မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၁၆)

5.8K 390 2
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၆)

မယ်တော်ကြီးသည် သားတော်ထံမှ အမတ်ကြီးအိမ်သားများကို အသက်ချမ်းသာပေးသည့် သတင်းကောင်းကို ကြားသောအခါမှ သက်မချမိသည်။ သို့သော် ကမာ၏ သားတော်အပေါ် လွမ်းမိုးနိုင်လွန်းသည်ကိုတော့ မယ်တော်ကြီးစိုးရိမ်သည်။ ကမာက ဒီအချက်ကိုသိသွားပြီး သားတော်ကနေတဆင့် တိုင်းပြည်ကို ကြိုးကိုင်သွားလျှင် ဘယ်လိုလုပ်မလဲဟု တွေးကာ ပူသွားသည်။

"သားတော်... မင်းဘယ်လိုလုပ်ပြီး အမတ်ကြီးအိမ်သားတွေကို ကမာရဲ့ ကျွန်အဖြစ်ပေးသနား ရတာလဲ။ ဒါလုံးဝ မဖြစ်သင့်ဘူး။ ကျောက်မိဖုရားကို မင်းငဲ့ပါဦး။ အဲ့ဒါ မင်းမိဖုရားရဲ့ အမျိုးတွေလေ။"

တေးဟာခန်သည် မယ်တော်ကြီးကို အေးဆေးစွာပြန်ဖြေလိုက်သည်။

"ကမာကိုလုပ်ကြံတဲ့အတွက် သူတို့ရသင့်တဲ့ အပြစ်ဒဏ်ပဲ။ ဒါတောင် သားတော်ကို ကမာတောင်းပန်လို့ အသက်ချမ်းသာပေးတာ။ ရတယ်လေ။ ကမာရဲ့ ကျွန်ဖြစ်လို့ ရှက်တယ်ဆိုလည်း သေလမ်းကိုရွေးလို့၇တယ်။"

မယ်တော်ကြီးသည် တကယ်သားတော် အချစ်ကြောင့်ရူးသွပ်နေသည်ကို ကြည့်ကာ ကမာကို အမြန် ခေါ်ထုတ်မည်ဟု ဆုံးဖြတ်လိုက်သည။်

"မင်း ခမည်းတော်ရှိရင် မင်းအတွက် အရှက်ရလိမ့်မယ် သားတော်..."

တေးဟာခန် အေးစက်စွာကြည့်ကာ
"ခမည်းတော်လည်းမရှိတော့ ရှက်စရာ မလိုတော့ဘူးပေါ့ မယ်မယ်။ မယ်တော်လည်း သားတော်အတွက် ဘာမှ ၀င်ပူပေးမနေတော့ပဲ ဘုရား၊တရားနဲ့ပဲ ပျော်မွေ့ပါတော့.."

မယ်တော်ကြီးသည် သားတော်၏ မျက်လုံးစိမ်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ စိတ်ပျော့ သောသားတော်ကိုမာကျေစေရန် မိမိလေ့ကျင့်ပေးခဲ့တာ လွန်သွားပြီထင်သည်။ယခုမှ တော့ မိမိသားတော်ကို မိမိလည်းမထိန်းနိုင်တော့ပေ။ အမတ်ကြီး မိသားစု လုံခြုံရာသို့ ရောက်ပြီးသည် နှင့် မယ်တော်ကြီး သည် မိမိလက်ထဲမှ အမိန့်ပြားကို အသုံးပြုကာ ကမာကို စောင့်ရှောက်ကာ နယ်စပ်သို့ပို့ဆောင်စေတော့မည်။

တေးဟာခန်သည် မယ်တော်ကြီး အလျှော့ပေးကာပြန်ထွက်သွားတော့မှ စိတ်အေးသွားတော့သည်။ ယခုမှစပြိး ကမာလေးကို မိမိစိတ်တိုင်းကျချစ်လို့ရပြီးဟု တွေးကာ ပျော်ရွှင်စွာ အိပ်ပျော်သွား တော့သည်။

တင်မော်ရင်သည် မိမိတို့စီရောက်လာသော အမတ်ကြီးမိသားစု၏ အိမ်သားများကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။
တင်မော်ရင်သည် မင်းကြီး၏ ရဲတင်းလွန်းသောလုပ်ရပ်ကြောင့် ခေါင်းယမ်းနေမိသည်။ ထိုလုပ်ရပ် ကြောင့် တော်ဝင်မိသားစုဝင်များက မိမိတို့ညီ ကမာကို ၀ိုင်းမုန်းကြတော့မည်၊။ ကမာသည် တင်မော်ရင်ကို အကြံတောင်းလိုက်သည်။

"အကိုလေး... သူတို့ကို ကျွန်တော် လွတ်လပ်ခွင့်ပေးချင်တယ်၊"

"မင်းကြီး မငိးကိုစိတ်ဆိုးလိမ့်မယ်။ မင်းကြီးကို မင်း ခွင့်တောင်းသင့်တယ်။"

အမတ်ကြီး၏ မိသားစုသည် မိမိတို့ ဖခင်အသတ်ခံရပြီးနောက် ဘာမဟုတ်သည့် ကောင်လေး တစ်ဦး၏ ကျွန်အဖြစ်ကို ရောက်ရှိလာကြသဖြင့် ရှက်ရွံစွာ ငိုနေကြသည်။ ယောက်ျားများ ကတော့ အံတကြိတ်ကြိတ်နှင့်ုဖြစ်နေသည်။
မင်းကြီးကို ကြောက်ရသောကြောင့် အာမခံကြခြင်းဖြစ်သည်။ မိဖုရားခေါင်ကြီးလည်း အိပ်ယာထဲ လဲလို့နေပြီ။ စိတ်ထိခိုက်ခြင်းက မိဖုရားကို တခါတည်း ပုံကျသွားစေသည်။

ကမာ မင်းကြီးထံသို့ အခစားဝင်စဉ် တောင်းပန်လိုက်သည်။
"မင်းကြီး ... အမတ်ကြီး မိသားစုကို မယ်တော်ကြီးဆီ လက်ဆောင်အဖြစ်ဆက်သခွင့်ပေးပါ။"

တေးဟာခန်က ကမာ၏ ပုခုံးသားနုနုလေးတွေကို နမ်းရှီုက်ရင်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ..ကမာလေးက ကိုယ်တော့်လက်ဆောင်ကို မနှစ်သက်လို့လား။ ဒါဆို ကျွန်ဈေးပို့ပြီး ရောင်းပစ်လိုက်မယ်။"

ကမာသည် မင်းကြီး၏ စကားကြောင့်လန့်သွားသည်။ မင်းကြီးက မိဖုရားခေါင်ကြီး၏ ဦးရီးတော် မိသားစုကို လုပ်ရက်သည်ကိုတွေ့သော် မိမိထွက်သွားလျှင် မိမိနောင်တော်များကိုလည်း သေဒဏ်ချ မည်လားဟု တွေးမိသည်။

"မလုပ်ပါနဲ့။ မိဖုရားခေါင်ကြီး သနားပါတယ်။ ပြီးတော့ မင်းသမီးလေး ချူးချူးရဲ့ဆွေမျိုး တွေမဟုတ်လား။ "

"အင်း..."
တေးဟာခန်သည် ထိုအခါမှ သမီးတော်လေးကို သတိရသွားသည်။ သမီးတော်လေး မိမိကို မုန်းနေတော့မည် ဟုတွေးမိသည်။

"အဲ့ဒါကြောင့် ကမာက မယ်တော်ကြီးကနေတဆင့် သင့်တော်သလို စီမံစေချင်လို့ ဆက်သ ချင်တာပါနော်။ ခွင့်ပြုပေးပါနော် မင်းကြီး"

တေးဟာခန်သည် ကမာ၏ တောင်းဆိုချက်ကို အင်တင်တင်နှင့်လိုက်လျောလိုက်တော့ ကမာပျော် သွားရပြန်သည်။

"ကျေးဇူးတင်ပါတယ် မင်းကြီး"

"ဒါတွေအားလုံးက မင်းကို ချစ်လို့ဆိုတာ မင်းသိရင်ရပြီ ကမာ"

ကမာ ခေါင်းငြိမ့်လိုက်သည်။
"ကျွှန်တော်မျိုးသိပါတယ် အရှင်"

တေးဟာခန်သည် ကမာလေးကို ဖက်ရင်း မချင့်မရဲဖြင့်ပြောလိုက်သည်။
"မင်းတောင်းဆိုရင် ကိုယ်မလိုက်လျောပဲ မနေနိုင်တာ ဘာကြောင့်များလဲ ကမာလေးရယ်။ မင်း ကိုယ်တော့်ကို မင်းအကိုတွေလောက် မချစ်တာ သိသိကြီးနဲ့ မင်းကို ကိုယ်တော် တချက်လေးတော်င အချစ်မလျော့ခဲ့ပါဘူးကွယ်။ "

ကမာသည် မင်းကြီး၏ စကားကြောင့် မင်းကြီးကို ပြန်ဖက်ထားလိုက်မိသည်။ ချစ်သူလိုမချစ် သော်လည်း မင်းကြီး မိမိကို ချစ်သည်ကို သနားအားနာမိသည်။ မွန်ဂိုပြည့်ရှင်မင်းကြီးက မိမိလို တိုင်းပြည်ဖျက်ဆီးခံရသည့် အညတရတစ်ဦးကို ဒီလောက်ချစ်လိမ့်မည်ကို မိမိယောင်လို့တောင် စိတ်မကူးမိခဲ့ပေ။

"မင်းကြီးရဲ့ အချစ်တွေကို နောင်ဘ၀မှ မိန်းမဘ၀နဲ့ ပြန်ဆပ်ပေးပါရစေ။ အခုတော့ ရှုပ်ထွေးတဲ့ နန်းတွင်းမှာ မိဖုရားတွေရဲ့ အငြိုငြင်ခံပြီး အမတ်တွေ ကဲ့ရဲ့တာခံပြီး မင်းကြီးအချစ်ကို လက်မခံပါရ စေနဲ့။ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ။"

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၃)
တေးဟာခန်သည် ကမာလေးကို ပိုပိုတွယ်တာလာသောကြောင့် ဖြစ်ချင်သလိုဖြစ်ပါစေဆိုပြီး ပစ်ထားပြီး အရက်သောက်လိုက်၊အပျော်ပါးလိုက်စားလိုက်နှင့် ဘုတ်ထိုင်းကြီးဖြစ်နေသော မိမိကိုယ်ကိုပြန်ကြည့်ကာ ယခင်လို တိုက်ခိုက်ရေးနှင့် မြင်းစီးလေ့ကျင့်ခြင်းကို ပြန်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
အရပ်မြင့်သော်လည်း ဘုတ်ထိုင်းကြီးဖြစ်နေသောကိုယ်လုံးကြီးကို ကမာလေးစိတ်ပျက်သွားမည် ကိုစိုးရိမ်ရသည်။ကမာက ၀ါးစိမ်းပင်လေးလို အရပ်မြင့်မြင့်သွယ်သွယ်လေးနှင့် ဖြူစင်လှပလွန်းသည်။ မိမိလို အသက် ၃၀ကျော် လေးလုံးခြောက်ဖက် မွန်ဂိုဘုရင်ကြီးက ကမာလေးကို အာဏာနှင့် သိမ်း ထားတာမှန်သော်လည်း ကမာလေး၏ အချစ်ကိုရချင်သေးသည်။

"အတွင်းဝန်ကြီး ကိုယ်တော် နောက်နေ့ကစပြီး မြင်းစီးပြန်ကျင့်တော့မယ်။ ကိုယ်တော်အရင်လို ကိုယ်လုံးမျိုးပြန်ရချင်တယ်။"

"သင့်မြတ်လှပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ မြင်းစီးစွမ်းရည်က မွန်ဂိုတပြည်လုံးမှာ အတော်ဆုံးပါ မင်းကြီး။ ဒါပေမယ့် မင်းကြီး အရမ်းပင်ပန်းလိမ့်မယ်။"

"ပင်ပန်းပါစေ။ ကိုယ်တော်ရဲ့ ဒီဘုတ်ထိုင်းခန္ဓာကြီးကို ကမာလေး စိတ်ပျက်မသွားဖို့ အရေးကြီးတယ် အတွင်းဝန်ကြီးရဲ့။"

အတွင်းဝန်ကြီးက မင်းကြီး၏ စိတ်ဆုံးဖြတ်ထားသည့် မျက်နှာကိုကြည့်ကာ အံ့အားသင့်နေသည်။ မင်းကြီးက မင်းသားဘ၀တွင် နဘမ်း၊မြင်းစီး။ အမဲလိုက် အင်မတန် ၀ါသနာထုံသူဖြစ်သည်။ ရုပ်က ခပ်ကြမ်းကြမ်းဖြစ်သော်လည်းနေလောင်ကာ ကျစ်လစ်သောကိုယ်လုံးဖြင့် အရက်သောက်ကြမ်းသော ကြောင့် မင်းသမီးများက သဘောကျသော်လည်း လန့်ကြသည်။ စိတ်အစွဲအလန်းကြီးကာ ဒေါသကြီး သော မင်းသားတေးဟာခန်ကို နိုင်အောင် ထိန်းနိုင်သူက မင်းသမီးကျောက်မိန်ဖြစ်သည်။ မင်းသား အသက် ၂၀တွင် ကျောက်မိန်ကို လက်ထပ်ပြီးနောက် ၁၀ နှစ်တိုင်တိုင် ကျောက်မိန်က မွန်ဂိုနန်းတွင်း တွင်သြဇာအာဏာကြီးခဲ့သည်။

ကျောက်မိန်သည် မင်းကြီးကို ထိန်းချုပ်လာပြီးနောက်ပိုင်း နိုင်ငံရေးတွင်လည်း ၀င်ရောက်စွတ်ဖက် ခဲ့သည်။ ဦးရီးတော် အမတ်ချုပ်ကြီးက ကျောက်မိန်၏ အာဏာကို လျော့ကျ၇န် မိန်းမလှလေးများစွာ ကိုဆက်သခဲ့သော်လည်း ကျောက်မိန်က နည်းမျိုးစုံဖြင့် ဖယ်ရှားခဲ့သည်။ တခါက မင်းကြီးမြတ်နိုး တော်မူသော မိဖုရားလေးတစ်ပါးကို ကိုယ်ဝန်ကြီးဖြင့် အဆိပ်မိကာ ဆုံးပါးသွား ကတည်းက မင်းကြီး ကျောက်မိန်ကို စိတ်ပျက်သွားခဲ့သည်။

မင်းကြီးက မင်းသမီးလေး ချူးချူးကြောင့် မိဖုရားကြီးကို သည်းခံနေတာ အတွင်းဝန်ကြီး အသိဆုံးပါ။ မင်းကြီးက စိတ်ကျသလိုဖြစ်ကာ အရက်ကိုသာ ဖိသောက်လာခဲ့ရင်း ဒေါသလည်း ပိုကြီခဲ့သည်။ နန်းတော်အတွင်းတွင် အမတ်ချုပ်ကြိးနှင့် မိဖုရားခေါင်ကြီးကတစ်ဖက်စီ မင်းကြီးအပေါ် သြဇာလွှမ်း ရန်ကြိုးစားနေကြသည်။

မင်းကြီး ၏ ငယ်ပေါင်းသူငယ်ချင်း တင်မော်ရင်နှင့် စစ်သူကြီး တင်တက်ရင်တို့ ညီအစ်ကိုကတော့ လူမှန်များဖြစ်ကြသည်။ မည်သူ့ဘက်မှ မပါပဲ မင်းကြီးကိုသာ သစ္စာရှိကြသဖြင့် တော်သေးသည်။ သို့သော် ယခု မင်းကြီးက သူတို့ညီအငယ်ဆုံးကို ချစ်ခင်စွဲလန်းလို့ တိတ်တဆိတ်သိမ်းပိုက်ထား တော့ ဘာတွေ ဆက်ဖြစ်မယ်ဆိုသည်ကို အတွင်းဝန်ကြီး သိသလိုတော့ဖြစ်နေပြီ။

တင်တင်ရင်၏ ဖခင်စစ်သူကြီးက နတ်ရွာစံဘုရင်ကြီး၏ သွေးသောက်ညီအစ်ကိုဖြစ်ပြီး တင်တက်ရင် တို့ ညီအစ်ကိုက မင်းကြီးအပေါ် ဘယ်တုန်းကမှ အခွင့်ရေးမယူခဲ့သောလူမှန်ညီအစ်ကို များဖြစ်သော ကြောင့် ယခု နန်းတွင်မှ သတင်းထွက်နေသည့် ညီလေးကို ပြကာ မင်းကြီးအပေါ် သြဇာလွမ်းမိုးရန် ကြိုးစားသည်ဆိုသည့် စကားကို သဘောကျသည့်ဟန်မတူပေ။

ပြီးတော့ မယ်တော်ကြီးက အမတ်တင်မော်ရင်ကို ခေါ်တွေ့သည့် သတင်းကို အတွင်းဝန်ကြီး တိုးတိုးတိတ်တိတ်ရထားသည်။ တဖက်ကလည်း မင်းကြီးက ကမာကို ချစ်လွန်းသည့်အတွက် သူ့ကိုယ်ကို ပြန်လည်ပြုပြင်ရန်ကြိုးစားနေလေပြီ။ မင်းကြီးက သူ၏ဘိုးတော် မင်းကြီးကပါရှားမိဖုရား ကို ချစ်ခင်သလို ကမာကိုလည်းချစ်ခင်နေသည်ဆိုတော့ ကမာသာ ကြိုးကိုင်တတ်မယ်ဆိုလျှင် မွန်ဂို ပြည်ကို ကမာက နောက်ကွယ်မှအုပ်ချုပ်နိုင်သည့် အခြေအနေတွင်ရှိသည်။

အတွင်းဝန်ကြီးသည် မင်းနှစ်ဆက်ကို ခစားလာခဲ့သူပီပီ မိမိနူတ်ခမ်းကို လုံအောင်ပိတ်ကာ အခြေနေ ကို တိတ်တိတ်လေး စောင့်ကြည့်နေရသည်။ နန်းတွင်းက အနေထိုင်အတတ်လျှင် သေတွင်း တစ်ခုဖြစ်သည်။

မင်းကြီးက မနက်စောစောထကာ မြင်းစီးလေ့ကျင့်သည်။ ထိုနောက် နန်းဆောင်ပြန်ကာ ရေချိုးပြီး ကမာကို စောင့်သည်။ ကမာလာလျှင် မင်းကြီးက ပြုံးသွားသည်။

"ကမာလေး..."

တေးဟာခန်သည် ကမာကို ဆွဲထူကာ မိမိရင်ခွင်ထဲ ဆွဲဖက်ကာ နဖူးလေးကို ဖွဖွနမ်းလိုက်သည်။

"မင်းကြီး ညက စက်တော်ခေါ်လို့ပျော်ရဲ့လား.."
ကမာသည် မင်းကြီးကို နူတ်ဆက်ကာ မေးလိုက်သည်။

"ပျော်ပါတယ်ကွယ်။ ကမာလေး မျက်နှာပြန်ပြည့်လာပြီ။ သမားတော်ကြီးပေးတဲ့ အားဆေးက တည့်တယ်ထင်တယ်။ နောက်ထပ်ပို့ခိုင်းလိုက်မယ်နော်။"

ကမာသည် မင်းကြီး ကိုမော့ကြည့်လိုက်သည်။ မင်းကြီးက မိမိကို ချစ်ခင်စွာကြည့်ကာ ပြောနေသည် ကို တွေ့တော့ စိတ်ထဲသိပ်မလုံပေ။ မိမိကို မင်းကြိးတကယ်ချစ်သည်။ စေတနာရှိသည်ကို သိပါ သည်။ သို့သော် မင်းကြီးလိုချင်သည့် အချစ်ကို မိမိမပေးနိုင်သည့်အတွက် အားနာမိသည်။

"မင်းကြီး အခု သမားတော် ကျွန်တော်မျိုးကို ပေးတဲ့အားဆေးက မင်းကြီးအတွက်ဖော်စပ်ထားတဲ့ အားဆေးလို့ပြောတယ်။ ကျွန်တော်မျိုးနေကောင်းနေပါပြီ။ ဆေးသောက်ဖို့ မလိုတော့ပါဘူး။ "

တေးဟာခန်သည် ကမာလေး ခူးခပ်ကာ ကမ်းပေးသော မနက်စာ ဆန်ပြုတ်ကို တဇွန်းသောက်ကာ ပြောလိုက်သည်။
"လိုတာပေါ့။ ကမာလေး ကျန်းမာနေတာမြင်ရရင် ကိုယ်တော် ကျန်းမာပျော်ရွှင်တာပဲလေ။ ကဲ ကမာလေးလည်းစားလေ။ မနက်ပိုင်းကို ဌက်သိုက်နဲ့ ကြာစေ့ဟင်းချိုချက်ခိုင်းထားတယ်။ "

ကမာသည် မင်းကြီးကို သစ်သီးရေ ဌဲ့ပေးကာ ပြောလိုက်သည်။
"မင်းကြီး ပို့လိုက်တဲ့ အသားတွေနဲ့ အိမ်တော်ထိန်းစီစဉ်ပေးတဲ့ မနက်စာကို စားခဲ့ပြီးပါပြီ။ မင်းကြီး စိတ်အေးလက်အေး စားတော်မူပါ။ ပြီးရင် ကျွန်တော်မျိုးတို့ ညီလာခံနောက်ကျလို့မဖြစ်ဘူး။ သွားရအောင်နော်။"

တေးဟာခန်က ကမာ့ကို လှမ်းခွံပေးကာပြောလိုက်သည်။

"မရဘူး။ လာ...ပါးစပ်ဟ....ကိုယ်တော်က ချစ်တဲ့သူနဲ့ အတူတူစားချင်တာ။ "

ကမာက ငြင်းလိုက်သေးသည်။
"မင်းကြီး...မသင့်တော်ပါဘူး။"

"ဘာမသင့်တော်တာလဲ။ စားမလား မစားဘူးလား။ "
တေးဟာခန် မျက်မှောင်ကြုတ်နေသဖြင့် ကမာ မင်းကြီး စိတ်ဆိုးသွားမည်စိုးသောကြောင့် အမြန်ပါးစပ်ဟကာ မင်းကြီးခွံကျွေးသည်ကို စားလိုက်သည်။ ကမာစားလိုက်မှ မင်းကြီးက ပြုံးသွားသည်။

"ဒီလိုမှပေါ့ ကမာလေးရယ်။ကိုယ်တော်က ချစ်လို့ကျွေးတာကို စားပါ။ ဘာကြောင့် တွန့်ဆုတ်နေတာလဲကွာ။"

ကမာ မျက်လွှာချကာဖြေလိုက်သည်။
"မင်းကြီးက ခွံကျွေးနေတာ သူများတွေသိသွားရင် ကျွန်တော်မျိုးကို သတ်မှာ။"

"ဘယ်သူမှ လက်ဖျားနဲ့ မထိစေရဘူး။ ကမာကို ထိတာ ကိုယ်တော့်ကို ထိတာနဲ့ အတူတူပဲ။ ကဲ ပါးစပ်ဟ ပါဦး။ နောက်တစ်ဇွန်းထပ်စား။"

"မင်းကြီး ။ကျွန်တော်မျိုး တကယ်မစားနိုင်တော့လို့ပါ"

တေးဟာခန်သည် ကမာ၏ တောင်းပန်စကားကြောင့် တစ်ထစ်လျှော့ပေးလိုက်သည်။မိမိကြောင့် ကမာလေးကို စိတ်မကျဥ်းကျပ်စေချင်ပါ။ မိမိအချစ်က သူ့အတွက် စိတ်တင်းကြပ်နေသည်ကို သိလို့ တေးဟာခန် စိတ်တော့မကောင်းပါ။ သို့သော် တဖြည်းဖြည်းနဲ့ ကမာ မိမိကို ရင်းနှီးလာမည်ဟု မျှော်လင့်မိပါသည်။

"ကဲ... ဒါဆို ကိုယ်တော်တို့ ညီလာခံသွားကြစို့။"

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now