မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၃၈)

4.5K 277 1
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၈)

ကမာသည် အကိုကြီး၏ စကားကြောင့် မျက်ရည်တို့ တိတ်သွားရပြန်သည်။ ဘာပဲပြောပြော အကိုကြီး ၏ စကားများက ကမာ့ကို မျှော်လင့်ချက်ရောင်ခြည်သမ်းစေသည်။

"ရော့...ကိုယ့်နယ်ထဲကို လာတဲ့ကုန်သည်တစ်ယောက်က ဆက်သလာခဲ့တာ။ နှင်းမြို့တော်က တော်ဝင်မျိုးနွယ်တွေ ကိုင်တဲ့နန်းစဉ်ရတနာဓါးလို့ပြောတယ်။ ကမာ့ အတွက်.. အကိုကြီးရဲ့ လက်ဆောင်။ နောင်အခါ ကမာ့ မျိုးနွယ်တွေကို ရအောင်ရှာပြီး ကမာ့ဘေးကို ထားပေးမယ်။ "

ကမာ တုန်ယင်သောလက်ဖြင့် ဓါးကို လှမ်းယူရင်း မျက်ရည်ကျမိသည်။ ဒီဓါးက ခမည်းတော်ရဲ့ ဓါးဖြစ်သည်။ ကမာ ဓါးကို ကိုင်ပြီး မျက်ရည်ကျတော့ သူက ကမာ့ ခေါင်းလေးကို အသာဖက်ကာ သူ့ရင်ခွင်တွင် မှီစေပြိး ပြောသည်။

"မငိုပါနဲ့ကွယ်။ ကိုယ် ကမာ့အတွက် အေးချမ်းတဲ့ လောကကို ဖန်ဆင်းပေးမှာပါ။ ကိုယ့်ကို စောင့်ပေးပါနော်။ ကိုယ့် အချစ်ကို ယုံတယ် မဟုတ်လား။"

ကမာ သူ့လည်ပင်းကို လှမ်းဖက်ကာ ငိုရှိုက်ရင်းပြောသည်။

"ယုံပါတယ်။ ဒါပေမယ့် ကျွန်တော် အကိုကြီးကို သာယာတဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိစေ ချင်တယ်။"

"မင်းက ကိုယ့်ရဲ့ မိသားစုပဲ။ မင်းမပါတဲ့ မိသားစုက ကိုယ့်မိသားစုမဟုတ်ဘူး။"

ကမာ သူ့စကားကြောင့် လန့်လာသည်။ အကိုကြီး ဘာကိုပြောနေတာလဲဟု အကဲခတ်လိုက်စဉ် သူ၏ တောက်ပသော မျက်ဝန်းက ထူးဆန်းစွာတောက်ပနေသည်။ ကမာ အမှတ်တမဲ့ငေးမိပြီးနောက် ခေါင်းငုံ့လိုက်သည်။

"အကိုကြီး။ ကျွန်တော့်ကို ချစ်ပေးတဲ့အတွက် ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ ဒါပေမယ့် အကိုကြီးလုပ်မယ့် အစီအစဉ်ကို ရပ်တန့်လိုက်ပါနော်။"

တင်တက်၇င်သည် ကမာလန့်သွားသည်ကို သိတော့ ပေါ့ပေါ့ပါးပါးရယ်လိုက်ကာ ပြောလိုက်သည်။

"မပူပါနဲ့။ အကိုကြီးက ကမာ့ကို စိတ်ထိခိုက်အောင် မလုပ်ပါဘူး။ အကိုကြီးက ကမာ့အတွက်နဲ့ ဆက်ပြိး အသက်ရှင်နေတာပါ။"

ကမာ သူ့ကို တကယ်လန့်လာလေပြီ။ သူက ကမာ့လက်လေးကို ငြင်ငြင်သာသာဆုပ်ကိုင်ကာ ပြောလိုက်သည်။
"မင်းကို ကယ်လာခဲ့ကတည်းက ကိုယ့်ကံကြမ္မာကို မင်းပိုင်သွားပါပြီ ကမာလေးရယ်။ ကိုယ့်ရဲ့ အလင်းရောင်လေးရယ်။ မင်းကို ပိုင်ဆိုင်ခွင့်မရတော့ရင် ကိုယ်ပျော်ပျော်ကြီးသေရွာကို သွား လိုက်တော့မယ်။"

သူ့စကားများက နှင်းဆီပွင့်နှင့်နွယ်ကြိုးနှယ် ကမာ့ကို နာကျင်ခြင်းနှင့် ကြည်နူးခြင်းကို တပြိုင်နက် ခံစားရစေသည်။

"အကိုကြီးရယ် တော်ပါတော့ဗျာ။ ကျွန်တော့်အတွက် အကိုကြီး.က ထာဝရ အကိုကြီးပါ။"

တင်တက်ရင်က ပြုံးရုံပြုံးလိုက်သည်။ မယုံကြည်ပါဟု ဆိုနေသည့်အတိုင်းပင်။ ကမာ ဘာမှ ဆက်မပြောတော့ပါ။
ကမာက အကိုကြီးအနားမှ ထွက်ပြေးချင်နေမိသည်။တပြိုင်နက်တည်း မိမိအတွက် အရာ အားလုံးလုပ်ပေးမည်ဟု ပြောနေသည့် သူ့ရင်ခွင်ထဲတိုးဝင်လိုက်ချင်သည်။ ကမာ့ကို သူ ပြုစားလိုက်လေပြီ။

နေ့လည်စာစားတော့ သူုက ကမာ့ကို ကြင်နာစွာ ဟင်းများထည့်ပေးသည်။ ကမာက သိပ်မ ထည့်ပေး စေချင်ပါ။မင်းကြီး၏ မျက်စိနှင့်နားများ နေရာတိုင်းတွင် ရှိနေသည်မဟုတ်လား။

"အကိုကြီး။ မင်းကြီးသိသွားလိမ့်မယ်.."

သူက ဟင်းထည့်မပျက်ပေ။
"ရတယ်။ ကိုယ်တံတိုင်ကာထားနိုင်ပြီ။ မင်းနဲ့ကိုယ် ဒီမှာချစ်တင်းနှောနေရင်တောင် မင်းကြီး လုံးဝမသိစေရတော့ဘူး။ အခု ကိုယ့်မှ အင်အားတွေရှိနေပြီ ကမာ။"

ကမာသည် အကိုကြီးပြောသည်ကို သဘောပေါက်လိုက်သည်။ အကိုကြီး အင်အားကြီးလာလေပြီ။

"အကိုကြီး ဘာမှ လျှောက်မလုပ်နဲ့နော်။"

တင်တက်ရင်က သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းကြီးအတွက် စိုးရိမ်လို့လား။"

ကမာ ခေါင်းငြိမ့်လိုက်သည်။ သူက မျက်လုံးထဲ အရိပ်တချို့ဖြတ်သန်းသွားသည်။ နာကျင်ရိပ်။ ဟင့်အင်း ထိုထက်ပိုသည်။ မနာလိုရိပ်ပါ ထင်ဟပ်နေသည့် မျက်လုံးများက တကယ့် သားရဲမျက်လုံးအတိုင်း ကျောထဲစိမ့်သွားချင်စရာကောင်းနေသည်။

တင်တက်ရင်သည် မျက်နှာပျက်နေသော ကမာ့ကို ပြုံးကြည့်ကာ

"ကိုယ့်ချစ်သူကို အသာတကြည်လက်လွှတ်ရင် ကိုယ် သူ့ကို ဘာမှ မလုပ်ပါဘူးကွယ်။"

အကိုကြီး၏ အပြောကို ကမာကြောက်လာသည်။ အကိုကြီးက ဘယ်တုန်းကမှ နောက်ပြောင်တတ် ခဲ့သူ မဟုတ်ပါ။ သူ အတည်ပြောနေခြင်းဖြစ်သည်။ ကမာ မင်းကြီးအတွက် စိုးရိမ်သွားသည်။
"အကိုကြီး ကျွန်တော် တောင်းပန်ပါတယ်။ မင်းကြီးကို ဘာမှ မလုပ်ပါနဲ့နော်။"

တင်တက်ရင်က ကမာ့မျက်နှာလေးကို နာကျင်စွာကြည့်ကာပြောလိုက်သည်။
"မင်းကို သူ့မိဖုရားဘ၀က လွတ်အောင်လုပ်ပေးချင်တာကို မင်းက လက်မခံတာလား။ မင်း သူ့ကို ကျုပ်ထက် ချစ်သွားပြီလားကမာ။."

"ဟင့်အင်း။ မချစ်ပါဘူး။ ကျွန်တော်.. "

ကမာ ဘာဆက်ပြောရမှန်းမသိတော့ပေ။ အကိုကြီးကို ပြောချင်သည်က တမျိုး။ အကိုကြီး သဘောပေါက်သွားတာက တမျိုးဖြစ်နေသည်။

တင်တက်ရင်သည် မျက်ရည်ဝဲကာ မျက်နှာငယ်လေးဖြင့် ကြည့်နေသော ကမာ့ကို သနားကြင်နာစွာ စိုက်ကြည့်ကာ စကားကို ထိန်းပြောလိုက်သည်။

"စိတ်မပူပါနဲ့။ အကိုကြီး ကမာလေးကို စိတ်ဆင်းရဲံအောင် မလုပ်ပါဘူး။ အကိုကြီး မရှောင်ရဘူးနော်။"

ကမာ သက်ပြင်းရှိုက်ကာ ခေါင်းငြိမ့်လိုက်သည်။ တင်တက်ရင်ကျေနပ်စွာပြုံးပြီး ထမင်းဆက်စား နေတော့သည်။ ကမာကတော့ စားလို့စားမှန်းပင် မသိတော့ပေ။ရင်ထဲမှာ ပူနေသည်။

ကမာသည် အကိုလေးထံသွားကာ တိတ်တဆိတ်တိုင်ပင်သည်။

"အကိုလေး။ အကိုကြီး ဘာကိုရည်ရွယ်နေတယ်ဆိုတာ သိလား။"

"အင်း။ သူက မင်းကို မိဖုရားဘ၀က လွတ်အောင်ကြံနေတယ် ကမာ"

အကိုလေး တင်မော်ရင်၏ ပွင့်လင်းသောစကားကြောင့် ကမာ ငိုချင်သွားသည်။

"အကိုကြီးက ထီးနန်းကို ပုန်ကန်မှာလား။"
တင်မော်ရင် ကမာ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့မေးတာလဲ ကမာ။ မင်းကြီးအတွက်ကို စိုးရိမ်လို့လား။"

ကမာ သက်ပြင်းရှိုက်ကာ ကိုးကွယ်ရာမဲ့ပြောလိုက်သည်။
"အားလုံးကို စိုး၇ိမ်တယ်။ အကိုကြိးကို စိုး၇ိမ်တယ်။ မင်းကြီးကိုလည်း စိုးရိမ်တယ်။ ပြည်သူတွေအတွက်လည်းစိုးရိမ်တယ်။"

"ဒါဆို ကမာ မင်းကြိးရဲ့ မိဖုရားဘ၀မှာပျော်နေပြီလား။"

"မပျော်ပါဘူး အကိုကြီး။ ကျွန်တော် ယောက်ျားဘ၀ကို ပြန်လာချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှ မသေစေချင်ဘူး။"

"တယောက်မဟုတ် တယောက်တော့ သေရမှာပဲ ကမာ။"
တင်မောရင်ပြတ်သားစွာပြောလိုက်သည်။ ကမာ ဘယ်လိုဆက်လုပ်မည်ကို တင်မော်ရင်တကယ်သိချင်မိသည်။ နောင်တော်ကသာ ကမာကိုချစ်လွန်းလို့ဆုံးဖြတ်တာလား။ ကမာ က နောင်တော်ကို ပြန်ရောချစ်လို့လားဟု တင်မော်ရင်သိချင်မိသည်။

"နောင်တော်ပုန်ကန်တာ ရှုံးနိမ့်လို့ အသတ်ခံရရင် မင်းဘယ်လိုလုပ်မလဲ ကမာ။"

ကမာ မျက်ရည်ဝဲလာခဲ့သည်။ စဉ်းစားစရာပင်မလိုပဲပြောလိုက်သည်။

"အကိုကြီးနဲ့ အတူ ကွပ်မျက်ခံမယ် အကိုလေး။ကျွန်တော့် အသက်က အကိုကြီးပေးထားခဲ့တာပါ။ အကိုကြီး မရှိပဲ အသက်ဆက်မရှင်ချင်တော့ဘူး။"

တင်မော်ရင် သည် ကမာ၏ စကားကြောင့် စိတ်ချသွားသည်။ ကမာက နောင်တော်ချစ်ရတာ အလကား မဖြစ်အောင်ပြန်ချစ်ပါသည်။

"အကိုလေး။ အကိုကြီးကို ဖျောင့်ဖြပေးပါ။ အကိုကြီးကို သမိုင်းမှာ နာမည်ပျက်တွင်မည့် အရာတွေကို မလုပ်စေချင်ဘူး။"
တင်မော်ရင် ခေါင်းခါလိုက်သည်။

"နောင်တော်ကို ဘယ်သူမှမတားနိုင်ဘူး ကမာ။ မင်းက လွဲရင်ပေါ့။ မင်း နောင်တော်ကို ဖြောင့်ဖြပေးလိုက်ပါ။"

ကမာ နူတ်ပိတ်သွားတော့သည်။ အကိုကြီးက စကားကုန်မိမိကို ပြောပြီးပြီ မဟုတ်လား။ ဒါဆို လာမည့် စစ်ကို မိမိတားဆီးလို့ မရတော့ဘူးပေါ့။ ထိုအတွေးက ကမာ့ရင်ကို လေးလံသွားစေသည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၉)
အကိုကြီးက စကားကုန်မိမိကို ပြောပြီးပြီ မဟုတ်လား။ ဒါဆို လာမည့် စစ်ကို မိမိတားဆီးလို့ မရတော့ဘူးပေါ့။ ထိုအတွေးက ကမာ့ရင်ကို လေးလံသွားစေသည်။

"အကိုကြီး..စစ်ကိုတားဆီးဖို့ ကျွန်တော် ဘာကိုလုပ်ရမှာလဲ။ အကိုကြီးခိုင်းသမျှ ကျွန်တော်လုပ်ပေး ပါ့မယ်။"

"တကယ်လား။"

တင်တက်ရင်၏ စကားကြောင့် ကမာအားတက်သွားသည်။

"ဟုတ်ကဲ့။ ကျွန်တော့်ကို ခိုင်းပါ။ ဘာဖြစ်ဖြစ်လုပ်ပါ့မယ်."

"ကိုယ့်ရဲ့ ဇနီးအဖြစ်မင်းနေပေးမလား။"

အကိုကြီး၏ စကားကြောင့် ကမာ မျက်နှာနီသွားပြီး သူ့ကို ဆတ်ခနဲကြည့်လိုက်မိသည်။ သူက ကမာ့မျက်နှာထားကို ကြည့်ကာ တိုးတိုးရယ်ပြီး ပြောသည်။

"မင်းက မင်းကြီးရဲ့ မိဖုရား။ ကိုယ်က ဘုရင်ခံ။ မင်းကြီးကျွန်။ ပြီးတော့ ကာမပိုင်ရှိတဲ့ ယောကျာ်း။ ဒါကြောင့် မင်းက ကိုယ့်ကိုလုံးဝလက်မခံနိုင်ဘူး ဟုတ်လား။ ဒါကြောင့် ကိုယ်က မင်းကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတာကို မသိဟန်ဆောင်နေပေးပါ။ ကောင်းကင်ဘုံက ပေးတဲ့ အပြစ်အားလုံးကို ကိုယ် တစ်ယောက်ပဲ လက်ခံပါ့မယ်။ မင်းကို ဖောက်ပြန်သူမဖြစ်စေရပါဘူး။ သမိုင်းမှာ နာမည်ဆိုးတွင် လည်းကိုယ်ပဲ နာမည်ဆိုးတွင်ပါစေ။"

သူ့စကားများက တိုးသော်လည်း ခိုင်မာပြတ်သားသဖြင့် ကမာ ဒူးညွတ်ကျသွားသည်။ သူက ကမာ့ကိုယ်လေးကို ဆီးကြိုပွေ့ကာ ပါးလေးကို ဖွဖွနမ်းပြီးပြောလိုက်ခြင်းဖြစ်သည်။

"မင်းကို ချစ်တယ် ကမာ။ မင်းက အကိုကြီး အသက်ဆက်ရှင်သန်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ မင်း ဘယ်လို တားတား ကိုယ်ကရှေ့ဆက်မှာပဲ။ ကိုယ့်ကို မင်းမုန်းချင်မုန်းလိုက်ပါ။ ကိုယ်က မင်းကို ပိုင်ဆိုင်ခွင့်ရနိုင်အောင် ဆက်ကြိုးစားမှာပါ။"

ကမာ တကယ်ကို ငိုရလေပြီ။
"မလုပ်ရဘူး။ အကိုကြီးက ကျွန်တော့်ကြောင့် လူဆိုးကြီးမဖြစ်ရဘူး။ အကိုကြီးကို ကျွန်တော် ချစ်ပါတယ်။ ကျွန်တော့်ကို ပိုင်ဆိုင်ခွင့်ရရင် အကိုကြီး မင်းကြီးကို သစ္စာစောင့်သိမှာလား ဟင်"

တင်တက်ရင် ကမာကို မေးလိုက်သည်။
"မင်း စကားက ဘာကို ဆိုလိုတယ်ဆိုတာ မင်းသိရဲ့လား ကမာလေး။"

ကမာ သက်ပြင်းချကာ သူ့လည်ပင်းကို ဖက်တွယ်ရင်းပြောလိုက်သည်။
"ဟုတ်ကဲ့။ ကျွန်တော် အကိုကြီးရဲ့ ချစ်သူအဖြစ်လက်ခံပါတယ်။ အကိုကြီး ကို တကိုယ်လုံး ပေးပါ့မယ်။ "

"တကယ်လား။ မင်းက မင်းကြီးအပေါ် သစ္စာဖောက်တော့မှာလား။"

ကမာ သူ့ကို မော့ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။
"ဟုတ်ကဲ့။ ပြည်သူတွေကို အေးချမ်းတဲ့ ဘ၀ပေးနိုင်မယ်ဆိုရင် ကျွန်တော် မင်းကြီးအပေါ် ဖောက်ပြန်တဲ့အတွက် ငရဲကျလည်းကျပါစေ။ အကျခံပါ့မယ် အကိုကြီး "

တင်တက်ရင်သည် ကမာ့ ပြောဟန်လေးကြောင့် ချစ်စိတ်များပိုတိုးလာခဲ့သည်။ ကမာ့ကို ပွေ့ချီကာ သလွန်ပေါ်တင်လိုက်တော့သည်။ ကမာ ကမျက်လုံးမှိတ်ထားလိုက်သည်။ အကိုကြီး ဘာလုပ်လုပ် ကမာ တခွန်းမှ မဟန့်တားပါ။ မိမိပါးပြင်ပေါ်ကျလာသည့် အနမ်းများ၊ နူတ်ခမ်းများကို တံဆိပ်နှိပ် နေသည့် သူ့ချစ်အနမ်းများ။ ထိုမှတဆင့် လည်တိုင်များ။ ထို့နောက် သူက ကမာ့ အ၀တ်ကို တဖြည်း ဖြည်းချွတ်ခွာကာ ဖြူဖွေးသောကိုယ်လေးကို ချစ်အနမ်းခြွေနေလိုက်သည်။

"ကမာလေး။ မင်း ကိုယ့်ကို တားချင်တားလို့ရသေးတယ်နော်။ မင်း ကိုယ့်ကို တကယ်ချစ် ခွင့်ပြုမှာလား။"

"ဟုတ်ကဲ့။"

ကမာ တီးတိုးဖြေသည်။ သူ့မျက်လုံးများကတော့ လုံးဝဖွင့်မလာခဲ့ပါ။

"ဒါဆို ကိုယ်မင်းကို ချစ်တော့မယ်။"

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now