မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၃၄)

4.7K 326 5
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၄)

တေးဟာခန်သည် ကမာ မြှားပစ်သင်ဖို့ပြောလိုက်စဉ် ကမာ အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးသွားဟန်ပေါ်သဖြင့် ကမာ့ကို ဖက်ကာမေးလိုက်သည်။

"ကမာလေး ဘာဖြစ်လို့လဲ။ ဒီမှာ ရှိတုန်း ကမာလေးလုပ်ချင်တာ အားလုံးကိုယ်တော်ဖြည့်ဆည်း ပေးမယ်။ ဟိုနေ့က ကမာလေး မြှားပစ်ပြန်သင်ချင်တယ် ပြောလို့ ကိုယ်တော်စီစဉ်လိုက်တာလေ။"

ကမာ မင်းကြီးရင်ခွင်ထဲ တိုးဝင်ကာ ပြောလိုက်သည်။

"ကမာ အခြားတပ်မှုးနဲ့ သင်ပါ့မယ် မင်းကြီး။"

"ဘာဖြစ်လို့လဲ"

"ဘာမှ မဟုတ်ပါဘူး။ အခုက ကျွန်တော်မျိုး ကြောက်လို့။ အကိုကြီးတင်ပေးထားတာကို မေ့သွားလို့။ အကိုကြီးဆူမှာကြောက်လို့။"
တေးဟာခန်က ရယ်ကာ ကမာ့ နဖူးလေးကို နမ်းကာပြောလိုက်သည်။

"အခြားတပ်မှုးနဲ့ ကမာ့ကို ကိုယ်တော် ဘယ်လိုစိတ်ချနိုင်မှာလဲကွယ်။ စစ်သူကြီးနဲ့ပဲ သင်ပါ။ ကိုယ်တော် ပြောလိုက်ပါ့မယ်။ ကိုယ်တော့် ချစ်သူလေးကို မဆူပါနဲ့လို့။"

အတွင်းဝန်က စစ်သူကြီးရောက်နေကြောင်းလျှောက်လိုက်တော့ မင်းကြီးက ၀င်ခွင့်ပြုလိုက်သည်။

"စစ်သူကြီး မနက်ဖြန်ကစပြီး ကမာ့ကို လက်ဖြောင့်အောင် ပြန်လေ့ကျင့်ပေးပါ. ဒါပေမယ့် ကမာ့ကို သိပ်မဆူပါနဲ့ကွယ်။ ကမာလေးက စစ်သူကြီးကို ကြောက်နေတာ..."

မင်းကြီးက ပေါင်ပေါ်ထိုင်နေသော ကမာ့ကို ခါးဖက်ရင်း ပါးပြင်ကို နမ်းပြီးပြောလိုက်သည်။ ကမာ မျက်နှာနီသွားပြီး အကိုကြီးကို မကြည့်ရဲတော့ပေ။ မင်းကြီးက တမင်လုပ်နေသလိုခံစားလိုက်ရသည်။

တင်တက်ရင်သည် လှည့်လည်စပြုနေသော ဒေါသသွေးများကို မျိုသိပ်ကာ အရိုအသေပေးလိုက်သည်။

"အမိန့်အတိုင်းပါ မင်းကြီး။ မိဖုရားကို မဆူပါဘူး။"

အကိုကြီး၏ စကားက ကမာ့ကို နာကျင်စေသည်။ အကိုကြီးက မိမိကို ဒီလိုမြင်ရတာ ဘယ်လောက် နာကျင်မည်ကို သိပါသည်။ သို့သော် ကမာ မင်းကြီးရင်ခွင်မှ မရုန်းရဲပါ။ မင်းကြီးပိုပြီးသံသယ ၀င်သွား နိုင်သည်။ ကမာ့ မင်းကြီးလည်ပင်းကို သိုင်းဖက်ကာ ချွဲလိုက်သည်။

"မင်းကြီးနော်....ကမာ အကြာကြီး မလေ့ကျင့်နိုင်ဘူး။ ခဏပဲလေ့ကျင့်မှာနော်။ နေ့လည်ကျရင် မင်းကြီးပန်းချီဆွဲတာ ကိုယ်ဟန်ပြပေးရအုံးမယ် မဟုတ်လား။"

တေးဟာခန်က ကမာ၏ စကားကြောင့် သဘောကျကာ တဟဲဟဲဖြစ်ကာ

"ကဲ ကဲ စစ်သူကြီးရေ ကမာလေး စိတ်တိုင်းကျ ခဏပဲ လေ့ကျင့်ပေးလိုက်ပါ။ ကဲ ကျေနပ်ပြီလား ကိုယ့်တော့် အချစ်ကလေး။"

"ဒါမှ မင်းကြီးကို ချစ်တာ။ မင်းကြီး ပန်းခြံထဲ လမ်းလျှောက်ကြစို့်နော်။"

"အင်း အင်း...ကဲ စစ်သူကြီး သွားလို့ရပြီ။ "

တင်တက်ရင် အရိုအသေပေးကာထွက်လာခဲ့ပြီး မိမိအခန်းထဲရောက်မှ ပေါက်ကွဲနေတော့သည်။ စစ်သူကြီး၏ အခန်းထဲမှ ကွဲရှသံကြောင့် အစောင့်ကလည်း အထဲကို ၀င်မကြည့်ရဲပေ။ မိမိတို့ စစ်သူကြီးကို မင်းကြီး တစုံတခု ခေါ်ပြောပြီးနောက် မျက်နှာတင်းမာကာ ပြန်လာခဲ့သည်။ တပ်သားများက တုတ်တုတ်မှ မလှုပ်ရဲပေ။

တေးဟာခန်သည် ကမာ့ဆက်ဆံရေးကြောင့် ကျေနပ်သွားသည်။ ဘာပဲပြောပြော စစ်သူကြီးရှေ့တွင် မိမိကို ချွဲနွဲ့ပြောလိုက်သဖြင့် တေးဟာခန် စိတ်အေးသွားသလို ခံစားလိုက်ရသည်။ ကမာ့ကို ဖက်ကာ ပန်းခြံထဲ လမ်းလျှောက်ကြသည်။

တေးဟာခန်က စိတ်ရွှင်ကာ ငယ်ဘ၀များကို ပြောပြနေသည်။ ကမာက အလိုက်သင့်ပြန်ပြောနေ သော်လည်း အကိုကြီးကို စိတ်ပူနေသည်။အကိုကြီး ဘယ်လောက် ဟန်ဆောင်သည်ဖြစ်စေ မိမိကို စိတ်ဆိုးသွားလောက်သည်။

အကိုကြီးကို မင်းကြီးသံသယ၀င်မည်စိုးလို့ တမင်ပြောလိုက်သည်ကို အကိုကြီး မရိပ်မိဘူးတဲ့လား စစ်သူကြီးအကိုရယ်။ ခင်ဗျားက လည်မလိုနဲ့ အ ပါလားဟု တွေးမိသည်။

"ကမာလေး။ ဘာတွေ တွေးနေတာလဲ။"

"သြော်....အခုလို မင်းကြီးနဲ့ အတူနေခွင့်၇တာ ကံကောင်းပါလားလို့တွေးနေမိလို့ပါ။ "

တေးဟာခန်က ကမာ့ပါးလေးကို နမ်းကာ ရယ်ပြီး
"တော်သေးတာပေါ့။ ကိုယ်တော့်ကို စိတ်ကုန်နေမှာပဲ စိုးတာ။ ကဲ ကမာလေး ဘာလုပ်ချင်သေးလဲ။ မြင်းစီးချင်လား။ သွားလေ။"

"မသွားတော့ပါဘူး။ မင်းကြီး မောနေပါ့မယ်။"

"အဲ့လို အလိုက်သိတတ်တာလေးကြောင့် ကိုယ်တော်ကပိုပိုချစ်နေမိတာ။"

ကမာသည် တေးဟာခန်မင်းကြီး၏ ရင်ခွင်ထဲ အလိုက်သင့် ခိုဝင်ကာ မျက်လုံးမှိတ်လိုက်မိစဉ် အကိုကြီးကို မြင်ယောင်နေမိသည်။

နောက်တနေ့တွင် ကမာ မြှားပစ်လေ့ကျင့်ရန်ထွက်လာခဲ့သည်။ မင်းကြီးက ခပ်လှမ်းလှမ်းခုံမှ စောင့်ကြည့်နေသည်။ တင်တက်ရင်က ကမာ့ကို မြှားစမ်းပစ်ခိုင်းသည်။ လက်ဟန်မမှန်သည်ကို ပြင်ပေးရင်း တီးတိုးပြောလိုက်သည်။

"ကမာလေး...အရမ်းလွမ်းတယ်။ "

ကမာ ကြက်သီးထသွားသည်။ သူ့လေသံက မိမိလည်ဂုတ်ကို ထိခတ်သွားသည် မဟုတ်လား။ ကမာ တံတွေးကို မျိုချကာ စကားပြန်မပြောပဲ မြှားကို ပစ်လိုက်စဉ် လွဲချော်သွားသည်။ တင်တက်ရင်က လက်ဟန်ကို ပြန်ပြပေးပြီးထပ်ပြောလိုက်သည်။

"ကမာ့ကို မတွေ့ရတာ ၂ ရက်ရှိပြီနော်။ ကိုယ် သည်းမခံနိုင်တော့ဘူး။ "

ကမာသည် အကိုကြီး၏ စကားကြောင့် ငိုချင်လာသည်။ ဘာမှ ပြန်မပြောဝံ့ပါ။ သူ့လက်နှင့်ထိမိသည့် နေရာတိုင်းမှ သူ့အချစ်စိတ်ကို ခံစားမိနေသဖြင့် ကမာ နေရခက်နေသည်။

တင်တက်ရင်က ကမာ့ ကိုယ်နှင့် ပူးလိုက်စဉ် ကမာ အလန့်တကြားနှင့်ခွာလိုက်ကာ တီးတိုးပြောလိုက်သည်။

"အကိုကြီး မင်းကြီး စောင့်ကြည့်နေတယ်။"

"ကြည့်ပါစေ"

"အကိုကြီး "

"ကိုယ်နဲ့ လာတွေ့မလား မတွေ့ဘူးလားပြော။"

ကမာ ချွေးပြန်လာခဲ့သည်။ မင်းကြီးက မတ်တပ်ရပ်ကာ လှမ်းကြည့်နေသဖြင့် မြန်မြန်ဖြေလိုက်သည်။

"ရေတံခွန်မှာ စောင့်နေပါ။ ညနေ ရေတံခွန်မှာ ရေလာချိုးမယ်။"

ကမာ့ထံမှ စကားကိုရမှာ တင်တက်ရင် ကမာ့ကိုယ်နှင့်ခွာက
"ကဲ ...စမ်းပစ်ကြည့်ပါဦး။"

ကမာ တံတွေးမျိုချကာ ပစ်လိုက်စဉ် ပစ်မှတ်ကို မှန်သွားသဖြင့်  တေးဟာခန် လက်ခုပ်တီးကာ အားပေးလိုက်သည်။

"တော်တယ် ကမာလေး။ စစ်သူကြီး ကမာ ဘာလိုနေတာလဲ။"

"ကိုယ်ဟန်မမှန်တော့လို့ပါ မင်းကြီး။ ဆက်ကျင့်ရင် လက်တည့်ပါပြီ။"

တင်တက်ရင်က ဘာမှ မဖြစ်သလိုဖြေလိုက်သည်။ ကမာ့မှာတော့ မင်းကြီးရှေ့အတင့်ရဲသော သူ့ကြောင့် အော်ငိုချင်စိတ်ပေါက်သွားသည်။

ကမာ သူ့မျက်နှင့် အကြည့်ချင်းဆုံတိုင်း ချစ်ရည်ရွှမ်းသော မျက်လုံးများကြောင့် မျက်နှာနီကာ နေရခက်သွားသည်။

"ကမာလေး အရမ်းချစ်ဖို့ကောင်းတယ်ကွယ်။"

"အကိုကြီးနော်... မင်းကြီးရိပ်မိမယ်။"

ကမာ ဘယ်လိုတားတား သူက ဆက်ပြောနေသဖြင့် နောက်ဆုံးကမာ မြန်မြန်လက်စသတ်ကာ မင်းကြီးဘေး ကိုသွားလိုက်တော့သည်။

"မင်းကြီး ကျွန်တော် မင်းကြီးနားမှာ လာနားတော့မယ်။ စစ်သူကြီးက အတင်းမောင်းတာ။ လက်နာ နေုပြီ"

"ကဲ..ကဲ...လာနား။ စစ်သူကြီးရေ တော်တော့.."

"မှန်လှပါ မင်းကြီး။"

တင်တက်ရင်လည်း ကမာ့ထံမှ အချိန်းအချက်ရသွားတော့ ကျေနပ်ကာ ထွက်သွားတော့သည်။
ကမာသည် မင်းကြီးဌဲ့ပေးသော ၀ိုင်ကို ယူသောက်ကာ ပူဆာလိုက်သည်။

"မင်းကြီး ရေတံခွန်မှာ ရေသွားချိုးချင်တယ်နော်။"

"ကိုယ်တော် မချိုးချင်ဘူး။ ကမာ ချိုးချင်ချိုးလေ။ ကိုယ်တော်ကမ်းပေါ်က စောင့်နေမယ်။"

မင်းကြီးအလိုလိုက်သောကြောင့် ကမာစိတ်အေးသွားသည်။ ညနေစောင်းတော့ ကမာ နှင့် တပ်ဖွဲ့ ရေတံခွန်သို့လာခဲ့သည်။

"ရေတံခွန်နားမှာ ချိုးမယ်နော် မင်းကြီး။"

"အင်း...အောက်ကို သိပ်မသွားနဲ့နော်။ ရေစီးနဲ့ပါသွားမယ်။"

ကမာသည် ရေတံခွန်အောက်တွင် ရေချိုးရင်း ရေတံခွန်အောက်ကို ၀င်လိုက်သည်။

"ကမာလေး..."

"အကိုကြီး.."
ရေကန့်လန့်ကာကြောင့် အနောက်တွင် လူပုန်းနေသည်ကို မည်သူမှ မသိပေ။

ကမာ စကားဆိုခွင့်မရတော့ပါ။ အကိုကြီးက ကမာ့ကို ပွေ့ဖက်ကာ နမ်းတော့သည်။ ခဏကြာတော့
ကမာ သူ့ရင်ခွင်မှရုန်းကာ

"သွားတော့မယ်။ "

"တွေ့ရတာ မ၀သေးဘုး။"

"အကိုကြီးနော်။ မင်းကြီးစောင့်ကြည့်နေတယ်လို့။ "

"ကြည့်...ကြည့်..."

"စိတ်ညစ်လာပြီ။ "

"ကမာလေး..."

"ဟော... မင်းကြိးခေါ်နေပြီ။ "
ကမာသည် တင်တက်ရင်ဆွဲသည့်ကြားမှ ရေထဲ ဆင်းသွားတော့သည်။ ကမ်းစပ်တွင် မင်းကြီးက စိုးရိမ်ကာ ခေါ်နေသည်။ ကမာ မင်းကြီးရှိရာသို့ကူးသွားပြီး

"မင်းကြီး ရေတံခွန်အောက်က နွေးနေတာပဲ။ "

"တော်သေးတယ်။ ကိုယ်တော်မျက်စိအောက်က ပျောက်မသွားပါနဲ့ကမာလေးရယ်။"

"ဟုတ်ကဲ့ မင်းကြီး "

ကမာ ခဏချိုးပြီးတက်သွားတော့သည်။ တင်တက်ရင်က ဘယ်သူမှ မရှိတော့မှ ရေထဲကတက်လာခဲ့ သည်။ ကမာ့ကို သူပိုတွေ့ချင်လာပြီ။ ဘယ်လိုလုပ်ရပါ့။ တင်တက်ရင်သက်ပြင်းရှိုက်လိုက်မိသည်။

"ချစ်တယ် ကမာရယ်။"

ကမာသည် နောက်ရက် မြှားပစ်လေ့ကျင့်တိုင်း သူ့အထိအတွေ့ကြောင့် မနည်းစိတ်ကို ထိန်းထား ရသည်။

"အကိုကြီး ပိုပိုဆိုးလာတယ်နော်။"

"ကမာက ဘာလို့ပိုပိုချောလာတာလဲ။"

ကမာ ပြန်မဖြေနိုင်တော့ပေ။ အကိုကြီး၏ မျက်ဝန်းအကြည့်ကိုလည်း ရင်မဆိုင်ရဲပါ။ အကိုကြီး၏ ရောဂါ ပိုပိုရင့်လာလေပြီ။ မင်းကြီးရောဂါသက်သာလာသလောက် အကိုကြီးပိုဆိုးလာသလိုပင်။

ကမာသည် မင်းကြီးနှင့် အကိုကြီးကြား မလူးသာ မလွန့်သာဖြစ်နေစဉ် မင်းကြီးထံ စာချွန်တော် ရောက်လာခဲ့သည်။

"ကမာလေး... နေပြည်တော်ပြန်ကြစို့။"
တေးဟာခန်က ကမာ့ကိုေ ပြာလိုက်သည်။

"ဘာဖြစ်လို့လဲ မင်းကြီး။"

"ဂိုယိုပြည်က သံတမန်တွေရောက်မယ်။ ကိုယ်တော် လက်ခံတွေ့ဆုံရမယ်။"

ကမာ တို့အားလုံး နေပြည်တော်သို့ပြန်ခဲ့ရသည်။ တစ်လတာ လွတ်လပ်သမျှ နန်းတော်ထဲ အချုပ်ကျ တော့မည်ကို သိနေပါပြီ။

နေပြည်တော်သို့ေ၇ာက်သော် မင်းကြီး ကမာ့အနားသိပ်မကပ်နိုင်ပေ။ တိုင်းပြည်ရေးတွေ က စောင့်ကြိုနေပြီမဟုတ်လား။ မင်းကြီးက လျှို့ဝှက်စစ်တပ်ကို တင်တက်ရင်လက်ထဲ ဆက်အပ်ထား ကာ နန်းတော် လုံခြုံရေးကို ပါစီစဉ်စေသည်။ တင်တက်ရင်သည် လုံခြုံရေးကို သေချာ ပြန်နေရာ ချလိုက်သည်။

ကမာ နန်းတော်ထဲတွင် နေ့ခင်း တမှေးမှေးနေစဉ် ပါးပြင်ပေါ်အနမ်းကျလာသဖြင့် နိုးသွားသည်။

"အွန်း... မင်းကြီး..."

ကမာ မင်းကြီးအောက်မေ့ကာ တီးတိုးရေရွတ်လိုက်စဉ် အနမ်းကပိုကြမ်းလာသဖြင့် ကမာ နိုးသွားသည်။ မင်းကြီးမဟုတ်။ အကိုကြီးဖြစ်နေသည်။

"အကိုကြီး... အွန်း..."

တင်တက်ရင်သည် ကမာ့ အဆောင်ကို တိတ်တဆိတ်ဝင်လာစဉ် အိပ်ပျော်နေသော ချစ်သူကို ဖွဖွနမ်း လိုက်စဉ် မင်းကြိးက တ လိုက်သဖြင့် ရင်ထဲ အောင့်သွားပြိး အနမ်းကြမ်းကြမ်းပေးလိုက်စဉ် ကမာ နိုးလာသည်။ ထုံးစံအတိုင်း ရုန်းဟန်ပြင်သည်ကို တင်တက်ရင် ကိုယ်နှင့်ဖိကာ စကားမဆိုနိုင် အောင် ပြုစားလိုက်သည်။ ကမာ့ အ၀တ်များ ဖရိုဖရဲ ဖြစ်ကုန်သည်။

"အကိုကြီး...မလုပ်နဲ့...မလုပ်ပါနဲ့..."

"ကိုယ် ချစ်သူလို ဘယ်လောက်ဆက်နေရမှာလဲ။ ကမာ့ကို ပိုင်ဆိုင်ချင်ပြီ။"

ကမာ အကိုကြီးကို ဖက်ကာ နှစ်သိမ့်သည်။

"အကိုကြီးရယ်... ရေရှည်ကို ကြည့်မှပေါ့...မလောပါနဲ့။ လူချင်းပေါင်းဖက်ဖို့ထက် စိတ်ချင်းနီးဖို့က ပိုအရေးကြီးတယ် မဟုတ်လား။ "

"ကမာ့ကို ချစ်လို့ အကိုကြိီးဒီလောက်သည့်ခံတာနော်။ မဟုတ်ရင် ကမာ့ကို ခိုးပြေးပြီးပြီ။"

"အကိုကြီးရယ် အဲ့လိုလုပ်လို့ မရဘူးလေ။ အကိုလေး ကိုငဲ့ပါဦး။"

တင်တက်ရင် သက်ပြင်းရှိုက်မိသည်။

"ဘယ်တော့မှ ကမာလေးကို လွတ်လွတ်လပ်လပ်ချစ်နိုင်မှာလဲကွာ။"
ကမာ ရယ်မောကာ စလိုက်သည်။

"အကိုကြီး မွန်ဂိုဘုရင်ဖြစ်ရင် ကမာ့ကို ပိုင်ပြီပေါ့။"

"အင်း...."
တင်တက်ရင် ငြိမ်ကျသွားသည်။ ကမာက ပျာပျာသလဲ ပြောလိုက်သည်။

"ညီလေးက စတာနော်။ မဟုတ်တာ မကြံပါနဲ့နော်။"

တင်တက်ရင်သည် ကမာ့ကို နမ်းကာ ပြောလိုက်သည်။

"ဘယ်လိုလုပ်ရမယ်ဆိုတာ အကိုကြီးသိပြီ။ ကဲ..ကမာလေး... အကိုကြိးကို တစ်နှစ်စောင့်။ နောက်နှစ်မှာ ကမာ့ကို အကိုကြီး ရအောင် လက်ထပ်မယ်။"

"အကိုကြီး ဘာမှ လျှောက်မလုပ်နဲ့နော်။"

"အင်း မလုပ်ဘူး။ ကဲ အကိုကြီးသွားတော့မယ်။"

ကမာသည် အကိုကြီးထွက်သွားသည်ကို ကြောင်ကြည့်နေမိသည်။ မိမိဘာများ မှားပြောလိုက်မိတာပါ လိမ့်ဟု တွေးနေမိသည်။

တင်တက်ရင်သည် ကမာပြောသည်ကို ကြားတော့ မိမိလုပ်ရမည်ကို ရှင်းရှင်းလင်းလင်းသိသွားသည်။ မိမိလုပ်သင့်တာ ကြာပြီ မဟုတ်လား။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now