မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၄၈)

4.1K 255 2
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၈)

ကမာ ပြောသည်ကို သူလက်မခံပါ။ သမားတော်ရောက်လာပြီး ကမာ့ကိုစမ်းသပ်တော့ ကမာရင်ထိတ် နေသည်။

"မင်းသားလေး...ညည အိပ်မပျော်တာမျိုးရှိပါသလား။"
ကမာ ရင်ထိတ်သွားသော်လည်း ခေါင်းယမ်းလိုက်သည်။ သမားတော်က ကမာ၏ တကိုယ်လုံးကို စေ့ စပ်စွာ စမ်းသပ်ပြီး နောက်ပြောလိုက်သည်။

"မင်းသားလေးရဲ့ ရောဂါက နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်လို့ အားနည်းတာပါ။ ကျွန်တော်မျိုးဆေးပေး ထားပါ့မယ်။ ဒီဆေးကို သောက်ပြီးရင် မင်းသားလေး စိတ်ရောကိုယ်ပါ နှစ်ခြိုက်စွာအိပ်ပျော်သွား မှာပါ။"

တင်တက်ရင်က မျက်မှောင်ကြုတ်နေမိသည်။ ကမာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ရအောင် ရင်ထဲတွင် ဘာအပူရှိနေပါလိမ့်ဟု တွေးနေမိသည်။ သမားတော် ပြန်သွားတော့ တင်တက်ရင်သည် ကမာ့ ကိုယ်လေးကို အနောက်မှ ထွေးပွေ့ကာ မေးလိုက်သည်။

"ကမာလေး...စိတ်အလိုမကျစရာဘာရှိလို့လဲ။ အကိုကြီးကို ပြော။ အားလုံး ကမာစိတ်တိုင်းကျ ဖြစ်စေရမယ်။"

ကမာ သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ဘာမှ မရှိပါဘူး အကိုကြီး။ အကိုကြီးက အားလုံးလိုလေသေးမရှိ ဆောင်ရွက်ပေးနေတာပဲ။ ကျွန်တော် ဘာမှမလိုပါဘူး။"
တင်တက်ရင်သည် ကမာ့ပါးလေးကို ဖွဖွနမ်းကာ ပြောလိုက်သည်။
"ကိုယ့်ဘေးမှာ နေလို့ ဒီလိုဖြစ်တာများလားကွာ။"
ကမာ ကပျာကယာငြင်းလိုက်သည်။
"မဟုတ်ပါဘူး အကိုကြီး။ကျွန်တော် အကိုကြီးဘေးမှာ နေရတာ ပျော်ပါတယ်။"

"အင်းလေ။ ပြီးတာပဲ။ အကိုကြီးက ကမာ့အတွက် စိုးရိမ်လို့ပါ။"

တင်တက်ရင်ကိုယ်တိုင် ကမာ့ကို ဂရုတစိုက်ဆေးတိုက်သည်။ ကမာ မသောက်ချင်သော်လည်း အကိုကြီး သံသယ၀င်မည်စိုးသောကြောင့် ဇွတ်မှိတ်ကာ သောက်လိုက်ရသည်။
ထိုနေ့ညတော့ ကမာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ ဘယ်လိုထိန်းထိန်း ဆေးအရှိန်ဖြင့် ကမာ အိပ်မောကျသွားတော့သည်။
နောက်တနေ့တွင် ကမာ့ မျက်နှာလေး လန်းနေသည်ကိုတွေ့တော့ တင်တက်ရင်ကျေနပ်သွားသည်။ ကမာ့ကို ကိုယ်တိုင် ကြပ်မတ်ကာဆေးတိုက်သည်။ ဆေးသောက်ပြိး တတိယညတွင် ကမာ အိပ်ရင်း ယောင်ပြန်သည်။

"ဟေဇယ်...ဟေဇယ်....မသွားပါနဲ့..ဟေဇယ်..."

တင်တက်ရင်သည် ကမာ့ယောင်သံကြောင့် ချက်ချင်းနှိုးလာခဲ့သည်။ တင်တက်ရင် ၏ ဒေါသတို့ ငယ်ထိပ်တက်ဆောင့်သွားတော့သည်။ ဘာကြောင့် ကမာ့ အိပ်မက်ထဲအထိ ဟေဇယ်က ပါရတာလဲ။ တစ်ခုပဲရှိသည်။ ဟေဇယ်ဆိုသည့် ကလေးကို ကမာသိပ်ကို အလေးထားလွန်းလို့ပဲဖြစ်ရမည်။ ဒါဆို ကမာ မိမိနှင့်အတူအိပ်သည့် ရက်များတွင် မယောင်တာက သူ သတိနှင့်အိပ်သောကြောင့်မယောင် တာ ဖြစ်ရမည်။ သတိနှင့်အိပ်သောကြောင့် ကမာ အိပ်ရေးပျက်ကာ နေမကောင်းဖြစ်လာရသည်။ ဒါဆို ကမာနေမကောင်းရသည့် အကြောင်းရင်းက ဟေဇယ်ပေါ့။

"မင်းက အကိုကြီးကိုတောင် ဖုံးကွယ်ထားရလောက်အောင် ချစ်တဲ့သူ ပေါ်နေပြီလား ကမာလေး။"

တင်တက်ရင်စိတ်မကောင်းဖြစ်မိသည်။ ကမာ့စိတ်ထဲတွင် မိမိက လူကြမ်းကြီးဖြစ်နေပြီပေါ့။
ကမာ နှိုးလာသောအခါ ညကအကြောင်းကို တင်တက်ရင်ဘာမှ မပြောထားပေ။ ကမာ အိမ်ပြန်သွားတော့ အနောက်မှ လိုက်သွားသည်။

တွေ့လိုက်သည့်မြင်ကွင်းက တင်တက်ရင်၏သွေးကို ပွက်ပွက်ဆူသွားစေသည်။ ကမာနှင့်အတူ သိုင်းလေ့ကျင့်နေသော ကျွန်ကောင်လေးက သိပ်ကို ချစ်စရာကောင်းနေသည်။ ကမာ့လောက်မလှ သော်လည်း ငယ်ရွယ်နုပျိုသော မျက်နှာလေးပေါ်တွင် ကမာ့ကို ချစ်ခင်ကိုးကွယ်ကြောင်း အထင်းသားပေါ်နေသည်။

"ကမာ.."

အကိုကြီး၏ အသံကြောင့် ကမာ၏ လည်ဂုတ်မွေးများပင်ထောင်ထသွားသလို ခံစားလိုက်ရသည်။ လက်ထဲမှ ဓါးပင်လွတ်ကျသွားသည်။ တင်တက်ရင်၏ သံသယတို့ ပိုခိုင်မာလာသည်။ သူ့ကိုတွေ့ သည်နှင့်ကမာ ဒီလောက်ကြောက်လန့်သွားတာ ဒီကောင်လေးကြောင့်ဖြစ်မည်။

"အကိုကြီး။ ဟေဇယ် မင်းကြီးကို ချက်ချင်းနူတ်ဆက်စမ်း။"

ဟေဇယ် ချက်ချင်းမြေပေါ် ပြားပြားဝပ်အောင် အရိုအသေပေးလိုက်သည်။ တင်တက်ရင်က ဟေဇယ့် ကို ထူပေးကာ မျက်နှာကို စေ့စေ့ကြည့်ပြီး

"ညီလေးရဲ့ အစေတော်က ရုပ်ချောလှချည်လား။ အကိုကြီးရဲ့ အဆောင်တော်မှာ ထားဖို့ ခေါ်သွားမှ ထင်တယ်။"

ကမာ ရင်ထိတ်သွားသည်။ သူက ဘုရင်။ သူ့ကို ကန့်ကွက်လို့မဖြစ်ပေ။ ထို့ကြောင့် ကမာ အလိုက်အထိုက်ပြောလိုက်သည်။

"ရပါတယ် အရှင်မင်းကြီး။ ဟေဇယ့်ကို မင်းကြီးနန်းဆောင်ကို ပို့ပေးပါ့မယ်။"

ကမာ ထိုသို့ပြောပြီး ချာခနဲလှည့်ထွက်သွားတော့သည်။ ဟေဇယ် ခေါင်းပင်မဖော်ရဲတော့ပေ။
တင်တက်ရင်သည် ကမာ့နောက်ကို လိုက်လာခဲ့သည်။

"ကမာလေး။ ဒါက ဘယ်သွားမလို့လဲ။"
တင်တက်ရင် လိုက်ခေါ်သော်လည်းကမာလှည့်မလာပဲ အပြေးလေးအဆောင်ထဲ ၀င်သွားသည်။ တင်တက်ရင်က လွှားခနဲ ခြေလှမ်းကြဲကြီးဖြင့် လှမ်းကာ ကမာ့လက်ကိုလှမ်းဆွဲလိုက်သည်။

"ကမာလေး။ အကိုကြီးကို စိတ်ဆိုးသွားတာလား။ ကမာ့ အစေတော်လေးကို တောင်းလို့။"

"မဆိုးပါဘူး နောင်တော်မင်းကြီး။ မင်းကြီးက ရေမြေ့ရှင်ပါ။ အားလုံးကို ပိုင်ပါတယ်။"

တင်တက်ရင်က ကမာ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာမျက်နှာလေးကို ပင့်မလိုက်တော့ မျက်ရည် လည်နေသည်ကိုတွေ့ရတော့ မေးလိုက်သည်။

"ဒီလို ပြောတာကိုက စိတ်ဆိုးနေတာလေ။ ပြောပါဦး။ ဟေဇယ်က အကိုကြီးထက် ပိုအရေးပါသလား။"

ကမာ ခေါင်းခါလိုက်သည်။
"ဒါဆို ဘာလို့မျက်ရည်ဝဲနေတာလဲ။"

"အကိုကြီးက သူ့ကို ကိုယ်လုပ်တော်ထားချင်လို့ မဟုတ်လား။ ရပါတယ်။ သူ့ကို ခေါ်သွားရင် ညတိုင်း ကျွန်တော် အကိုကြီးဆီ အခစားမ၀င်ပါရစေနဲ့တော့။"

တင်တက်ရင်က ထိုအခါမှ ပြုံးနိုင်တော့သည်။ ကမာ့နူတ်ခမ်းလေးကို အသာငုံခဲကာ ပြောလိုက်သည်။

"ဟေဇယ်ကို ကိုယ်လုပ်တော်ထားမယ်လို့ ဘာကြောင့်ထင်ရတာလဲ ကမာလေး။ အကိုကြီး အချစ်ကို မယုံလို့လား။"

"ဟင့်အင်း။ အကိုကြီးက ပိုငယ်တဲ့သူကို ခေါ်တာလုပ်စရာ တစ်ခုပဲရှိတယ်လေ။ ခေါ်သွားပါ။ ဟေဇယ်ကို အကိုကြီး နှစ်သက်ရင် ညီတော် ဘာမှ မတားပါဘူး။ ဒါပေမယ့် ညီတော့်ကို လွတ်လပ်ခွင့် ပေးတော်မူပါ။"

"ဘာကြောင့်လဲ။"
တင်တက်ရင်က သိလိုစိတ်ဖြင့်မေးလိုက်သည်။

ကမာ ဒေါသပွသွားသည်။
"ဘာဖြစ်ရမှာလဲ။ အကိုကြီးကို အခြားတစ်ယောက်နဲ့မျှဝေပြီး မချစ်နိုင်ဘူးး။"
ထိုသို့ပြော့ပြီး ကမာ ရှက်သွားသည်။ တင်တက်ရင်က ကမာ့မျက်နှာလေးကို ပင့်မကာ မေးလိုက်သည်။
"ဒါဆို ကမာလေးက အကိုကြီးကို ချစ်တယ်ပေါ့။"

ကမာ သူ့ကို ရှက်စနိုးနှင့်ကြည့်ကာ ပြောလိုက်သည်။ အကိုကြီး၏ တောက်ပသောမျက်ဝန်းကို ရင်ဆိုင်ကြည့်ရတာ မျက်နှာပူလှသည်။သူက စားမလို ၀ါးမလို ကြည့်နေတာကိုး။

"မချစ်ပဲနဲ့ ကျွန်တော် အကိုကြီးနဲ့ အတူနေပါ့မလား။"

တင်တင်ရင် ကျေနပ်သွားသည်။ သို့သော် ဟေဇယ့်ကို မိမိစိတ်ထဲ တမျိုးဖြစ်နေမိသည်။ ကမာ့ဘေးတွင် ထားလို့မဖြစ်ပေ။
တင်တက်ရင်သည် ကမာ့ကို ပွေ့ကာ ပေါင်ပေါ်ထိုင်စေပြီး ပြောလိုက်သည်။
"မင်းအတွက် ဟေဇယ်က ဘာလဲ ကမာ။"

"ကျွန်တော့် မွေးစားညီလေးပါ။"

"မင်းသူ့ကိုချစ်သလား။"
ကမာ မဖြေ၀ံ့ပါ။ တင်တက်ရင်ကထပ်မေးလိုက်သည်။
"မင်းသူ့ကို ချစ်သလား။ အမှန်အတိုင်းဖြေပါ။"

"ဟုတ်ကဲ့။ ညီလေးလိုချစ်ပါတယ်။"

"သူ့ကို မော်ရင်ဆီပို့လိုက်ပါ။ မင်းဘေးမှာ ကိုယ်ထပ်မမြင်ချင်ဘူး။"

"အကိုကြီး။"

"ဟုတ်တယ်။ သူ့ကို နယ်နှင်ဒဏ်ပေးရမလား။ မော်ရင်ဆီပို့မလား။ ဒါပဲ ပြော.."
ကမာ သည် အကိုကြီး၏ စကားကြောင့် သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။
"အကိုလေး ဆီကို ပို့လိုက်ပါ့မယ်။"
ထိုအခါမှ တင်တက်ရင် စိတ်ကျေနပ်သွားသည်။ တကယ်တော့ ဟေဇယ်ကို မိမိက သတ်ပစ်ချင် နေတာ။ မော်ရင်က တားထားသောကြောင့် ဟေဇယ့်ကို မော်ရင်ထံသို့ပေးလိုက်ခြင်းဖြစ်သည်။
ကမာသည် ငြင်းမရသည့်အဆုံး ဟေဇယ်ကို အကိုလေးထံသို့ ပေးလိုက်ရသည်။ ဟေဇယ်သည် ငိုရှိုက်ရင်း ရထားလုံးထဲ ပါသွားသည်။

အိမ်ရှေ့မင်းစံအိမ်သို့ရောက်သော် ဟေဇယ်ကို အစေတော်များနေသည့် အခန်းတွင် နေစေသည်။ ဟေဇယ်သည် ငိုချင်သော်လည်း အောင့်ထားသည်။ အကိုလေး မှာထားသည့်အတိုင်း အ၀တ်စားလဲ ကာ လုပ်စ၇ာရှိသည်ကို သွက်လက်စွာလုပ်ကိုင်ပေးသည်။ လူက အိမ်ရှေ့မင်းစံအိမ်တွင်ရောက်နေ သော်လည်း စိတ်က အကိုလေးထံတွင်သာ ရောက်နေသည်။

အိမ်ရှေ့မိဖုရားဖိန်းဖိန်းသည် အစေတော်ကောင်လေး အသစ်ကို ကြည့်ရင်းစိတ်ထဲတွင် ရင်းနှီး နေသလို ခံစားနေရသည်။ ဘယ်သူနှင့်တူမှန်းမသိပေ။ သူ့ကို ကြည့်ပြီး ဒီပုံစံကို ရင်းရင်းနှီးနှီး သိနေ သလို စိတ်ထဲထင်နေမိသည်။ ဘေးစောင်းမျက်နှာလေးကို စိုက်ကြည့်နေမိစဉ် ရုတ်တရက်မျက်လွှာ ပင့်ကြည့်လာပုံကိုတွေ့တော့ ဖိန်းဖိန်းသွေးများအေးခဲသွားသလို ခံစားလိုက်ရသည်။

"ကျောက်မိန်..."
ဖိန်းဖိန်း၏ နူတ်မှ ယောင်ယမ်းကာရေရွတ်လိုက်မိသည်။ ဟုတ်ပါသည်။ ကျောက်မိန်အငယ်စားလေး ဖြစ်သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၆)-ပထမပိုင်း

"ကျောက်မိန်..."

ဖိန်းဖိန်း၏ နူတ်မှ ယောင်ယမ်းကာရေရွတ်လိုက်မိသည်။ ဟုတ်ပါသည်။ ကျောက်မိန်အငယ်စားလေး ဖြစ်သည်။ ဖိန်းဖိန်း ဘယ်တော့မှ မမေ့နိုင်သည့် မျက်နှာလေးပါ။ ငယ်စဉ်က ကျောက်မိန်နှင့်ဖိန်းဖိန်း အတူကစားနေကျဖြစ်သည်။ ကျောက်မိန်ငယ်စဉ်က ဘယ်တော့မှ မိန်းကလေးလိုမ၀တ်ပါ။

ယောက်ျားလေးအ၀တ်အစားနှင့်အင်မတန်ကိုချစ်စရာကောင်းလွန်းလှသူလေးဖြစ်သည်။ ကျောက်မိန် ငယ်စဉ်က အင်မတန်ကိုထက်သည်။ သွက်သည်။ ယောကျာ်းလေးများနှင့် အပြိုင် နဘမ်းပင် ကစား သူလေးဖြစ်သည်။သူ့ဖခင်ကြီးကလည်းကျောက်မိန်ကိုအလိုလိုက်ထားသည်။ အကိုတော် တေးဟာခန် က မိန်းမမဆန်သော ကျောက်မိန်ကို တွေ့ကာချစ်သွားခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း ပြော ရလျှင် အကိုတေးဟာခန်ရဲ့ ညီတော်ကလည်း ကြိုက်သည်။ ကျောက်မိန်က အကိုတော်ကို ရွေးခဲ့လို့ သူတို့လက်ဆက်ခဲ့ကြသည်။

အင်မတန်ရှုပ်ထွေးသော နန်းတွင်းရေးတွင် ကျောက်မိန်၏ အစွမ်းကြောင့် အကိုတော် ထီးနန်းကို ဆက်ခံခဲ့ရသည်ဟု ပြောလျှင် လွန်မည်မထင်ပါ။ အကိုတော် တေးဟာခန်နှင့်ပြိုင်ဖက် မင်းသားကြီး တစ်ပါးကို မာယာသုံးပြီး ကျောက်မိန်က ဖြုတ်ချခဲ့သည်။ အကိုတော်တေးဟာခန်၏ ညီတော်က လည်း ကျောက်မိန်ကိုချစ်သောသူဖြစ်လို့ သူ့ကိုလည်း ကျောက်မိန်က တဖက်လှည့်နှင့် ချွေးသိပ်ကာ နန်းဆက်မင်းသားနေရာကို အကိုတော် တေးဟာခန် ရအောင်လုပ်နိုင်ခဲ့သည်။

သို့သော် အကိုတော် နန်းတက်ပြီး မင်းကြီးဖြစ်တော့ ကျောက်မိန်ပြောင်းလဲသွားသည်။ အကိုတော် လက်ဆက်ထားသော မိဖုရားများကို ရန်ရှာတော့သည်။ မိဖု၇ားများစွာ ကျောက်မိန်လက်ချက်နှင့် အသက်ဆုံးခဲ့ရသည်။ အကိုတော်က ကျောက်မိန်ကို ချစ်သောကြောင့် သည်းခံခဲ့ပါသည်။ နောက်ဆုံး ကမာ့ကို လုပ်ကြံမိတော့ ကျောက်မိန်ကို လွှတ်တော်တင်ကာ ပြစ်ဒဏ် စီရင်စေခဲ့သည်။

ယခု ဘယ်လိုလုပ်ပြီး ချူးချူးကို ကမာ ကယ်တင်ထားပါလိမ့်ဟု တွေးကာရင်မောမိသည်။ချူးချူး အသက်ရှင်နေကြောင်းသာ တင်တက်ရင်သိလျှင် သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။ဖိန်းဖိန်း သည် တူမတော် ချူးချူးလေးကို သနားလည်းသနား၊တင်တက်ရင်သိမှာလည်း ကြောက်နေမိသည်။ ချူးချူးအတိတ်မေ့နေသည်ကို ဖိန်းဖိန်းမသိပေ။ ထို့ကြောင့် အသာငြိမ်ကာ အကဲခတ်နေသည်။

ဟေဇယ်သည် အိမ်ရှေ့မင်းအိမ်တော်တွင် အလုပ်များကို ကြိုးစားလုပ်သည်။ အိမ်ရှေ့မင်းက ဟေဇယ်ကို အရမ်းပင်ပန်းသည်ကိုတော့ မခိုင်းပါ။ ဟေဇယ်၏ ရုပ်ရည်သန့်ပြန့်မှု။အကင်းပါးမှု ကြောင့် မကြာခင် အိမ်ရှေ့မင်းလက်စွဲတော်ဖြစ်လာသည်။ အိမ်တော်တွင် အိမ်ရှေ့မိဖုရား၏ အုပ်ချုပ်မှုကောင်းသဖြင့် ကြီးနိုင်ငယ်ညှင်းလည်း မရှိပေ။ အစားအသောက်လည်း ကောင်းသည်။

တနေ့ အိမ်ရှေ့မင်းကလက်ဆောင်ပို့ခိုင်းသောကြောင့် မိဖုရားထံသို့ သွားပို့စဉ် မိဖုရားက ငေးစိုက်ကြည့်နေသဖြင့် ဟေဇယ် စိတ်ထဲမလုံသလိုခံစားရသည်။ဘာလို့ကြည့်ပါလိမ့်ဟု တွေးနေမိသည်။ မိဖုရား၏ မျက်ဝန်းထဲတွင် ကြင်နာရိပ်ကို တွေ့လိုက်သောအခါ ရင်ထဲလှိုက်ခနဲ ဖြစ်သွားသေးသည်။

"မင်း နာမည် ဘယ်လိုခေါ်သလဲ"

"ဟေဇယ် ပါ သခင်မ"

"သြော်။ မင်း မှာ တခြားနာမည်ရှိသေးလား။"

"မရှိပါဘူး သခင်မ။"

ထိုစဉ် တင်မော်ရင် အခန်းထဲဝင်လာသဖြင့် တစွန်းတစကြားသွားသည်။ ဖိန်းဖိန်း အစေတော် ကောင်လေးကို စိတ်ဝင်စားစွာမေးနေသည်က ထူးခြားသဖြင့် အသာလေး မသိဟန်ဆောင် နေ လိုက်သည်။ ဖိန်းဖိန်းက အပိုတွေ လုပ်တတ်သူမဟုတ်ပေ။သူမ မေးကတည်းက တခုခု ထူးခြားမှု ရှိမည်ဟု တွေးကာ ဟေဇယ့်နောက်ကြောင်းကို လိုက်ခိုင်းလိုက်သည်။

ဟေဇယ်၏ နောက်ကြောင်းက ပျောက်နေသည်။ ထို့ကြောင့် သေချာလိုက်ရန် အမိန့်ပေးထားသည်။ ဒါဆို နောင်တော်သံသယ၀င်သလို ဟေဇယ်နှင့်ကမာက ထူးခြားသော ဆက်သွယ်မှုရှိရမည်။
ဖိန်းဖိန်းသည် ဟေဇယ့်ကို မိမိခင်ပွန်းလိုက်စုံစမ်းနေသည်ကို မသိပဲ သူလေးကို အနားခေါ်ကာ စကား စမြည်ပြောရင်းတီးခေါက်ကြည့်သည်။ ဟေဇယ်က ဘာကိုမှ မမှတ်မိသည်ကို သိလိုက်ရသည်။ ဟေဇယ်သိသည်က ကမာ့အိမ်တော်တွင် နိုးထလာသည့်အကြောင်းသာဖြစ်သည်။ ဒါဆို ဟေဇယ် က ချူးချူးဖြစ်ဖို့ သေချာသွားလေပြီ။

တင်မော်ရင်လည်း ဟေဇယ့်နောက်ကြောင်းကို သံသယရှိသည်။ ကမာ နောင်တော့်ကို လက်တလုံး ခြား ဘာလုပ်ထားသလဲဟု တွေးလိုက်မိသည်။ နောင်တော့်ကို အကောက်ကြံမည်တော့ မဟုတ်။ ဒါပေမယ့် နောင်တော် ခွင့်မပြုမည့် အရာကို တော့လုပ်ထားမိလေပြီ။

ကမာသည် အကိုလေး အိမ်တော်ကို ဟေဇယ့်ကို ပေးလိုက်ရကတည်းက စိတ်ပူကာ နေလို့ သိပ် မကောင်းပေ။ ညတိုင်း ဆေးကြောင့်အိပ်ပျော်သော်လည်း ဟေဇယ့်ကို ယောင်ယမ်းနေမိ သဖြင့် တင်တက်ရင် စိတ်ပူလာရသည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now