မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၁၉)

5.8K 383 5
                                    



မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၉)

"မင်း ဘယ်လို ပေးအပ်မှာလဲ ကမာ။"

"ကျွန်တော်မျိုး မင်းကြီးရဲ့ ကိုယ်လုပ်တော်အဖြစ်ကို ခံယူပါ့မယ် အရှင်.."

ကမာ ပြောရင်းမျက်ရည်တို့ စီးကျလာခဲ့သည်။ တေးဟာခန် ဆက်ပြီး ဟန်မဆောင်နိုင်တော့ပေ။ ကမာလေးကို ချက်ချင်းပြေးထူကာ ရင်ခွင်ထဲ ထည့်ထားပြီး

"တကယ် စိတ်ထဲက ပါလို့ပြောတာလား ကမာလေး။"

"တကယ်ပါ. ကျွန်တော်မျိုး မင်းကြီးကို ကျေကျေနပ်နပ် အလုပ်အကျွေးပြုပါတော့မယ်။ ကျွန်တော်မျိုးကို အခွင့်အရေးပေးတော်မူပါ။"

တေးဟာခန် ကျေနပ်စွာရယ်မောလိုက်သည်။ မိမိလိုချင်သည့်အချက်ကို ကမာပေးနေပြိးဖြစ်လို့ စိတ်တို့ကြည့်သွားတော့သည်။

"ကောင်းပြီလေ။ မင်းကျုပ်ကို ဘယ်လိုပြုစုနိုင်မလဲ ကြည့်တာပေါ့။ သွား ကိုယ်လက်သန့်စင်ပြိး ရေချိုးလိုက်ပါဦး။ "

ကမာ မင်းကြီး အမိန့်အတိုင်းရေချိုးကာ အသင့်ချထားသော မိန်းကလေးဝတ်စုံကို ကြည့်ကာ မျက်ရည်ကျရင်းဝတ်ခဲ့သည်။
တေးဟာခန်သည် မင်းသမီးဝတ်စုံနှင့် ၀င်လာသော ကမာကို ကြည့်ကာ မျက်တောင်မခတ်မိတော့ ပေ။ ကမာကို တေးဟာခန် လုံးဝလက်မလွှတ်နိုင်တော့ပေ။ သူလေးကို မိမိ မိဖုရားမြှောက်မှ ဖြစ်တော့မည်။

"ကိုယ်တော့် နတ်သမီးလေး။ လာပါဦးကွယ်။ ကိုယ်တော် မင်းကို လွမ်းလွန်းလို့ သေလုမျောပါး ခံစားခဲ့ရတာ ကုစားပေးပါဦး နတ်သမီးလေးရယ်။"

ကမာ မင်းကြီးရင်ခွင်ထဲ အလိုက်သင့် ပါသွားတော့သည်။ ထိုညမှ စပြီးကမာသည် မင်းကြီး၏ မိဖုရား ဘ၀သို့ရောက်ရှိသွားရတော့သည်။

"မွန်ဂိုမင်းကြီး၏ အချစ်မြတ်နိုးရဆုံးသော နှင်းမိဖုရားအတွက် နန်းဆောင်သစ်နှင့် ရေကန်တစ်ခုကို အမြန်ဆုံးဆောက်လုပ်စေ။ ထိုနန်းဆောင်ကို အမတ်ကြီးတင်မော်ရင်က ကြီးကြပ်ဆောက်လုပ်စေ။ မင်းကြိးအမိန့်တော်..."

မွန်ဂိုနန်းတွင်းတွင် နှင်းမိဖုရားသြဇာအာဏာကြီးထွားလာသည်နှင့်အတူ အမတ်ကြီးတင်မော်ရင် လည်းသြဇာကြီးလာခဲ့သည်။ စစ်သူကြီးကတော့ မင်းကြိးကိုလျှောက်တင်ကာ နယ်စပ်ကျူးကျော်သူ များကိုတိုက်ထုတ်ရန် တခါတည်း စစ်ချီထွက်သွားလေတော့သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၅)
မင်းကြီး တေးဟာခန်သည် ကမာကို နှင်းမိဖုရားအဖြစ်တင်မြှောက်ထားလိုက်သည်။ နန်းတွင်းအမတ် များက ကမာကို မိဖုရားမြှောက်သည်ကို မကန့်ကွက်ရဲကြပေ။ အမတ်ချုပ်ကြီးကတော့ မင်းကြီး၏ လုပ်ရပ်ကို ထောက်ခံပေးထားသည်။ ဂိုယိုမိဖုရားကတော့မင်္ဂလာဦးည မင်းကြီးနှင့်တွေ့ပြီးကတည်း မိမိအဆောင်သို့ မင်းကြီးယောင်လို့တောင်မလာသောအခါ နေမထိထိုင်မသာဖြစ်ကာ မင်းကြီး အဆောင်ကို လိုက်သွားသော်လည်း မင်းကြီးအဆောင်သို့ ၀င်ခွင့်မရခဲ့ပေ။
မိဖုရားခေါင်ကြီးကို ချည်းကပ်ကာမေးသော်လည်း မိဖုရားခေါင်ကြိးက ပွင့်ပွင့်လင်းလင်းမပြောပြပေ။
မင်းကြီးသည် ဂိုယိုမိဖုရားကို အဆောင်အယောင်အပြည့်ပေးသနားသော်လည်း မင်းကြိးအဆောင်ကို ၀င်ခွင့်မရပေ။ နောက်ဆုံး သိရသောသတင်းအရ မင်းကြီးမြတ်နိုးတော်မူသော အမှုထမ်းလေးပျောက် ဆုံးသွားသောကြောင့် မင်းကြိး စိတ်တော်ညိုအလိုမကျသည်ကို သိသွားသည်။
မိမိခမည်းတော်တွင်လည်း အချစ်တော် သင်းကွယ်ထားသော ကောင်လေးများရှိသဖြင့် ဂိုယိုမိဖုရား သဘောပေါက်သွားသည်။. သို့သော် မိမိမပူပါ။ ယောက်ျားလေးက နန်းဆက်သွေးမွေးပေးနိုင်သည် မဟုတ်ပေ။ မိမိတို့မိန်းမအစစ်ကသာ နန်းဆက်သွေးမွေးနိုင်သည်ဆိုတော့ ယခု မိဖုရားခေါင်ကြီအပါ အ၀င် မည်သူမှ ယောကျာ်းလေး မမွေးသေးသဖြင့် ဂိုယိုမိဖုရား အားမွေးကာ မင်းကြိးကို စောင့်နေ သည်။ မိမိသာ သားယောကျာ်းလေးမွေးပေးနိုင်လျှင် မွန်ဂိုနန်းဆက်ကို မိမိတို့ ထိန်းချုပ်နိုင် လေပြီ။
ကျောက်မိန်သည် မင်းကြီး အသည်းကွဲဝေးဒနာခံစားနေရသည်ကို ကျေနပ်စွာစောင့်ကြည့်နေသည်။
ယခု ကျောက်မိန်၏ စိတ်ထဲဝယ် မင်းကြ၊ီးကို ချစ်လည်းချစ် မုန်းလည်းမုန်းသည်။ မုန်းတာက မိမိကို လျစ်လျူရှူကာ မိမိဆွေမျိုးများကို သတ်သောကြောင့်ဖြစ်သည်။ မိမိအပြင် နောက်တယောက်ကို ချစ်သောကြောင့်ဖြစ်သည်။
မိန်းမတို့ဟူသည် မုန့်သာဝေစားမည်။ အချစ်ကိုဝေမစားနိုင်ပေ။ ယခုတော့ မိန်းမနှင့်သာမက ယောက်ျားလေးဖြင့်ပါ လင်ကို မျှဝေရတော့ ကျောက်မိန်၏ စိတ်ထဲဝယ် ဆူးချွန်တို့ တချောင်းပြီး တစ်ချောင်းထွက်လာသည်။
ဂိုယိုမိဖုရားနှင့်လက်ထပ်သည့်နေ့ မယ်တော်ကြီးက ကမာကို ခေါ်ထုတ်သွားသောအခါ ကျောက်မိန် ပြုံးကာစောင့်နေသည်။ ၁၀ နှစ်ကြာပေါင်းလာသော ချစ်လင်ကြီးအကြောင်းကို သိသူပီပီ သူုရမ်းတော့ မည်ကို သိနေပြီ။ တကယ်လည်း သူုက မင်္ဂလာဦးညကျော်ပြီး နောက်တနေ့တွင် ချက်ချင်းသိတော့ သည်။
အမတ်တင်မော်ရင်နှင့် စစ်သူကြီးတင်တက်ရင်ကို ခေါ်စစ်သည်။ သူတို့ကဘူးငြင်းသော်လည်း မင်းကြီး ကမယုံပေ။ဒီနေရာတွင် ကျောက်မိန်ဝင်ပါလိုက်သည်။ မယ်တော်ကြီးက လျှို့ဝှက်စစ်တပ်ကို အမိန့်ပေးနိုင်ကြောင်း မင်းကြီး တွေးလို့ရအောင် သံတော်ဥိးတင်လိုက်သည်။ကျောက်မိန် မျှော်မှန်း ထားသည့်အတိုင်း မင်းကြီးက မယ်တော် ကြီးအဆောင်သို့ သွားမေးသည်။ မယ်တော်ကြီးနှင့် စကားများကာ မယ်တော်ကြီးထံမှ တံဆိပ်ပြားကို မင်းမိန့်ဖြင့် ပြန်သိမ်းလိုက်သည်။
ကျောက်မိန်က တင်မော်ရင်နှင့် တင်တက်ရင်ကို မင်းကြီးဒေါသထွက်ကာ သေဒဏ်ချစေချင်သည်။ ဒါဆိုလျှင် ကမာကို ပြန်တွေ့သည့်တိုင် ကမာ မင်းကြီးကို မပြေနိုင်သည့် ရန်ငြိုးဖွဲ့တော့မှာ သေချာ သည်။ မိမိမစားရသော မုန့်ကို သူများကိုလည်း လုံးဝမကျွေူးနိုင်သော ကျောက်မိန်က မင်းကြီးနှင့် အမတ်ညီအစ်ကိုကြား ၀င်မွှေတော့သည်။
တေးဟာခန်သည် ကျောက်မိန်ကို မချစ်သော်လည်း ကျောက်မိန်၏ အကြံကိုယူကာ တင်တက်ရင်နှင့် မော်ရင်ကို ထောင်ချကာ စစ်ဆေးသည်။ မနှိပ်စက်သော်လည်း မြေအောက် အကျဥ်းထောင်တွင် ၃ လလုံးလုံးပိတ်ထားသည်။ နောက်ဆုံး ကမာကို သွားပို့သည့် နယ်စပ်သို့ မိမိတပ်များကိုစေလွှတ်ကာ တင်တက်ရင်နှင့်တင်မော်ရင်တို့ကို ရာထူးမှချကာ အကျဥ်းချထားကြောင်း တေးဟာခန် စာလိုက်ကပ် စေသည်။
အကိုနှစ်ဦးကို ချစ်သော ကမာ မိမိခြေရင်း ဒူးထောက်ကျလာမည့ိကိုစောင့်ကြိုနေသည်။
တေးဟာခန်သည် တင်မော်ရင်နှင့်တင်တက်ရင်ကို ကျောက်မိန်လုပ်ကြံလို့မရစေရန် အထူးစောင့် ကြပ်စေသည်။ ထိုညီအစ်ကို သာမရှိတော့လျှင်ကမာကို မိမိဒီဘ၀ ပြန်ရတော့မည် မဟုတ်တော့ပေ။
ကမာ လာရောက်အဖမ်းခံသည်ဟု ကြားမှ မင်းကြီး စိတ်လျှော့်ကာ အ၀သောက်ပြီး အိပ်သွားတော့ သည်။ မိမိရင်ခွင်ထဲ ကမာရောက်တာ ကြိမ်းသေပြီမဟုတ်လား။
အထူးတပ်ဖွဲ့ဖြင့် ကမာနန်းတော်သို့ ရောက်လာသောနေ့က တေးဟာခန် မိမိသလွန်ထက်တွင် စိတ်ကိုထိန်းကာ မနည်းထိုင်နေရသည်။ ကမာ ကြောက်လန့်သွားအောင် ခြောက်ရအုံးမည် မဟုတ်လား။
ဝင်လာပါပြီ။ နေလောင်သော အသားအရေဖြင့်ကိုယ်ရည်စစ်သွားသော ကမာလေးက မိမိရှေ့တော် မှောက် မိမိခြေရင်းတွင်ပြားပြားဝပ်ကာ တောင်းဆိုနေပြီ။ သူ့နူတ်မှ မိမိစိတ်တိုင်းကျ နေပါမည်ဆို သည့် ကတိကိုရတော့မှ စစ်အကျဉ်းထောင်မှ တင်မော်ရင်နှင့်တင်တက်ရင်ကို ပြန်လွှတ်ပေး လိုက်သည်။

မိမိရှေ့တော်မှောက်တွင် တင်တက်ရင်နှင့် တင်မော်ရင်တို့ ညီအစ်ကိုနှစ်ဥိးသည် မိဖုရားဝတ်စုံနှင့် ကမာကို တွေ့လိုက်ရစဉ် မျက်နှုာဆွတ်ဆွတ်ဖြူသွားသည်ကို သတိရနေသေးသည်။
"နောင်တော်..."

ကမာ လေသံသဲ့သဲ့ဖြင့် ခေါ်လိုက်သည်။ တင်တက်ရင်သည် မျက်နှာပျက်သွားပြီး ခေါင်းငုံ့သွားသည်။ တင်မော်ရင်ကတော့ မျက်ရည်ဝဲလာပြီး ကမာကို လှမ်းဖက်ဟန်ပြင်သောအခါ တေးဟာခန်က ကမာ့လက်ကို ဆွဲကာ မိမိအနားသို့လှမ်းခေါ်ထားပြီး တင်းမာစွာပြောလိုက်သည်။
"တင်မော်ရင် ကမာက အခု မိဖုရားဖြစ်သွားပြီ။ မင်း သူ့အသားကို ထိချင်တိုင်းထိလို့မရတော့ဘူး။"
တင်မော်ရင် မျက်ရည်စီးကျလာခဲ့သည်။ တေးဟာခန်သည် တင်မော်ရင်တို့ နစ်ဦးကို ကြည့်ကာ စိတ်တော့မကောင်းပါ။ သို့သော် နောက်တော့ ကမာကို မိမိအသက်ထက်ချစ်သည်ကို သိလျှင် သူတို့ နားလည်လာမည်ဟုထင်ပါသည်။
ကမာသည် မင်းကြီး၏ နံဘေးသလွန်ပေါ်ထိုင်ကာ မိမိရှေ့ကြမ်းပြင်ပေါ်တွင်ဒူးထောက်နေသော အကိုနှစ်ဦးကို ကြည့်ကာ မင်းကြီးကို သနားစဖွယ်မော့ကြည့်ကာ ခွင့်တောင်းလိုက်သည်။

"မင်းကြီး ကမာ အကိုတော် နှစ်ဥိီးကို ရှင်းပြပါရစေ။"
တေးဟာခန် ခေါင်းငြိမ့်လိုက်သည်။

"အကိုကြီးနဲ့ အကိုလေးတို့။ ကမာ မင်းကြိးရဲ့ ကိုယ်လုပ်တော် ဘ၀ကို လက်ခံလိုက်ပြီ။ "
မင်းကြီးက စကားဖြတ်ပြောလိုက်သည်။

"ကိုယ်လုပ်တော် မဟုတ်ဘူး။ ကမာက အဆောင်ရမိဖုရား ။ ကိုယ်တော် မြတ်နိုးရတဲ့ နှင်းမိဖုရား။ မိဖုရားက ကိုယ်တော့်ကို တောင်းပန်လို့ ကိုယ်တော် မင်းတို့ နှစ်ယောက်ကို မူလရာထူးအတိုင်း ပြန်ခန့်အပ်ထားမယ်။ ကိုယ်တော့်အပေါ် အရင်ကထက် တာဝန်ကျေပွန်အောင် ထမ်းဆောင်မယ် လို့မျှော်လင့်ပါတယ်၊ အခုဆိုရင် စစ်သူကြီးနဲ့ အမတ်ကြီးက ကိုယ်တော့် ဆွေမျိုးတွေဖြစ်သွားကြပြီ။ မင်းတို့ကို ကိုယ်တော် ယခင်လိုပဲ ယုံကြည်ပါတယ်။"

တင်တက်ရင်သည် ညီတော်ကမာ၏ မျက်နှာကို ရဲရဲမကြည့်ဝံ့တော့ပါ။ စစ်သူကြီးတစ်ဥိးဖြစ် သော်လည်း မိမိညီလေးတစ်ဥိးကိုပင် မကာကွယ်နိုင်တော့မှ မိမိက တိုင်းပြည်၏ အတော်ဆုံး စစ်သူကြီးဖြစ်ထိုက်ပါဦးမည်လား။ တင်တင်ရင်သည် မိမိတို့အသက်ကြောင့် မင်းကြီး၏ မိဖုရား ဘ၀ကိုရောက်သွားသော ညီလေးကို အားနာလှသဖြင့် မျက်နှာမထားတတ်အောင်ဖြစ်မိသည်။
တင်မော်ရင်ကတော့ ကြိုတင်မျှော်မှန်းထားသည့်အတိုင်း တေးဟာခန်၏ လုပ်ရပ်ကိုတည်ငြိမ်စွာ လက်ခံလိုက်တော့သည်။ မထူးတော့ပေ။ မိမိတို့ ညီတစ်ယောက်လုံးကို ပေးထားရမှတော့ ထိုအခွင့် အရေးကို အမိအရသုံးကာ နန်းတော်ထဲတွင် မိမိတို့ သြဇာအာဏာကို ချဲ့ထွင်ရုံပဲပေါ့။ အစက နန်းတွင်းအရှုပ်အထွေးထဲ မပါချင်လို့ရှောင်ချင်သော်လည်း မရတော့ပါ။
တင်မော်ရင်သည် စိတ်ကို ဆုံးဖြတ်ပြီးဟန်ဖြင့် တေးဟာခန်ကို လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုးတို့ကို သနားငဲ့ညှာတော်မူလို့ ကျေးဇူးတင်မဆုံးတော့ပါ မင်းကြီး။ ကျွန်တော်မျိုးတို့ ညီအစ်ကို မင်းကြီးရဲ့ ခြေသည်းလက်သည်းများဖြစ်ရစေမယ်။ မွန်ဂိုနန်းဆက်ကို ရှည်ကြာအောင် စောင့်ရှောက်သူများဖြစ်ရစေမယ် အရှင်မင်းကြီး။"
တေးဟာခန်သည် သူငယ်ချင်းဖြစ်သူ၏ လျှောက်တင်စကားကြောင့် စိတ်ဆိုးသည်ပင်ပြေသွားသည်။
တေးဟာခန်သည် မိမိလက်စွပ်ကို ချွတ်ကာ တင်မော်ရင်ကို ဆုလာဘ်အဖြစ်ချီးမြှင့်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီ မော်ရင်။ မင်းကို ကိုယ်တော် အထူးယုံကြည်တော်မူသည်။ ဒါကြောင့် ဒီနေ့ကစပြိး မင်းက ကိုယ်တော်ရဲ့ သက်တော်ရှည်အမတ်ကြီးအဖြစ်ခစားစေ။"
တင်မော်ရင်ကို တေးဟာခန် ရာထူး ၂ ဆင့်ခုန်ကာ ပေးလိုက်သည်။ တင်မော်ရင်က ချက်ချင်း တေးဟာခန်၏ လက်ကို နမ်းရှိုက်ကာကျေးဇူးတင်စကားဆိုလိုက်သည်။ ကမာသည် မင်းကြီး၏ လိုက်လျောမှုကို အံ့သြနေသည်။
တင်တက်ရင်ကတော့ မင်းကြီးကို တခုလျှောက်တင်လိုက်သည်။
"မင်းကြီး ကျွန်တော်မျိုး နယ်စပ်တပ်များကို လိုက်လံစစ်ဆေးသည့် တာဝန်ပေးသနားတော်မူပါ။"
တေးဟာခန်သည် စစ်သူကြီး၏ တောင်းဆိုချက်ကို ချက်ခြင်းလက်ခံလိုက်သည်။ အဘယ့်ကြောင့်ဆို သော် ကမာလေးနှင့် စစ်သူကြီးကို မိမိဝေးဝေးခွဲထားချင်တာ အတော်ဖြစ်သွားသည်။ သူတို့နှစ်ဦး ကြည့်ရတာ သာမန်ထက်ပိုသော သံယောဇဉ် နှောင်ဖွဲ့ခဲ့ပုံရသည်။

"ကောင်းပြီ။ နယ်စပ်တလျှောက်ရှိ တပ်များကို ကြံ့ခိုင်အောင် စစ်သူကြီးလိုက်လံစစ်ဆေးပြီး အားဖြည့်စေ။"
ကမာသည် အကိုကြီးဘာကြောင့် မိမိကို မကြည့်သည်ကို သိကာ ၀မ်းနည်းနေမိသည်။ အကိုကြီး တွင် မပြစ်မရှိပါ။ မိမိကြောင့် အကိုကြီးနန်းတော်မှ ခွဲကာ နယ်စပ်တလျှောက်ပင်ပန်းဆင်းရဲစွာသွား လာ ရတော့မည်ကို သိကာ မျက်ရည်ပင်ဝဲလာချင်သည်။
မင်းကြီးက ကမာ၏ မျက်နှာကို သေချာကြည့်နေသူဖြစ်သောကြောင့် စစ်သူကြီးကို ပထုတ်ပြစ်တာ တော်သေးသည်ဟု တွေးလိုက်မိသည်။

"ကောင်းပြီ။ စစ်သူကြီးနဲ့ အမတ်ကြီးလည်း အိမ်ပြန်နားစေ။ကိုယ်တော်တို့လည်း နားတော့မယ်။"
ကမာသည် အကိုနှစ်ဦး မိမိတို့ကို ဦးချ အရိုအသေပေးသည်ကို ခံယူရင်း မျက်ရည်က အလိုလိုရစ်ဝဲ လာခဲ့သည်။ မျက်ရည်ကျလျှင် မင်းကြီး စိတ်ဆိုးမည်ကို စိုးသောကြောင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မျက်ရည်ကို အတင်းတားလိုက်သည်။
တေးဟာခန်သည် ကမာလေးကို ရင်ခွင်ထဲဆွဲပွေ့ထားကာ ပြောလိုက်သည။်

"ငိုချင်ငိုချလိုက်ပါ။ ကိုယ်တော်ရှေ့မှာ မင်းဘာမှ ဟန်ဆောင်စရာမလိုဘုး။ ဒီနန်းတော်ထဲမှာ မင်းက ကိုယ်တော် အချစ်ဆုံးနဲ့ အယုံကြည်ရဆုံးမိဖုရားပဲ။ မင်းလည်းကိုယ်တော့်ကို မချစ်ပေမယ့် အနည်းဆုံး မင်းအစ်ကိုတွေလိုသဘောထားပါ။ "
ကမာသည် မင်းကြီး၏ စကားကြောင့် မင်းကြီးရင်ခွင်ထဲ တိုးဝင်ကာ ငိုချုလိုက်မိသည်။ တေးဟာခန်က ကမာကို ကလေးလေးလို ဖက်ကာ ကျောလေးကိုပွတ်ပြီင်္း နှစ်သိမ့်ပေးနေသည်။
ထိုအချိန်မှစပြီး တင်တင်ရင်ကယ်ခဲ့သော နှင်းမြို့တော်သားလေး ကမာအာဇမန်ဘ၀မှ နှင်းမိဖုရား အဖြစ်ကို တရားဝင်ေ၇ာက်ရှိသွားတော့သည်။

နှင်းမိဖုရား၏ အဆောင်ကို မင်းကြီးနှင့်အနီးဆုံးနေရာတွင်သီးသန့်ထပ်ဆောက်သည်။ ထိုနေရာသည် မင်းကြီးကလွဲလျှင် မည်သူမှ ၀င်ခွင့်မရှိသည့် ကန့်သတ်နယ်မြေဖြစ်သည်။
တေးဟာခန်သည် အနောက်ဆောင်၏ အုပ်ချုပ်သူ မိဖုရားခေါင်ကြီးကျောက်မိန်ကို တခါတည်း အမိန့် ထုတ်ထားသည်။
"နှင်းမိဖုရားရဲ့ အဆောင်ကို ငါကိုယ်တော်ရဲ့ ခွင့်ပြုချက်မရပဲ ၀င်တဲ့သူက သေဒဏ်တခါတည်း သင့်စေ။ ပြီးတော့ နှင်းမိဖုရားက မင်းရဲ့ အုပ်ချု့ပ်မှုအောက်မှာ မရှိဘူး ကျေက်မိန်။ မင်းနေရာကို မပျောက်ချင်ရင် နှင်းမိဖုရားကို မထိပါနဲ့။"
ကျောက်မိန် အံကြိတ်ကာ ကတိပေးလိုက်ရသည်။ ကံကောင်းလိုက်သည့် ကောင်လေး။ မင်းကြီး၏ အချစ်ဆုံး မိဖုရားနေရာကို တန်းရကာ မိမိပင် ထိမရသည့် နေရာကို တန်းရောက်သွားပါလားဟု တွေးကာ နေသေးသပ ခြုံထဲမှ ချိုသွေးလို့ တမြမြနှင့် စောင့်နေလိုက်သည်။.

"အမိန့်တော် အတိုင်း နာခံပါ့မယ် မင်းကြီး..."
ကျောက်မိန် ကအသာတကြည်လက်ခံသောကြောင့် တေးဟာခန် စိတ်လက်ပေါ့ပါးသွားသည်။ ကျောက်မိန်ကို မိမိသေဒဏ်မချချင်ပေ။ ထို့ကြောင့် သူမကို သီးသန့်ခေါ်ပြီး သတိပေးခြင်းဖြစ်သည်။ အင်မတန်ကို ပါးနပ်လှသော ကျောက်မိန်ကသူမနေရာကို အပျောက်မခံဘူးဆိုတာကို မိမိကောင်းစွာ သိပါသည်။
တေးဟာခန်သည် ကမာကို အဆောင်ထဲမှ အပြင်သို့ပေးမထွက်သည်က လွဲရင် ကမာလိုသည်ထက် ပိုလျှံသော စိန်ရွှေရတနာ၊ ပိုးထည် အ၀တ်အစားများကို ပေးထားသည်။

အဆောင်တွင်းထွင်ထားသည့် တချို့ အလှဆင်ပစ္စည်းများက မိမိထံတွင်ပင် မရှိပေ။ သူ့ဆောင်တွင် မိန်းကလေးရံရွေတော်များလည်း မထားဝံ့ပေ။ ထို့ကြောင့် သင်းကွပ်ထားသည့် ကုန်းကုန်းများကိုသာ ထားသည်။

ကမာသည် အကောင်းဆုံးစားစရာကို စားကာ၊ အကောင်းဆုံးပိုးထည်ကို ၀တ်ကာ ရတနာမျိုးစုံ ၀တ်ထားလိုက်သောအခါ နတ်ပြည်မှ သက်ဆင်းလာသော လနတ်သမီးပမာ ချောမွေ့လှပမှုတို့က ပိုမိုထင်ရှားလာခဲ့သည်။

တေးဟာခန်သည် ကမာ၏ အဆောင်တွင် ညတိုင်းလာအိပ်သည်။ နေ့ခင်းတွင်လည်း ကမာ့ အဆောင်တွင် အချိန်ဖြုန်းသည်။
အခြားမိဖုရားအဆောင်များကို လုံးဝမသွားသဖြင့် မယ်တော်ကြီးက ကမာထံ ကြွလာပြီး မင်းကြီးကို တိုက်တွန်းပေးရန် တောင်းဆိုရသည်။

"မင်းကြီး..."
ကမာသည် မင်းကြီးပန်းကန်ထဲ ဟင်းခပ်ထည့်ပေးစဉ် ခေါ်လိုက်သည်။
"ဘာလဲ ကမာလေး။"

"မင်းကြီး အခြားမိဖုရားအဆောင်ကို သွားပါဦး။ "

"ဘာလဲ။ မယ်တော်ကြိးရဲ့ အမိန့်ကြောင့်လား။"

"မဟုတ်ပါဘူး မင်းကြီး။ ကျွန်တော်မျိုးအမြင်အရဆိုရင် မင်းကြီးက သူတို့ကို ချစ်လို့ လက်ထပ် ထားတာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ လက်ထပ်ထားတာပဲ ဖြစ်ဖြစ် သူတို့က မင်းကြီးရဲ့ ဇနီးမယားတွေ ဖြစ်နေပါပြီ။ တကယ်လို့ သူတို့နေရာမှာ ကမာဆိုရင် အရမ်းကို စိတ်မကောင်းဖြစ်မိမှာကို တွေးမိလို့ပါ။ ကိုယ့်မိသားစုကို စွန့်ခွာခဲ့ပြီး မင်းကြီးမျက်နှာကို တစ်ရွာထင်ပြီးလိုက်လာခဲ့တာ မင်းကြီးမှ သူတို့ကို မကြင်နာရင် ဘယ်သူက ကြင်နာမှာလဲ ။ ဒါကြောင့် သူတို့ဆီကို အလှည့်နဲ့ သွားပေးပါဦးနော်။"

"သူတို့ကို ပိုချစ်သွားမှာ ကမာ မစိုးရိမ်ဘူးလား။"

"ဟင့်အင်း။ မင်းကြီး ကမာကို ဘယ်လောက်ချစ်တယ်ဆိုတာ ကမာသိပြီးသားပဲလေ။ ဘာကြောင့် စိုးရိမ်ရမှာလဲ။"

တေးဟာခန်က သံသယဖြင့်ကြည့်လိုက်သည်။
"ကမာလေးက ကိုယ်တော့်ကို ပထုတ်ချင်လို့ပြောနေတာလား။"
ကမာ အဲံ့သြသွားသည်။
"မဟုတ်ပါဘူး။ မင်းကြီး။ ကမာက မင်းကြီးကို အလုပ်ကျွေးပြုဖို့ ဆုံးဖြတ်ပြီးသားပါ။ မင်းကြီး ကမာကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ကမာ မင်းကြိးဘေးမှာ တသက်လုံးနေသွားမှာပါ။ ဒါက နှင်းမြို့တော်သားတွေရဲ့ သစ္စာတရားပါ မင်းကြီး။ မင်းကြီး ကမာကို မယုံကြည်လည်းရပါတယ်။ "

ကမာထိုသို့ပြောတော့လည်း တေးဟာခန် တစ်ထစ်လျှော့ရတော့သည်။ ကမာစိတ်ဆင်းရဲမည်ကို မိမိ လုံးဝမလိုလားပါ။

"အင်းလေ..ကမာပြောတာ သဘာဝကျပါတယ်။ကိုယ်တော် သူတို့အဆောင်ကို အလှည့်ကျသွား ပါ့မယ်။ "

"ကျေးဇူးတင်ပါတယ် မင်းကြီး။"

"ကမာလေးရယ်။ ကိုယ်တော် မင်းတောင်းဆိုသမျှလိုက်လျောတယ်ဆိုတာ မင်းကို ချစ်လို့ဆိုတာ မမေ့ပါနဲ့။"
ကမာ မင်းကြီးကို ပြုံးကာ ပြောလိုက်သည်။

"သိပါတယ် မင်းကြီး။ ဒါကြောင့် ကမာလည်း မင်းကြီးကို မယားဝတ္တရားနဲ့ အညီပြုစုပေးနေတာပါ။ မင်းကြီးရဲ့ မေတ္တာကို သိပါတယ်။ "

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now