မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၄၅)

4.7K 288 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၅)

"ကမာလေး။ မင်းကို နှင်းတော်ပြန်ပို့ပေးမယ်.။ မင်းသွားပါတော့။ အကိုကြီးက မင်းကို တွေ့နေရင် ပိုဆိုးလိမ့်မယ်။ "

"ဟင့်အင်း။ ကျွန်တော် အကိုကြီးဘေးမှာ နေပါရစေ။"

"မင်းမှ အကိုကြီးလိုချင်တာကို မပေးနိုင်တာ အကိုကြီးကို ဝေဒနာတွေပဲ ပေးရာကျလိမ့်မယ်။ မင်း မရှိတော့ရင် အကိုကြီး ကောင်းချင်ကောင်းသွားလိမ့်မယ်။ ဒါမှ မဟုတ် သူတကယ်ပဲ အသေခံချင် ခံသွားလိမ့်မယ်။ မင်းကို အတင်းအကျပ်တိုက်တွန်းရင် အကိုလေး မတရားရာကျလိမ့်မယ်။ မင်းအတွက် စစ်တပ်တစ်တပ်ထည့်ပေးလိုက်မယ်။ မင်းတိုင်းပြည်ကို ပြန်ထူထောင်ပါ။"

ကမာ အကိုလေးရှေ့ဒူးထောက်ကာ တောင်းပန်သည်။

"မသွားပါရစေနဲ့ အကိုလေး။ ကျွန်တော် အကိုကြီးနဲ့မခွဲနိုင်လို့ပါ။"

"မင်းမှ အကိုကြီးဖြစ်ချင်တာကို မလိုက်လျောနိုင်တာကွာ။"

ကမာ မျက်ရည်ကျရင်းပြောလိုက်သည်။
"လိုက်လျောနိုင်ပါတယ်။ ဒါပေမယ့် ယောက်ျားလေး ဘ၀နဲ့ အကိုကြီးလိုချင်တာကို ပေးပါ့မယ်။"

တင်မော်ရင် မျက်ဝန်းထဲ ကျေနပ်မှုဖြင့်တောက်ပသွားသည်။ မိမိအကြံအောင်ပြီ။ အကိုကြိးနှင့်ဇာတ်တိုက်ကာ ကမာ၏ စိတ်ရင်းမှန်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ အကိုကြီး ပုံနှင့်ဆိုလျှင် ကမာနှင့်ဝေးကြတော့မည်ဖြစ်လို့ မိမိဝင်ပါရခြင်းဖြစ်သည်။

"တကယ်လား။ တကယ် စိတ်ထဲကပါလို့လားညီလေးရယ်။ အကိုလေးမင်းကို အတင်းမတိုက်တွန်း ရက်ပါဘူးကွယ်။"

ကမာ ငိုရင်းတောင်းပန်လိုက်သည်။
"တကယ်ပါ အကိုလေး။ အကိုကြီးကို ကျွန်တော် ပြုစုပေးပါရစေ။ ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့။ နော်။ အကိုကြီးဘေးမှာနေပါရစေဗျာ နော်။ ကျွန်တော် တောင်းပန်ပါတယ်။"

တင်မော်ရင်သည် ၀မ်းသာစွာဖြင့် ကမာ့လက်လေးကို ဆွဲကာ အခန်းထဲဝင်ခဲ့သည်။

"ကဲ နောင်တော်။ ဇွတ်ရုန်းမနေနဲ့တော။ ကမာ့ စကားကို နားထောင်လိုက်တော့။ ကိုယ်ရန်တော် တပ်ဖွဲ့တွေ သွားလို့ရပြီ။ မင်းကြီးကိုလွှတ်လိုက်တော့။ သမားတော်ကြီးဆေးစည်းပေးပြီးရင် သွားတော့။ "

တင်တက်ရင်သည် ကမာ့ကို စိုက်ကြည့်နေလိုက်သည်။

"ကျွန်တော် အကိုကြီးဘေးမှာပဲ နေပါ့မယ်။ အကိုကြီးဖြစ်ချင်သလို နေပေးပါ့မယ်။ အကိုကြီးရဲ့ ညီတော် အနေနဲ့ နေခွင့်ပေးပါ။ အကိုကြီး ကျွန်တော့်ကိုနှင်ထုတ်ရင် ကိုယ့်ဖာသာသတ်သေ လိုက်မယ်။"

တင်မော်ရင်အချက်ပြလိုက်သည်နှင့်လူအားလုံးထွက်သွားကြသည်။ အခန်းတံခါးပိတ်သွားပြီး ကမာနှင့် တင်တက်ရင်ပဲ ကျန်ရစ်ခဲ့သည်။

တင်တက်ရင်က ကမာ့ကို လက်ကမ်းလိုက်တော့ ကမာ သူ့ရင်ခွင်ထဲတိုးဝင်သွားပြီး ပြောလိုက်သည်။

"ယောကျာ်းလေး ဘ၀နဲ့ အကိုကြီးရဲ့ ဆန္နတွေကို ဖြည့်ဆည်းပေးပါရစေ။ "
ထိုစကားကို ကြားရရုံဖြင့် တင်တက်ရင် ကျေနပ်သွားသည်။ မိမိကို လုံးလုံးမချစ်တာနှင့်စာလျှင် ဒီလောက် ပြန်ချစ်ပေးရုံနင့်ပင် တင်တက်ရင်ကျေနပ်သွားသည်။

"ကိုယ့်ကို တကယ်ကြည်ဖြူနိုင်ရဲ့လားကမာလေး။"

ကမာ ဘာမှမပြောတော့ပဲ သူ့ကို သလွန်ပေါ်တွန်းလှဲကာ သူ့အပေါ်မှ နမ်းကာ သက်သေပြလိုက် တော့သည်။ အခန်းထဲတိတ်ဆိတ်သွားပြီး အချစ်ပန်းများဖူးပွင့်လာခဲ့တော့သည်။

တင်တက်ရင်သည် ကမာ့ကို မိဖုရားခေါင်အဖြစ်မတင်မြှောက်တော့ပဲ တော်ဝင်မင်းသားဘွဲ့ကိုပေး အပ်ကာ ကမာ့စိတ်တိုင်းကျ အိမ်တော်ဟောင်းကို ပြန်ပြင်ကာ နန်းတော်အပြင်ဘက်တွင်နေစေ သည်။ ကမာကတော့ နေ့ခင်းတွင်ပြည်ထဲရေးများကို ကူညီပေးသည့်အပြင် ညပိုင်းတွင် နန်းတော်ထဲ သို့ အခစားဝင်ရသည်။
တင်တက်ရင်သည် ကမာနှင့်မိမိနန်းဆောင်ကို မြေအောက်လှိုင်ခေါင်းတူးထားကာ ညတိုင်း ကမာက မြေအောက်လမ်းမှတဆင့် အကိုကြီးဆီကို လာရသည်။ ကမာသည် အကိုကြီးထံ နေ့တိုင်း အခစားဝင်ရင်း အခြေနေအားလုံးအေးဆေးသွားတော့ ဆောင်ကြာမြိုင်တွင် တိတ်တဆိတ်ပုန်းနေ သော မင်းသမီးချူးချူးကို သွားခေါ်ခဲ့သည်။
ချူးချူးသည် ခမည်းတော် နတ်ရွာမစံခင်ကတည်းက နေသိပ်မကောင်းပေ။ တကယ်တော့ သူမ မယ်တော် သေဒဏ်အချခံရပြီးကတည်းက ချူးချူး တရှောင်ရှောင်ဖြစ်နေသည်။ နန်းသိမ်းပွဲတွင် ၀မ်းနည်းခြင်း၊ ကြောက်လန့်ခြင်းကြောင့် ဆောင်ကြာမြိုင်တွင် လာရောက်ပုန်းအောင်းကတည်းက ချူးချူးလူမှန်းမသိအောင်ဖျားနာတော့သည်။
ဂေဟာပိုင်ရှင်က နွီကုန်းကုန်းနှင့် အမျိုးမကင်းသောကြောင့် ချူးချူးကိုသေချာစောင့်ရှောက် သော်လည်း အဖျားက နာတာရှည်လိုဖြစ်ကာ အိပ်ယာထက်တွင်သာလှဲလို့နေသည်။ လှပသော မင်းသမီးလေးသည် ယခုတော့ ပိန်လှီကာ မျက်တွင်းဟောက်ပက်၊ ဆံပင်တို့ကအရောင်အဆင်း ကင်းမဲ့ကာ ဖွာလန်ကျဲလျက်၊ နီမြန်းသောနူတ်ခမ်းသားတို့က ခြောက်ကပ်ဖြူယော်လို့နေပြီ။ အသားတို့ပြည့်နေသော ကိုယ်လုံးလေးက အရိုးပေါ်အရေတင်လို့ ။ မျက်တွင်းက လည်းချိုင့်လို့ နေပြီ။ ယခုအချိန်တွင် သူ့ခမည်းတော်အရင်းက မြင်လျှင်ပင် ချူးချူးကို မှတ်မိမည် မဟုတ်တော့ပေ။
ချူးချူး၏အခြေအနေသည် တနေ့ထက်တနေ့ဆိုးဆိုးလာခဲ့သည်။ ဂေဟာပိုင်ရှင်မကြီးက ချူးချူး သေတော့မည်ဟုသာ ယုံကြည်ထားသည်။ ဘာကြောင့်လည်းဆိုတော့ ဒီမင်းသမီးလေးကအသက်ရှင် ချင်စိတ်ပင်မရှိတော့ပေ။
ချူးချူးသည် သတိမရတစ်ချက်ရတစ်ချက်နှင့် ကယောင်ကတမ်းများပြောစပြုလာလေပြီ။ မိမိမျက်လုံး ထဲတွင် ထင်မိထင်ရာ မြင်နေတော့သည်။ စိတ်တို့လည်း ငယ်စဉ် ခမည်းတော်၊မယ်တော်တို့နှင့်ပျော် သည့်အချိန်ကို ရောက်သွားလိုက်၊ မေ့သွားလိုက်နှင့် နောက်ဆုံး ချူးချူးသိလိုက်တာက မိမိကို အင်မတန်ချောသည့် နတ်သားလေးက လာခေါ်ခြင်းဖြစ်သည်။
နတ်သားလေး၏ အသားရောင်က ဖြူဖွေးကာ အရောင်ထွက်နေသည်။ အဓိက အချက်ကတော့ ချူးချူးကို သနားကြင်နာစွာကြည့်နေခြင်းဖြစ်သည်။
"အခုကစပြီး မင်းကို အေးချမ်းတဲ့ဘ၀ပေးပါ့မယ်ကွယ်။ စိတ်မပူနဲ့တော့နော်။"

ချူးချူးကျေနပ်စွာပြုံးလိုက်မိသည်။ ချူးချူးအားလုံးကို မေ့သွားချင်သည်။ မင်းသမီးလေးထက်
သာမန် လူတစ်ယောက်ဖြစ်ချင်သည်။ ချူးချူးကို ချစ်မည့်၊ ကရုစိုက်မည့် မိသားစုရှိသည့် သာမန် လူတစ်ယောက်ပေါ့။

ချူးချူးပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ ပြီးတော့ သူတိုက်သော ဆေးကိုသောက်ကာ နှစ်ခြိုက်စွာ အိပ်သွားတော့သည်။

ကမာသည် ချူးချူးကို အပ်ဆေးတိုက်ပြီး မိမိအိမ်တော်သို့လျှို့ဝှက်ခေါ်ဆောင်လာခဲ့သည်။ သမားတော်နှင့် တိုင်ပင်ကာ ချူးချူးကို အကောင်းဆုံးကုသစေသည်။

"မင်းသားလေး။ ဒီမိန်းကလေးက စိတ်ဆင်းရဲခြင်းကြီးစွာခံစားရလို့ အသက်ရှင်ချင်စိတ်ပျောက် နေတာပါ။ သူ့ကို ကုဖို့သူအားလုံးမေ့သွားမှ ဖြစ်မှာပါ။ မဟုတ်ရင် ဘာကုကု ဆေးမတိုးနိုင်ပါဘူး။ "

"သူ့အတိတ်ကို ဖျောက်ပေးရမှာပေါ့။ ဒါဆို ဘယ်တရားရာကျမလဲ။"

"မဟုတ်ရင် သူ အသက်မရှင်နိုင်ပါဘူး။ သူ့ကို အတိတ်မေ့ဆေးတိုက်ပြီး လူသစ်စိတ်သစ်နဲ့ မွေးဖွားခိုင်းရမှာပါ။ ဒါမှ သူ ဆက်ပြီး အသက်ရှင်နိုင်မယ်။"

ကမာ စဉ်းစားရတော့သည်။ ချူးချူး၏ ခံစားချက်ကို မိမိနားလည်ပါသည်။ မိမိတုန်းကလည်း ဒိလိုခံစား ခဲ့ရသည် မဟုတ်လား။

"ကောင်းပြီ။ အတိတ်မေ့ဆေးတိုက်လိုက်ပါ."

ကမာ အမိန့်ပေးလိုက်သည်။ မင်းကြီးတေးဟာခန်ကို ကျေးဇူးဆပ်ရန် သူ့သမီးတော်လေးကို မိမိကယ်ရမည်။ ကမာသည် ချူးချူး၏ မျက်နှာလေးကို ကြင်နာစွာကြည့်ကာ ခိုင်မာစွာဆုံးဖြတ် လိုက်သည်။ အကိုကြီး မိမိကို ဘ၀သစ်ပေးသကဲ့ ချူးချူးကို မိမိဘ၀သစ်ပေးရမည်။ ကြင်နာမှုကို လက်ဆင့်ကမ်းရမည်။ ဒါမှ သောကမျက်ရည်မြစ်များ နည်းသွားပေလိမ့်မည်။

"အခုကစပြီး မင်းက အကို့ရဲ့ ညီလေးပဲပေါ့နော်။ မင်းရဲ့ အတိတ်ကိုသာမက မင်းက မိန်းကလေးဆိုတာကိုပါ မေ့ပစ်ရမယ်။ မင်းက အခုအချိန်ကစပြီး အကို့ညီလေးဖြစ်သွားပြီ။ မင်းက အကို့ညီလေးဟေဇယ်ဖြစ်သွားပြီ။"

ကမာသည် ဟေဇယ်ဆိုသည့် အမည်ကိုမှည့်ကာ သင့်တော်သောဇာတ်လမ်းတစ်ခု ဆင်လိုက်သည်။ မတော် အကိုတော်မင်းကြီးသိသွားလျှင် ဖြေရှင်းလို့ရမည်မဟုတ်လား။ အကိုကြီး၏ တပ်က ပိုစနစ် ကျကာ နေရာတိုင်းပြန့်နေသဖြင့် ကမာ ကြာရှည်ဖုံးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ချူးချူးကို ဟေဇယ်၏ ဇာတ်ရုပ်အရင်သွင်းပေးရမည်။ပြီးမှ အကိုကြီးရှေ့ကိုခေါ်သွားရမည်။ ချူးချူးအတွက် အလုံခြုံဆုံးနေရာက အကိုကြီးနှင့်အနီးဆုံးနေရာဖြစ်သည်။

ကမာသည် မင်းသမီးလေးကို သေချာကြပ်မတ်ကာ ဆေးကုစေသည်။ ၃ ရက်တိတိသတိမေ့နေပြီးမှ နိုးလာခဲ့သည်။ သူမလေး နိုးလာသောအခါ ဆေးအရှိန်၊ အားဆေးအရှိန်ဖြင့် မျက်နှာလေး လန်းနေသည်။

"ဟေဇယ်..ညီလေး နိုးပြီလား။"

သူမလေးက မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်နေသည်။ ဘာမှပြန်မပြောပေ။ ဟေဇယ်ဆိုသည့် နာမည်က သူ့အတွက်စိမ်းနေလို့ဖြစ်မည်။ ကမာ သူ့ကို ကြင်နာစွာပွေ့ထူကာ ဖက်ထားလိုက်သည်။
သူက ပထမရုန်းသေးသည်။သို့သော် ကမာ၏ အပွေ့အဖက်ကြောင့်ငြိမ်သွားပြီး မျက်ရည်ကျလာ သည်။

"မငိုပါနဲ့ကွယ်။ အကိုတော် တစ်ယောက်လုံးရှိပါတယ်ကွယ်။ နော်။ ဟေဇယ်လေး။"
"ကျွန်မက ဘယ်သူလဲ။"
သူမ အကျင့်ပါပြီး ကျွန်မဟုပြောလာသဖြင့် ကမာပြင်ပေးရသည်။
"ကျွန်မလို့မပြောရဘူး။ ကျွန်တော်လို့ပြောနော်။"

"ဘာဖြစ်လို့လဲဟင်။"

"ဟေဇယ်က အကိုတော့်ညီလေးမို့လို့။ အခုကစပြီး ဟေဇယ့် အကိုတော့စကားကို နားထောင်ရမယ်နော်။"

"ကျွန်တော်က ဟေဇယ်လား။ အကိုတော်က..ဘယ်သူလဲ။"

"အကိုတော်တို့က နှင်းမြို့တော်က မင်းမျိုးမင်းနွယ်တွေ။ တာတာလူရိုင်းတွေကြောင့် ညီတော်နဲ့ နောင်တော် လူကွဲသွားတယ်။ ညီတော်လေးကို တာတာတွေကျွန်ဈေးမှာရောင်းခဲ့တာ။ ပိုင်ရှင်တွေ တစ်လက်ကနေ တစ်လက်ပြောင်းပြီး နောက်ဆုံး ကျွန်ဈေးမှာ ဟေဇယ့်ကို တွေ့လို့ နောင်တော် မှတ်မိပြီး ကယ်လာတာ။ ဟေဇယ်က အပြင်းဖျားလို့ ဘာမှ မမှတ်မိတော့တာလေ။"

သူမလေးက ကမာ့စကားကို ယုံကြည်သွားသည်။ ကမာ သူမလေးကို ယောက်ျားလေးအသွင်ဖြင့် ထားကာ ပုံသွင်းသွားရန်ဆုံးဖြတ်လိုက်သည်။ သူမ၏ အထိန်းတော်ကြီးကို ရအောင်ပြန်ရှာပေး ကာ အကျိုးအကြောင်းပြောကာ ယောကျာ်းလေးလို ထား၇န်ပြောလိုက်သည်။ အထိန်းတော်ကြီးက သခင်လေးကမာကို ကျေးဇူးတင်စွာဖြင့် မင်းသမီးလေးကို ဟေဇယ်အဖြစ်ပုံသွင်းပေးမည်ဟု ကတိပေး လိုက်သည်။

ကမာ အစစအရာရာစီစဉ်ပြီးနောက် ကျွန်ဈေးကို သွားကာ လိုအပ်သော ကျွန်များကို တစ်ယောက် ခြင်းဝယ်သည်။ ငယ်သော၊ နုပျိုသော ကျွန်လေးများကိုဝယ်သဖြင့် အကိုတော် ဘုရင်ကြီးမေးသည်။

"ကမာလေး ဘာလို့ ကျွန်တွေ ၀ယ်နေတာလဲ။ ကမာလေးလိုရင် နန်းတော်ထဲက လေ့ကျင့်ပြီးသား နန်းတော်သားတွေကို ပေးမယ်လေ။ အရိုင်းအစိုင်းတွေကို ဘာလို့ဝယ်နေတာလဲကွယ်"

အကိုကြီးမေးလာသောအခါ ကမာ မျက်နှာလေးညှိုးသွားပြီး သူ့ကို မ၀ံ့မရဲကြည့်ကာ ပြော လိုက်သည်။
"အမှန်အတိုင်းပြောရင် အကိုကြီး စိတ်ဆိုးမှာလားဟင်။"
တင်တက်ရင် သိလိုစိတ်ပေါ်လာပြီး ကမာ့ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းကာ ပါးလေးကို ငုံ့နမ်းပြီး ကတိပေးလိုက်သည်။

"ပြော..ကမာလေး။ အကိုကြီး စိတ်မဆိုးဘူး။ ကတိပေးတယ်။"

ကမာ ပြုံးလိုက်ပြီး သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ကမာ့ မျိုးနွယ်စုကို ပြန်တွေ့မလားဆိုတဲ့မျှော်လင့်ချက်နဲ့ လိုက်ရှာနေတာပါ အကိုကြီး။"

တင်တက်ရင် ငြိမ်သွားသည်။ ကမာလေးက သူ့မျိုးနွုယ်ကို တွေ့ချင်ရှာမည်ကို သတိပြုမိကာ စိတ်မကောင်းဖြစ်သွားသည်။ မိမိလည်း နန်းတွင်းရေးများရှုပ်ကာ ကမာ့လိုအပ်ချက်ကိုမေ့နေခဲ့ မိသည်။ တင်တက်ရင်သည် ကမာ့အတွက် အကောင်းဆုံးဘာလက်ဆောင်ပေးရမည်ကို သိသွားသည်။ မိမိသည် ယခု မွန်ဂိုအင်ပါယာ၏ အရှင်သခင်ဖြစ်လေပြီ။ ကမာလေးစိတ်ချမ်းသာ အောင်၊ ပျော်အောင် ဘာမဆိုလုပ်ပေးနိုင်လေပြီ။

ကမာသည် အကိုကြီး ငြိမ်သွားသဖြင့်ထပ်ပြောလိုက်သည်။

"အကိုကြီးတို့ကို ကျွန်တော်ချစ်ပါတယ်။ အကိုကြီးတို့ကို ခွဲမသွားပါဘူး။ ဒါပေမယ့် ကျွန်တော့် လူမျိုးစုလေးကို ပြန်များတွေ့မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပါ အကိုကြီးရယ်။ အထူးသဖြင့် ငယ်ကတည်းက ကျွန်တော်နဲ့ အတူကြီးလာတဲ့ ညီတော်လေး ဟေဇယ်ကို သတိရလို့ပါ။"

တင်တက်ရင်သည် အတွေးလွန်နေရာမှ ကမာ့စကားသံကြောင့်သတိဝင်လာသည်။ ကမာလေးက မိမိကို မျက်နှာငယ်လေးဖြင့် တောင်းပန်နေသည်ကို တွေ့သော် တင်တက်ရင်သည် ကမာလေးကို အိပ်ယာထက် ဆွဲလှဲလိုက်ကာ ပြောလိုက်သည်။

"အကိုကြီးရဲ့ မေ့လျော့မှုကြောင့် ညီလေးကို မဖြည့်ဆည်းပေးနိုင်တာ။ အကိုကြီးရဲ့ ပျက်ကွက်မှုကို တွေးပြီး စိတ်မကောင်းဖြစ်နေတာပါကွယ်။ အကိုကြီး အမိန့်ထုတ်လိုက်ပါ့မယ်။ ညီလေးလည်းကျွန် ဈေးကို သွားနေစရာမလိုတော့ဘူး။ နောင် ကျွန်ကုန်သည်တွေကိုယ်တိုင် ညီ့စံအိမ်ကို လာပြစေရမယ်။ အဲ့ဒီထဲကနေ ညီလေး ရွေးပေါ့။ "

ကမာ သူ့လည်တိုင်းကို ဖက်ကာ ပါးပြင်ကို နမ်းလိုက်ပြီး ကျေနပ်စွာပြောလိုက်သည်။

"ဟုတ်ကဲ့။ အကိုကြီးက ညီ့ကို သိပ်ချစ်တာပဲနော်။ ကျွန်တော် ပျော်လိုက်တာ။ "

ကမာ ချွဲချွဲနွှဲ့နွဲ့လေးပြောလိုက်သည်။ တင်တက်ရင်သည် ကမာ ထိုသို့ချွဲသည်ကို တွေ့တော့ အူယားလာပြီး ကမာ့ အ၀တ်ကို ဆွဲချွတ်လိုက်ကာ အတင်းပင် အနမ်းမိုးရွာတော့သည်။

"အွန်း...အကိုကြီး...လျှော့ပါဦး။"

"မလျှော့နိုင်ဘူး။ ဒီလိုမျိုး အကိုကြိးကို မချစ်ချစ်အောင်လုပ်ပြီး ကိုယ်စိတ်မထိန်းနိုင်တော့မှ လာ မလျှော့ခိုင်းနဲ့။ မရဘူး။လာခဲ့။ ကိုယ့်ရင်ခွင်ထဲကို အချစ်ဘုရင်လေး။"

ကမာသည် အကိုကြီး၏ ရင်ခွင်ထဲတွင် လူးလူလိမ့်လိမ့်နှင့် တူနှစ်ကိုယ်အချစ်တိုင်းပြည်ကို ထူထောင် လိုက်တော့သည်။

တင်တက်ရင်သည် ကမာ့ကို မဆုံးနိုင်အောင်ချစ်မိနေတော့သည်။ ချစ်ပြီးရင်းချစ်ချင်နေမိသည်။ ညတိုင်း ကမာ့ကိုယ်လေးကို နမ်းရှိုက်ကာ ချစ်စကားဆိုရသည်ကို နှစ်သက်လို့မဆုံးတော့ပေ။ တင်တက်ရင်အတွက် မွန်ဂိုထီးနန်းကို ပိုင်ဆိုင်ရသည်မှာ ကမာမရှိလျှင် ဘာမှ အဓိပ္ပါယ်မရှိပေ။
မိမိအတွက်အပျော်ရွှင်ဆုံးအချိန်က ကမာနှင့်အတူ ရွှေလည်တွဲပြီး ပျော်ရသောအချိန်လေးဖြစ်သည်။
အချစ်ဆိုသည်မျိုးကလည်း ဆားငန်ရေလို သောက်လေသောက်လေ ငတ်မပြေနိင်အောင်ပင်။ ကမာနှင့် အတူနေလာရလေ။ သူ့ကို ပိုလို့စွဲလန်းလေဖြစ်သည်။ ကမာ့ကိုယ်လေးကိုက ဆွဲဆောင်နိုင် လွန်းသည်။

ညတိုင်း ကမာနှင့် အတူနေရသည်ကို အားမရတော့ပဲ နေ့ခင်းလည်း သတိရနေမိသည်။ ထို့ကြောင့် ကမာလေးကို မိမိအနားတွင် ခေါ်ခေါ်ထားပြီး ချစ်တင်းနှောနေလေ့ရှိသည်။ ကမာက မိမိကို ဘယ်တုန်းကမှ မငြင်းပေ။ မိမိလိုအပ်သည်ဟု ပြောသည်နှင့်ချက်ချင်းလိုက်လျောပေးလေ့ရှိသည်။ ထိုစိတ်ကလေးကို မိမိကလည်း ချစ်လို့မဆုံးတော့ပေ။

တင်တက်ရင်၏ လက်မောင်းကို ခေါင်းအုံးရင်း ကမာအိပ်ပျော်သွားသည်။ တင်တက်ရင်သည် ကမာ့ ပါးပြင်လေးကို ဖွဖွနမ်းကာ အနောက်မှသိုင်းဖက်ကာ အိပ်မောကျသွားသည်။ တကယ်တမ်းပြောရ လျှင် ဘယ်မိဖုရားကို မှ တင်တက်ရင်စိတ်ထဲမရှိပေ။

မိဖုရားများကို နိုင်ငံရေးအရ လက်ထပ်ထားသည်ကလွဲလျှင် မတို့မထိပေ။ ညတိုင်း ကမာတစ်ဦး နှင့်သာ ချစ်တင်းနှောသည်။ကမာသာလျှင် မိမိချစ်သူ။ ကြင်သူ၊ ဇနီးမယားဟု သတ်မှတ်ထားသည်။ ကမာကလွဲလျှင် မည်သည့်ကိုယ်လုပ်တော် မိန်းမရော၊ ယောကျာ်းရော မထားပေ။ ဒါကို ကမာ အသိဆုံးဖြစ်သည်။ ထို့ကြောင့် အကိုကြီးလိုအပ်သည်ဟု ပြောသည်နှင့် နေ့ညမဟူ ကမာ ဖြည့်ဆည်းပေးခြင်းဖြစ်သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now