွင် မင်းကြီးနှင့် နှင်းမိဖုရား ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
တင်တက်ရင်သည် မိဖုရားဝတ်စုံဖြင့် လှနေသော ချစ်သူလေးကို ကြည့်ကာ ရင်ဝယ် အောင့်သလို နာသလို ခံစားနေရသည်။ သို့သော် မိမိသွားမည့် ပန်းတိုင်းက ပိုခိုင်မာလာခဲ့သည်။
ကမာကတော့ မင်းကြီး၏ မျက်နှာကိုသာ ကရုစိုက်ကာကြည့်နေသည်။ မင်းကြီး၏ ကျန်းမာရေးကို ပို ကရုစိုက်ပေးသည်။ မင်းကြီးလည်း ကမာ၏ အပြုအမှုကြောင့် ကျေးဇူးတင်မိသည်။ လက်ထပ်ပွဲတွင် မင်းကြီးက စစ်သူကြီးတင်တက်ရင်ကို တောင်ပိုင်းနယ်မြေ၏ ဘုရင်ခံနေရာကိုပေးကာ တခါတည်း ရာထူးခန့်အပ်လိုက်တော့သည်။ အမတ်ချုပ်ကြီးလည်းတပြုံးပြုံးဖြစ်နေသည်။
တင်တက်ရင်သည် မင်းကြီးရှေ့တွင် ဒူးထောက်ကာ အမိန့်စာကို လက်ခံလိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် တင်တက်ရင်နှင့် မင်းသမီးယင်းယင်းတောင်ပိုင်းနယ်ကို ထွက်ခွာသွားတော့သည်။
ထိုအချိန်မှစပြီး ကမာလည်း အကိုကြီးကို မေ့ဖျောက်ကာ မင်းကြီးလိုအပ်သည်ကို နံဘေးမှ ဆောင်ရွက်ပေးရင်း အကောင်းဆုံးမိဖုရားအဖြစ်နေသွားတော့သည်။
ရံဖန်ရံခါ နန်းတွင်းပွဲများတွင် နှင်းမိဖုရားက မင်းကြီးနှင့်အတူ ပွဲတက်ရသည်။ ဂိုယိုပြည် မိဖုရားက မကျေနပ်သော်လည်း ကျောက်မိန်၏ အဖြစ်ကို သင်ခန်းစာယူကာ နှင်းမိဖုရားကို မထိတော့ပေ။ နှင်းမိဖုရားကလည်း အနောက်နန်းဆောင်အရေးတွင် ၀င်စွတ်ဖက်ခြင်းမပြုလုပ်ပေ။
လောလောဆည်တွင် အနောက်နန်းဆောင်ကို လီမိဖုရားက အုပ်ချုပ်သည်။ ကမာသည် နန်းတွင်းရေး မှ တတ်နိုင်သမျှရှောင်ဖယ်ကာ မင်းကြီးကို အတတ်နိုင်ဆုံးပြုစုပေးသည်။ ကမာ၏ ပြုစုပေးမှုကြောင့် မင်းကြီး၏ ကျန်းမာရေးလည်း အတော်ကောင်းလာခဲ့သည်။ တိုင်းပြည်ရေးလည်း အေးချမ်း ကာတည်ငြိမ်လာခဲ့သည်။
တင်မော်ရင်လည်း နန်းတွင်းတွင် အမတ်ချုပ်ကြီးပြီးသည်နှင့် ဒုတိယသြဇာအကြီးဆုံးဖြစ်လာခဲ့သည်။ တင်တက်ရင်သည်လည်း တောင်ပိုင်းနယ်မြေကို စနစ်ကျသာအုပ်ချုပ်ရေးတည်ဆောက်ကာ စစ်တပ်ကို ချဲ့ထွင်သည်။ လျှို့ဝှက်စစ်တပ်ပုံစံအတိုင်း သီးသန့်တပ်ကို စုစည်းသည်။ နယ်စားပယ်စား များက တင်တက်ရင်ကို သြဇာခံလာကြသည်။ တောင်ပိုင်းဒေသတွင် တင်တက်ရင်၏ သြဇာကြီိးထွားလာခဲ့သည်။
တင်တက်ရင်၏ မိဖုရားယင်းယင်းလည်း ကိုယ်ဝန်ရင့်လာသောအခါ မွေးဖွာရန် နန်းတော်ကို ပြန်လာခဲ့သည်။ တင်တက်ရင်က ယင်းယင်းကို လိုက်ပါပို့ဆောင်ပေးရင်း နန်းတော်ထဲ မင်းကြီး ထံ အခစားဝင်တော့ မင်းကြီးအဆောင်တွင် ကမာ့ကိုတွေ့တော့ ရင်ထဲအချစ်စိတ်တို့ ပွက်ပွက်ဆူ လာ ခဲ့ပြန်သည်။ ကမာက ပိုလှလာသည်ဟု ထင်လိုက်မိသည်။
တင်တက်ရင်သည် ကမာ့ကို ချစ်ရည်ရွှမ်းစွားစိုက်ကြည့်သည်ကို ကမာ မျက်နှာလွှဲလိုက်သောအခါ တင်တက်ရင် ရင်ထဲအောင့်သွားသည်။ ကမာ့ မျက်လုံးများက အေးစက်သွားသလိုပင်။
"ဘုရင်ခံ တင်တက်ရင်ရဲ့ အောင်မြင်မှုကို ငါကိုယ်တော် အားရတော်မူတယ်။ တောင်ပိုင်းဒေသတခုလုံး အခုဆိုရင် အခွန်တော်ကို မှန်မှန်ဆက်သလို့ ငါကိုယ်တော်ရဲ့ ငွေတိုက်တော်ကို မှန်မှန်ဖြည့်တင်း ပေးနိုင်ပေတယ်။ အမတ်ချုပ်ကြီးလည်း အထူးကိုဂုဏ်ယူ နေတယ်။ အင်မတန်ကို အားကိုးရပါပေတယ် ယောက်ဖတော်ကြိးတင်တက်ရင်..."
တင်တက်ရင် မင်းကြီး၏ စကားကို အလိုက်အထိုက်ဖြေကြားနေသော်လည်း စိတ်အစုံက ကမာ့ထံသို့သာ တ၀ဲလည်လည်ရောက်နေသည်။ ကမာ နူတ်ဆိတ်ကာ ဘာမှ သိတ်မပြောပေ။ ဒါကို တင်တက်ရင် မကြိုက်ပေ။
ကမာ နန်းဆောင်ကို ပြန်လာတော့ သက်ပြင်းရှိုက်လိုက်မိသည်။ အကိုကြီး၏ အကြည့်ကို ပြန်မြင်ယောင်ပြီး ရင်မောမိသည်။ ကမာ ခေါင်းကို ခါယမ်းကာ အကိုကြီး၏ အကြည့်ကို ရင်ထဲမှ ထုတ်လိုက်တော့သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now