မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၁၃)

6.3K 416 4
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၃)

"မင်းကြီးက သမားတော်ကို မေးလိုက်လို့ရှက်တာပေါ့။"
တေးဟာခန်က သဘောကျစွာရယ်မောကာ

"ကမာလေးရယ် သဘာဝပဲဟာ။ မရှက်ပါနဲ့။ ကမာ့အတွက်အားဆေးလည်းဖော်ခိုင်းထားတယ်။"
ကမာသည် ရယ်နေသော မင်းကြီးကို ကြည့်ကာ မျက်လွှာချလိုက်မိသည်။ မိမိသာ မိန်းကလေးဆို လည်းကောင်းသား။ မိဖုရားနေရာရပြီး အကိုတော် နှစ်ဦးကို စောင့်ရှောက်နိုင်သည်။ယခုတော့ ယောက်ျားလေး ဘ၀ဖြင့် မင်းကြီး၏ မယားဘ၀တွင် မပျော်ရွှင်နိုင်ပေ။
သို့သော် လတ်တလော အကိုနှစ်ယောက်ကို ရန်ရှာမည်စိုးလို့ မင်းကြီးအလိုကို သာ လိုက်လျောပေး နေရသည်။ မင်းကြီးက အိပ်ယာထက်တွင် ကမာကို မျိုးစုံပြုစုပေးသဖြင့် ချစ်ခရီးက မခက်ခဲသော် လည်း ကမာ မပျော်မွေ့ပါ။ ဒီဘ၀က အမြန်လွတ်ချင်သည်။ယောက်ျားလေး ဘ၀ပြန်လိုချင်သည်။
မယ်တော်ကြီးသည် အမတ်တင်မော်ရင်ကို မိမိနန်းဆောင်သို့တိတ်တဆိတ်ခေါ်တွေ့သည်။

"မယ်တော်ကြီးကို ဂါရ၀ပြုပါတယ်။"

"မော်ရင် မင်းးကို ခေါ်ရတာ သားတော်ဘေးက မင်းရဲ့ ညီတော်နဲ့ ပတ်သတ်လို့ပဲ.."
မယ်တော်ကြီးက လို၇င်းကို ချက်ချင်းပြောလိုက်သည်။ မော်ရင်က မယ်တော်ကြီူးဆိုလိုသည်ကို ချက်ချင်းသိလိုက်သည်။

"မင်းကြီးရဲ့ အမိန့်ကို မလွန်ဆန်နိုင်လို့ပါ မယ်တော်ကြီး။ "

"မင်းက အမတ်ဖြစ်ပြီး မင်းကြီးလမ်းမှားသွားတာကို ဘာကြောင့် မတားရတာလဲ။ အမတ်တာဝန်ကို မကျေပွန်ရင် မင်းကို နယ်နှင်ဒဏ်ပေးလို့ရတယ် ဆိုတာ မသိဘူးလား။"

"သိပါတယ် မယ်တော်ကြီး။ကျွန်တော်မျိုး အပြစ်တွေပါ။ ညီတော်ကို နန်းတော်ထဲ အလည်ခေါ်လာ မိလို့ မင်းကြီးတွေ့သွားတာပါ။ မယ်တော်ကြီးကို အတင့်ရဲစွာနဲ့ တောင်းဆိုပါရစေ။ ကျွန်တော် မျိုး တို့ညီက နှင်းမြို့တော်ကို ပြန်ချင်စိတ်ရှိလို့ မင်းကြီးနားက ထွက်ခွာခွင့်ရအောင် မယ်တော်ကြီး ကူညီပေးတော်မူပါ။"
မယ်တော်ကြီးမျက်နှာတော် ကြည်သွားသည်။ တင်မော်ရင်က သူ့ညီကို သားတော်ဘေးမှ ခေါ်ထုတ် သွားချင်သည်။ ဒါကို ကူနိုင်တာ မိမိတယောက်တည်းရှိသည် မဟုတ်လား။ တော်သေးသည်။ သူတို့က အတင်းသားတော်ဘေးမှ ကမာကို ထားပြီးအခွင့်ရေးယူချင်သူများ မဟုတ်လို့။

"မယ်တော် ကူညီဖို့လိုသေးလို့လား မော်ရင်ရယ်။ စစ်သူကြီးရဲ့ အရှိန်ကို သုံးရင်ရသားနဲ့။"

"မယ်တော်ကြီးခင်ဗျာ...မင်းကြီးက လျှို့ဝှက်တပ်ဖွဲ့ကို သုံးပြီး စောင့်ကြပ်နေပါတယ်။"
မယ်တော်ကြီး တချက်တွေဝေသွားသည်။ ဒါဆိုသားတော်က ဒီကောင်လေးကို တကယ်လေးနက် ထားလွန်းတာပေါ့။ ဒါဆိုမဖြစ်တော့။ မိမိဝင်ပါမှဖြစ်တော့မည်။ သားတော် ကမာအပေါ် အရမ်း မလေးနက် သွားခင် ကမာကို ဖယ်ထုတ်ပစ်ဖို့အရေးကြီးသည်။

"မော်ရင်... မယ်တော်ကြီးကူညီပေးမယ်။ အခုတော့ ခဏအရိပ်အခြေစောင့်နေဦး။ "
တင်မော်ရင် ၀မ်းသာစွာ ဦးချပြီးပြန်ခဲ့သည်။
ကျောက်မိန်သည် မယ်တော်ကြီးထံကို လာခဲ့စဉ် မယ်တော်ကြီးအဆောင်မှ အမတ်တင်မော်ရင် ထွက်သွားသည်ကိုတွေ့သောအခါ ဒေါသထွက်သွားသည်။ဒင်းတို့ကမင်းကြီးသာမက မယ်တော်ကြီး ကိုပါအပိုင်စည်းရုံးထားသည်ဟုထင်လိုက်ကာ မိမိအစီအစဉ်ကို အကောင်အထည်ဖော်လိုက် တော့သည်။

ကမာသည် မင်းကြီးအဆောင်တွင် သွားပြီးအခစားဝင်ရတာ ၅ရက်ရှိလေပြီ။ တင်တက်ရင်သည် နေမကောင်းသည့်ကြားမှ မင်းကြီးအဆောင်ကို သွားကာ မင်းကြီးအလိုကို လိုက်လျောနေရသော ညီကိုကြည့်ကာ အသည်းဆတ်ဆတ်ခါ နာကျင်မိသည်။ စစ်သူကြီးဖြစ်ရလည်း ကိုယ့်ညီကိုတောင် မကာကွယ်နိုင်တော့မှ ရှက်ခြင်းက တင်တက်ရင်ကို ဖိစီးနေသည်။
နန်းတော်မှ ပြန်လာသောကမာကို မချိတင်ကဲဖက်ကာ အံကြိတ်မိသည်။
"အကိုကြီး ဘာဖြစ်လို့လဲဟင်..."

"ကမာလေးကို မကာကွယ်နိုင်လို့ အကိုကြီးဘ၀ကို နာကြည်းနေမိတယ် ကမာလေး။ တောင်းပန် ပါတယ်ကွယ်။ အကိုကြိးက တကယ်အသုံးမကျဘူးကွာ။"
ကမာသည် အကိုကြီးရင်ခွင်ထဲ တိုးဝင်ဖက်ထားကာ တိုးတိုးပြောလိုက်သည်။

"ဟင့်အင်း အကိုကြီးတို့ကို ကမာ ကာကွယ်ပေးနိုင်ရင် ကမာ ဘယ်သူ့ရင်ခွင်ထဲဖြစ်ဖြစ်သွားရဲ ပါတယ်။ အကိုကြီး ကမာ့ကြောင့် ဒီလို အတွေးပါနဲ့။ အကိုကြီးက မွန်ဂိုပြည်က အတော်ဆုံး စစ်သူကြီးပါ။ ကမာကိုကယ်ပြီး ညီအဖြစ်ထားခဲ့တယ်။ ဒီကျေးဇူးက ဆပ်မကုန်ပါဘူး။"
ကမာစကားများက တင်တက်ရင်ကို ပိုပြီး ရင်နာစေသည်။ ကမာလေးကို ဖျစ်ညစ်လိုက်မိသည်။
လျှို့ဝှက်ရဲမတ်များက ထိုမြင်ကွင်းကို စောင့်ကြည့်ပြီး မင်းကြိးကို ပြန်လျှောက်တင်သည်။ မင်းကြိးက သက်ပြင်းရျိုက်ကာ ကမာနှင့် စစ်သူကြီးကို ပင်စိတ်မချတော့ပေ။ သွေးရင်းညီအစ်ကိုမဟုတ်တော့ သိပ်သိပ်လှလွန်းသောကမာကိုများ စစ်သူကြီးချစ်သွားမလားဟု တွေးပူကာ ထိုည အိပ်လို့တောင် မပျော်ပေ။
ကမာသည် တင်တက်ရင်အပေါ် အတော့်ကို သံယောဇဉ်ကြီးမားသည်ဟု အထောက်တော်များထံမှ ပြန်ကြားသိရသည်။ တင်မော်ရင်ထက်စာရင် တင်တက်ရင်အပေါ် ပိုချစ်သည်။ တင်တက်ရင်ကလည်း ကမာကို ကိုယ်တိုင် အတိုက်အခိုက်ပညာသင်ပေးသည်။ မြင်းအတူစီးကြသည်။ ကိုယ်ခံပညာ အတူလေ့ကျင့်သည်။ ညစာအတူစားလျှင် တင်တက်ရင်ကို အရမ်းကို ကြင်နာစွာ ဖြင့်ဟင်းထည့်ပေး သည်ကို တိတ်တဆိတ်လာချောင်းပြီး တွေ့သွားပြီးနောက် မင်းကြီး၏ရင်ဝယ် မအေးချမ်းနိုင်တော့ပါ။
မိမိချစ်သော ကောင်လေးကို ညတွင် စစ်သူကြီးက ခိုးစားနေမည်လားဟု သံသယ၀င်နေမိသည်။
ကမာလာတော့ ကမာကို ဖက်ရင်းမေးရသေးသည်။
"ကမာလေး ညက ကောင်းကောင်းအိပ်ရရဲ့လား။"

"အိပ်ရပါတယ် မင်းကြီး။ မင်းကြီးရော စက်တော်ခေါ်တာပျော်ရဲ့လား။"

"မပျော်ဘူး။"

"ဘာဖြစ်လို့လဲ မင်းကြီး။နေမကောင်းလို့လား"

"မဟုတ်ဘူး။ ကမာ့ကို လွမ်းလို့။ လာပါဦးကမာလေးရယ်။ ကိုယ်တော် မင်းကိုချစ်ပါရစေ."

"မင်းကြီး ညီလာခံ...."

"ထားလိုက်... မင်းကို ချစ်ပြီးမှ သွားမယ်...လာ..."

"အွန်း... မင်းကြီး...."
ကမာ ငြင်းချိန်မရလိုက်ပေ။ မင်းကြီးက ကလေးလေးလိုပွေ့ချီကာ ခေါ်သွားတော့သည်။
စောစောစီးစီး ကဲလှ သည်းလှသော မင်းကြီး၏ ရင်ခွင်တွင်ကမာလူးလိမ့်နေရသည်။ မင်းကြီးက လည်တိုင်များကို နမ်းစုပ်နေသဖြင့် ကမာ တားရသေးသည်။ မင်းကြီးက ကမာတားသည့်ကြားမှ စစ်သူကြီးမြင်ပါစေဆိုပြီး အတင်းနမ်းနေတော့သည်။ ကမာသည် မင်းကြီး ဆိုးနေသောကြောင့် ညည်းညူနေရသည်။
တကြမ်ပြီးတော့ မရပ်ချင်သေးလို့ မနည်းတောင်းပန်ကာ ညီလာခံကိုလွှတ်ရသည်။

"ဟင့်အင်း မင်းကြီး။ ကျွန်တော်မျိုးကို အပြစ်ပေးချင်ပေးတော့။ မင်းကြီး ညီလာခံနောက်ကျနေပြီ။ ညီလာခံ သွားပါတော့နော်။"
တေးဟာခန်က ငြင်းလိုက်သည်။
"မသွားဘူး။ ဖျက်ခိုင်းလိုက်တော့မယ်။ လာ.. ကိုယ်တော် မရတော့ဘူး။ ညက အရမ်းလွမ်းအောင် လုပ်လို့..."
တကယ်လည်း မင်းကြိးက အတွင်းဝန်ကြီးကို ညီလာခံဖျက်ကြောင်းပြောခိုင်းကာ ကမာကို ထပ်တလဲ ချစ်ခန်းဖွင့်နေတော့သည်။ ကမာသည် ညီလာခံတွင် စောင့်နေသော အကိုနှစ်ယောက်ကို သတိရကာ ညပြန်တွေ့လျှင် ဘယ်လိုမျက်နှာဖြင့် အိမ်ထဲဝင်ရမှန်းမသိတော့ပေ။
မင်းကြီးထံတွင် ကိုယ်လုံးဖြင့် အလုပ်အကျွေးပြုနေရသည်ကို ကမာ အရမ်းရှက်လှသည်။ အကိုနှစ်ဦး ကလည်း မိမိပြန်လာတိုင်း စိတ်မသက်သာဟန်ကို မနည်းဖုံးထားရသည်ကို မိမိသိသည်။ ထို့ကြောင့် ယနေ့လိုမျိုးမင်းကြီးကဲပြီး မိမိကိုယ်တွင် အနမ်းရာများဖြင့် အိမ်ပြန်သွားလျှင် အကိုနှစ်ဦးကို ဘယ်လို ပြောရပါ့မလဲဟု တွေးနေမိသည်။
တင်တက်ရင်နှင့်တင်မော်ရင်သည် ညီလာခံခန်းမတွင် မင်းကြီးကို စောင့်နေရာမှ အတွင်းဝန်ကြီး ရောက် လာပြီး မင်းကြီးနေမကောင်းသဖြင့် ညီလာခံမတက်နိုင်ကြောင်း ကြေငြာသောအခါ အမတ်များ ငြိးငြီးငြူငြူဖြင့် အိမ်ပြန်သွားကြသည်။ တချို့ကတော့ ရုံးတော်သို့ ထွက်သွားကြသည်။
စစ်သူကြီးကတော့ မျက်နှာမကောင်းစွာဖြင့် စစ်ရေးလေ့ကျင့်ကွင်းသို့ထွက်သွားသည်။ ကမာကြောင့် မင်းကြီးကြွမလာသည်ကိုသိတော့ တင်တက်ရင် ရင်ထဲကျောက်ခဲမီးဖုတ်ပြီး ထည့်ထားခြင်းခံ၇သူနှယ် မထွေးနိုင်မအန်နိုင်နှင့် ရင်ပူနေမိသည်။
မိမိလို တာတာလူရိုင်းများလည်းမကြောက်ပဲ ရင်ဆိုင်ပြီးကမာကို ကာကွယ်နိုင်သူက မင်းကြီးရင်ခွင်မှာ ရေတိမ်နစ်နေသည်ကို သိသိကြီးဖြင့် ကြည့်နေရသည့် အဖြစ်က တင်တက်ရင်ကို တမြည့်မြည့် ခံစားနေရစေသည်။
တင်တက်ရင်သည် စစ်ရေးလေ့ကျင့်ကွင်းကို သုန်မှုန်ကာရောက်လာပြီး မြှားပစ်ကွင်းတွင် မြှားကို တစင်းပြိးတစ်စင်းပစ်နေမိသည်။ ခွန်အားကြီးသော စစ်သူကြီးက တိုင်ကို အငြိုးဖြင့် ပစ်နေသည်ကို တွေ့သော် လက်ထောက်စစ်သူကြီးများက တုတ်တုတ်မှ မလှုပ်ရဲတော့ပေ။

"စစ်သူကြီး..."
တင်တက်ရင်သည် ဘယ်လောက်တောင်ပစ်နေမိသည် မသိတော့ လက်ထောက်ခေါ်သံကြားမှ မျက်မှောင်ကုတ်ပြီး လှည့်ကြည့်လိုက်သောအခါ လက်ထောက်က အရိုအသေပေးကာ လျှောက်ခဲ့ သည်။

"စစ်သူကြီးရဲ့ လက် သွေးထွက်နေပါပြီ။"
ထိုအခါမှ မိမိလက်ညှို့းထိပ်သွေးထွက်နေသည်ကို သတိထားမိတော့သည်။ အောက်တွင်လည်း သွေးများရဲလို့နေသည်။ မြှားဦးထိပ်ကို လက်နှင့် စိတ်မှတ်မဲ့ ထိမိရင်း သွေးထွက်လာခဲ့ခြင်းဖြစ်သည်.။

"သြော်...."
တင်တက်ရင်သည် လေးနှင့်မြှားကို ပစ်ချကာ ရွက်ဖျင်တဲဘက်ကို ထွက်လာခဲ့သည်။
လက်ထောက်စစ်သူကြီးက စစ်သူကြီးနောက်ကို လိုက်လာပြီး အရက်ကို အသင့်ဌဲ့ကာ ပေးလိုက်သည်။ တင်တက်ရင်သည် အရက်ကိုလှမ်းယူကာ တရှိန်ထိုးမော့ချလိုက်ပြီး

"ငါ့ မြင်းပြင်ထားလိုက်..."
လက်ထောက်က အပြင်မှ တပည့်တစ်ဦးကို မြင်းပြင်ခိုင်းလိုက်ပြီး စစ်သူကြီးလက်ကို ဆေးထည့်ပေး မည်အပြု စစ်သူကြီးက အရက်ဖြင့် ဒဏ်ရာကို လောင်းချကာ လက်ရုတ်ကာ ပြောလိုက်သည်။

"ရပြီ။ စစ်သားတွေကို သေချာလေ့ကျင့်ထားပေးလိုက်..."
တင်တက်ရင်က ပြောပြီး အပြင်ထွက်သွားသည်။ စီးတော်မြင်းပေါ်လွှားခနဲတက်ကာ မြက်ရိုင်းလွင်ပြင် ဘက်သို့ ဒုန်းစိုင်းကာ ထွက်လာခဲ့သည်။ တနေကုန် ဦးတည်ရာကို လှည့်လည် သွားနေမိသည်။
အသက်ပေးကာ သစ္စာရှိခဲ့သော်လည်း မင်းကြီးက မိမိညီလေးကိုပင် အလွတ်မပေးသည့်အဖြစ်ကာ တင်တက်ရင်ကို ရင်ထဲမသက်မသာဖြစ်စေသည်။ တီးတိုးလွင့်နေသည့် သတင်းများကြောင့်လည်း ရှက်သည်။
မိမိအကြံပေးလို့ မင်းကြီးခွင့်ပြုလျှင် ကြည့်သည့် အကြည့်များကိုလည်း မခံချင်ပေ။ ညီကို လာဘ်ထိုးထားပြီး မင်းကြီးအပေါ်စကားအောင်နေသည်ဟု ထင်သည့် အကြည့်များကို ရွံသည်။ ညီလေးလည်း နေ့တိုင်း နန်းတော်မှ နွမ်းနယ်စွာပြန်လာသည့် ညီလေးကမာကို ဘာမှ မကူညီနိုင်ပဲ ကြည့်နေရသည့် အဖြစ်ကိုလည်း မုန်းသည်။
ညီလေး နေမကောင်းသည့်ကြားမှ မင်းကြီးအိမ်တော်ထိလိုက်လာပြီးလာခေါ်သည့် ညကိုပြန်သတိရ ကာ တင်တက်ရင် အံကို တင်းတင်းကြိတ်ထားမိသည်။ တင်မော်ရင်လည်း ကမာနှင့်မင်းကြီး အခန်း ထဲ ၀င်သွားသည်ကို ကြည့်ပြီး စိတ်မသက်သာဟန်ဖြင့် မျက်နှာပျက်နေသည်။
ကမာလည်း မိမိတို့ရှေ့ မင်းကြီး၏အကိုင်အတွယ်ကြောင့် ရှက်ပြီး အခန်းထဲခေါ်သွားမှန်းသိနေတော့ ညီလေးကို လည်းသနားသည်။ မကာကွယ်နိုင်သည့် မိမိတို့ ဘ၀ကိုလည်း နာကြည်းသည်။
"အား....."
တင်တက်ရင် မြက်ခင်းပြင်ကြီးထဲ ပစ်လှဲကာ အော်လိုက်မိသည်။ ယူလာသောအရက်ကို မော့သောက်ကာ မြက်ခင်းထဲ အိပ်လိုက်တော့သည်။
ကမာသည် မင်းကြီးဆိုးနေသောကြောင့် တနေ့လုံးမနားရပေ။ ဘာကြောင့် မင်းကြီးရုတ်တရက် ဖောက်မှန်းမသိပေ။
"မင်းကြီး ဒီနေ့ ဘာဖြစ်ထားလို့လဲဟင်...ဘယ်သူ့ကို စိတ်အလိုမကျဖြစ်နေတာလဲ။"
တေးဟာခန်သည် ကမာ၏ ပုခုံးသား ဖွေးဖွေးလေးများကို နမ်းကာ ပြောလိုက်သည။်
"ဘာမှ မဖြစ်ပါဘူး။"

"မဟုတ်ဘူး။ တခုခု တော့ဖြစ်တယ်။ ဘာဖြစ်လို့လဲဟင်..."
ကမာ ညင်သာစွာမေးလိုက်သည်။ တေးဟာခန်က ကမာ့မျက်နှာလေးကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ကမာ ကိုယ်တော့်ကို ချစ်သလား။"
ကမာ နူတ်ဆိတ်သွားသည်။ လိမ်လည်းမလိမ်တတ်။ အမှန်လည်းမပြောဝံ့သဖြင့် ကမာ မျက်နှာလေး ငယ်သွားသည်။ တေးဟာခန်သည် သက်ပြင်းရျိုက်ကာ ကမာကို ပြောလိုက်သည်။

"အဲ့ဒါကြောင့် ကိုယ်တော် စိတ်မချဖြစ်နေတာပဲ ကမာလေး။ ကမာက ကိုယ်တော့်ကို မချစ်တော့ ဘယ်တော့များ ဘယ်သူ့ကိုချစ်သွားမလဲ ဆိုပြီး ကိုယ်တော် စိတ်မချနိုင်ဖြစ်နေမိတာပါ။ ကိုယ်တော့်ကို နည်းနည်းလေးတောင် မချစ်ဘူးလား ကမာလေးရယ်။"
ကမာ မျက်ရည်ဝဲလာသည်။ မင်းကြီးမေးသည်ကို ပြန်လည်းမဖြေရဲပေ။
တေးဟာခန်က ကမာမျက်ရည်ဝဲလာသည်ကို တွေ့သော ရင်နာသွားသည်။
"ကိုယ်တော့် အချစ်က မင်းကို နာကျင်စေသလားကမာရယ်။ မင်းကို သိမ်းပိုက်ခဲ့လို့ ကိုယ်တော်ကို မုန်းသလားကွယ်။"
ကမာ ကပျာကယာဖြေလိုက်သည်။

"မင်းကြိးကို မမုန်းပါဘူး။ ကမာ ချစ်တယ် ကြိုက်တယ်ဆိုတာကို မသိလို့ပါ အရှင်။ ခွင့်လွှတ်တော်မူပါ။"
တေးဟာခန်သည် ပြောရင်းမျက်ရည်ကျနေသော ကမာလေးကို နမ်းကာ ချော့လိုက်သည်။

"တောင်းပန်ပါတယ်။ကိုယ်တော် အရမ်းသံသယများသွားမိတယ်။ မငိုနဲ့တော့နော်။ နောက်ဆို ကမာ မကြိုက်တာ မလုပ်တော့ဘူး။"
ကမာ ကမင်းကြီး၏ လိုက်လျောစကားကြောင့် မင်းကြီးကို သနားသွားသည်။
"မင်းကြီး ဒါဆိုရင် နောက်ရက် ညီလာခံ မှန်မှန်တက်ပါနော်။ ဒီနေ့လိုမျိုးမလုပ်ပါနဲ့။ ကမာ ကတိပေးပါတယ်။ ကမာ မင်းကြီးကလွဲရင် ဘယ်သူ့ကို မှချစ်ဖို့မကြိုးစားပါဘူး။"
တေးဟာခန်သည် ကမာ၏ စကားကြောင့် ၀မ်းသာသွားသည်။
"ကောင်းပါပြီကွယ်။ ကိုယ်တော် ကမာလေးရဲ့ စကားကို နားထောင်ပါ့မယ်။ ကိုယ်တော်ပြောမယ် နော်။ ကမာကို ဘယ်အကောင်တွေနဲ့မှ လက်ပွန်းတသီးနေတာ မကြိုက်ဘူး။ နောက်ဆုံး ကုန်ကုန် ပြောမယ်ကွာ။ မော်ရင်တို့နဲ့တောင် အရမ်းရင်းရင်းနှီးနှီးမနေရဘူး။"

ထိုအခါမှ မင်းကြီးက မိမိကို အကိုနစ်ယောက်နှင့်ပင် စိတ်မချသည်ကို သိလိုက်သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now