မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၂၄)

5K 335 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၄)

မင်းကြီး သမီးတော်လေး ရှိလာပြီ။ သူ့မှာ မင်းကြီးကလွဲရင် ဘယ်သူမှ မရှိတော့ဘူး။ မင်းကြီး ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေဖို့လိုတယ်နော်။"
မင်းကြီး ခေါင်းငြိမ့်လိုက်သည်။ကမာပြောချင်သည်ကို နားလည်လိုက်သည်။ ပြုံးကာပြောလိုက်သည်။
"ကောင်းပါပြီ။ကိုယ်တော် ဆေးမသောက်ရသေးဘူး။ ကမာ ကိုယ်တော့်ကို တိုက်လေ။"
ကမာ ဆေးနှင့်ရေယူပေးလိုက်သည်။ မင်းကြီးက ဆေးသောက်ပြီး ကလေးကို ပြန်ပို့ခိုင်းကာ ကမာ့ကို ကြည့်ကာ
"ကိုယ်တော် ကမာ့ရင်ခွင်မှာ အိပ်ချင်တယ်။ နောက်တနေ့အတွက် ကိုယ်တော့်ကို အားအင်တွေ ပေးပါဦး။"
ကမာ နာခံစွာဖြင့် သူ့ရှိရာသို့ တိုးလာခဲ့သည်။ မိမိက သူ့မိဖုရားမဟုတ်လား။
အကိုလေး တင်မော်ရင်၏ မင်္ဂလာတွင် ကမာ ယောက်ျားလေး အ၀တ်ဖြင့်တက်ေ၇ာက်ခွင့်၇သည်။
တင်တက်ရင်သည် ကမာကို မြင်လိုက်မိစဉ် အသက်ရှုမ၀သလိုခံစားလာရသည်။ ဘာကို မှမကြောက် တတ်သည့် စစ်သူကြီးက ကမာ့ကြိုမင်လိုက်မိစဉ် လက်ဖျားပဲ အေးလာသလိုခံစားရသည်။ ရင်ထဲမှာ ပူကာ ရေလည်းငတ်လာသည်။
"အကိုကြီး..."
ကမာသည် အကိုကြီးကို မြင်သော် ၀မ်းသာအားရနူတ်ဆက်ကာ အကိုကြီးဆီကို ပြေးလာခဲ့သည်။ အကိုကြီးမျက်နှာက တင်းနေသဖြင့် ကမာ နည်းနည်းတော့ လန့်သွားသည်။ မင်္ဂလာနေ့ ဘယ်သူက အကိုကြီးကို စိတ်မနှောက်အယှက်ဖြစ်အောင်လုပ်ထားသည်ကို မသိတော့ပေ။
"အကိုကြီး...ဘာဖြစ်လို့လဲဟင်။ ဘာကိုစိတ်တိုင်းမကျဖြစ်နေတာလဲ..."
တင်တက်ရင်သည် ကမာ၏ အမေးကို ကြားတော့မှ မျက်နှာတင်းထားသည်ကို သတိရကာ မျက်နှာကြောကို လျှော့လိုက်သည်။
"ဘာမှ မဖြစ်ဘူးကမာ။ "

"အကိုကြီး ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ..."

"မဆိုးပါဘူးကွ။ အကိုကြီးချစ်သူကို သတိရလို့်။"
ထိုအခါမှ ကမာပြုံးတော့သည်။ နောင်တော်ကြီးလွမ်းနေတာကိုး.
"အကိုကြီး ချစ်သူလွမ်းနေတာလည်းဗျာ။ မသိရင် လူသတ်ချင်စိတ်ကို အောင့်ထားရသလိုပဲ"
တင်တက်ရင်သည် ကမာ၏ အပြုံးမျက်နှာလေးကို စိုက်ကြည့်ကာ ပြောလိုက်သည်.
"ချစ်တဲ့စိတ်ကို အောင့်ထားရတာ ကမာ။"
ကမာက သဘောရိုးထင်ကာ ပြောလိုက်သည်။
"အောင့်မထားနဲ့ဗျာ။ ဖွင့်ပြောလိုက်။ အကိုကြီး မပြောရဲရင် ကျွန်တော် ကူပြောပေးမယ်။"
တင်တက်ရင် သက်ပြင်းသာရှိုက်လိုက်မိတော့သည်။ မိမိအခြေနေက ဘယ်လိုလုပ်ရပါ့မလဲ။ ကြာကြာနေရင် မိမိစိတ်တို့ပေါက်ကွဲတော့မည်။
တင်တက်ရင် ကမာကို ထားကာ ထွက်လာခဲ့သည်။
"မင်းအကိုလေးဆီသွားလိုက်ဦးမယ်ကွာ။ ကမာ ဒီမှာ ဧည့်သည်တွေကို ဧည့်ခံလိုက်ဦး။"
"ဟုတ်ကဲ့ အကိုကြီး"
ကမာသည် အကိုကြီးခိုင်းသည့်အတိုင်း အ၀င်ဝနားတွင် ရပ်ကျန်ရစ်ခဲ့သည်။ တကယ်လည်း အကိုကြီး ချစ်သူကိုလွမ်းနေသည်ဟု ထင်ကာ သနားနေမိသည်။

ကမာသည် အကိုကြီး ချစ်သူကိုလွမ်းနေသည်ဟုထင်ကာ ဘယ်လိုလုပ်ပေးရမှန်းမသိဖြစ်နေမိသည်။
တင်တက်ရင်သည် မိမိမိတ်ဆွေအမတ်များ၊ စစ်သူကြီးများနှင့်အတူ စကားပြောကာ ကမာကိုလှည့် မကြည့်မိအောင်အတတ်နိုင်ဆုံးထိန်းနေရသည်။ ကမာ့ဘေးတွင်အမတ်ငယ်များ၊တပ်မှုးလေးများ ၀ိုင်းကာစကားပြောနေသည်ကို မိမိမကြည့်ရက်နိုင်ပါ။ ကမာ မင်းကြီးမိဖုရားဖြစ်နေသည့်သတင်းက ထိပ်တန်းအမတ်များသာ သိပြီး လက်အောက်မှ အမတ်များကတော့ ကမာသည် နယ်စပ်ဘက်တွင် ရောက်နေသည်ဟု ထင်ကြသည်။
ထို့ကြောင့် ကမာ တင်မော်ရင်၏ လက်ထပ်ပွဲတက်ရန်လာသည်ဟုထင်ပြီး သူ့မိတ်ဆွေများက ၀မ်းသာအားရစကားပြောနေကြခြင်းဖြစ်သည်။ ကမာသည် မိတ်ဆွေများနှင့် ပျော်ရွှင်စွာစကားပြော နေစဉ် လူရွယ်တစ်ဦးက လာနူတ်ဆက်ခဲ့သည်။
"သခင်လေးကမာ.."
ကမာ လှည့်ကြည့်မိသောအခါ အံ့သြသွားသည်။ မိမိကို စစ်သူကြီးကယ်ခဲ့စဉ်က စကားပြန်လုပ်ပေး သောလက်ထောက်သမားတော်လေးက ပြုံးကာ နူတ်ဆက်နေသည်။

"သမားတော်လေးကျူး"
ကမာ ၀မ်းသာပြီးလှမ်းဖက်လိုက်သည်။ ထိုသမားတော်လေးကလည်းကမာကို ပြန်ဖက်ခဲ့သည်။
"သခင်လေး အရမ်းချောလာတော့ ကျွန်တော်က ဟုတ်ကောဟုတ်ရဲ့လားလို့ထင်နေတာ။"
ကမာသည် သမားတော်လေးကို သဘောကျစွာပြန်ကြည့်ကာ
"ကျွန်တော်လည်း သမားတော်လေးကို သတိရနေတာ။ အခု ဘယ်မှာတာဝန်ကျသလဲ။"
သမားတော်လေးက ကမာကို ပြုံးကာညင်သာစွာဖြေသည်။
"နန်းတွင်းဆေးခန်းကို တာဝန်ကျတာပါ။ အခု သမားတော်ကြီးနဲ့ လိုက်လာတာပါ။ အမတ် တင်မော်ရင်ရဲ့ မင်္ဂလာဆိုတော့ သခင်လေးနဲ့ တွေ့ရမှာလို့ တိတ်တိတ်လေး မျှော်လင့်နေရတာပါ။ သခင်လေးက နယ်ဘက်မှာ တာဝန်ထမ်းဆောင်နေရတယ်ကြားတော့ ကျွန်တော်က ပြန်ဆုံ ရပါ့မလားလို့တောင်ထင်နေတာပါ။"
ကမာသည် သမားတော်လေးနှင့် အားပါးတရ စကားပြောနေမိသည်။ ပြောသည့် စကားက နှင်းမြို့တော်ရဲ့ ဘာသာစကားဖြစ်သည်။ မိခင်ဘာသာစကားကိုပြန်ပြောခွင့်ရလို့ ကမာအရမ်း ၀မ်းသာနေမိသည်။
တင်တက်ရင်သည် ကမာ့ဘေးက လူရွယ်လေးကို မြင်ဖူးသလိုရှိလို့ ကြည့်နေရင်း သမားတော်လေး မှန်း မှတ်မိသွားသည်။ ကမာနှင့်အရမ်းကို စကားလက်ဆုံကျနေပုံက နှစ်ပေါင်းများစွာကွဲကွာနေသော မိတ်ဆွေရင်းလိုပင်။
"မင်းကြီိးကြွချီလာပါပြီ..."
အားလုံး မင်းကြီးကို ဂါရ၀ပြုကာ ကြိုကြသည်။ ကမာကတော့ သမားတော်လေးလက်ကို ဆွဲကာ လူအုပ်နောက်သို့ မသိမသာတိုးသွားပြီး လစ်ထွက်သွားသည်။ ကျောက်မိဖုရား မိမိကို မြင်သွားလို့ မဖြစ်ပေ။ သမားတော်လေးလည်း ကမာ့နောက်သို့ လိုက်လာခဲ့သည်။ နှစ်ယောက်သား အိမ် အနောက်ရှိခြံထဲသို့ သွားကာ စကားစမြည်ပြောနေကြသည်။
ကမာက နှင်းမြို့တော်သားအကြောင်းမေးနေသည်။ မိမိမျိုးနွယ်ကို ပြန်ရှာချင်သေးသည်။ သမားတော်လေးက စစ်တပ်နှင့်နယ်စုံလိုက်ဖူးသူဖြစ်လို့ နှင်းမြို့တော်သားများ ပါရှားပြည်ဘက် သို့အရောင်းစားခံရသည်ကို ပြန်ပြောပြနေသည်။
ကမာ သက်ပြင်းရှိုက်လိုက်သည်။ မိမိညီငယ်ဟေဇယ်လည်း သေလား ရှင်လားလည်း မသိတော့ပေ။ ဖြစ်နိုင်လျှင်မိမိ၏လူမျိုးများကို ပြန်ရှာချင်သေးသည်။ သမားတော်လေးသည် ကမာ့ကို စေ့စေ့စပ်စပ် ကြည့်ကာ ပြောသည်။
"သခင်လေးက နတ်ပြည်က ဘုံကြိုးပြတ်တဲ့နတ်သားလေးတွေလို လှတာကိုး။ မင်းကြီးသာတွေ့ရင် သခင်လေးကို အနားခေါ်ထားမှာပဲ"
ကမာ သမားတော်လေး၏ စကားကြောင့် မလုံမလဲဖြစ်သွားသည်။ မိမိအကြောင်းသိလို့များ တမင် ပြောနေသလားဟု ထင်လိုက်မိသည်။ သို့သော် သမားတော်လေးကျူးက ရိုးသားစွာပြောနေ သဖြင့် ကမာ ပြုံးကာ ပြန်ပြောလိုက်သည်။
"ယောကျာ်းလေးဖြစ်ပြီး နတ်သားလေးလို ချောလှတာမျိုးမလိုချင်ပါဘူးဗျာ။ ကျွန်တော်က နောင်တော် တင်တက်လို ယောက်ျားပီသတဲ့စစ်သူကြီးဖြစ်ချင်တာ။"
သမားတော် ကျူးသည် ကမာနားနားကပ်ကာ တီးတိုးပြောလိုက်သည်။
"နန်းတော်ထဲကတီးတိုးသတင်းအရ မင်းကြီးရဲ့ မိဖုရားတစ်ပါးက အင်မတန်ကို ချောတဲ့ကောင်လေး လို့ပြောကြတယ်။"

သမားတော်ကျူး၏ စကားကြောင့်ကမာ လက်ဖျားများအေးစက်လာသည်။ ရင်ထဲလည်း ထိတ်ခနဲဖြစ် သွားသည်။ သမားတော်ကျူးက ကမာကို မကြည့်နေလို့တော်သေးသည်။ ကမာ မျက်နှာမထားတတ် ကာ တဖြည်းဖြည်းနီလာခဲ့သည်။
"ဟုတ်လား..သမားတော်ကျူး မြင်ဖူးလား"
ကျူးကာ ရယ်မောကာ
"ကျွန်တော့်လို အဆင့်နဲ့ ဘယ်မြင်ဖူးမှာလဲဗျာ။ ဟင်...သခင်လေး မျက်နှာနီနေပါလား။ နေမကောင်းဘူးလား။"
ကျူးက ကမာမျက်နှာနီနေသည်ကို မြင်ကာ လက်ကိုဖျတ်ခနဲလှမ်းကိုင်းကာ သွေးကြောစမ်းပေး သည်။ ကမာက လန့်ကာ ရုန်းမည်ပြုပြီးမှ မိတ်ဆွေခြင်း စိုးရိမ်လို့စမ်းသပ်ပေးတာ ငြင်းလျှင်ရိုင်းရာ ကျမည်စိုးသောကြောင့် ငြိမ်နေလိုက်သည်။ ဒါက ကမာ့အမှားတစ်ခုဖြစ်သွားသည်။ ကမာကို စောင့်ရှောက်နေသော စစ်သည်၏ မှတ်တမ်းတွင် ကျူးက စာရင်းဝင်သွားလေသည်။
ကမာကို စမ်းသပ်ပြီး ကျူးကပြောလိုက်သည်။
"အဖျားမရှိပါဘူး။ စိတ်လှုပ်ရှားလို့ သွေးခုန်နှုန်းမြန်တာပါ။"

"အကိုလေးရဲ့မင်္ဂလာဆိုတော့ စိတ်လှုပ်ရှားတာပေါ့ဗျာ..."
ကျူးသည် ကမာ့လက်ကို လွှတ်မပေးပဲ ဆက်လက်ဆုပ်ကိုင်ထားကာ ကမာ့မျက်နှာကို မကြည့်ပဲ အဝေးကို ငေးကာ တီးတိုးပြောလိုက်သည်။

"ကျွန်တော်လေ..သခင်လေးနဲ့ တွေ့ပြီးကတည်းက သခင်လေးကို ပြန်ဆုံဖို့ဆုတောင်းနေတာ သိလား။ ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ဘူး၊ ၃ နှစ်ကြာမှပြန်ဆုံရတယ်။ "
ကမာသည် မိမိလက်ကို အသာရုန်းကာပြောလိုက်သည်။
"ကျွန်တော်လည်းသတိရပါတယ်ဗျာ။ ကျွန်တော်တို့သွားကြစို့နော်။ မင်းကြီးပြန်ကြွသွားလောက်ပြီ။"
ကျူးက ပြုံးကာ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။
"သခင်လေးကို ကျွန်တော် မြင်မြင်ခြင်းချစ်ခဲ့တယ် ပြောရင် သခင်လေး စိတ်ဆိုးမလားဟင်.."
ကမာမျက်လုံးပြူးသွားသည်။ ကျူးပြောသည့် စကားများကို မင်းကြီးကြားလျှင် သူအသက်ဆုံးသွားနိုင် သည်။ ထို့ကြောင့် ကျူးလက်ကြားမှ မိမိလက်ကို ခပ်ကြမ်းကြမ်းဆွဲရုပ်ကာ မာကျောစွာပြောလိုက် သည်။
"မင်းရူးနေလားကျူး။ မင်းအကြောင်းကို နောင်တော်တွေကို တိုင်လိုက်ရင် ဘယ်လို ဖြစ်သွားမယ် ထင်သလဲ။ မင်း ကျူပ်ကို သိပ်စော်ကားနေပြီ။ "
ကမာ ကျူးကို တင်းမာစွာပြောလိုက်သောအခါ ကျူးသတိဝင်လာပြီး ကမာကို ဦးညွတ်ကာ တောင်းပန် လိုက်သည်။
"တောင်းပန်ပါတယ် သခင်လေး။ကျွန်တော် နည်းနည်းသောက်ခဲ့လို့ မပြောသင့်တာကို ပြော လိုက်မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"
ကမာသည် မျက်နှာဖြူဖတ်ဖြူယော်ဖြင့်တောင်းပန်နေသော ကျူးကို စိတ်ပျက်သလိုကြည့်ကာ
"ကောင်းပြီ။ ငါတို့ အရင်ကခင်မင်မှုကို ထောက်ပြီး ဒီတစ်ကြိမ်မင်းကို ခွင့်လွှတ်လိုက်မယ်။ အခု မင်းငါ့ရှေ့က ထွက်သွားစမ်း။"
ကျူးသည် မျက်ရည်ဝဲကာ ဦးညွတ်လိုက်ပြီး ထွက်သွားတော့သည်။ လျှို့ဝှက်အထောက်တော်က ကျူးအနောက်လိုက်သွားသည်ကို ကမာမသိလိုက်ပါ။ ကျူး ဒုက္ခေ၇ာက်မည်စိုးလို့မောင်းထုတ်လိုက် ခြင်းကာ ကျူးကို သေရွာပို့လိုက်မှန်း ကမာမသိခဲ့ပါ။ မင်းကြီးက မိမိကို ဒီလောက် တင်းကြပ်စွာ စောင့်ကြည့်နေမှန်း မသိပဲ ကမာ ပျော်နေမိသည်။ ကမာနှင့် ရင်းနှီးသော တပ်မှုးလေးများ၊ အမတ် ငယ်လေးများအားလုံး မင်းကြီး၏ စာရင်းထဲ ၀င်သွားမှန်း ကမာ မသိလိုက်ပါ။

ကမာ ကုတ်ချောင်းချောင်းနှင့် အရှေ့ဘက်ကို လာကြည့်စဉ် အိမ်အကွယ်တကွေ့တွင် လူတစ်ဦးနှင့် ၀င်တိုက်မိကာ နောက်သို့လန်ကျမလိုဖြစ်သွားပြီး ကမာ ဆွဲမိဆွဲ၇ာ ဆွဲလိုက်မိပြီးမှ အကိုကြီးမှန်းသိ ကာ ကပျာကယာလွှတ်လိုက်သည်။
"ကမာ ဘယ်တွေသွားနေတာလဲ။ မင်းကြီး မင်းကို မေးနေသေးတယ်။ "

"အကိုကြီး မင်းကြီးရော.."

"ပြန်ပြီပေါ့ကွာ။ မင်းက ဘယ်ရောက်နေတာလဲ။"

"အနောက်ဘက် ဥယျာဉ်ထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့.."

"သူငယ်ချင်း... ဘယ်က သူငယ်ချင်းလဲ.."

တင်တက်ရင် မျက်ခုံးပင့်ကာမေးလိုက်သည်။ ထူထဲနက်မှောင်သော မျက်ခံုးကြိးအောက်မှ မျက်လုံး နက်နက်ကြီးများက စူးရှကာ ကမာကို စူးစမ်းဟန်ကြည့်နေသည်။ ကမာရင်ထဲ ထိတ်ခနဲ ဖြစ်သွား သည်။ အကိုကြီးနှင့်ဒီလောက် နီးနီးကပ်ကပ်ကြီး မနေဖြစ်တာကြာပြီဆိုတော့ အကိုကြီး၏ အကြည့် ကို ကမာ ကြာရှည်ရင်မဆိုင်ရဲတော့ပေ။ ကမာ မျက်လုံလွှဲကာ ဖြေလိုက်သည်။

"သမားတော် ကျူးပါ။"

ကမာ ခေါင်းငုံ့ကာ ဖြေလိုက်သည်။ တင်တက်ရင် မျက်မှောင်ကြုတ်ကာ

"ဘာလို့ အနောက်ဥယျာဉ်ထဲသွားရတာလဲ။ မော်ရင် မင်းကို မေးနေလို့ အကိုကြီးလိုက်ခေါ်ရတာ။ လာ သွားကြမယ်။"

"ဟုတ်ကဲ့ အကိုကြီး"

ကမာ အကိုကြီးနောက်မှ အပြေးအလွှားလိုက်လာပြီး ပရိတ်သတ်များကြားပြန်ဝင်လာခဲ့သည်။
မော်ရင်က ကမာကို တွေ့သော် ဖက်ထားလိုက်ပြီး အ၇က်ကမ်းပေးကာ

"လာ...ညီအစ်ကိုတွှေ သောက်ရအောင်..."

ကမာ အကိုလေးကမ်းပေးသောအရက်ကို မော့သောက်လိုက်သည်။ တင်မော်ရင်က သုံးခွက်မြောက် အရက်ကိုတိုက်စဉ် တင်တက်ရင်က ကမာ့လက်ထဲမှ အရက်ကို လှမ်းယူကာပြောလိုက်သည်။

"မင်း အရမ်းမူးနေမယ် ကမာ။ မော်ရင် တော်တော့။ကမာ သိပ်မသောက်နိုင်ဘူး။"

တင်မော်ရင်က အကိုကြီးကို တောင်းပန်လိုက်သည်။

"နောင်တော်ကြီးရာ ကမာ့ကို ဒီလောက်မတင်းကြပ်ပါနဲ့။ အကို့မင်္ဂလာမှာ ညီက အ၀မသောက်ရ ဘူးဆိုရင် ရာဇ၀င်ရိုင်းတာပေါ့ မဟုတ်ဘူးလား ကမာ။ မင်း အကိုလေးကို ဂုဏ်ပြုမှာမလား.."

"ဂုဏ်ပြုရမှာပေါ့ဗျာ။ အကိုကြီး ဒီတစ်ညတော့ ညီလေး သောက်ပါရစေ။"
ကမာ အကိုကြီးကို တောင်းပန်လိုက်သည်။. တကယ်လည်း ကမာ ပျော်နေမိသည်။ မိမိခင်သော လူငယ်များနှင့် ယောက်ျားလေးလိုပြန်နေရသည့် ညမဟုတ်လား။

တင်တက်ရင် တားမရတော့ လွှတ်ပေးလိုက်သည်။ မင်းကြီးထံ ကိုယ်တိုင်သွားကာ ကမာ့အတွက် ခွင့်တောင်းပေးလိုက်သည်။

"ကမာ အရမ်းပျော်နေလား တင်တက်ရင်.."

"ဟုတ်ကဲ့ ။ သူ့အစ်ကိုလေးနဲ့ အတူသောက်နေတာ ထိန်းမရတော့ဘူး။ ဒါကြောင့်ကမာကို ဒီတစ်ည အိမ်မှာပဲ သိပ်ခွင့်ပေးပါ။"

တေးဟာခန် သက်ပြင်းချလိုက်ပြီး လေးလံစွာပြောလိုက်သည်။

"ကောင်းပြီလေ။ ကမာလေးကို စစ်သူကြီး သေချာစောင့်ရှောက်ပေးပါ။ သူ့အနား ဘယ်သူ့ကို မှ မကပ်ပါစေနဲ့။ အရမ်းမူးနေရင် စစ်သူကြီးတို့ စံအိမ်မှာပဲ သိပ်လိုက်ပါတော့။ ကိုယ်တော်လည်း တခြားမိဖုရားတွေ အဆောင်ကို သွားတော့မယ်။"
တင်တက်ရင်သည် မင်းကြီး၏ အမိန့်သံကြားမှ သက်ပြင်းရှိုက်လိုက်မိသည်။ တော်သေးသည်။ မင်းကြီးကအသာတကြည်ခွင့်ပြုလို့။ တင်တက်ရင် အိမ်တော်ပြန်ရောက်လာတော့ ပွဲက အတော် ကြမ်းနေပြီ။

တင်မော်ရင်လည်း အရက်ဝင်သွားလျှင် အတော်ပြောရခက်သည်။ သူ့မိတ်ဆွေအပေါင်းအသင်းများ နှင့် အသားကုန်သောက်နေတော့သည်။ ကမာလည်း မျက်နှာနီရဲနေကာ အတော်မူးနေပြီ။ ဒါတောင် သောက်ဖို့ကြံနေတုန်းဖြစ်သည်။

"လာ.... နောက်တစ်ခွက်..."

ကမာသည် တပ်မှုးလေးတို့နှင့် ခွက်ချင်းတိုက်လိုက်သည်။ သို့သော်ထိုခွက်ကို လက်တစ်စုံက ဆွဲ ယူလိုက်သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now