မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၅၃)(Z+U)

4.2K 233 2
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅၃)(Z+U)


ဟေဇယ်သည် နောင်တော်မျက်နှုာမကောင်းသဖြင့် အလိုက်တသိငြိမ်နေလိုက်သည်။ နောင်တော် အိပ်ပျော်သွားတော့ ဟေဇယ် ကော်ဇော်ပေါ် ထိုင်ရင်းအိပ်ပျော်သွားတော့သည်။ ထိုစဉ် အခန်းထဲ လူတစ်ယောက်ဝင်လာသံကြောင့် နိုးသွားသည်။ နောင်တော့်အဆောင်ထဲ ၀င်လာသူကမွန်ဂိုဧကရာဇ် ပါ။ ဟေဇယ့်ကိုတွေ့သော် လက်ညှိုးဖြင့် နူတ်ခမ်းတွင်ထိကာ အသံမထွက်ရန် အချက်ပြသဖြင့် ဟေဇယ် ငြိမ်နေလိုက်စဉ် သူက လက်ယမ်းကာ မိမိကို အပြင်ထွက်သွားစေသဖြင့် အပြင်ကိုထွက်လာ ခဲ့သည်။

ဟေဇယ်သည် နောင်တော့်ကို အရမ်းချစ်သည့် မင်းကြီးကို ကြည့်ကာ ရင်ဝယ် နောင်တော့်ကို အားကျလာမိသည်။
"နောင်တော်ရယ် ကံကောင်းလိုက်တာဗျာ။နောင်တော့်လို ပါရှားဘုရင်ရဲ့ အချစ်ကို ကျွန်တော် မရခဲ့ပါဘူး။ နောင်တော်က အချစ်စစ်နဲ့ အချစ်ခံရတဲ့ တန်ဖိုးကို သိရဲ့လားဗျာ။ နောင်တော့်ကို ဒီလောက်ချစ်တဲ့မင်းကြီးရှိနေတာတောင် နောင်တော် ဘာကြောင့် စိတ်ဆင်းရဲနေရတာလဲ ဗျာ။"

ဟေဇယ် အသံတိတ်ပြောနေမိသည်။

"ချူးချူးပါတဲ့ မြင်းလှည်းချောက်ထဲထိုးကျသွားပါတယ် အရှင်မင်းကြီး။"
ရဲမတ်တစ်ဦးလာရောက်လျှောက်တင်သောစကားက တင်တက်ရင်၏ စိုးရိမ်စိတ်ကို ထိုးတက်သွား စေသည်။

"ဒါ ဘယ်လိုဖြစ်တာလဲ။ အစောင့်ထည့်ပေးလိုက်တာ ဘယ်ရောက်ကုန်လဲ။"

"အစောင့်တွေလည်းတိုက်ခိုက်ခံရပါတယ် အရှင်မင်းကြီး။ အလစ်မှာ မြှားနဲ့ အပစ်ခံရတာပါ။ မြင်းကိုမြှားမှန်ပြီး ချောက်ထဲကိုဆွဲချသွားတာပါ။"

တင်တက်ရင်၏ မျက်လုံးက အေးစက်တင်းမာလာခဲ့သည်။ ဒါ အတွင်းလူပါရမည်။ ချူးချူးကို ဘယ်ပို့သည်ကို သိသူနည်းသည်။ ချူးချူးသာ တကယ်သေသွားလျှင် ကမာ မိမိကို အထင်လွှဲမှာ သေချာသည်။

"အသက်ရှင်ကျန်ရစ်တဲ့သူတွေကို ခေါ်လာခဲ့။"
တင်တက်ရင် အမိန့်ပေးပြီး အိမ်ရှေ့မင်းကို ခေါ်ခိုင်းလိုက်သည်။ တင်မော်ရင်ရောက်လာတော့ အကျိုးအကြောင်းပြောကာ အဖြစ်မှန်ပေါ်အောင်စစ်ခိုင်းသည်။ ထိုအကြောင်းကို ကမာ မသိအောင် ဖုံးကွယ်ထားခိုင်းသည်။ ချောက်ထဲကျသွားသည့် ချူးချုးကို အသက်ရှင်လိုရှင်ငြားရှာရန် တပ်ဖွဲ့ တစ်ဖွဲ့ စေလွှတ်စေသည်။

တင်တက်ရင် အလေးအနက်ထားစဉ်းစားရလေပြီ။ မည်သူက ချူးချူးကို သတ်ချင်တာလဲ။ သူမက တေးဟာခန်ရဲ့ သမီးဆိုတာ သိသူနည်းသည်။ မည်သူဖြစ်နိုင်သနည်း။ နောက်ကွယ်က ဘာရည်ရွယ် ချက်လဲ။ တင်တက်ရင် စဉ်းစားနေစဉ် အတွင်းဝန်က လာလျှောက်တင်သည်။

"အရှင်မင်းကြီး သခင်လေး ကမာပြန်ရောက်လာပါပြီ။"

တင်တက်ရင် ခေါင်းငြိမ့်ကာ ကမာ့ အဆောင်ကို လာခဲ့သည်။ ကမာလေးက သူ့ညီငယ်ကို မြင်းစီး သင်ပေးပြီး မြို့ပြင်တွင် မြင်းစီးသွားသဖြင့် ကမာ ပြန်လာချိန်ကို မိမိစောင့်နေခြင်းဖြစ်သည်။

"ကမာ..."

တင်တက်ရင်သည် မြင်းဇောင်းတွင် ဟေဇယ်နှင့် ပြုံးရွှင်စွာစကားပြောနေသော ကမာ့ကို လှမ်းခေါ် လိုက်သည်။ ယခုရက်ပိုင်း ချူးချူးကိုနယ်နှင်ဒဏ်ခတ်သည့် ကိစ္စနှင့်ပတ်သတ်ပြီး ကမာ မိမိကို နည်းနည်း စိမ်းကားသွားသလို ခံစားလိုက်ရသော်လည်း သူလေးကို ဖိအားမပေးချင်သောကြောင့် တင်တက်ရင် အသာလေးလွှတ်ထားလိုက်သည်။ ဟေဇယ်ကို သူကိုယ်တိုင် မြင်းစီးသင်သည်ကို စိတ်ပြေလက်ပျောက်စေရန် ခွင့်ပြုလိုက်ပြီးမှ တင်တက်ရင် နောင်တရမိသည်။ ဘာကြောင့်လည်း ဆိုတော့ ညီအစ်ကို နှစ်ယောက် အရမ်းကို တပူးပူး တတွဲံတွဲလုပ်နေသည် မဟုတ်လား။

ဟေဇယ်၏ ရှေ့တွင် မိမိကို ပွေ့ဖက်တာ မလုပ်စေချင်ကြောင်း အရိပ်အမြွက်ပြထားသည်။ တင်တက်ရင် နားလည်ပေးနိုင်ပါသည်။ နှင်းမြို့တော်သားများရှေ့တွင် ကမာလေးက မိမိနှင့် ချစ်ခင်စွာ လက်ပွန်းတသီးနေမည်ကို ရှက်မည်ကို သိလို့ တင်တက်ရင် လိုက်လျောပေးပါသည်။

ထို့ကြောင့် ယခုတော့ တင်တက်ရင်သည် ကမာ့ကို ညအိပ်ချိန်မှ တွေ့ရ၊ ချစ်ရ၊ ဖက်ရသလိုဖြစ် နေသည်။ ဘယ်သွားသွား ဟေဇယ်ကလည်း ကမာ့နားကပ်နေသဖြင့် တင်တက်ရင် ကြာတော့ မကြည်ချင်တော့ပါ။ ဘယ့်နှယ်ဗျာ။ ချစ်သူလေးနှင့် အတူမနေရဘူးလို့။ ဘုရင်ရင့်မကြီးဖြစ်ပြီး လုပ်ချင်တာ မလုပ်ရတာ ယခုမှ ကြုံဖူးတော့သည်။

"အကိုကြီး။"
"အရှင်မင်းကြီး"
ကမာနှင့် ဟေဇယ်တို့ ညီအစ်ကို သည် စကားပြောနေရာမှ မြင်းဇောင်းထိလိုက်လာသော မင်းကြီးကို အရိုအသေပြုလိုက်သည်။ တင်တက်ရင်သည် ကမာ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကမာလေး။ ဒီနေ့ မြင်းစီးသွားတာ ကြာလှချည်လား။ အကိုကြီး မင်းကို လာရှာတာမတွေ့ဘူး။ "

ဟေဇယ်သည် အလိုက်တသိ အရိုအသေပေးကာ ထွက်သွားတော့သည်။ မင်းကြီးက နောင်တော် ကမာ့ကို လာရှာတာ မဟုတ်လား။ မိမိရှိလျှင်လည်း မင်းကြီးအာရုံက မိမိထံနည်းနည်းမှ ရောက်တာ မဟုတ်ပေ။ တခါတလေ ဟေဇယ် နောင်တော့်ကို အရမ်းအားကျမိသည်။ ခွန်အားကြီးကာ အာဏာကြီး သောသူ၏ အချစ်ကို ခံရတာ ဘယ်လောက်ကောင်းသည်ဆို တာ မိမိမမေ့သေးပါ။

"ကမာလေး။ ခုရက် အကိုကြီးကို ရှောင်နေသလိုပဲ။"

"မရှောင်ပါဘူး အကိုကြီး။ ဟေဇယ်ကို မြင်းစီးသင်ပေးနေလို့ပါ။"

"အကိုကြီး ကမာလေးကို လာရှာတိုင်း မရှိဘူးဖြစ်နေတယ်။ လာပါဦး။ အကိုကြီး မနက်ကတည်းက ကမာလေးကို မတွေ့ရတာ။ အရမ်းလွမ်းနေပြီ။"

တင်တက်ရင်သည် ကမာ့ခါးလေးကို သိမ်းဖက်ကာ ရင်ခွင်ထဲ သွင်းလိုက်သည်။ ကမာ အလန့်တကြား လေးသူ့ရင်ဘတ်ကို တွန်းကာ ပြောသည်။
"အကိုကြီး မြင်းဇောင်းမှာ။ လူတွေ မြင်လိမ့်မယ်။ "

"မြင်ပါစေလေ။ ကိုယ့်ချစ်သူကို ကိုယ်ဖက်တာ ဘယ်သူ့ကို ကရုစိုက်ရမှာလဲ။ ကိုယ်က မင်းကြီး မဟုတ်ဘူးလား။"
သူ့လေသံမာသွားသဖြင့် သူစိတ်တိုသွားသည်ကိုသိတော့ ကမာဘာမှ မပြောပဲ သူ့လည်ပင်းကို ဖက်တွယ်ကာ ပြောလိုက်သည်။

"အကိုကြီးက မင်းကြီးပါဗျာ။ သိပါတယ်။ ဒါပေမယ့် ကျွန်တော်က နှင်းမြို့တော်သားတွေရှေ့မှာ အဖက်ခံရမှာ၊ အနမ်းခံရမှာ မရဲသေးလို့ပါ။ "

"ဘာလို့မရဲတာလဲ။ မင်းပဲ ကိုယ့်ကို ချစ်သူတစ်ယောက်လို ချစ်ပါတယ်ဆို။"

ကမာ သူ့ပါးကို နမ်းကာ ပြောလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော် အကိုကြီးကိုချစ်သူလို ချစ်တာပါ။ "

ကမာ့ထံမှ ထိုစကားကို ရသည်နှင့် တင်တက်ရင်ကျေနပ်သွားသည်။ ကမာ့ကို ကလေးလို ပွေ့ချီကာ ပြောလိုက်သည်။
"ရပြီ။ ဆက်မပြောနဲ့တော့။ ကဲ သွားကြမယ်။"

"ဘယ်လဲဟင်။"

"ကိုယ့်ရဲ့ အချစ်ပင်လယ်ထဲကို..."

ကမာ ရင်ခုန်ခြင်း၊ ကြည်နူးခြင်းဖြင့် သူ့နောက်ကို ပါသွားသည်။
ဒါကို အကွယ်တွင်ကြည့်နေသူတစ်ယောက်က ကြည့်ရင်းလက်သီးဆုပ်လိုက်မိသည်ကို ကမာရော၊ တင်တက်ရင်ရော မသိလိုက်ပေ။ တယောက်ကို တယောက်ချစ်ကာ မိုးမမြင်လေမမြင်ဖြစ်နေသည် စုံတွဲကို ကြည့်ရင်းရင်ထဲတွင်လှိုင်းထန်လာခဲ့သည်။ နာကျင်ခြင်းက တကိုယ်လုံးကို ပျံ့နှံ့သွားသည်။

ညအထိ ဟေဇယ်စောင့်နေခဲ့သော်လည်း နောင်တော် ကမာပြန်ရောက်မလာခဲ့ပါ။ ဟေဇယ်သိလိုက် ပါပြီ။ မင်းကြီး၏ အချစ်မုန်တိုင်းထဲတွင် နောင်တော် ကမာ ရုန်းမထွက်နိုင်တော့ပါ။ ဟေဇယ်သည် မီးတိုင်ကို ကြည့်ရင်း သူ့အကြည့်ကို ပြန်မြင်ယောင်လာခဲ့သည်။ မိမိကို တကိုယ်လုံးမျိုထားချင်သည့် အကြည့်မျိုးဖြင့်ကြည့်ခဲ့သူပါ။ ပါရှားဘုရင်လို ရမ္မက်သက်သက်ဖြင့် ကြည့်သောမျက်လုံးမျိုးမဟုတ်ပေ။ သူ့အကြည့်ထဲတွင် ချစ်တာလည်း ပါသည်။ မြတ်နိုးတာလည်းပါသည်။ ရမ္မက်လည်းပါသည်။ ထိုအကြည့်နှင့် အကြည့်ခံရလျှင် တကိုယ်လုံးပျော့ကျသွားချင်သည်။

ထိုအကြည့်နှင့်ဝေးခဲ့တာ ကြာပြီ။ ဟေဇယ်ထိုအကြည့်မျိုးနှင့် အကြည့်ခံချင်သေးသည်။ အထူးသဖြင့် အင်မတန်ကို အချစ်ကြမ်းသည့် မွန်ဂိုဘုရင် တင်တက်ရင်၏ ရင်ခွင်ထဲ တစ်ခါလောက်ခိုဝင်ကာ အချစ်ခံကြည့်လိုက်ချင်သေးသည်။

ဟေဇယ် နံနက်စောစောနိုးသည်နှင့် လမ်းလျှောက်ထွက်ခဲ့သည်။ မြူများကြားတွင် လျှောက်လာရင်း တနေရာအရောက်တွင် လူတစ်ယောက်နှင့် ဟေဇယ်ဝင်တိုက်မိသည်။ ထိုသူလည်း အပင်ပေါ်မှာ ဌက်ကလေး တစ်ကောင်ကို မော့ငေးရင်းလျှောက်လာခြင်းဖြစ်သည်။ ဟေဇယ်လည်း လှပသော နန်းဆောင်ကို ငေးကြည့်ရင်းလာသည်ဆိုတော့ မရှောင်သာသည့် လမ်းမြှောင်ကြား နှစ်ဦးသား ရင်ဆိုင်တိုးမိတော့သည်။

တိုက်သည့် အရှိန်ကြောင့် သေးသွယ်သော ဟေဇယ်ယိုင်ခနဲဖြစ်သွားပြီး ခွေကျသွားခဲ့သည်။ နံဘေး တွင် ကြာပန်းများစိုက်ထားသည့် ရေကန်လည်း ရှိသဖြင့် ဟေဇယ် မျက်လုံးကို စုံမှိတ် လိုက်မိတော့သည်။

"သွားပြီ။ ရေထဲ ကျပြီ။"
ရေထဲကျကာ အေးသွားမည်ထင်ထားသော်လည်း နွေးခနဲဖြစ်သွားသဖြင့် ဟေဇယ်အံ့သြကာ မျက်လုံးဖွင့်မိစဉ် အရင်တွေ့လိုက်သည်က ကြင်နာသော ရယ်ချင်သော မျက်ဝန်းတစ်စုံပါ။

"အရမ်းကြောက်သွားလား ကလေးလေး။"

သူက ကျီစယ်လိုစိတ်ဖြင့် ဟေဇယ့်ကို ရင်းနှီးစွာပြောခဲ့သည်။ ဟေဇယ့်ရင်ထဲ မခံချင်စိတ်ပေါ် လာခဲ့သည်။ မိမိအသက်ငယ်တာ မှန်သည်။ သို့သော် မိမိအတွေ့အကြုံနှင့်ပညာက မငယ်တော့ပါ။ ပါရှားဘုရင်၏ တန်းတန်းစွဲခြင်းကိုခံရလောက်အောင် ကျားတို့အကြိုက်ကို သိကာမိမိနားမခွာနိုင် အောင်လုပ်ခဲ့ဖူးပါသည်။ မိမိကြောင့် သူလည်း ရာထူးစည်းစိမ်များစွာကို ရခဲ့ဖူးပါသည်။

ပါရှားဘုရင်ကို မိမိလုံးဝမချစ်လို့၊ သူ့အထိအတွေ့ကို မခံချင်လွန်းလို့ မိမိကို စွန့်ပစ်အောင် တမင် လုပ် ခဲ့လို့သာ မိမိချမ်းသာရာ ရခဲ့ခြင်းဖြစ်သည်။ ယခု အိမ်ရှေ့စံက မိမိအသက်အရွယ်ကို ကြည့်ကာ ကလေးလေးဟု ခေါ်ခဲ့သည်။ ဟေဇယ် ပြုံးလိုက်မိသည်။ ကောင်းပြီလေ။ အိမ်ရှေ့စံသခင်ကြီးရယ်။ ဟေဇယ့် မာယာကို ရုန်းနိုင်မလား ကြည့်ကြသေးတာပေါ့ဗျာ။

ဟေဇယ် သူ့ရင်ခွင်ထဲတိုးဝင်ကာ ကြောက်လန့်တကြားပုံလေးဖြင့်ပြောလိုက်သည်။
"ရေထဲပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲနော်။ လန့်လိုက်တာ။"

တင်မော်ရင်က ရယ်ကာ ဟေဇယ့်ကို ရေကန်နှင့် ဝေးရာသို့ ပွေ့ချီလာပေးပြီး ပြောလိုက်သည်။

"သဲကန္တာရထဲ အနေများလို့ ရေကို ကြောက်သွားတာလား ဟေဇယ်လေး။"

တင်မော်ရင်က ကမာ့ ညီလေးဖြစ်လို့ တရင်းတနှီးနောက်လိုက်သည်။
"ရေကို မကြောက်ပါဘူး အရှင်။"

"ဒါဆို ခဏက ဘာလို့ မျက်လုံးမှိတ်ပြီး အော်ရတာလဲ ဟေဇယ်လေး။"
ဟေဇယ်နူတ်ခမ်းလေးကို မသိမသာ စူကာ ပြောလိုက်သည်။
"အော်ပါဘူးနော်။"
တင်မော်ရင်သည် ဟေဇယ်၏ ထိုအမူအယာလေးကို သဘောကျကာ ပြုံးပြီးပြောလိုက်သည်။
"အော်ပါတယ်ဗျာ။ ဟေဇယ်က ကမာနဲ့ မတူဘူးနော်။ အသက်ငယ်သလို အသည်းလည်းငယ်တယ် ဆိုတာ ကိုယ်တော် အခုမှ သိတော့တယ်။"

"ကိုယ်တော်နော်။ ဟေဇယ်က ကိုယ်တော့်ကို လန့်လို့ အော်မိတာပါ။"
တင်မော်ရင်သည် ဟေဇယ့် နှာခေါင်းလေးကို အသာဆွဲလိမ်ကာ မေးလိုက်သည်။ ဒီကောင်လေးက လူကို ဆွဲငင်နေသည်။ တင်မော်ရင်က ကလေးဆိုတော့ အပျော်သဘောဖြင့်စလိုက်သည်။ သူလေး ဘာဖြေမလဲလို့ပေါ။့
"ကိုယ်တော့်လို အိမ်ရှေ့စံနဲ့ တိုက်မိတာ နောင်တော် ကမာသိရင် ဟေဇယ့်ကို ဆူမှာစိုးလို့ပါ။"
တင်မော်ရင်က ကလေးဆိုးပုံလေးနှင့် ကောင်လေးကို ချစ်စနိုးနှင့် ခေါင်းကို ပွတ်သပ်ကာ ပြောလိုက် သည်။
"ကမာ မဆူအောင် ကိုယ်တော် ပြောပေးမှာပေါ့။ ဟေဇယ်လေး ထူးထူးဆန်းဆန်း တယောက်တည်း မနက်စောစောလျှောက်သွားနေတာလား။"
ဟေဇယ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်နှင့် သူ့ကိုမော့ကြည့်ကာ ပြောလိုက်သည်။
"နောင်တော် ကမာမှ မရှိတာ။ ဟေဇယ်ပျင်းလို့ ထွက်လာတာပါ။ "
တင်မော်ရင် နားလည်လိုက်သည်။ ကမာ က နောင်တော့် အဆောင်မှာဆိုတော့ ဟေဇယ်လေး ပျင်းရှာမှာပေါ့။ ထို့ကြောင့် တင်မော်ရင်သည် ဟေဇယ့်လက်လေးကို ဆွဲကာ
"ကဲလာ။ ဒါဆို ကိုယ်တော့် အဆောင်ကို လိုက်လည်လေ။ ကိုယ်တော်လည်း ညီလာခံတက်လိုက် ကတည်းက တနေကုန် မအားတော့ဘူး။ အခုတော့ အားသေးတယ်။ လာ။ ဟေဇယ်လေး သိချင်တာ ကိုယ်တော် ရှင်းပြပေးမယ်။"
ဟေဇယ်သည် ကလေးလေးလိုပြုံးကာ အိမ်ရှေ့မင်းနောက်ကို ပါသွားတော့သည်။
ထိုအချိန်တွင် ကမာ အိပ်ယာနှိုးလာခဲ့သည်။မိုးလင်းနေပြီဆိုတော့ အိပ်ယာမှထလိုက်သည်နှင့် အအိပ် ဆတ်သော သူက ကမာ့ခါးကို ပြန်ဆွဲယူကာ ဖက်ထားသဖြင့် ကမာ သူ့ကို လှည့်ပြောလိုက်သည်။
"အကိုကြီး ထတော့လေ။ မိုးလင်းပြီ။"
"ကမာ့ကို ဖက်ပြီးအိပ်ချင်သေးတယ်။ မထနဲ့ဦး။"
"ကျွန်တော် အဆောင်ပြန်တော့မယ် အကိုကြီး။ မနေ့ညနေကတည်းက အဆောင်ကို ပြန်မရောက် သေးတာလေ။ ဟေဇယ်ကို လေ့ကျင့်ပေးစရာရှိသေးတယ်။"
တင်တက်ရင်က ကမာ့ကို လွှတ်မပေးပဲ ပြောလိုက်သည်။
"ဟေဇယ်တို့ရောက်ကတည်းက ကမာ အကိုကြီးဘေးမှာ နေတဲ့ အချိန်နည်းသွားတယ်နော်။ နောက်ရက်ကစပြီး ကမာ့ လူပျိုတော်သားတွေကို လေ့ကျင့်ကွင်းမှာပဲ သွားကျုင့်ပါစေ။ ကမာ ကိုယ်တိုင် မလုပ်ပေးနဲ့။"
ကမာ အကိုကြီးကို ချော့လိုက်သည်။ ဟေဇယ်ကို မိမိကိုယ်တိုင် လေ့ကျင့်ပေးချင်သည်။ ပြီးလျှင် မိမိအလုပ်များကို ကူခိုင်းချင်သည်။
"အကိုကြီးရယ်။ ဟေဇယ့်ကို တော့ ကျွန်တော်ကိုယ်တိုင် သင်ပေးပါရစေ။ သူ့ကို အကိုကြီးဆီမှာ အမှုထမ်းစေချင်လို့ပါ။ ကျွန်တော့်ညီလေးက ဘာမှ နားမလည်သေးတော့ စိတ်ပူတယ်။ သူ့ကို အရည်ချင်းပြည့်ဝစေချင်လို့ပါ။"
တင်တက်ရင်က ကမာ့ ပုခုံးသားလေးတွေကို ဖွဖွကိုက်ကာ ပြောလိုက်သည။်
"မော်ရင်ဆီပို့ပြီး သင်ခိုင်းလိုက်ကွာ.။"

"အကိုလေးက ပိုပြီး အလုပ်ရှုပ်တာပေါ့။ကျွန်တော် အကိုကြီးဘေးကို ပြန်လာပါ့မယ်နော်။ ၃လပဲ အချိန်ပေးပါနော်။"
ကမာလေး တောင်းဆိုသည်ကို တင်တက်ရင်မငြင်းနိုင်တော့ပါ။ ထို့ကြောင့်လိုက်လျောပေးလိုက်ရ တော့သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now