မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၁၅)

5.8K 399 2
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၅)

"မင်းကြီး ခွင့်ပြုတော်မူပါ။ မင်းကြီးအတွက် စားစရာ သွားစီစဉ်လိုက်ပါ့မယ်။"
တေးဟာခန်က လှည့်မကြည့်ပဲ လက်သာယမ်းပြလိုက်သည်။ကမာသည် အကိုနှစ်ယောက် ထွက်သွားမှ မင်းကြီးကို တောင်းပန်ဟန်ကြည့်ကာ
"မင်းကြီးရဲ့ စေတနာကို လေးစားပါတယ် အရှင်။ ဒါပေမယ့် ကျွန်တော်မျိုးနေကောင်းတဲ့အထိ အိမ်မှာနေပါရစေ။ ကျွန်တော် အိမ်မှာပဲ နေချင်လို့ပါ။"
တေးဟာခန် မျက်နှာမကောင်း.ပေ။
"မင်းကို ကိုယ်တော် ဘာမှမလုပ်ပါဘူးကွယ်။ ကိုယ်တော့် မျက်စိရှေ့မှာ ထားချင်လို့ပါ။ မင်းနေမကောင်းသရွေ့ မထိနဲ့ဆိုလည်းမထိပါဘုး။ "
တေးဟာခန်၏ စကားကြောင့်ကမာ မင်းကြီးကို သနားသွားသည်။ မင်းကြီး၏ အချစ်ကို လေးစား ပါသည်။ အသိအမှတ်ပြုပါသည်။ သို့သော် မိမိက နန်းတော်ထဲမှာမနေချင်ပါ။ ထို့ကြောင့် မင်းကြီးကို ချော့လိုက်သည်။

"မင်းကြီး ကမာ့ကို တကယ်ချစ်ရင် ဒီတခုကို လိုက်လျောပေးပါ။"
တေးဟာခန်သည် ခြောက်သွေ့နေသော ကမာ့နူတ်ခမ်းလေးကို အသာနမ်းရှိုက်ကာ
"ကိုယ်တော့်ဘေးမှ မနေချင်လို့လား ကမာလေး.."

"ကျွန်တော်မျိုးကြောင့် မင်းကြီးစိတ်ဖြောင့်ဖြောင့်နဲ့ တိုင်းပြည်အရေးမဆောင်ရွက်နိုင်မှာ စိုးလို့ပါ။ ခွင့်လွှတ်ပါ အရှင်။ ကျွန်တော်မျိုးကို အိမ်မှာ နေခွင့်ပြုပေးပါနော်။"
တေးဟာခန်သည် မျက်နှာငယ်လေးဖြင့်တောင်းပန်နေသော ကမာကို ကြည့်ကာစိတ်ကိုထိန်း လိုက်သည်။ချစ်သူလေးကို အတင်းအကျပ်မတောင်းဆိုရက်တော့ပေ။

"ကောင်းပါပြီ။ ဒါပေမယ့် ကိုယ်တော် ညတိုင်းကမာ့ကို လာကြည့်မယ်နော်...."
ကမာ ခေါင်းငြိမ့်လိုက်ရတော့သည်။ အနည်းဆုံးအိမ်တွင် နေခွင့်ရပြီမဟုတ်လား။
တေးဟာခန် ကပိန်ကျသွားသောကမာ၏ ကိုယ်လေးကို သနားကြင်နာစွာဖက်ထားမိသည်။
မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၂)
မင်းကြီး တေးဟာခန်သည် နန်းတော်သို့ပြန်လာပြီးနောက် လျှို့ဝှက်တပ်ဖွဲ့မှတပ်မှုးကြီးကို ခေါ်လိုက် ကာ အမိန့်ပေးလိုက်သည်။
"စစ်သူကြီးရဲ့ အိမ်ပတ်လည်ကို ကင်းပုန်းချထား။ ကမာကို ထပ်ပြီးထိခိုက်တာ မကြားချင်ဘူး။ ပြီးတော့ အခု နောက်ကွယ်က တရားခံကို တွေ့ပြီလား။"

"တွေ့ပါပြီ မင်းကြီး။ အဲ့ဒီကုန်လှောင်ရုံက ကျောက်မိဖုရားရဲ့ ဦးလေးပိုင်တဲ့ကုန်လှောင်ရုံပါ။ သူ့ကို ဖမ်းဖို့လွှတ်လိုက်ပါပြီ။"
တေးဟာခန်ခက်ထန်စွာပြောလိုက်သည်။
"ဖမ်းပြီး အမှန်ပေါ်အောင်စစ်။"
"မှန်လှပါ.."
တပ်မှုးက အရိုအသေပေးကာ ထွက်သွားသည်။ မိမိတပ်သို့ရောက်သော် လျှို့ဝှက်စစ်တပ်မှ ရဲမတ် ကိုလွှတ်ကာ ဖမ်းခိုင်းလိုက်သည်။
ကျောက်အမတ်ကြီးသည် မိမိကုန်လှောင်ရုံမှ ကမာလွတ်သွားသည်ဟု သိကတည်းက အမြန်ခြေရာ ဖျောက်ကာ နယ်စပ်သို့ထွက်လာခဲ့သည်။ နယ်စပ်သို့ရောက်ရန် တညအိပ်ခရီးသာလိုတော့ချိန်တွင် မိမိစီးလာသော မြင်းလှည်းရပ်သွားသဖြင့် အမတ်ကြီးက ဒေါသဖြင့် အော်လိုက်သည်။.
"ဘာကြောင့် လှည်းကို ရပ်လိုက်တာလဲ။"
အပြင်မှ ဖြေသံမကြားသဖြင့် အမတ်ကြီးခေါင်းပြူကြည့်လိုက်စဉ် လရောင်အောက်တွင် အနက်ရောင် ကျားသစ်နက်ပုံရေးထိုးထားသော လျှို့ဝှက်စစ်တပ်မှ တပ်သားများကို တွေ့လိုက်ရစဉ် ကျောထဲမှ စိမ့်တက်လာသည်။
"သေချင်လို့ငါလို အမတ်ကြီးရဲ့ ရထားကို တားရဲသလား.."
ရဲမတ်များက သရဲများလို နားမကြားသူပမာ ပြန်မဖြေပဲ အမတ်ကြီးထံမြင်းဖြင့် ကပ်လာပြီး ဓါးကို ၀င့်ကာ ခုတ်လိုက်သည်။ အမတ်ကြီး မျက်လုံးကို မှိတ်လိုက်စဉ် ခေါင်းပေါ်မှ ဆံထုံး ဓါးချက်ဖြင့် ပြတ်ကာ အောက်ပြုတ်ကျသွားသည်။

"မင်း...မင်း....ငါ မိဖုရားခေါင်ရဲ့ ဦးရီးတော်ကွ..."
ထိုစကားက အမတ်ကြီး၏ နောက်ဆုံးစကားဖြစ်သည်။. ရထားပေါ်မှ ကြမ်းတမ်းစွာဆွဲချခံ လိုက်ရင်္ပြး သတိမေ့အောင် အရိုက်ခံလိုက်ရသည်။ သတိမမေ့ခင် အမတ်ကြီးသည် တူမတော်ကို အမြန်လာ ကယ်တော့မျှော်လင့်လိုက်မိသည်။
ကမာသည် တဖြည်းဖြည်းနှင့်အားရှိလာခဲ့သည်။ မင်းကြီးက ညတိုင်းကမာ့ထံသို့ လာခဲ့သည်။ ထိုအခါတိုင်း ကမာ အကိုတွေကို မျက်နှာပူရသည်ကလွဲရင် အိမ်တွင်နားရလို့ ၀မ်းသာနေသည်။ နန်းတွင်းတွင် ကျောက်အမတ်ကြီး တအိမ်လုံးအဖမ်းခံရသည့် အတွက် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကမာမသိပေ။
တင်တက်ရင်တို့လည်း မင်းကြီး၏ ပြင်းထန်သောလုပ်ရပ်ကြောင့် စိတ်မသက်မသာတော့ ဖြစ်မိသည်။ ယခု မင်းကြီးက ကျောက်အမတ်ကြီးတို့ တအိမ်လုံးကို သေဒဏ်ချလိုက်သည် မဟုတ်လား။ ပြစ်မှုက နိုင်ငံတော်ပုန်ကန်မှု။ ကျောက်မိန်သည် မိမိဥိးလေးကို ဒီလောက်ပြင်းထန်စွာ အရေးယူမည်ဟု မထင်ထားခဲ့ပေ။

"မင်းကြီး အမှန်တရားပေါ်အောင် စစ်ဆေးပေးတော်မူပါ။ ဦးရီးတော်က မင်းကြီးအပေါ် သစ္စာရှိတဲ့ အမှုထမ်းတစ်ဦးပါ။ မတရားအကွက်ဆင်ခံရတာပါ မင်းကြီး.."

ကျောက်မိန်သည် မိမိဦးရီးတော်ကို သေဒဏ်ပေးသဖြင့် မင်းကြီးအဆောင်ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေသည်။ မင်းကြီးကအဆောင်ထဲ အ၀င်မခံသဖြင့် အဆောင်ရှေ့တွင် တောင်းပန်နေခြင်း ဖြစ်သည်။

"သခင်မဘုရား....မင်းတရားကြီးက သခင်မကို ပြန်ခိုင်းနေပါတယ်..."
အတွင်းဝန်ကြီးက ထွက်ပြောလာသောအခါ မိဖုရားက ကရုပင်မစိုက်ပေ။ ဆက်လို့သာ အော်နေသည်။
"မင်းကြီး အမှုမှန်ပေါ်အောင် စစ်ပေးပါ။ မင်းကြိး မတရားခံရတာပါ။"

"ကျောက်မိန်..."
တေးဟာခန် အဆောင်ထဲမှထွက်လာပြီး မိဖုရားကို အသံပြတ်ဖြင့်ခေါ်လိုက်သည်။

"မောင်တော် မင်းကြီး...ကျွန်မ..."
မိဖုရား၏ စကားမဆုံးခင် မင်းကြီး ကမိန့်လိုက်သည်။

"မိဖုရားကြိးကို သူ့အဆောင်ထဲ ပိတ်ထားလိုက်ကြစမ်း။ ရာဇ၀တ်သားတွေကို သေဒဏ်ချပြီးမှ ထွက်စေ..."
တေးဟာခန်၏ အမိန့်သံအဆုံးတွင် ရဲမတ်များက မိဖုရားကို အတင်းမကာ သူမအဆောင်သို့ခေါ် သွား ကာ ပိတ်ထားလိုက်ကြသည်။
"မင်းကြီး...မင်းကြီး..."

တေးဟာခန်သည် အတွင်းဝန်ကြီးဘက်လှည့်ကာ
"အားလုံးကို တောင်စွယ်နေကွယ်ရင် သတ်လိုက်။ ပြီးရင် သူတို့ခေါင်းတွေကို မြို့တံခါးဝမှာ ချိတ်ထားလိုက်.."

"မှန်လှပါ မင်းကြီး"
အတွင်းဝန်ကြီးသည် အင်မတန်ကို စိတ်ခက်ထန်နေသော မင်းကြီးကြောင့် ထိတ်လန့်သွားသည်။ ချက်ချင်း ရာဝတ်စီရင်ရေးရုံးသို့ မင်းကြီးအမိန့်ကို ထုတ်ပြန်ရန် ထွက်လာခဲ့သည်။

မိဖုရားခေါင်ကြီးသည် မိမိအပျိုတော်ကို မယ်တော်ကြီးထံစေလွှတ်ပြီး အကူအညီတောင်းစေသည်။
မယ်တော်ကြီးသည် သားတော်၏ ရက်စက်သော အမိန့်ကြောင့် ချက်ချင်းကြွချီလာခဲ့သည်။

"သားတော်.."

"မယ်တော်...ကျောက်မိန်လွှတ်လိုက်လို့ လာတာဆိုရင် အလကားပဲ မယ်တော်။ သားတော်ရဲ့ အလုပ် ကိုမယ်မယ် ၀င်မပါပါနဲ့..."
မယ်တော်ကြိးသည် အေးစက်သောမျက်ဝန်းဖြင့် ပြောလာသော သားတော်ကြောင့် သားတော် အရမ်းစိတ်ဆိုးနေသည်ကို သိလိုက်သည်။

"သားတော်... မင်းလုပ်ရပ်ကို ပြန်ကြည့်ဦး။မင်းရဲ့ အချစ်တော် အမှုထမ်းကို ဖမ်းလို့ အမတ်ကြီး တစ်မိသားစုလုံးကို ခေါင်းဖြတ်သတ်တာ အရမ်းလွန်နေပြီ။ အပြစ်မရှိတဲ့ အိမ်သားတွေကို ပြန်လွှတ် ပေးလိုက်ပါ။"

"သားတော်မြတ်နိုးတဲ့သူကို ထိတာ သားတော်ကို ထိတာနဲ့ အတူတူပဲ မယ်တော်။ "
တေးဟာခန် အေးစက်စွာပြောကာ မယ်တော်ကို တောင်းပန်လိုက်သည်။

"သားတော်ကို ဒီတစ်ချက်တော့ ခွင့်လွှတ်ပါ။ ဒီအိမ်သားကို မသတ်ရရင် သားတော် စိတ်ထဲ လုံးဝ ဒေါသပြေမှာမဟုတ်ဘူး။ "
မယ်တော်ကြီးသည် အငြိုးအတေးကြီးလှသော သားတော် အကြောင်းကို သိသူပီပီ သက်ပြင်းသာ ရျိုက်လိုက်မိသည်။ ဒီလိုပုံနှင့်ဆိုလျှင် သားတော်က ရာဇ၀င်တွင်သည့် မင်းဆိုးတစ်ပါးဖြစ်ေတာ့မည်။ မယ်တော်ကြီးက သားတော်ကို ပြောမရသည့်အဆုံး သားတော်ကို ဖြောင့်ဖြနိုင်မည့်သူကို သတိရ သွား သည်။

မယ်တော်ကြီးသည် အမတ်တင်မော်ရင်ကို ချက်ချင်းအခေါ်လွှတ်လိုက်သည်။
"ကျွန်တော်မျိုးရောက်ပါပြီ မယ်တော်ကြီး။"

"မင်းးကြီး အခု သေဒဏ်ချတာကို သွားတားပါ။"

"မယ်တော်ကြီး မင်းကြီး ကို ကျွန်တော်မျိုးတို့ ညီအစ်ကို တားပါတယ်။ မင်းကြီးက စကားအစကို မခံတာပါ။"

"မင်းညီတော်ကို လွှတ်ပြီး တားခိုင်းလိုက်။"

"မယ်တော်ကြီး ကမာတားလည်းရမှာမဟုတ်ဘူး။"

"အခု မင်းကြီးကို ကမာတားနိုင်ရင် ကမာကို နယ်စပ်ထိရောက်အောင်ပို့ပေးဖို့ မယ်တော်ကြီး တာဝန်ယူတယ်။"

"မယ်တော်ကြီး... မင်းကြီးရဲ့ လျှို့ဝှက်စစ်တပ်က ကမာကို စောင့်ကြည့်နေပါတယ်။"

မယ်တော်ကြီးက ဒေါသဖြင့် ငေါက်လိုက်သည်။
"လျှို့ဝှက်စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ တံဆိပ်က မယ်တော်ကြီးဆီမှာလည်း ရှိတယ်ဆိုတာ မင်းမသိတာလား။"

မယ်တော်ကြီး၏ စကားကြောင့် တင်မော်ရင် တွေဝေသွားစဉ် မယ်တော်ကြီး ပြလိုက်သည့် တံဆိပ်ကြောင့် ချက်ချင်းလက်ခံလိုက်သည်။

"အမိန့်အတိုင်းပါ မယ်တော်ကြီး။ ကျွန်တော်မျိုးကမာကို မင်းကြီးဆီခေါ်လာပါ့မယ်။"

တေးဟာခန်သည် မိမိအဆောင်တွင် အရက်သောက်ကာ ခေါင်းဖြတ်သတ်မည့်အချိန်ကို စောင့်နေစဉ်
"အရှင်မင်းကြီး အပါးတော်မြဲ ကမာအာဇမန် တွေ့ခွင့်တောင်းနေပါတယ် အရှင်..."

တေးဟာခန်သည် ကမာ၏ အသံကို ကြားသော် ချက်ချင်းမိန့်လိုက်သည်။

"၀င်စေ.."
ကမာ မင်းကြီးရှေ့တွင် ဒူးထောက်အ့ရိုအသေပြုလိုက်စဉ် မင်းကြီးက ချက်ချင်းထူမပေးကာ မေးလိုက်သည်။
"ဘာကြောင့် အခစားဝင်တာလဲ ကမာလေး။ "

ကမာသည် မင်းကြီးကို တောင်းပန်လိုက်သည်။

"မင်းကြီး ကျောက်အမတ်ရဲ့ အိမ်သား၂၅ ယောက်ကိုသေဒဏ်က ကင်းလွတ်ခွင့် ပေးတော်မူပါ။ "

တေးဟာခန်က ကမာကို ဖက်ကာ ပြောလိုက်သည်။
"မင်းကို အစာငတ်သေအောင် ဖမ်းထားလို့ ကိုယ်တော် လုံးဝမကျေနပ်ဘူး။ မင်းအစားလက်တုန့်ပြန် ပေးနေတာ မင်းကဘာလို့ အဲ့ဒီလူယုတ်မာတွေအတွက်လာတောင်းပန်ပေးနေရတာလဲ။ ကိုယ်တော် ခွင့်လွှတ်မပေးနိုင်ဘူး။"

ကမာသည် မင်းကြီးကို နှစ်သိမ့်လိုက်သည်။
"ကျွန်တော်မျိုးကိုချစ်လို့ မင်းကြီးလက်တုန့်ပြန်တာကို သိပါတယ် ။ မင်းကြီးရဲ့ အချစ်အတွက် ကျွန်တော်မျိုး ကြည်နူးမိပါတယ် မင်းကြီး။ ဒါပေမယ့် ကျွန်တော်မျိုးကြောင့် မင်းကြီးက ရာဇ၀င်မှာ လူသတ်ဘုရင်အဖြစ် နာမည်ဆိုးတွင်သွားမှာကို ကျွန်တော်မျိုး မကြည့်နိုင်ပါဘူးအရှင်မင်းကြီး။ ကျွန်တော်မျိုးက မင်းကြီးကို တိုင်းသူပြည်သားမျာအတွက် စံပြ အကြင်နာတရားကြီးမားတဲ့ ဘုရင်တစ်ပါး ဖြစ်စေချင်လို့ပါ။"

တေးဟာခန်သည် ကမာ၏စကားကို ကြားသော် တွေဝေသွားသည်။ ကမာ၏ မေးလေးကို ပင့်မကာ မျက်လုံးထဲ စေ့စေ့ကြည့်ကာ မေးလိုက်သည်။
"ဘာလို့ ကိုယ်တော်ကို လာဖျောင့်ဖျရတာလဲ ကမာလေး.။ မင်းကို မယ်တော်ကြီးလွှတ်လိုက်လို့ လား။"

ကမာ သူ့ကိုမော့ကြည့်ကာ
"ကျွန်တော်မျိုးကို မယ်တော်ကြီးမလွှတ်လည်း လာမှာပါ မင်းကြီး။ ကျွန်တော်မျိုးကို ဒီလိုဖမ်းဆီး နှိပ်စက်သူကို ဒေါသထွက်ပေမယ့် အပြစ်မရှိတဲ့ မိန်းမ၊ကလေးနဲ့ အစေခံတွေ အသတ်ခံရမှာကို ကျွန်တော်မျိုး ကြည့်မနေနိင်ပါဘူး။ မင်းကြီး ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ။ ကျွန်တော်မျိုး ကြောင့် ဒီလို ဖြစ်ရတာပါ။"

ကမာပြောပြီး ဒူးထောက်ကာ အပြစ်ပေးရန်ပြောနေသဖြင့် တေးဟာခန် အတင်းဆွဲထူကာ
"ထပါ။ ကမာကို ကိုယ်တော် အပြစ်မတင်ပါဘူး။"

"ဒါဆို မင်းကြီး အိမ်သားတွေကို ချမ်းသာခွင့်ပေးတော်မူပါနော်။ မင်းကြီး သူတို့ကို သတ်လိုက်ရင် ကျွန်တော်မျိုး ညအိပ်လို့ပျော်မှာ မဟုတ်တော့ဘူး။"
ကမာ တကယ် ကလေးများကို သနားသောကြောင့် မျက်ရည်အ၀ဲသားနှင့်ပြောလိုက်သည်။ မိမိတို့ နှင်းမြို့တော်သားများ အသတ်ခံရသည်ကို ပြန်သတိရပြီး ငိုချင်လာခဲ့သည်။
တေးဟာခန်သည် ကမာမျက်ရည်ကျသည်ကို တွေ့တော့ စိတ်ပျော့သွားတော့သည်။

"ကမာလေး မငိုပါနဲ့ကွယ်။ ကမာလေး ကို ကိုယ်တော်မျက်ရည်ကျအောင် ဒီလိုလုပ်တာမဟုတ်ပါ ဘူး။"

ကမာသည် မင်းကြီး ၏ ရင်ခွင်ထဲတိုးဝင်ကာ တောင်းပန်လိုက်ပြန်သည်။
"ဒါဆို အမတ်ကြီးရဲ့ အိမ်သားတွေကို အသက်ချမ်းသာပေးတော်မူပါ။"

တေးဟာခန်က ကမာပါးပေါ်က မျက်ရည်စက်ကို မြင်သော် စိတ်မတင်းထားနိုင်တော့ပဲ ခေါင်းငြိမ့် လိုက် တော့သည်။

"တိတ်ပါ ကမာလေးရယ်။ ကိုယ်တော် သူတို့ကို မသတ်တော့ပါဘူး။ သူတို့အားလုံးကို ကျွန်အဖြစ် ထားမယ်။ ကမာ့ကို လက်ဆောင်ပေးမယ်။ သူတို့ကို ကမာ ကြိုက်သလို စီမံလို့ရတယ်။"

ကမာသည် မင်းကြီး၏ လိုက်လျောမှုကြောင့် စိတ်သက်သာရာရသွားတော့သည်။ တော်သေးသည်။ မိမိမင်းကြ၊ီးကို အသနားမခံနိုင်လျှင် မယ်တော်ကြီးက မိမိကို ကယ်နိုင်မည်မဟုတ်ပေ။

"ကဲ ကမာလေး ကျေနပ်ပြီလား။"
ကမာခေါင်းငြိမ့်လိုက်စဉ် မင်းကြိးက ကမာကို သလွန်ပေါ်ပွေ့ချီသွားတော့သည်။ ကမာ မင်းကြီး
ကျေနပ်အောင် လိုက်လျောရပြန်သည်။ ဒီတခါတော့ ကမာစိတ်ပါလက်ပါ ပြုစုပေးလိုက်ပါသည်။ ဘာပဲပြောပြောမင်းကြီးက မိမိတောင်းပန်သည့်အတိုင်း လူ့အသက်ကို ချမ်းသာပေးလိုက်သည် မဟုတ်လား။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now