မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၈)

7.6K 489 4
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၈)

ကမာ ခေါင်းကို ခါယမ်းကာ
"မင်းကြီး ကျွန်တော်မျိုးကို သာ သတ်လိုက်ပါတော့။ ကျွန်တော်မျိုး လက်မခံပါရစေနဲ့။ ကျွန်တော်မျိုးက ယောက်ျားလေးပါ။"
တေးဟာခန် တင်းမာစွာပြောလိုက်သည်။

"မင်းယောက်ျားလေးမှန်း မသိပဲ ကိုယ်တော် ချစ်မိသွားတယ်။ ပြီးမှ မင်းကယောက်ျားလေးဖြစ်လည်း ကိုယ်တော်ရဲ့ အချစ်တွေ ပြန်ရုပ်သိမ်းလို့မရတော့ဘူး။ ပြီးတော့ ကိုယ်တော် ကဘုရင်။ မင်းကို ပိုင်တယ်။ မင်း အခုကစပြီး ကိုယ်တော်ရဲ့ ချစ်သူပဲ။ မင်းငြင်းလို့မရဘူး။ မင်းငြင်းရင် ဆွေခုနှစ် ဆက်။မျိုးခုနစ်ဆက်သတ်ပစ်မယ်။ မင်းကို ကိုယ်တော် ချီးမြှောက်တာကို မင်းငြင်းခွင့်မရှိဘူး။"
ကမာ ခေါင်းငိုက်စိုက်ကျသွားပြီး မျက်ရည်ကျနေမိသည်။ မင်းကြီးကို တီးတိုးတောင်းပန်လိုက်သည်။
"အကိုကြီးနဲ့ အကိုလေးက အပြစ်မရှိပါဘူး မင်းကြီး။ ကျွန်တော်မျိုးကိုပဲ သေဒဏ်ပေးတော်မူပါ။"
ကမာ၏ အားနည်းချက်ကို ရိပ်မိသွားပြီး တေးဟာခန်က ခြိမ်းခြောက်လိုက်သည်။
"မရဘူး။ မင်းကျုပ်အမိန့်ကို ဖီဆန်ရင် မင်းနောင်တော် နှစ်ဥိးကို အရင်သတ်မယ်။"
ကမာ၏ မျက်လုံးပြူးဝိုင်းသွားပြီး တေးဟာခန်၏ ခြေသလုံးကို ဖက်ကာ တောင်းပန်သည်။
"ကျွန်တော်မျိုး သေသင့်ပါတယ် မင်းကြီး။ နောင်တော်တွေကို အသက်ချမ်းသာပေးတော်မူပါ။ ကျွန်တော်မျိုး မင်းကြီး အမိန့်ကို နာခံပါ့မယ်"
တေးဟာခန် အောင်နိုင်စွာပြုံးလိုက်သည်။ ကမာကို ရလေပြီ။ ချစ်သော ကောင်လေးကို နေ့တိုင်း ပိုင်ဆိုင်နိုင်တော့မည်။
ထိုနေ့တနေ့လုံး ကမာ မင်းကြီး အလိုကို လိုက်လျောပေးလိုက်ရသည်။ မင်းကြီးက ကမာကို အညင်သာဆုံးဆက်ဆံသော်လည်း ကမာက ကြောက်လန့်နေသဖြင့် ဆေးတိုက်လိုက်မှ စိတ်ပါလာ ခဲ့သည်။ တေးဟာခန်သည် နတ်သမီးကဲ့သို့လှပသော နှင်းမြို့တော်သားလေးကို ပိုင်ဆိုင်ခွင့်ရသော ကြောင့် မိုးမမြင်လေမမြင်ပျော်နေမိသည်။
ကမာက အိပ်ယာထက်တွင် မင်းကြီးကို တခုတောင်းဆိုသည်။ မိမိတို့အကြောင်းကို အကိုနှစ်ဥိး မသိအောင် ဖုံးကွယ်ပေးထားရန်ဖြစ်သည်။ တေးဟာခန်က ကမာကိုချစ်သောကြောင့် လက်ခံလိုက်သည်။
ထိုအချိန်မှစပြီး ကမာသည် မွန်ဂိုမင်းကြီး၏ တိတ်တိတ်ပုန်းချစ်သူဖြစ်ကာ မင်းကြီး၏ ဆန္နကို ဖြည့်ဆည်းပေးရတော့သည်။

မွန်ဂိုပြည့်ရှင်မင်းကြီး တေးဟာခန်သည် ကမာလေးကို ပိုင်ဆိုင်ရပြီးကတည်းက စိတ်တို့ အထူး ကြည်လင်ကာ ညီလာခံလည်း မှန်မှန်တက်ကာ ဒေါသထွက်ကာသုန်မှုန်နေသည်ကို မတွေ့ရ သလောက်ရှားသွားသည်။ အစားအသောက်တွင် ခါတိုင်းလို ဂျီးများတာမျိုးလည်းမရှိတော့ပေ။
အမတ်ချုပ်ကြီးသည်လည်း တူတော်မောင် စိတ်လက်ချမ်းသာနေသည်ကို ကြည့်ကာ ပီတိဖြစ်နေ သည်။ ယခုဆိုလျှင် ကျောက်မိဖုရား၏ သြဇာလည်း ကျဆင်းခဲ့လေပြီ။ တိုင်းပြည်ရေးတွင် မင်းကြီး အပေါ်လွှမ်းမိုးဖို့နေနေသာသာ အနောက်ဆောင်တွင် မိဖုရားများအပေါ် ယခင်လို အနိုင်ကျင့်ချင် တိုင်းကျင့်လို့မရတော့ပေ။
ကျောက်မိဖုရားသည် နည်းမျိုးစုံဖြင့်လာဘ်ထိုးပြီးနောက် မင်းကြီးအပေါ် သြဇာလွှမ်းမိုးသူမှာ မိဖုရား များထဲမှ မဟုတ်သည်ကို သိသွားသည်။ ဒါဆို အမတ်ချုပ်ကြီးက မင်းကြီးကို ဘယ်လိုအကြိုက်အသစ် ဖြင့်သွေးဆောင်သွားသည်ကို လိုက်စုံးစမ်းနေရင်း မင်းကြီးအဆောင်တွင် တွေ့ခဲ့သည့် စာတော်ဖတ် ကောင်လေးကို သတိရသွားသည်။
မင်းကြီး၏ အဆောင်ကို မိမိသွားချင်တိုင်းသွားခွင့်လည်းမရှိတော့သဖြင့် ကမာဆိုသည့်ကောင်လေး ကို နန်းတော်ကအပြန် ခေါ်လာရန် အမိန့်ပေးထားသည်။ သို့သော် ကျောက်မိဖုရား လွှတ်လိုက် သည့် လူများသည် ကမာအနားကိုကပ်လိုက်သည်နှင့် နန်းတွင်းလျို့ဝှက်ထောက်လှမ်းရေးဝတ်စုံ ၀တ်ထားသည့် ရဲမတ်များ၏တားဆီးခြင်းကို ခံလိုက်ရသည်။
ကမာကတော့ ဘာမှမသိပဲပုံမှန်သွားလာနေသည်။ ကျောက်မိဖုရားသည် မင်းကြီး၏လျှို့ဝှက်ရဲမတ် စောင့်ကြပ်ခြင်းခံရသည့် လူငယ်လေးသည် ပေါ့ပေါ့သေးသေးတော့ မဟုတ်နိုင်မှန်းသိပြီး ဒေါသကို မျိုသိပ်ကာ သေချာအောင်စောင့်ကြည့်နေလိုက်သည်။
ကမာသည် ညနေတိုင်း အိမ်ပြန်ချိန်တဖြည်းဖြည်းနောက်ကျလာခဲ့သည်။ မင်းကြီးက ကမာကို တော်တော်နှင့် အိမ်ပြန်မလွှတ်ချင်ပေ။ နံနက်ဆိုလျှင် ကမာလာမှ မနက်စာ အတူတူစားသည်။ ပြီးလျှင် ညီလာခံတက်သည်။ ကမာက ဘာမှ သိပ်လုပ်စရာမလိုပေ။ မင်းကြီးနူတ်မှ မိန့်သည်ကို လိုက်ရေးရုံဖြစ်သည်။ ပြီးလျှင် မင်းကြီးသွားလေရာပါရသည်။ နေ့ခင်းတွင် မင်းကြီးအိပ်ခါနီးတွင် ကဗျာများဖတ်ပြရသည်။ မင်းကြီးက ကမာ၏ လက်ကိုကိုင်ကာကဗျာကို နားထောင်သည်။
တခါတရံ ကမာကို သစ်သီးများခွံကျွေးခိုင်းသည်။ နံဘေးတွင် အရက်ဌဲ့ပေးရသည်။ မင်းကြီးပွဲတော် တည်လျှင် နံဘေးတွင် ဟင်းထည့်ပေးရသည်။
မင်းကြီးတေးသာခန်သည် ကမာကို နေ့ခင်းပိုင်းတွင် ချစ်ခရီးဖွင့်လေ့ရှိသည်။ ကမာသည် မင်းကြီးကို လည်းကြောက်ရ၊ နံဘေးတွင် တိုင်ပင်စရာလူလည်း မရှိ၊ မင်းကြီးချိန်းခြောက်ထားသည့်အတိုင်း အစ်ကို နှစ်ဦးကို သတ်မည်စိုးသောကြောင့် မင်းကြီးကို ငြင်းဆန်ခြင်းမရှိသော်လည်း တုန့်ပြန်ခြင်း တော့မရှိပါ။
တေးဟာခန်သည် ကမာကို ပိုင်ရလေ၊တိုးလို့မြတ်နိုးရလေဖြစ်သည်။ ညပိုင်းခွဲရလျှင်ပင် မခွဲနိုင် အောင် ဖြစ်နေမိသည်။
"ကမာလေး ညပိုင်းပါ ကိုယ်တော့်ဘေးမှနေကွာ..."
မင်းကြီး၏ စကားကြောင့် ကမာလန့်သွားသည်။ အလန့်တကြားလေး မော့ကြည့်ကို တောင်းပန်သည်။
"မင်းကြီး လူတွေသိကုန်လိမ့်မယ်။ အိမ်ကရိပ်မိပြီး အကိုကြီးတို့ သိသွားလိမ့်မယ်။"
တေးဟာခန်က မျက်မှောင်ကြုတ်ကာ ခပ်ဆတ်ဆတ်ပြောလိုက်သည်။
"သိပါစေပေါ့။ ကျုပ်က ပြည့်ရှင်မင်း။ ဘယ်အမတ်၊ဘယ်စစ်သူကြီးကို ကြောက်နေရမှာလဲ။ မင်းကို ပြောပြီးသား။ အခု မင်းကို ကျုပ်ချစ်လွန်းလို့ လျို့ဝှက်ပေးထားတာ..မင်း စိတ်ဆင်းရဲမှာစို့လို့ကျုပ် မင်းကို ပြန်ပြန်လွှတ်နေတာ သိရဲ့လား။ မင်းကို ကျုပ်က ညတိုင်းဖက်အိပ်ချင်တာ ကမာလေး။"
ကမာသည် မင်းကြီး၏ စကားကြောင့် မြေပေါ် ဒူးထောက်ကာ နဖူးနှင့်ကြမ်းပြင်ထိအောင် ရှိခိုးကာ တောင်းပန်တော့သည်။ မျက်လုံးထဲတွင် မျက်ရည်များက အလိုလိုဝဲလာတော့သည်။ မင်းကြီးသာ တကယ်ပြန်မလွှတ်ရင် မိမိ အကိုကြီးတို့မျက်နှာကို ဘယ်လိုမှ ကြည့်ရဲတော့မည် မဟုတ်ပေ။
"မင်းကြီး။ ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး အဲ့ဒီသဘောနဲ့ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်မျိုး ရှက်လို့ပါ။ "
တေးဟာခန်သည် သက်ပြင်းရှိုက်ကာ ကမာကို ဆွဲထူကာ ရင်ခွင်ထဲဖက်ထားလိုက်ပြီး မေးလိုက်သည်။

"ကျုပ်နဲ့ ချစ်တာ မင်းအတွက်ရှက်စရာ ဖြစ်နေတာလား ကမာလေး။ ကျုပ်အချစ်က အဲ့လောက် တန်ဖိုးမဲ့သလားကွယ်။ "
ကမာ ဘယ်လိုပြောရမှန်းမသိတော့ပေ။ မင်းကြီး၏ စကားကို ပြန်မဖြေတတ်တော့ပေ။ ထို့ပြင် မိမိကို မင်းကြီးစိတ်ဆိုးမှာကိုလည်းစိုးရိမ်မိသည်။ ထို့ကြောင့် ပါးပြင်ပေါ် မျက်ရည်များစီးကျလာခဲ့သည်။ ကမာ၏ မျက်ရည်များက တေးဟာခန်ကို အလိုအလျောက်နာကျင်လာစေသည်။ ကမာ၏ နှင်းဆီရောင် နူတ်ခမ်းလေးကို မြတ်မြတ်နိုးနိုးနမ်းကာ ချော့လိုက်သည်။ ကမာလေးကို တခါတည်း အပြတ်ပြောထားသည်။
"မငိုပါနဲ့ ကမာလေးရယ်။ မင်းမျက်ရည်တွေက ကျုပ် အသည်းကိုဖဲ့ခြွေနေသလိုပဲ။ ကျုပ်က သွေးသားသောင်းကျန်းလွန်းလို့ မင်းကို သိမ်းပိုက်ထားတာ မဟုတ်ပါဘူး။ကျုပ်ပြောခဲ့သလိုပဲ မင်းကို မိန်းကလေးမှတ်ပြီး ချစ်မိသွားလို့ မင်းကို ရအောင်ယူခဲ့ရတာပါ။ မင်းကို ကျုပ် တရားဝင် ဘွဲ့တွေ၊ ရာထူးတွေပေးချင်တယ်။ ပြီးတော့ ညတိုင်း မင်းနဲ့ အတူနေချင်တယ်။ "

ကမာ မင်းကြီးကို တောင်းပန်လိုက်သည်။
"မင်းကြီးရယ် အခုလည်း ကျွန်တော်မျိုး မင်းကြီးစိတ်တိုင်းကျ နေပေးနေပါတယ်။ ညတော့ အိမ်ပြန် အိပ်ပါ ရစေ။ မင်းကြီးရဲ့ အချစ်ကိုရတာ ကျွန်တော်မျိုး ကံကောင်းလို့ပါ။ ပြီးတော့ မင်းကြီးအချစ်ကို လေးစားပါတယ်။ "
တေးဟာခန်သည် ကမာ၏ နူတ်ခမ်းလေးကို လက်ညှိုးနှင့်ပိတ်ကာ ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို ကမာလို့ပြောပါ။ ဘာ ကျွန်တော်မျိုးလည်း။ ကိုယ်တော့်နားထဲ တမျိုးကြီးပဲ။ ကောင်းပြီလေ။ နေ့တိုင်း ကိုယ်တော့်အချစ်ကိုတော့ မငြင်းရဘူးနော်။ ဒါဆို ကမာလေးကို နန်းတွင်း ထဲ ခေါ်မအိပ်တော့ဘူး။"
ကမာ စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် ခေါင်းငြိမ့်လိုက်သည်။ နေ့လည်တိုင်းလည်း မင်းကြီး မိမိကို လိုလျှင်လိုသလို လိုက်လျောပေးရသည်။
အကိုကြီး မရှိခိုက် မွန်ဂိုမင်းကြီး၏ ရင်ခွင်ထဲ တဖန်သက်ဆင်းရပြန်သည်။ တာတာလူရိုင်းကြီး လောက် မကြမ်းတမ်းသော်လည်း ကမာအတွက် မသက်သာပါ။ ယောက်ျားလေးဘ၀ဖြင့် ပျော်ရွင်စွာနေရသည့်ဘ၀မှ မင်းကြီး၏ တိတ်တဆိတ်ချစ်သူအဖြစ် သူ့ရင်ခွင်ထဲရောက်ကာ သူ့အဖက်၊ အနမ်း၊ အထိအတွေ့များက ကမာအတွက် ညတိုင်း အိပ်မက်ဆိုးကို ပြန်မက် လာစေသည်။
အိပ်မက်မှ နိုးလာတိုင်း ကမာ ကြောက်လန့်ကာ အားကိုးရာမဲ့ငိုကြွေးနေမိသည်။ အကိုလေး တင်မော်ရင် ပြန်ရောက်လာသော အခါ ကမာကို ခေါ်ကာ တိတ်တဆိတ်မေးသည်။
"ကမာလေး။ အကိုလေး မရှိတုန်း နန်းတော်ထဲမှာ အဆင်ပြေရဲ့လား။ မင်းကြီးရဲ့ အပန်းဖြေခရိးမှာ လိုက်သွားရသေးတယ်ဆို။ ပျော်လား။ မင်းကြီးက ကမာလေးကို စိတ်တိုင်းကျရဲ့လား။"
အကိုလေးက သဘောရိုးနှင့်မေးသော်လည်း ကမာက စိတ်မလုံပေ။
"မပျော်ပါဘူး အကိုလေးရယ်။ မင်းကြီးကို ကျောက်တယ်။ "
တင်မော်ရင်က ရယ်ကာပြောလိုက်သည်။
"ကမာက ကြောက်နေ။ မင်းကြီးကတော့ ကမာ အကြောင်းကို ချီးကျုးလို့မဆုံးဘူး။ မင်းကြီးဒီလို စိတ်ကြည်တာကို မမြင်တာ ကြာပြီ။ အမတ်ချုပ်ကြီးကလည်း ချီးကျူးတယ်။ ကမာကြောင့် မင်းကြီး စိတ်ချမ်းသာပြီး တိုင်းပြည်ရေးကို တက်တက်ကြွကြွဆောင်ရွက်လာတာတဲ့။ ဒါကြောင့် ကမာ့ကို မင်းကြိးရဲ့ အပါးတော်မြဲရာထူး ပေးဖို့ပြောပေးမယ်လို့တောင် ပြောနေတယ်။"
ကမာ မျက်လုံးပြုးသွားသည်။ အကိုလေးကို အလန့်တကြားလေးပြောသည်။
"ဟင့်အင်း အကိုလေး။ ကမာ အဲ့ဒီတာဝန်ကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ ကမာ...ကမာ မင်းကြီး နားမှာ မနေချင်ဘူး။"
တင်မော်ရင်က စိုက်ကြည့်ကာ မေးလိုက်သည်။ မိမိမရှိခိုက် ဘာဖြစ်ခဲ့တာလဲ ဟုသိချင်သည်။ ကမာ့ပုံ ကြည့်ရတာ တခုခု ဖြစ်နေပုံရသည်။ တခုခုကို ဖုံးကွယ်ထားသလိုခံစားရသည်။
"ဘာဖြစ်လို့လဲ။ မင်းကြီးက ကမာကို ဘာလုပ်လို့လဲ။"
ကမာ လန့်သွားသည်။
"မင်းကြီးက အရမ်းကောင်းပါတယ် အကိုလေး။ ကမာ ကိုယ့်ကိုယ်ကို မယုံလို့ပါ။ အပါးတော်မြဲဆိုတာ အင်မတန် တာဝန်ကြီးပါတယ်။ စာပေပညာရှင်စာမေးပွဲ အောင်မှလုပ်ရတဲ့နေရာပါ။ ပြီးတော့ ကမာက အမှားလုပ်မိရင် နန်းတော်ထဲမှာ အကိုကြီးနဲ့ အကိုလေးတို့ ဂုဏ်ပျက်မှာစိုးလို့ပါ။ "
တင်မော်ရင်က ရယ်မောကာ ကမာလေးကို ဖက်ကာ ပြောလိုက်သည်။
"ကြည့်စမ်း။ အကိုလေး မတွေ့ရတဲ့ ၁၀ ရက်အတွင်း ကမာ စကားပိုတတ်လာတယ်။ မင်းကြီးကို ကြောက်လို့မဟုတ်လား။ မကြောက်ပါနဲ့။ မင်းကြီးကတောင် ကမာလေးကို နန်းတော်ထဲ ခေါ်ထား ချင်တယ်လို့ပြောနေတယ်။ အင်း...ကမာလေးသာ မိန်းကလေးဆိုရင် မင်းကြီးက ချက်ချင်းကို မိဖုရား မြှောက်လိုက်ပြီတဲ့။ ဒါဆို အကိုလေးတို့လည်း ဘုရင့်ယောက်ဖဖြစ်ပြီ။"
ကမာသည် အကိုလေးကို မေးလိုက်သည်။
"အကိုကြီးက နှင်းမြို့တော်သူကို သွားရှာတာဆို ဟုတ်လား အကိုလေး။"
"အင်း ဟုတ်တယ်။ မင်းကြီးက အရင်က ကမာကို မိန်းကလေးမှတ်ပြီး မိဖုရားမြှောက်ချင်တယ် ပြောလို့ အကိုကြီးကိုလွှတ်လိုက်တာ။ တွေ့ခဲ့ပါစေ ဆုတောင်းရမယ်။ မဟုတ်ရင် မင်းကြီးက ကမာကို မိဖုရားမြှောက်နေဦးမယ်။"
တင်မော်ရင်က ဘာရယ်မဟုတ်ပြောကာ ရယ်မောနေသော်လည်း ကမာက ငိုချင်သွားသည်။ အကိုလေး မရိပ်မိအောင် အတင်းဖြစ်ညစ်ကာ ရယ်လိုက်ရသည်။

"ဟုတ်တယ် အကိုလေး။ ကျွန်တော်လည်း နှင်းမြို့တော်သူ တွေနဲ့ အကိုကြီးတို့ နှစ်ယောက်ကို လက်ဆက်စေချင်တယ်။"
"တော်ပါပြီ ညီလေး ကမာရယ်။ အေးအေး ဆေးဆေး နေပါရစေဦး။ အကိုကြီးကိုသာ စပ်ပေးလိုက်။ လာ ကမာအတွက် ဂိုယိုပြည်က လက်ဆောင်ပါလာတယ်။"
ကမာ အကိုလေး နောက်ကို လိုက်ပါလာရင်း မျက်ရည်ကို အတင်းပုတ်ထုတ်ကာ စိတ်ကိုတင်း လိုက်သည်။ မိမိ ခန္ဓာကိုယ်ကို ပေးရပါစေ။ မိမိ အကိုနှစ်ဦးကို ကာကွယ်နိုင်ရင်ရပြီဟု စိတ်ကို ပိုင်းဖြတ်လိုက်သည်။

တင်မော်ရင်က ကမာအတွက်လှပသော ဂိုယိုဝတ်စုံကို ယူလာခဲ့သည်။ အင်မတန်ကို လက်ရာ မြှောက်သော အမွှေ့နံ့သာအိတ်လည်းပါသည်။ ကမာသည် အကိုလေး၏ လက်ဆောင်ကို စိတ်ဝင်တစားကြည့်နေစဉ် နန်းတော်မှ အမှုထမ်းတစ်စုရောက်လာသည်။
"မင်းကြီးက သခင်လေး ကမာအတွက် လက်ဆောင်ပို့ခိုင်းလိုက်လို့ပါ အမတ်မင်း"
တင်မော်ရင် အံ့သြသွားသည်။ မိမိယူဆောင်လာသော ဂိုယိုပြည်မှ ဆက်သလိုက်သည့် မင်းကြီး အတွက် ပိုးထည် ၅ သေတ္တာ ထဲမှ တစ်သေတ္တာ ဖြစ်သည်။
"ဟာ .. မင်းကြီးက သူ့အတွက် လက်ဆောင်ထဲက ကမာ့ကို ခွဲပေးလိုက်တာပဲ။ ကျောက်မိဖုရား ကတော့ ဒေါပွတော့မှာပဲ။ ကမာ .. မင်းကြီးက ကမာ့ကို အရမ်းကို မြတ်နိုး တော်မူတာပဲ"
အကိုလေးက ၀မ်းသာခြင်းတစ်ဝက်၊ စိုးရိမ်ခြင်းတစ်ဝက်ဖြင့်ပြောလိုက်သည်။ကမာ ဘယ်လိုပြန်ဖြေ ရမှန်း မသိတော့ပေ။ တန်ဖိုးကြီးလက်ဆောင်များထက် အကိုလေးများ ရိပ်မိသွားပြီလားဟုတွေးကာ စိတ်ညစ်သွားသည်။
တင်မော်ရင်သည် စိတ်မသက်မသာဟန်ဖြစ်နေသော ကမာကို ကြည့်ကာ မိမိအထင်ခိုင်မာသွားလေ ပြီ။ မင်းကြီး ကမာအပေါ် လက်မလျော့သေးပေ။ ထို့ကြောင့်ကမာကို ဒီလောက်ချီးမြှောက်နေသည် မဟုတ်လား။
ကမာကလည်း တန်ဖိုးကြီးပိုးထည်များရသည်ကို ၀မ်းမသာပဲ စိတ်ညစ်နေပုံပေါ်နေသဖြင့် တင်မော်ရင်က သေချာအောင်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ ယခုတော့ ကမာလေးကို အာရုံလွဲရန် ဂိုယိုပြည်အတွေ့အကြုံများကို ပြောနေသည်။ စားသောက်ရင်း ထူးဆန်းသည့်ကိုပြောပြလိုက်သည်။

"ဒါနဲ့ တစ်ခုထူးဆန်းတာပြောရဦးမယ် ကမာရေ။ ဂိုယိုပြည့်ရှင်မင်းမှာ အင်မတန်ကို ချစ်စရာကောင်း တဲ့ ကိုယ်လုပ်တော် ကောင်လေးတွေရှိတယ်တဲ့။ အကိုလေးတို့ တွေ့တော့မတွေ့ခဲ့ပါဘူး။ "
ကမာသည် လက်ထဲကိုင်ထားသော တူပင်လွတ်ကျသွားသည်။
"ဘာဖြစ်လို့လဲ ကမာ။"
"မဟုတ်ပါဘူး အကိုလေး။ ကောင်လေးတွေအစား စဉ်းစားပြီး ကျောချမ်းသွားလို့ပါ။ "
တင်မော်ရင်က မသိဟန်ဆောင်ကာ ထမင်းငုံ့စားပြီး ပြောလိုက်သည်။
"အင်း ဟုတ်တော့ဟုတ်ပါတယ်။ ကိုယ်က ယောက်ျားဖြစ်ပေမယ့် ယောက်ျားတစ်ယောက်ရဲ့ မယားဘ၀နဲ့ နေရတာ ဘယ်လွယ်ပါ့မလဲ။ အကိုလေးသာဆိုရင် ထွက်ပြေးမိမှာပဲ။ ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး။"
ကမာ အကိုလေးကို ငေးကြည့်ကာ တိုးတိုးပြောလိုက်သည်။
"ဟုတ်ပါတယ် အကိုလေး။ကျွန်တော်တောင် အကိုကြီးမကယ်ခဲ့ရင် တာတာလူရိုင်းကြီးရဲ့မယား လုပ်နေတုန်းနေမှာ။ အကိုကြီးကယ်ခဲ့တဲ့အပြင် ညီအဖြစ်လည်းမွေးစားခဲ့တယ်။အကိုလေးကလည်း ညီအရင်းလိုချစ်ပေးခဲ့တယ်။ ဒါကြောင့် အကိုနှစ်ယောက်အတွက်ဆိုရင် ကျွန်တော့်အသက် ပေးရလည်း ပေးမှာပဲ။"

တင်မော်၇င်သည် ထမင်းစားရင်းမှ ထရပ်ကာ ကမာကို ဖက်ကပြောလိုက်သည်။
"တောင်းပန်ပါတယ် ညီလေး။ အကိုလေးကြောင့် ကမာမေ့ထားတဲ့ အတိတ်ကို ပြန်သတိရသွားပြီ။ အကိုလေးတို့အပေါ် ဒီလိုစိတ်ထားပေးတဲ့ ညီလေးတစ်ယောက်ကို ပေးလို့ မိုးနတ်မင်းကို အကိုကြီး ကျေးဇူးတင်လို့မဆုံးတော့ဘူး။ စိတ်ချပါ။ အကိုလေး ကမာကို ကာကွယ်ပေးသွားမယ်။ ကမာလေး ဘာပဲကြုံကြုံ အကိုလေးတို့ကို ပြောပြဖို့ဝန်မလေးနဲ့နော်။"
ကမာသည် တင်မော်ရင်၏ ရင်ခွင်ထဲ တိုးဝင်ပြီးပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အကိုလေး။ ဖြစ်နိုင်ရင်လေ မင်းကြီးဘေးကနေ အကိုလေးဘေးမှာ နေဖို့ ရွှေ့ပေးလို့ရမလား အကိုလေး။"
တင်မော်ရင်၏ အထင်ခိုင်မာသွားသည်။ သက်ပြင်းကို အသာရှိုက်ကာ ပြောလိုက်သည်။
"အကိုလေး ကြိုးစားကြည့်ပါ့မယ် ကမာလေး။ အခုတော့သည်းခံလိုက်ဦးနော်။ အကိုကြီးလာလို့ မိန်းမလှလေးပါလာရင် မင်းကြီးစိတ်ကြည်နေတုန်း အကိုလေး ကြည့်ပြောပေးမယ်။"
ကမာ ခေါင်းငြိမ့်လိုက်သည်။ အကိုကြီးနှင့်အတူ မိန်းမလှလေးပါလာပါစေဟု ဆုထောင်းမိသည်။
နောက်တနေ့ နန်းတွင်းထဲသို့ဝင်သောအခါ မင်းကြီးက ကမာကို ခြေဆုံးခေါင်းဆုံးကြည့်ကာ

"ကမာလေး နောက်နေ့ညစာစားပွဲမှာ ကိုယ်တော်ပေးတဲ့ ပိုးထည်ကို ၀တ်ခဲ့နော်။ ကိုယ်တော် ကမာလေးအတွက် လိုက်ဖက်မယ် ထင်တာလေး ရွေးပေးလိုက်တာ။"
ကမာခေါင်းငြိမ့်လိုက်သည်။ တေးဟာခန်သည် ကမာ၏ လက်လေးကို ဆွဲယူကာ နမ်းလိုက်ပြီး ပြောလိုက်သည်။

"ကမာလေး...ဘာတွေကြိုက်သလဲ။ ကိုယ်တော် ကမာ ကြိုက်တာလေးတွေ သိချင်လို့။ "
ကမာသည် မင်းကြီးလက်ထဲမှ မိမိလက်ကို မသိမသာပြန်ရန်ုးသောအခါ သူက ရယ်မောကာ ကမာကို ဆွဲယူကာ ပေါင်ပေါ်လာထိုင်စေပြီး လက်က လှပသောကိုယ်လုံးလေးကို ပွတ်သပ်နေသဖြင့် ကမာ မျက်နှာနီလာသည်။

"မင်းကြီး။ အတွင်းဝန်တွေရှိတယ်လေ။"
မင်းကြီးက အတွင်းဝန်ကြီးဘက်လှည့်ကာ

"ကဲ အတွင်းဝန်ကြီး အပြင်ရှောင်နေပါဦး။ ဘယ်သူလာလာ ကိုယ်တော်အိပ်နေတယ်လို့ ပြောလိုက်။"
အတွင်းဝန်ကြီးက အရိုအသေပေးကာ ထွက်သွားတော့မှ ကမာကို သလွန်ပေါ်ပွေ့တင်တော့သည်။

"ကဲ ကမာလေးကို ကိုယ်တော် လိုချင်လှပြီ။ ညကတည်းက ကမာလေးကို လွမ်းနေတာ။"
ကမာသည် မင်းကြီး၏ ပူပြင်းသောအနမ်းများကြောင့် မနှစ်သက်သည့်ကြားမှ သွေးတိုးနှုန်းမြန်လာ ခဲ့သည်။ မင်းကြီးထိလိုက်သည့်နေရာတိုင်းက ကမာကို ရူးမတတ်ဖြစ်စေသည်။ စိတ်လှုပ်ရှားခြင်းနှင့် အတူ ကမာ့ကိုယ်ထဲမှ တားဆီးလို့မရသည့် အရိုင်းစိတ်က နိုးထလာသည်။ မင်းကြီး၏ နုတ်ခမ်းများ၊ မင်းကြီး၏ လက်များက ကမာကို မူးမူးမေ့မမေ့ဖြစ်သွားစေသည်။
"ကမာလေး....ချစ်တယ်...ကမာလေးရယ်..."
မင်းကြီး၏ အသံကို ကြားနေရသည်။ ကမာသည် မင်းကြီး၏ လက်ဖျံကို ညစ်ထားမိသည်။ အင်အားကြီးသော မွန်ဂိုပြည့်ရှင်မင်းကြီး၏ ထက်သန်လှိုက်လှဲသောအချစ်များက ကမာကို ညည်းသံများထွက်ပေါ်လာစေသည်။

မင်းကြီး၏ အဆောင်ထဲတွင် ကမာ၏ ညည်းသံလေးများနှင့် မင်းကြီး၏ အသက်ရှူုသံပြင်းပြင်းတို့ မှန်မှန်ထွက်ပေါ်နေတော့သည်။
နေမြင့်ရင် အရူးရင့်သလို မင်းကြီး၏ ကမာအပေါ်စွဲလန်းမှုကို အတွင်းဝန်များက မနည်းဖုံးဖိထားရ သည်။ မင်းကြီးက ကမာကို စွဲသည်ထက်စွဲကာ တနေ့လျှင် တစ်ကြိမ်မက ချစ်တင်းနှောချင် လာသည်။ ကမာက ငြင်းသော်လည်း ဘုရင်ကို ငြင်းမရသဖြင့် လိုက်လျောရတော့သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now