မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၂၃)

5.3K 367 1
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၃)

"နောင်တော် ချစ်သူရှိနေပြီပေါ့။"

"ရှိတာပေါ့ကွ။ စစ်သားလည်း အသည်းနဲ့ချစ်တတ်ပါတယ်။ "
တင်တက်ရင် အမှန်ကို ပြောလိုက်သည်။ တကယ်လည်း ချစ်တတ်ပါသည်။ မိမိချစ်နေမိသူက....

ကမာက အားတက်သရောဆက်မေးလိုက်သည်။
"ဘယ်ကလဲဟင်။ ဘယ်နယ်ကလဲ။ အသက်ဘယ်လောက်လဲ။ ချောလား။ ဘယ် နယ်စားသမီးလဲ။"
တင်တက်ရင်က ရယ်လိုက်ကာ ကမာ့ခေါင်းကို ချစ်စနိုးပုတ်လိုက်ကာ

"ဖြည်းဖြည်းမေးပါကွ။ လျှာခလုတ်တိုက်နေမယ်။ နောင်တော်ချစ်နေတာ သူက သိတောင်မသိပါ ဘူးကွာ။ "

"ဒါဆိုပြောဗျာ။ ကျွန်တော် အောင်သွယ်ပေးမယ်။ ဘယ်နယ်ကလဲ။"

"နောင်တော် စစ်ချီသွားရင်းချစ်မိသွားတာ။ အရမ်းဝေးတဲ့နယ်ကကွ။ မင်းဘယ်လို အောင်သွယ်ပေး နိုင်မှာလဲ။ ထားလိုက်ပါ။ နောင်တော့်ဖာသာ ချစ်ခွင့်ပန်ပါ့မယ်။ နောက်တခါ လာရင် မင်းတို့ မရီးတော်ကို အပါ ခေါ်လာပါ့မယ်။ ကျေနပ်ပြီလား။"

ကမာ တကယ်ထင်မှတ်ကာ ၀မ်းသာသွားပြီး ပြုံးလို့နေသည်။ နောင်တော် ချစ်သူတွေ့နေသည်ကို သဘောကျလို့မဆုံးတော့ပေ။
တင်မော်ရင်ကတော့ မယုံကြည်ပါ။ နောင်တော် လိမ်နေသည်ကို တန်းသိလိုက်သည်။ သို့သော် ကမာပျော်နေသည်ကို မဖျက်စီးရက်သဖြင့်ပြီးမှ မေးမည်ဟုတေးထားသည်။

"နောင်တော် ချစ်သူအကြောင်းပြောပြဗျာ။ သူ့ပုံစံလေး။ သူ့ဘယ်မှာစတွေ့ပြီးချစ်သွားတယ် ဆိုတာ ပြောပြ။ ကျွန်တော်နားထောင်ချင်တယ်။"

"ကလေး ကလားကွာ။ ရှက်စရာကြီး။ "

ကမာ သဘောကျစွာရယ်လိုက်ကာ ထပ်ပူဆာသည်။

"ပြောပြပါဗျာနော်။ ကျွန်တော် နားထောင်ချင်လို့ပါ။"

တင်တက်ရင်သည် လည်ချောင်းရှင်းကာ စိတ်ကူးထဲမှ မိန်းကလေးတစ်ယောက်ကို လုပ်ကြံပြောပြ လိုက်သည်။ ကမာကတော့ ယုံကြည်စွာနားထောင်နေသည်။ တင်မော်ရင်ကတော့ ယုံကြည်ဟန် မပြပေ။ ပြီးလျှင် မိမိကို မေးတော့မည်ကို သိသည်။ သို့သော် လောလောဆည် ကမာ ယုံကြည် သွားဖို့က အရေးကြီးသည်။ ကလေးတစ်ယောက်ပမာ ပြုံးကာ နားထောင်နေသော ညီလေးကို တချက်ကြည့်ပြီး တင်တက်ရင် ဇာတ်လမ်းကို ဆက်ပြောနေလိုက်တော့သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၈)
မင်းကြီးထံပြန်ရမည့် အချိန်သို့ရောက်သော်လည်း မပြန်ချင်သေးပါ။ သို့သော် မိမိမပြန်လျှင် မင်းကြီးက နောက်တခါ မိမိကိုလွှတ်မည်မဟုတ်တော့ပေ။ ကမာနောက်ဆုံးစိတ်ကို တင်းကာ အကိုများ ကိုနူတ်ဆက်လိုက်သည်။
"အကိုကြီး။ အကိုလေး ကမာ ပြန်ပါအုံးမယ်။"
တင်မော်ရင်က ကမာမျက်နှာမကောင်းသည်ကို ဘာမှမဖြစ်သလို ဟန်ဆောင်သည်ကို သနားသွားပြီး
ကမာလေးကို အသာဖက်ကာ တိုးတိုးပြောလိုက်သည်။
"နောင်တော်တို့က ကမာအတွက် အဆင်သင့်ရှိပါတယ်။ ကမာ ဘာလိုလို ချက်ချင်းလှမ်း ပြောလိုက် ပါ။ အကိုလေး အားလုံးဆောင်ရွက်ပေးမယ်နော်။ "
ကမာ စိတ်ထဲလုံခြုံသွားသည်။ အကိုလေးကို ပြန်ဖက်ထားကာ စိတ်မချနိုင်စွာတီးတိုးမှာသည်။
"အကိုကြီးကိုသာ ကရုစိုက်ပေးပါ။ ကျွန်တော် အကိုကြီးအတွက် စိတ်ပုတယ်။"
"အကိုကြီး ကျွန်တော်ပြန်တော့မယ်။ အရက်သိပ်မသောက်နဲ့နော်။"
ကမာပြောပြီး လှည့်ထွက်သွားသည်။ တင်တက်ရင်က ငေးပြီးကျန်ရစ်ခဲ့သည်။ ဝေးသွားသော နောက်ကျောပြင်လေးကို ကြည့်ရင်း တင်တက်ရင်ဘာကြောင့်မှန်းမသိ ရင်ထဲစူးနင့်နာကျင်လာ သည်။ ကမာသွားသည့်နေရာကား မင်းကြီးရင်ခွင်ဖြစ်နေလို့လားတော့မသိတော့ပေ။ တင်တက်ရင် အရက်ကို တရှိန် ထိုးမော့သောက်လိုက်သည်။
တင်မော်ရင်သည် ကမာကို အိမ်ပေါက်ဝထိလိုက်ပို့ပြီး အကိုကြီးကို လှမ်းပြောလိုက်သည်။
"ကမာ အိမ်ဝမှာရှိသေးတယ်။ နောင်တော်က အရက်ကို ဒီလောက်သောက်ရသလား။ နောင်တော် ဘာဖြစ်နေတာလဲ။ ကိုယ့်ညီငယ်လေးမှာလိုက်တဲ့စကားကို နားမထောင်ဘူးဗျာ။"
တင်တက်ရင် ပြုံးကာပြောလိုက်သည်။
"နယ်မှာကျန်ခဲ့တဲ့ ငါ့ချစ်သူကိုလွမ်းလို့ပေါ့ကွ..မင်းလည်း မြန်မြန်လက်ထပ်ပြီး နန်းတော်ထဲ သွားနေ ကွာ။ နားငြီးတယ်။ ယောက်ျားအရက်သောက်တာ ထူးဆန်းသလား။ ကမာ့ လေသံနင်းပြီး လာမပြောနဲ့။ "
တင်မော်ရင်သည် မာဆတ်ဆတ်ပြောကာ အရက်အိုးကို ကိုင်ကာလှည့်ထွက်သွားသော နောင်တော် ကိုကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ ပြန်ရောက်ကတည်းက နောင်တော်သိသိသာသာမုပျက် နေသည်။ နောင်တော်နှင့်အတူပါသွားသော လက်ထောက်စစ်သူကြီးများထံ သတင်းစနည်းနာရန် တေးထားလိုက်ရပြန်သည်။
တင်တက်ရင်ကတော့ ညီဖြစ်သူ ဆက်မမေးနိုင်ရန် တမင်တင်းမာစွာပြောကာ မိမိအခန်းသို့ပြန်လာ ခဲ့သည်။
"ကမာ...မင်းလေးအတွက် အေးချမ်းတဲ့လောက၊ လုံခြုံတဲ့လောကကို နောင်တော် မဖန်တီးပေး နိုင်ဘူး။ ဒီလိုလူကို မင်းနောင်တော်အဖြစ်တော်ချင်သေးရဲ့လားကွာ။ နောင်တော်က ကိုယ့်မိသားစုကို မကာကွယ်နိုင်သူပါ။"
တေးဟာခန်သည် ကမာပြန်သွားပြီးနောက် ယောင်ချာချာဖြစ်နေသဖြင့် ဘယ်လိုမှ သည်းမခံနိုင်သည့် အဆုံး အနောက်ဘက်ခြံထဲရှိ သိုင်းလေ့ကျင့်သည့်နေရာတွင် ဓါးရေးကျင့်နေမိသည်။ ဘယ်လောက် တောင် လေ့ကျင့်မိသည် မသိတော့ပေ။ အသက်ရှုလို့မရအောင် ရင်ဘတ်တခုလုံးစူးအောင့်လာ တော့မှ ဓါးကို လွှတ်ချကာ မြေပြင်ပေါ် ပက်လက်လှန်ကာ အိပ်လိုက်သည်။
ဒါကို အကွယ်တွင် ကြည့်နေသော တင်မော်ရင်က မိမိမသိသော ဝေဒနာတခုကို နောင်တော်ကြိတ်ခံ နေသည်ကို သေချာသွားကာ ဘယ်လိုလုပ်ပေးရမှန်းမသိတော့ပေ။
တင်တက်ရင်သည် မြေပေါ်လှဲအိပ်နေပြီး ကြာလာတော့မှ ရေချိုးကာ အရက်ထပ်သောက်ကာ အိပ်ပစ်လိုက်တော့သည်။
ကမာသည် နန်းတော်သို့ပြန်လာသည့် ရထားလုံးထဲတွင်လိုက်ပါလာရင်း အကိုကြီးချစ်ခဲ့သည့် မိန်းကလေးအကြောင်းကို တွေးနေမိသည်။ ဘယ်လိုမိန်းကလေးလဲ။ အကိုကြီး အသည်းနင့်အောင် ချစ်ရသော သူမလေးက သိပ်ကိုချောမောလို့လား။ အမျိုးဂုဏ်မြင့်လို့လား။ဘယ်နယ်စားကြီးရဲ့သမီး လေးလဲ။ ဘယ်ကုန်သည်ကြီးရဲ့ သမီးလဲ။ ပြောလို့ပြောတာ မဟုတ်ပေ။ မွန်ဂိုတပြည်လုံးကျော်ကြား သော မိမိ၏ နောင်တော်စစ်သူကြီးက လက်ရုံးရည်တော်ရုံမျှမဟုတ် ရုပ်ရည်လည်း ယောက်ျားပီသ သည်။ မိမိက နောင်တော်ကို စံထားကာ ယောက်ျားပီသသူဖြစ်အောင် ကြိုးစားနေသူဖြစ်သည်။ ယောက်ျားလေးဖြစ်ပြီး နတ်သမီးလေးလိုလည်းမလှချင်ပါ။
အကိုကြီးလို ယောကျာ်းပီသကာ ရုပ်ခပ်ကြမ်းကြမ်းဖြင့် စွဲဆောင်မှုရှိသူဖြစ်ချင်သည်။ လက်ရုံးရည် တော်သူ ဖြစ်ချင်သည်။ မင်းကြီးလို ဘုရင့်သားဖြစ်လို့ ဘုရင်ဖြစ်သူထက် မိမိအရည်အချင်းဖြင့် ကျော်ကြားသော စစ်သူကြီးဖြစ်ချင်သည်။
ကမာသည် နောင်တော့်ကို ချစ်စိတ်ဝင်အောင်ညှို့နိုင်သော မိန်းကလေးကို တွေ့ချင်မိသည်။ သေချာ တာကတော့ ရုပ်ရည်လှတာထက် စိတ်ထားကောင်းစေချင်သည်။ နောင်တော့်ကို အနွံတာခံကာ ပါရမီဖြည့်ပေးနိုင်သည့် မိန်းမမြတ်တစ်ဦးဖြစ်စေချင်သည်။
ကမာသည် နောင်တော့်အကြောင်းစဉ်းစားလာရင်း နန်းတော်သို့ပြန်ရောက်လာသည်ကို ပင် သတိ မထားမိလိုက်ပေ။
အတွင်းဝန်က အဆောင်ဝမှလာစောင့်နေလိုက်သည်။ ကမာကို မြင်သော် အူယားဖားယားပြေးလာပြီး ပြောလိုက်သည်။.
"သခင်မ...မင်းကြီးရောက်နေတာ အတော်ကြာပြီ..."
ကမာလည်း ထိုအခါမှ မင်းကြီးလာချိန်ကို ကျော်သည်အထိနေမိလို့ အပြစ်ပေးခံရတော့မလားလို့ စိုးရမ်စိတ်ဖြင့် အဆောင်ထဲ အပြေးလေးဝင်လာခဲ့သည်။ အခန်းထဲသို့ဝင်လိုက်သောအခါ မင်းကြီးက အရက်သောက်ရင်း မိမိကို စောင့်နေသည်ကို တွေ့သော် ကမာ မင်းကြီးရှေ့တွင် အရိုအသေပေးကာ

"မင်းကြီး ကျွန်တော်မျိုးနောက်ကျသွားတာ တောင်းပန်ပါတယ်။ ကျွန်တော်မျိုးကို အပြစ်ပေးတော် မူပါ။"

တေးဟာခန်သည် စိုးရိမ်စွာပြောနေသော ကမာကို စိုက်ကြည့်ကာ ပြုံးလာပြီးမှ အနားလာဖို့ညွှန်ပြ ကာ
"ကိုယ်တော် စိတ်ဆိုးနေတယ်လို့ ဘာကြောင့်ထင်နေတာလဲ ကမာလေး.."
ကမာသည် မင်းကြီးအနားသို့တိုးကာ ပြောလိုက်သည်။
"မင်းကြီးက မိဖုရားကို စောင့်ရရင် အဲ့ဒီမိဖုရားက အပြစ်ဒဏ်သင့်တယ် လို့ကြားထားလို့ပါ။"
တေးဟာခန်က ကမာ၏ လက်လေးကို ဆုပ်နယ်ကာပြောလိုက်သည်။
"မင်းက ကိုယ်တော်ရဲ့ မိဖုရားမှ မဟုတ်ပဲ..."
ကမာ နားမလည်စွာဖြင့် တေးဟာခန်၏ မျက်နှာကို မော့ကြည့်လိုက်သောအခါ မင်းကြီးက ပြုံးကာ ပြောလိုက်သည်။
"မင်းက ကိုယ်တော်ရဲ့ဘုရင်မပါ ကမာ။ "
ကမာ ဘာမှပြန်မပြောနိုင်လောက်အောင် ဆွံအသွားသည်။ မင်းကြီး အတော်မူးနေပြီဟု ထင်သည်။

"မင်းကြိီး သောက်နေတာကြာပြီလား။"

"အင်း...ကမာလေးပြန်လာမလားလို့ ညနေကတည်းက လာစောင့်ရင်းသောက်နေတာ။"
တေးဟာခန်သည် ကမာ့မျက်နှာချောချောလေးကို စိုက်ကြည့်ကာဖြေလိုက်သည်။ ဒီမျက်နှာလေးကို မိမိစိတ်မဆိုးရက်ပါ။ မိမိဘေးမှာ ကမာလေးရှိနေဖို့ကပိုအရေးကြီးပါသည်။ ကိုယ်နှင့်နေသည့် ၉လ အတွင်း ကမာလေး၏ မျက်နှာ ဒီလောက်ပျော်တာ မိမိမမြင်ခဲ့ဖူးပါ။ လန်းနေသောမျက်နှာလေးက စိန်ရွှေငွေများ တောင်လိုပုံပေးသည်ထက် သူ့အကို နှစ်ယောက်နှင့်ထမင်းတနပ်အတူစားသည်ကို အင်မတန်ကို နှစ်သက်သည်ကို သက်သေပြနေသည်။
"မင်းကြီး အခုရက် သိပ်နေမကောင်းဘူးလေ။ သမားတော်ကြီးက မင်းကြီးကို ၀ိုင်တောင် မသောက်ခိုင်းဘူးလေး တော်ပါတော့။ "
ကမာ ပြောရင်း မင်းကြီးလက်မှ အရက်ခွက်ကို လှမ်းဆွဲယူလိုက်သည်။ မင်းကြီးက မိမိသွားသည်ကို မနှစ်သက်သော်လည်း မတားပဲသွားခွင့်ပေးသည်ကို သိသည်။ ထို့ကြောင့် မင်းကြီးအရက်သောက် နေသည်ကိုလည်း သိလိုက်သည်။
တေးဟာခန်သည် စစ်သူကြီးကို သိပ်မကြည်ချင်တော့ပါ။ ကမာလေး၏ အလေးထားမှုကို ဘာလို့ ဒီလောက်သိမ်းပိုက်ထားသည်ကို နားမလည်တော့ပေ။ တေးဟာခန်သည် အရက်လည်းမူးလာသည်။ အချစ်လည်းမူးလာသည်။ ကမာကိုလှမ်းဖက်ကာ တိုးတိုးပြောလိုက်သည်။

"မင်းကိုပျော်အောင်ထားနိုင်မယ်ဆိုရင် ကိုယ်တော် စိတ်ညစ်လည်း မင်းလုပ်ချင်တာကို လိုက်လျော ပေးနေမှာပါ ကမာ။ မင်းသာ ကိုယ်တော့်ဘေးမှာ တသက်လုံးနေပေးပါ။ ကိုယ်တော် လောဘမကြီး ပါဘူး။"
ကမာသည် မင်းကြီးကိုချော့ကာ အိပ်ယာထဲခေါ်သွားလိုက်တော့သည်။

"မင်းကြီးတော်ပါတော့နော်။ ကျွန်တော် မင်းကြီးကိုနှိပ်ပေးမယ်။ လာ အိပ်ယာထဲသွားကြစို့။ မင်းကြီးရဲ့ ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။"
တေးဟာခန်သည် ကမာ့စကားအတိုင်း အိပ်ယာထဲပါလာခဲ့သည်။ ကမာနှိပ်ပေးသည်ကို ခံယူရင်း အိပ်ပျော်သွားတော့သည်။ ကမာသည် မျက်မှောင်ကြုတ်ကာ မိမိလက်ကို ဆုပ်ကိုင်ကာအိပ်ပျော် သွားသောမင်းကြီးကို စိုက်ကြည့်ရင်းသက်ပြင်းချမိသည်။ မင်းကြီးမူးမူးနှင့်ပြောသွားသည်ကို ပြန်သတိရကာ ပြုံးမိသည်။ ယောက်ျားခြင်း မင်းက ကိုယ့်ရဲ့ ဘုရင်မဟု အပြောခံရသည်ကို ကမာ မပျော်ပါ။ မိမိက ဘုရင်မဖြစ်ချင်သူမဟုတ်ပါ။ မိမိက ရဲရင့်သော စစ်သူရဲကောင်းဖြစ်ချင်သူပါ။
"မိဖုရားတွေကို ကြင်နာလိုက်ပါ မင်းကြီး။ ကျွန်တော်မျိုးက မင်းကြီးအချစ်နဲ့ မထိုက်တန်သူပါ။"
ကမာသည် မင်းကြီး၏လက်ကို အသာဖြေကာတီးတိုးပြောလိုက်သည်။ တကယ်လည်း မိမိက မင်းကြီး အချစ်ကို မလိုချင်ပါ။ မိမိက အကိုနှစ်ဦးနှင့်အတူနေခွင့်ရလျှင် ကျေနပ်ပါပြီ။ နောင်တော့် လိုတာတာတွေကို တိုက်ထုတ်ပြီး ဒုက္ခရောက်နေသူကို ကယ်တင်နိုင်သောသူဖြစ်ချင်သည်။
ကမာ မင်းကြီးအရိပ်အခြေကြည့်ပြီး အသာလေး အပြင်သို့ထွက်လာခဲ့သည်။ အပြင်တွင် အတွင်းဝန် ကြီးက အသင့်စောင့်နေသည်။ ကမာကို တွေ့သော် ဦးညွတ်အရိုအသေပေးပြီး တီးတိုးလှမ်းပြော လိုက်သည်။

"ဒီနေ့ မင်းကြီးရဲ့ မိဖုရားတစ်ပါး သမီးတော်လေး မီးဖွားရင်း နတ်ရွာစံသွားလို့။"
ထိုအခါမှ မင်းကြီးဘာကြောင့် ဒီလောက်သောက်နေသည်ကို သိတော့သည်။ မိမိကလည်း သူ့အနား မှာမရှိတော့ သူဘယ်သူ့ကို ရင်ဖွင့်ရမှန်းမသိဖြစ်နေသည်။
"အတွင်းဝန်ကြီး မင်းကြီးရဲ့ သမားတော်က ဘာပြောသေးလဲ။"

"မင်းကြီးအရက်သောက်လို့မရဘူး။ ကျွန်တော်မျိုးတားတာ တားလို့လည်းမရဘူး။ သခင်မ တားပေးပါဦး။ မင်းကြီးက မနေ့ည သောက်ရမယ့်ဆေးတောင် မသောက်ဘူး။"
ကမာသည် အတွင်းဝန်ကြီးထံမှ ဆေးထုပ်ကိုလှမ်းယူကာ
"ကျွန်တော် နောက်နေ့တိုက်လိုက်ပါ့မယ်။ မင်းကြီးအရမ်းစိတ်ဆင်းရဲနေတာ မသိလိုက်ဘူးဗျာ။"
ကမာသည် အတွင်းဝန်ကြီးကိုပြောကာ ရေသုံးသပ်ရန်ထွက်လာခဲ့သည်။ရေစိမ်ရင်း မင်းကြီး အကြောင်းကို တွေးနေမိသည်။ မိမိဒီလောက် နေလာမှတော့ မင်းကြီးစိတ်ကို အတော်ခန့်မှန်း မိနေပြီ။ မင်းကြီးက နန်းတော်ထဲတွင် မည်သူ့ကိုမှမယုံပဲ အမြဲအထီးကျန်နေသုဖြစ်သည်။ သူ့မယ်တော်ကိုလည်းမယုံကြည်ပေ။ မိမိကို ကယ်ထုတ်သွားကတည်းက မယ်တော်ကြီး၏ အခွင့်အာဏာကို ရုပ်သိမ်းကာ နိုင်ငံရေးတွင် ၀င်ရောက်စွတ်ဖက်ခြင်းကို လက်မခံတော့ပေ။
မိဖုရားခေါင်ကြီးကျောက်မိန်ကိုလည်း ယုံကြည်မှုမရှိပေ။ ကျောက်မိန်မိမိအဆောင်ကို လုံးဝခြေချ ခွင့်မရှိအောင် တားထားကာ မိမိကို အပြည့်အ၀ကာကွယ်ပေးထားသည်။ ဂိုယိုမိဖုရားလည်း မိမိ မျက်နှာကိုပင် မမြင်ဖူးပေ။ အဆောင်ထဲဝင်ခွင့်ကတော့ ပြောမနေနှင့်။
မိမိကို နိုင်ငံရေးလည်းတိုင်ပင်သည်။ သူ့မိဖုရားကိစ္စလည်းတိုင်ပင်သည်။ သူ့သမီးလေးအကြောင်း လည်းတိုင်ပင်သည်။ သူ့တွင် ရင်ဖွင့်စရာ မိမိတစ်ဦးပဲရှိသည်ဟုအမြဲပြောသည်။
တခါက သူဝယ်ထားသော ကျွန်ကောင်လေးအကြောင်းမေးမိတော့ရယ်မောက အမှန်အတိုင်းဖွင့်ပြော ပြသည်။ မိမိကိုအရယူရာတွင် သူအသုံးချလေ့ကျင့်ရန် ၀ယ်ထားသည်တဲ့လေ။ကမာ ထိုကောင်လေး ကို တွေ့ချင်ကြောင်းပြောတော့ ခေါ်လာပေးသည်။
မိမိဖြစ်ချင်တာ မှန်သမျှတော့ မင်းကြီးက အားလုံးလိုက်လျောပေးသည်။ သူ့ကိုချစ်လားမေးတော့ ကမာ အမှန်အတိုင်းဖြေသည်။ မိမိ မင်းကြီးကို မချစ်ပါ။ အပြစ်ပေးချင်ပေးပါဟု ပြောတော့ သူက ထူးဆန်းစွာပြုံးကာ ဖြေသည်။
"ကိုယ်တော့် ဘ၀မှာ ဘယ်အရာကိုမှ တောင့်တစရာမလိုပဲ ကြီးပြင်းလာခဲ့တာ။ အခု ကိုယ်တော် အလိုချင်ဆုံးအရာကို သိပြီ။ ကိုယ်တော် ကမာရဲ့ အချစ်ကို လိုချင်တယ်။ မင်း ကိုယ်တော့်ကို ချစ်လာမယ့် နေ့ကို စိတ်ရှည်ရှည်စောင့်ပါ့မယ်။ ကိုယ်တော် မလောပါဘူး။ အမှန်အတိုင်းဖြေပေးလို့ ကိုယ်တော် ကျေနပ်တယ် ကမာ"
ကမာသည် မင်းကြီးကို ပထမ မုန်းနေရာမှ သနားစိတ်ဝင်လာမိသည်။ အင်မတန်ကို ထက်မြက်သည့် စစ်ဘုရင်မျိုးရိုးမှဆင်းသက်လာသူ ဘုရင်ကြီးက မိမိအချစ်ကို မျှော်လင့်ကာ ဘ၀ကို ဖြတ်သန်းနေ သည်က မဖြစ်သင့်ဟု မိမိထင်မိသည်။အချစ်ကဘ၀မှမဟုတ်တာ။ မင်းကြီးက တိုင်းပြည်အဖျက်ဆီး မခံရဖူးပါ။ မိမိမျက်စိရှေ့ မိသားစုကို သတ်ဖြတ်တာ မမြင်ဖူးပါ။ ပြီးတော့ မိမိတိုင်းသူပြည်သားများကို ကျွန်အဖြစ်ရောင်းစားဖို့ခေါ်သွားသည်ကို မကြုံဖူးပါ။ ထို့ကြောင့် အချစ်သည် မင်းကြီး၏ ဘ၀ဖြစ်နေ သည်။
မိမိကတော့ အကိုကြီးကို ပြောထားသည့်အတိုင်း ကြံ့ခိုင်သူဖြစ်ချင်သည်။ အချစ်ခံရသူထက် ချစ်နိုင်သောသူဖြစ်ချင်သည်။ အကာအကွယ်ပေးခံရသူထက် ကာကွယ်ပေးနိုင်သူဖြစ်ချင်သည်။ မိမိက မိဖုရားထက် သူရဲ့ကောင်းတစ်ဦးဖြစ်ချင်သည်။
"သခင်မ ... မင်းကြီးနိုးလာပြီး သခင်မကို ရှာနေတယ်။"
ကမာ ရေကန်ထဲမှတက်ကာ အိပ်ဆောင်ထဲ အမြန်ဝင်လာသည်။ မင်းကြီးပင် တရေးနိုးနေပြီ။
"ကမာလေး...ဘယ်သွားနေတာလဲ။ကိုယ်တော် နိုးလာတော့ ကမာကို မတွေ့ရတာ ဘယ်လောက် ခံစားရတယ်ထင်သလဲ။"
ကမာသည် မင်းကြီး၏ ဆန့်တန်းထားသော လက်ထဲတိုးဝင်ကာ ဖက်ထားလိုက်ပြီး ပြောလိုက်သည်။
"မင်းကြီး တောင်းပန်ပါတယ်။ ဒီနေ့မင်းကြီး စိတ်ပင်ပန်းနေတဲ့အချိန် ကျွန်တော်မျိုးမရှိခဲ့ဘူး။"
မင်းကြီးက ကမာ့ ရင်ဘတ်တွင် ပါးအပ်ကာ မျက်ရည်ကျလာသည်။
"ချီမိဖုရားက သိပ်အေးတဲ့ မိန်းကလေး။ ဘယ်တုန်းကမှ ကိုယ်တော်ကို စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဘူး။သူ့အဖေက ကိုယ်တော့်ကို စာသင်ပေးခဲ့တဲ့ အမတ်ကြီးပဲ။ သူမနှစ်က ဆုံးသွားပြီ။ ချီမိဖုရားကို ကိုယ်တော့်လက်ထဲ အပ်ထားခဲ့တယ်။ ကိုယ်တော် သူ့အသက်ကို မကယ်နိုင်ခဲ့ဘူး။"
ကမာသည် မင်းကြီး၏ ကျောကို အသာပွတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"မင်းကြီးအတွက် ချီမိဖုရားက သိပ်လှတဲ့သမီးတော်လေး မွေးပေးခဲ့တယ်လေ။ သမီးတော်လေးကို မင်းကြီး အချစ်တွေ ပုံပေးလို့ရတာပဲ။ "
မင်းကြီးထိုအခါမှ သတိရလာသည်။
"အင်း ဟုတ်တယ်။ သမီးတော်လေး...အမေလည်းမရှိရှာတဲ့သမီးတော်လေး။ အတွင်းဝန်ကြီး သမီးတော်လေးကို သွားခေါ်ခဲ့စမ်း။"
ပိုးထည်နှင့်ထုပ်ထားသော မင်းသမီးလေး ရောက်လာသောအခါ မင်းကြီးက ရင်ခွင်ထဲ ပွေ့ပိုက်ထားပြီး
"သမီးတော်လေးရေ....မင်းကို ခမည်းတော် ကောင်းကောင်းစောင့်ရှောက်ပေးပါ့မယ်ကွယ်။"
ကမာသည် မင်းသမီးလေးကို ကြည့်ကာ သက်ပြင်းချမိသည်။ ကလေးကို ဘယ်မိဖုရားက စောင့်ရှောက်မှာပါလိမ့်။
"မင်းကြီး ကလေးကို ဘယ်မိဖုရားက စောင့်ရှောက်မှာလဲဟင်..."

"ကျောက်မိန်ပဲပေါ့...သူက မိဖုရားခေါင်ကြီးပဲ .."
ကမာ ကလေးမလေးကို သနားကြင်နာစွာငေးကြည့်နေမိသည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now