မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၂၁)

5.5K 380 18
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၁)

"အကိုကြီး တင်တက်ရင်က ကမာ့ကို မိဖုရားလို့ခေါ်ခဲ့တယ် မင်းကြီး။ ကမာ့ကို အရင်လို မချစ်တော့ ဘူး။ အရမ်းစိမ်းကားသွားတယ်။"
ကမာ ဘာရယ်မဟုတ် ခံစားနေရသည်ကို မင်းကြီးကို ရင်ဖွင့်လိုက်သည်။
တေးဟာခန်သည် ကမာ့စကားကို ကြားမှ သက်ပြင်းချလိုက်မိသည်။ တော်သေးသည်။ စစ်သူကြီးက ဆင်ခြင်နိုင်လို့ပါလား။ ကမာလေးက အင်မတန်ကို ရိုးသားတော့ သူ့အကို သူ့အပေါ်စိမ်းကားသည် ကိုမခံစားနိုင်ဖြစ်သွားသည်။

တေးဟာခန်က ကမာလေးကို ပွေ့ဖက်ကာနှစ်သိမ့်လိုက်သည်။

"ကမာလေးရယ်... စစ်သူကြီးက မှန်တာကို ပြောနေတာပဲလေ။ ကမာက သူတို့ညီဖြစ်ပေမယ့် မိဖုရားဖြစ်နေပြီဆိုတော့ အရင်လို ဘယ်ဆက်ဆံလို့ရတော့မှာလဲ။ စစ်သူကြီးက ကမာကို ချစ်ပါတယ်။ ဒါတွေက နန်းတွင်းစည်းကမ်းအရမို့ပါ။ "

ကမာသည် မင်းကြီး ရင်ခွင်မှ ရုန်းထွက်ကာ ပြောလိုက်သည်။

"မင်းကြီး... ကမာ့ကို ခွင့်လွှတ်ပါနော်။ ကမာလေး အကိုတော်တွေကို တွေ့ရင် မိဖုရားဘ၀ကို မေ့မေ့သွားတယ်။ ကမာ မင်းကြီးအမိန့်တွေကို တမင်ချိုးဖောက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အကိုကြီးတွေက ကမာကို ဒီလို ဆက်ဆံတာတွေကို မခံစားနိုင်လို့ပါ။ ကမာ့ဘ၀က နန်းတွင်းထဲ
မှာမင်းကြီးကလွဲရင် ယုံကြည်ရသူမရှိဘူး။ အကိုလေးကလည်း သူ့အလုပ်တွေနဲ့သူရှုပ်နေတယ်။ အကိုကြီးကလည်း တခါတလေမှ ပြန်လာတယ်။ "

ပြောရင်းကမာ မျက်ရည်သုတ်လိုက်သည်။ ကမာလေး မျက်ရည်ကျတော့ တေးဟာခန်လည်း စိတ်တော့မကောင်းပါ။

"ပြန်လာတော့ အကိုကြီးက ကမာ့ကို အရင်လို မဆက်ဆံဘူး။ တော်ပြီ။ ကမာ အကိုကြီးတို့အိမ်ကို မသွားတော့ဘူး။ နန်းတော်ထဲမှာပဲ နေတော့မယ်။မင်းကြိီးဘေးမှာပဲ အဖော်ပြုတော့မယ်။"

တေးဟာခန် ကြိတ်ကာကျေနပ်သွားသည်။ ကမာကို မိမိဘေးတွင်ပဲ နေစေချင်သူမဟုတ်လား။
ကမာ မင်းကြီးနှင့်အတူ အဆောင်ထဲသို့ဝင်လာခဲ့သည်။ ရေချိုးရင်း ကမာထပ်ငိုမိသေးသည်။ အကိုကြီးက မိဖုရားအ၀တ်အစားနှင့် မိမိကို စိမ်းစိမ်းကြည့်နေပုံက မိမိကို အထင်သေးနေပုံရသည်။ ကမာ မျက်ရည်သုတ်ကာ ရေထဲ ငုံ့ကာ စိမ်နေလိုက်သည်။

မိမိအသက်ကိုကယ်လာကတည်းက မိမိသည် အကိုကြီအတွက် သေသည်အထိအလုပ်အကျွေးပြု မည်ဟုဆုံးဖြတ်ပြီးဖြစ်သည်။ မိဖုရားဘ၀တွင် မပျော်သော်လည်း မင်းကြီးကို ကျေနပ်အောင်ပြုစု ပေးလျှင် အကိုကြီးနှင့်အကိုလေးကို မင်းကြီးမျက်နှာသာပေးမည်ဟု တွေးကာ ဒီလမ်းကို အားတင်းကာ လျှောက်နေရခြင်းဖြစ်သည်။ ယခုတော့ အင်မတန်ကို ယောက်ျားပီသသည့် စစ်သူကြီး တင်တက်ရင်က မိန်းမအ၀တ်နှင့် မိမိကို ရွံမုန်းနေပြီးထင်သည်။

"အကိုကြီးရယ် ညီ့ကို မမုန်းလိုက်ပါနဲ့။ ညီက အကိုကြီးအတွက် အသက်ရှင်နေသူပါ။"
ကမာ ရေထဲ မည်မျှငုပ်နေမိသည် မသိတော့ လက်တစ်စုံက ဆွဲထူမှ သိတော့သည်။

"ကမာလေး...ဘာလုပ်တာလဲ။ သေသွားလိမ့်မယ်။"

တေးဟာခန်သည် ကမာကို ဆွဲထူကာ အလန့်တကြားမေးလိုက်သည်။ ကမာက မင်းကြီးကို နားမလည်သလို ပြန်ကြည့်ကာ
"မင်းကြီး ကမာ ရေငုပ်နေတာပါ။"

တေးဟာခန် နားလည်လိုက်ပါသည်။ ကမာလေး စိတ်ညစ်နေခြင်းဖြစ်သည်။

"တော်တော့။ ကမာကို ကိုယ်တော်စောင့်နေတာ။ လာ ညစာ အတူစားကြမယ်။"
ကမာ နာခံစွာဖြင့်ရေထဲမှတက်လာခဲ့သည်။ ရေတို့စိုလက်နေသော အသားအရေသည် သလင်းကျောက်လို ကြည်လင်နေသည်။ တေးဟာခန်သည် ကမာလေးကို တွဲကာ ခေါ်လာပြီး ၀တ်ရုံကို လွှမ်းပေးလိုက်ပြီး နဖူးလေးကို မြတ်မြတ်နိုးနိုးနမ်းကာ
"မြန်မြန်လာခဲ့နော်။"

ကမာ ခေါင်းငြိမ့်လိုက်သည်။ မင်းကြီး မိမိကို စိုးရိမ်သည်ကို သိပါသည်။ သို့သော် မိမိအတွေးထဲ လွမ်းမိုးနေသည်က စိမ်းကားသော အကြည့်နှင့်အကိုကြီးဖြစ်သည်။

"အကိုကြီး။ အကိုကြီး....ကမာ့ကို မမုန်းလိုက်ပါနဲ့။ ကမာက မိန်းမလိုဝတ်လို့ အကိုကြီးက မုန်းတာလား...."
ကမာ အိပ်ရင်းယောင်ယမ်းနေသံကိုကြားသော် တေးဟာခန် သက်ပြင်းရှိုက်ကာ ကမာလေးကို ဖက်ကာ အံကြိတ်လိုက်မိသည်။

"ကမာလေးရယ်။ တင်တက်ရင်က မင်းအပေါ်ဆက်ဆံရေး စိမ်းကားတာ ဒီလောက် စိတ်ဆင်းရဲနေရ သလားကွယ်။ ကိုယ်တော်အရှုံးပေးပါပြီ။ မင်းလေး စိတ်ဆင်းရဲရင်ကိုယ်တော် သေလုအောင် စိတ်ဆင်းရဲမိတယ်ကွယ်။ မင်းလေးကို စိတ်ချမ်းသာအောင် ထားပါ့မယ်ကွယ်။ "

ကမာကတော့ ဘာမှမသိပေ။ တေးဟာခန်၏ ရင်ခွင်ထဲတိုးဝင်ဖက်ကာ ပြန်ပြီး အိပ်မောကျသွား တော့သည်။

"မင်းကြီး...ကျွန်တော်မျိုးရောက်လာပါပြီ။"

တင်တက်ရင်သည် မင်းကြီးအဆောင်သို့အခစားဝင်ရင်းပြောလိုက်သည်။ စောစောစိးစီး မင်းကြီးထံမှ ဆင့်ခေါ်စာရောက်သောကြောင့် ဘာများလဲဟု အလန့်တကြားလေးလာခဲ့ခြင်းဖြစ်သည်။

"စစ်သူကြီးကို ကိုယ်တော် ကျေးဇူးတင်စကားပြောချင်လို့ပါ။ ကိုယ်တော်ကို လှပတဲ့ မိဖုရား ဆောင်
ကျဉ်းပေးခဲ့လို့ရော၊ ပြီးတော့ နယ်စပ်ဒေသကို အေးချမ်းအောင်လုပ်ပေးလို့ေ၇ာ ကိုယ်တော် သီးသန့်ခေါ်ပြီး ဆုလာဘ်ချီးမြှင့်တာပါ။"

တင်တက်ရင်က ဦးညွတ်ကာ ပြောလိုက်သည်။

"မင်းကြီးက တိုင်းပြည်ရဲ့ အရှင်သခင်ပါ။ ကျွန်တော်အပါအ၀င် လူအားလုံးကို မင်းကြီးပိုင်ပါတယ်။ မင်းကြီးရဲ့ အမှုတော်ကို ထမ်းရွက်ခွင့်ရတာ ကျွန်တော်မျိုးကံကောင်းလို့ပါ"

"စစ်သူကြီးရဲ့နှိမ့်ချတဲ့စိတ်ထားက ကိုယ်တော်ကို အားရကျေနပ်စေတယ်။ ကိုယ်တော် တစ်ခု တောင်းဆိုချင်တယ်။ မိဖုရားက စစ်သူကြီးကို အရမ်းခင်တွယ်တယ်။ မိဖုရားကို စစ်သူကြီး ယခင်လိုပဲ လိုက်လျောဆက်ဆံပေးပါ။ "

"မင်းကြီး ယခင်လို ဆက်ဆံလို့ မဖြစ်နိုင်တော့ပါ။ မိဖုရားတစ်ပါး ကို ထိုက်သင့်တဲ့ ရိုသေမှုပေးရမှာ ဖြစ်ပါတယ်။"
တင်တက်ရင်က ငြင်းလိုက်သည်။ တေးဟာခန် စိတ်မရှည်တော့ပေ။

"ကိုယ်တော့ အမိန့်ပဲ စစ်သူကြီး။ ကမာကို ယခင်လိုပဲ ဆက်ဆံစေ။"

"အမိန့်တော်မြတ်အတိုင်းပါ မင်းကြိး။"

တင်တက်ရင် မတတ်သာပဲ ကတိပေးလိုက်ရတော့သည်။

"ညနေ ကမာ မင်းတို့အိမ်ကို လာလိမ့်မယ်။ သူ့ကို အရင်လိုပဲ ဆက်ဆံပေးပါ။"

"အမိန့်တော်မြတ်အတိုင်းပါ မင်းကြီး။"

တင်တက်ရင် ပြန်ဖြေလိုက်ရတော့်သည်။

တေးဟာခန်သည် အဆောင်ပြတင်းဝတွင် ငေးငိုင်နေသောကမာလေးကို အနောက်မှ သိုင်းဖက်ကာ ပြောလိုက်သည်။

"ကမာလေး ညနေ တင်မော်ရင်တို့ဆီသွားချင်သွားလေ."

ကမာ ငြင်းလိုက်သည်။

"မသွားတော့ဘူး မင်းကြီး။"

"ကိုယ်တော် မင်းကို သွားခွင့်ပြုတယ်။ ယောကျာ်းလေးလို ၀တ်သွားလေ။"

ကမာ ဆတ်ခနဲဖြစ်သွားသည်။ မင်းကြီးကို မော့ကြည့်ကာ ၀မ်းသာအားရလေး မေးလိုက်သည်။
"မင်းကြီး တကယ်လား။ ယောကျာ်းလေးလို ၀တ်လို့ရလား။"

ကမာလေး၏ အရမ်းကို ပြုံးရွင်သွားပုံလေးက နန်းတော်ထဲကို ရောက်ပြီးကတည်းက ပထမဆုံးဖြင်ဖူး ခြင်းဖြစ်သည်။ တေးဟာခန်သည် ကမာ၏ အပြုံးလေးကို မက်မက်မောမောလေး ငေးကာ ခေါင်းငြိမ့် လိုက်သည်။

"ကမာလေးတို့ ညီအစ်ကို တွေ အရင်လို ပြန်ပြီးပြောဆိုဆက်ဆံဖို့ ကိုယ်တော် အမိန့်ထုတ်ထားပါပြီ။ "

ကမာ အရမ်းကို ပျော်သွားပြီး မင်းကြိးကို ဖက်ကာ ပြောလိုက်သည်။.

"မင်းကြီး ကျေးဇူးတင်ပါတယ်.. မင်းကြီး"

တေးဟာခန်သည် ကမာလေးကို ဖက်ကာ နမ်းလိုက်ပြီး ပြောလိုက်သည်။

"ကမာ ပျော်မယ်ဆိုရင် ကိုယ်တော် ဘာမဆို လိုက်လျောနိုင်ပါတယ်။ ကိုယ်တော့်ဘေးကနေ နေပေးမယ်ဆိုရင် အရာအားလုံးက ကမာ့စိတ်တိုင်းကျဖြစ်ရစေမယ်။"

ကမာ ပြုံးကာ မင်းကြီး ပါးကို နမ်းလိုက်ပြီး ပြောလိုက်သည်။

"မင်းကြီးက တကယ်ကို ကြင်နာတတ်သူပါ။ ကမာ မင်းကြီးအချစ်ကို ရတာ ကံအကောင်းဆုံး အချက်ပါ။"

တေးဟာခန်သည်ကမာ့အနမ်းနှင့်ထိုအပြောလေးကြောင့် ကျေနပ်သွားတော့သည်။

"ယောကျာ်းလေးလို ၀တ်တာ မပေါက်ကြားစေနဲ့နော်။"

"စိတ်ချပါ မင်းကြီး။ အိမ်ထဲမှာပဲ ၀တ်ပါ့မယ်။ ကမာ ဘယ်အချိန်သွားရမလဲဟင်..."

"နေ့လည်သွားလိုက်လေ...."

ကမာ ၀မ်းသာစွာအော်လိုက်ကာ ပြောလိုက်သည်။

"မင်းကြီးကို ညကျမှ ကမာ ကောင်းကောင်းနင်းနှိပ်ပေးတော့မယ်။"

တေးဟာခန်က ကမာ၏ ကိုယ်လေးကို လေထဲ ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ကိုယ့်ကို ကောင်းကောင်းချစ်ပေးရင်ရပြီ ကမာလေး။"

"မင်းကြီးကလည်း...."

ကမာ ရှက်ရွံစွာပြောသဖြင့် တေးဟာခန် သဘောကျစွာရယ်မိသေးသည်။ ယခုအထိ ကမာလေးက အရှက်ကြီးနေဆဲဖြစ်သည်။ ထိုအမူအယာလေးကို ပိုလို့ချစ်မိသဖြင့် ကမာလေးကို နမ်းလိုက်မိသည်။

ကမာ မနှစ်သက်သော်လည်း မင်းကြီး၏ အချစ်ကို လေးစားလို့ ငြိမ်ပေးလိုက်ပါသည်။
ဘာပဲ ပြောပြော မင်းကြီး မိမိကို အစွမ်းကုန်လိုက်လျောပေးနေသည်ကို မိမိအသိဆုံးဖြစ်သည်။ ထို့ကြောင့် မင်းကြီးကို စိတ်ချမ်းသာအောင် ထားရမည်။ မိမိတို့ ညီအစ်ကို အသက်တွေက မင်းကြိး လက်ထဲမှာမဟုတ်လား။

တင်တက်ရင်သည် နံနက်ထသည်နှင့် ရေချိုးဆောင်ဝင်ကာ ရေနွေးထဲစိမ်ကာ ညကသောက်ထား သဖြင့်ခေါင်းနောက်နေသည်ကို ကြည်သွားရန်စိမ်နေလိုက်သည်။ မြို့တော်ရောက်မှ မိမိပိုသောက် နေမိသည်။ ကမာအပေါ်ဖောက်ပြန်သည့် မိမိစိတ်ကိုလည်းရှက်မိသည်။ စစ်သူကြီးရင့်မကြီးက မိမိ ညီအပေါ် မတော်သည့် စိတ်ထားသည်ကို လူသိသွားပါက တမလွန်မှ ဖခင်ကြီး ရှက်လို့ ၁၀ ခါပြန် သေသွားမည်ထင်သည်။

ကိုယ်ကယ်လာသည့်လူငယ်လေး၊ မိမိတို့အသက်ဘေးကြောင့် မင်းကြီးမိဖုရားဖြစ်နေသူညီလေးကို မိမိက ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ မိမိဖောက်ပြန်နေသော စိတ်ကိုညီလေး မော်ရင် သိလျှင် ကြည့်မည့်အကြည့်ကိုလည်း တင်တက်ရင်မခံနိုင်ပါ။ ထို့ကြောင့် တင်တက်ရင်သည် ကမာ အပေါ်ခံစားချက်ကို အသေခံကာ ဖုံးကွယ်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ကမာ့အပေါ်ထားသည့် ခံစားချက်ကို ဖျောက်ရန် နည်းပေါင်းစုံသုံးမည်။ ဘာပဲဖြစ်ဖြစ် နွံထဲနစ်နေသောညီကို ရအောင်ကယ် ရမည်။

တင်တက်ရင် ဘယ်လောက်တောင်စိမ်နေမိသည်မိသတော့။ အိမ်တော်ထိန်းကြီးက အပြင်မှ အသံပြု ကာ လျှောက်တော့မှ အသိဝင်လာသည်။

"သခင်ကြီး ညီလာခံနောက်ကျလိမ့်မယ်လို့ သခင်လေးက ပြောခိုင်းလိုက်ပါတယ်။"

"ကောင်းပြီ အိမ်တော်ထိန်းကြီး။"
တင်တက်ရင်သည် ရေထဲမှတက်ကာ အ၀တ်စားဝတ်ကာ အဆောင်သို့လာခဲ့သည်။ အဆောင်ထဲတွင် မော်ရင်က ရောက်နေပြီး ညက သောက်ထားသောအရက်အိုးများကို ကြည့်ကာ လှမ်းမေးခဲ့သည်။

"နောင်တော် ဘယ်သူ့ကြောင့် အသည်းကွဲနေတာလဲ..."

တင်တက်ရင်က စစ်သူကြီးဝတ်စုံကို ၀တ်ရင်း ညီကို မကြည့်ပဲ ဖြေလိုက်သည်။

"ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။"

တင်မော်ရင်သည် မိမိကို ဗြောင်လိမ်နေသော နောင်တော်ကို စိတ်ပျက်သလိုကြည့်ကာ ပြောလိုက်သည်။

"နောင်တော်ရာ ကျွန်တော့်ကို ဖုံးထားလို့ရမှာလည်း မဟုတ်ပဲနဲ့။ ညီအစ်ကိုချင်းကို မယုံကြည်
တာလား။ နောင်တော်လိုချင်ရင် ချက်ချင်းလက်ခံမည့် မင်းသမီးတွေ တပုံကြီး။ "

တင်တက်ရင်သည် အ၀တ်စားကို သွက်သွက်ဝတ်ကာ အပြတ်ပြောလိုက်သည်။

"မင်းအတော် လျှာရှည်တာပဲကွ။ ငါ့ဖာသာ ကြိုက်လို့သောက်တာ။ ဘယ်မိန်းမကြောင့် ငါက ကြိတ်ခံစားပြီး အရက်သောက်နေရမှာလဲ။ သွားကြမယ်။"

တင်မော်ရင်သည် ခါတိုင်းထက်စိတ်တိုနေသောနောင်တော်ကို ကြည့်ကာ မူမမှန်သည်ကို ကောင်း ကောင်းသိသွားသည်။ သေချာလေပြီ။ နောင်တော် ချစ်သူက ဘယ်သူဆိုတာ မိမိရအောင်စုံစမ်း မည်ဟုဆုံးဖြတ်လိုက်သည်။

"ပြီးတာပါပဲဗျာ။ ဒါဆို နောင်တော့်ကို ဟူနန်မင်းသမီးနဲ့ လက်ဆက်ပေးဖို့ မင်းကြီးကို ဖိန်းဖိန်းက လျှောက်တင်တော့မှဗျ။"

တင်တက်ရင်က မျက်မှောင်ကြုတ်ကာ အပြတ်ပြောလိုက်သည်။

"ဖိန်းဖိန်းကို ပြောလိုက်။ ငါ ချစ်တဲ့သူကို ပဲ ငါလက်ထပ်မှာလို့။ မင်းကြိးကို ဘာမှ မလျှောက်တင်နဲ့။"

တင်မော်ရင်ကျေနပ်စွာပြုံးလိုက်မိသည်။

"ကောင်းပါပြီဗျာ။ နောင်တော့်ချစ်သူကို နောင်တော့်ဖာသာပဲ ရအောင် လက်ထပ်ခွင့်တောင်းပါ။ ကျွန်တော်တို့ ၀င်မပါတော့ဘူး။"

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now