မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၄၉)

4K 267 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၉)

"ကမာလေး ...အကိုကြီးနဲ့ အတူနေရတာ မပျော်ဘူးလား။"

"မဟုတ်ပါဘူး အကိုကြီး"

"ကမာ့ပုံ ကြည့်ရတာ မပျော်သလိုပဲနော်။ အကိုကြီးဘာလုပ်ပေးရမလဲ။"

ကမာ သူ့ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားပြီးပြောသည်။
"ကျွန်တော့်ကို ချစ်ရင်လုံလောက်ပါပြီ။ ဘာမှ မလိုပါဘူးဗျာ။"

"ကမာလေး ဟေဇယ်ကို ချစ်နေလား"
တင်တက်ရင်၏ အမေးကြောင့် ကမာလန့်သွားသည်။ သူ့ကို အလန့်တကြားမော့ကြည့်လိုက်စဉ် တင်တက်ရင်က ငုံနမ်းကာ

"ဘာလို့ အဲ့လောက်လန့်သွားတာလဲ ကမာလေးရယ်။ ကိုယ်က သိချင်လို့မေးလိုက်တာပါ။ အခုတော့ ကမာ့မျက်လုံးထဲမှာ အဖြေတွေ့ရပြီ။"

"ဟင့်အင်း။ အကိုကြီး...ဟေဇယ့်ကို ဘာမှ မလုပ်ပါနဲ့။"၏
ကမာ အလန့်တကြားလေးတောင်းဆိုသည်။ ကမာ့ပုံကိုကြည့်ကာ တင်တက်ရင်စိတ်မကောင်း ဖြစ်သွားသည်။ မိမိက လူကြမ်းကြီးလုံးလုံးဖြစ်နေပြီလား။

"မင်းဘာလို့ အဲ့လိုထင်ရတာလဲ ကမာလေး။ ဟေဇယ်က မင်းအတွက် အဲ့လောက် အရေးပါသလား"

ကမာ မဖြေနိုင်ပါ။ မိမိစကားမှားသွားလေပြီ။ ထို့ကြောင့် ကမာ မျက်ရည်ဝဲလာခဲ့သည်။ တင်တက်ရင်သည်ကမာ့ကို ပွေ့ချီကာ အတွင်းဆောင်ကိုခေါ်သွားရင်းမေးလိုက်သည်။

"မင်းကို ချစ်တဲ့ကိုယ့်ချစ်ခြင်းက မင်းအတွက် အဲ့လောက်နာကျင်စေရသလား ကမာလေး။"

ကမာ ခေါင်းယမ်းလိုက်စဉ် မျက်ရည်စက အလိုလို စီးကျလာခဲ့သည်။ အကိုကြီးကို အတင်းဖက်ကာ တောင်းပန်လိုက်သည်။

"ဟင့်အင်း အကိုကြီး။ ကျွန်တော့်ကို ချစ်ရင် ဟေဇယ့်ကို ဘာမှ မလုပ်ပါနဲ့နော်။ ကျွန်တော်...ကျွန်တော်..."

ကမာပြောရင်း စကားမဆက်နိုင်တော့ပါ။ ခြေဖျားလက်ဖျားများအေးစက်လာပြီးတကိုယ်လုံးထုံကျဉ် လာခဲ့သည်။ ကမာ အမှောင်ထုထဲ ပြုတ်ကျသွားခဲ့သည်။

တင်တက်ရင်သည် သမားတော်၏ စကားကို သေချာနားထောင်ပြီး ဒေါသတကြီးအော်ဟစ် လိုက်သည်။
"ဘာပြောတယ်။ စိတ်ဆင်းရဲလို့၊ စိတ်ရောကိုယ်ပါ အနားမရလို့ဟုတ်လား။"

သမားတော် ခေါင်းမဖော်ရဲတော့ပါ။ မင်းကြီးဒေါသပုန်ထနေလေပြီ. အိမ်ရှေ့မင်းဝင်လာသောကြောင့် အသက်ရှုချောင်သွားသည်။

"နောင်တော် စိတ်ထိန်းပါဦး။ကဲ သမားတော်ကြီး ကမာ့အခြေအနေကိုပြောပါဦး။ဘယ်လိုကုရမလဲ။"

သမားတော်ကြီး၏ စကားကို နားထောင်ပြီး တင်မော်ရင်က အကိုကြီးကို ဖျောင်းဖြလိုက်သည်။

"နောင်တော်... ကျွန်တော် ကမာ့ကို အရှေ့ကျွန်းက စံအိမ်မှာ ဆေးသွားကုပေးမယ်"

"ဒီနန်းတော်ထဲမှာပဲ ကု။"

"မရဘူးနောင်တော်။ သူက နေ့ရောညရော နားမှရမှာ။ နန်းတော်ထဲမှာဆိုရင် နောင်တော် ကမာ့ဆီသွားနေမိမှာ။ အခု ကမာ့ကို မကုရင် အရမ်းနောက်ကျသွားလိမ့်မယ်။"

တင်တက်ရင်မဖြေပါ။ သူ ကမာ့ကို တညလေးမှ မခွဲနိင်ပါ။ သို့သော် ကမာ့ကျန်းမာရေးကိုလည်း စိုးရမ်နေရသည်။ ထို့ကြောင့် မတတ်သာသည့် အဆုံး ခွင်ြ့ပုလိုက်ရသည်။

"ကောင်းပြီ။ ပြန်ကောင်းမလာရင် သမားတော်ကို ကွပ်မျက်မယ်။"

"ဒါဆို နောင်တော် ကမာ ပြန်မလာမချင်း အရှေ့စံအိမ်ကို မသွားပါနဲ့။"

"အေး။ ပြီးရော။"

တင်တက်ရင်ထံမှ အမိန့်ရတော့ ကမာ့ကို အရှေ့ကျွန်းစံအိမ်သို့ပို့ကာ ဆေးကုစေသည်။
ထိုအခါမှ ကမာ မှာ စိတ်ရောကိုယ်ပါ အနားရတော့သည်။ သမားတော် အဖွဲ့က မင်းသာကမာကို တင်းကြပ်စွာ ကြိုးစားကုပေးသည်။ ကမာ ထိုနေရာသို့ရောက်ပြီး တပတ်လုံးလုံးအိပ်ပျော်နေသည်။

တင်တက်ရင်သည် ကမာမရှိကတည်းက တညမှ ကောင်းကောင်းအိပ်မပျော်ပေ။ တင်မော်ရင်က ကမာ့အစား ကျွန်ကောင်းလေးများကို စေလွှတ်ပြိး အသုံးတော် ခံစေသော်လည်း တင်တက်ရင်က အဆောင်ထဲ အ၀င်မခံပေ။ ညတိုင်း အရက်သောက်ကာ အိပ်နေတော့သည်။

တင်မော်ရင်မှာ နောင်တော်အတွက် ပူနေရသည်။ အိမ်တော်တွင်လည်း ဖိန်းးဖိန်းနှင့် ဟေဇယ်ကို စောင့်ကြည့်ခို်င်းရသေးသည်။ တဖက်ကလည်း နောင်တော်ခိုင်းထားသည့် မွန်ဂိုအင်ပါယာအတွင်းမှ နှင်းမြို့တော်သားများကို စုစည်းကာ နန်းတွင်းကိုပို့ခိုင်းသည့် ကိစ္စကိုလည်း အကောင်အထည် ဖော်ရသေးသည်။

နီးစပ်ရာ အိမ်နီးချင်းနိုင်ငံများကိုစေလွှတ်ကာ နှင်းမြို့တော်သားများကို ရှာခိုင်းရသည်။ နန်းတော် သို့ရောက်လာသော နှင်းမြို့တော်သားများကို နေရာချကာ မွန်ဂိုစကား သင်ကြားပေး ရသည်။ အာလုံးကို နန်းတွင်းစည်းကမ်းများသင်ကြားထားရသည်။ ထိုအချိန်တွင်ပါရှားပြည်သို့ရောက်နေသော မွန်ဂိုသံအမတ်တစ်ဥိးက တင်မော်ရင်ထံသို့ အခစား ၀င်ကာ ပါရှားဘုရင်က လက်ဆောင်ပေးလိုက်သည့် နင်းမြို့တော်သားလေး တစ်ယောကို ဆက်သ လာသည်။ ထိုကောင်လေးကို တွေ့သည်နှင့် ကမာ့ကို တန်းသတိရသွားသည်။ ထိုကောင်လေးက ကမာနှင့်ရုပ်ခြင်းဆင်တူသည်။ ကမာက ရိုးသာသောအလှကို ပိုင်ဆိုင်ထားပြိး ထိုကောင်လေးက ရမ္မက်ကို နှိုးဆွပေးသော အကြည့်ကို ပိုင်ဆိုင်ထားသည်။

"မင်းနာမည် ဘယ်လိုခေါ်သလဲ။"

"အခု နာမည်ကို မေးတာလားအရှင်"
အသံလေးက ကမာအသံနှင့်လည်း ဆင်တူသည်။

"မဟုတ်ဘူး။ မင်း မိဘတွေပေးထားတဲ့ ငယ်နာမည်ကို မေးတာ။"

"ဟေဇယ်ပါ အရှင်။ ဟေဇယ် အာဇမန်ပါ။ "
တင်မော်ရင် သည် မထင်မှတ်ပဲ ကမာ့ညီ ဖြစ်သူ ဟေဇယ်ကို ရှာတွေ့သွားလေပြီ။ ဒါဆို အိမ်တော်တွင် ရောက်နေသော ဟေဇယ်က ဘယ်သူလဲ။

"မင်း လိမ်မပြောနဲ့နော်။ လိမ်ပြောရင် သေတာထက်ဆိုးတဲ့ ဘ၀ကိုရောက်သွားရလိမ့်မယ် ကောင်လေး။"
တင်မော်ရင် ကောင်လေးကို ခြိမ်းခြောက်လိုက်သည်။ ညှို့ငင်နိင်သော မျက်ဝန်းပိုင်ရှင် အလှနတ်သားလေးက နားမလည်စွာ မော့ကြည့်ပြီး ပြန်မေးလိုက်သည်။

"ခွင့်လွှတ်တော်မူပါ အရှင်။ကျွန်တော်မျိုးက အခုမှ မွန်ဂိုနန်းတွင်းကို ရောက်ဖူးတာပါ။ အရှင့်မေးလို့သာ ကျွန်တော်မျိုးရဲ့ မျိုးရိုးအမည်နဲ့ အမည်ရင်းကို ပြောပြဖူးတာပါ။ တကယ်တော့ နှင်းမြို့တော် ပြိုကွဲကတည်းက ဟေဇယ် အာဇမန်ဆိုတာ သေဆုံးသွားပါပြီ။ အခု ကျွန်တော်က ပါရှားဘုရင့်နန်းတော်မှာ ကြီးပြင်းလာတဲ့ ဇိုယမ်ပါ။ "

ကောင်လေးက ဥာဏ်ကောင်းကာ စကားကို အချက်လက်နှင့် ပြန်ရှင်းပြတတ်သည်။ ကောင်လေးကို ပါရှားဘုရင်က လက်သပ်မွေးထားပုံရသည်။ သူ့ကို မေးကြည့်လိုက်တော့ အတွက်အချက်၊ သမိုင်း ကြောင်း၊ တေးသီချင်းသီကျူးခြင်း၊ ကဗျာရေးဖွဲ့ခြင်း၊ ထို့ပြင် ယောက်ျားများကို ပြုစုလုပ်ကျွေးခြင်း
ကပြဖျော်ဖြေခြင်း စသည်တို့ကို သင်ကြားပေးခြင်းခံရသည်ကို သိလိုက်ရသည်။

"မင်းက ပါရှားဘုရင်ရဲ့ အချစ်တော် တစ်ယောက်ဖြစ်ခဲ့တယ်လို့ မွန်ဂိုစစ်သံမှုးက ပြောတယ်။ မင်း ဘာအပြစ်လုပ်မိလို့ မင်းကို ပေးပစ်လိုက်တာလဲ။"

ဟေဇယ် မျက်နှာညှိုးသွားသည်။ သို့သော် မျက်နှာထားကို ပြန်ပြင်ကာ အမှန်အတိုင်းပြောသည်။

"ကျွန်တော်မျိုး ပါရှားနန်းတော်မှာ မနေချင်တော့လို့ ဘုရင်မနှစ်သက်တဲ့ အပြုအမှုတွေကို တမင်လုပ်ခဲ့လို့ အပြစ်ပေးတဲ့အနေနဲ့ နန်းတော်ကနေ နှင်ထုတ်လိုက်တာပါ။"

"မင်း အမှန်တိုင်းဖြေလို့ ငါ မင်းကို သတ်မှာ မစိုးရိမ်ဘူးလား။"

ဟေဇယ် မော့ကြည့်ကာ ခေါင်းယမ်းသည်။ တင်မော်ရင်၏ စိတ်တို့ တမျိုးဖြစ်သွားသည်။ ကောင်လေး၏ မျက်လုံးထဲတွင် အသက်ရှင်ရမှာ စိတ်ပျက်နေသည့် ပုံပေါ်နေသည်။ အသက်ရှင် ရမည်ကို ငြီးငွေ့နေသော အကြည့်က တင်မော်ရင်၏ စိတ်ကို သနားကြင်နာစိတ်ဖြစ်ပေါ်စေသည်။

"အရှင်သာ သတ်ရင် အရှင့်ကို ကျေးဇူးတင်မိမှာပါ ခင်ဗျာ။"

တင်မော်ရင် ဘာမှ ဆက်မပြောတော့ပဲ ဟေဇယ်ကို နှင်းမြို့တော်သားများချည်းစုစည်းထားသည့် နန်းဆောင်တွင် ထားခိုင်းလိုက်သည်။ ဟေဇယ်ကို အထူးကရုစိုက်ဖို့ အတွင်းဝန်ကို မှာကြားထားသည်။
တင်တက်ရင်သည် ကမာ့ဆေးကုလို့ တစ်လကြာတော့ မအောင့်နိင်တော့ပဲ တင်မော်ရင်မသိအောင် ကိုယ်ရံတော် တစ်စုနှင့် တိတ်တဆိတ်ထွက်လာခဲ့သည်။ မင်းကြီးနန်းတော်မှ ထွက်သွားကြောင်း လာပြောတော့ စာပို့ခိုဖြင့် အကြောင်းကြားကာ ကမာ့ကို အခြားနေရာသို့ပို့ကာ ၀ှက်ထားစေသည်။

တင်တက်ရင်သည် ခရီးပြင်းနှင်ကာ အရှေ့ကျွန်းစံအိမ်သို့လာခဲ့သည်။ တလမ်းလုံး ကမာ့ကို မြင်ယောင်ကာ တွေ့ချင်စိတ်ဖြင့် မနားပဲ လာခဲ့သည်။ သို့သော်စံအိမ်သို့ရောက်သော် ကမာ့ကို မတွေ့သဖြင့် ဒေါသပေါက်ကွဲတော့သည်။

အိမ်တော်မှ အမှုထမ်းများကို ဒေါသတကြီးနှင့်မေးသည်။
"မင်းသားကမာ ဘယ်သွားသလဲ။"

"အိမ်ရှေ့ကိုယ်တော်ကြီး အခေါ်ခိုင်းလိုက်လို့ ခေါ်သွားပါပြီ အရှင်မင်းကြီး။"

တင်တက်ရင် သိလိုက်လေပြီ။ တင်မော်ရင် မိမိလာသည်ကို သိလို့ ရွှေ့သွားလေပြီ။ တင်တက်ရင် မုန်ယိုသည့် ဆင်ပမာ နန်းတော်သို့ပြန်လာခဲ့သည်။ တင်မော်ရင်ထံတန်းလာခဲ့ပြီး မေးလိုက်သည်။

"ကမာ ဘယ်မှာလဲ မော်ရင်"

"နောင်တော့်ကို ကျွန်တော်ခွင့်တောင်းထားတာ သုံးလနော်။ သုံလအတွင်း ကမာ့ကို ကျွန်တော် အရှင်းပျောက်အောင်ကုပေးမှာ။ နောင်တော် ဘာလို့ကမာ့ကို သွားရှာရတာလဲ။"

တင်တက်ရင်က အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။ တင်မော်ရင်ကတော့ မဖြုံပါ။
"ငါ ဘာလုပ်ရမှာလဲ။ လွမ်းလို့ပေါ့။"

"နောင်တော် ကို အဲ့ဒီအချက်ကြောက်တာ။ ကမာကို ချစ်တာ ညီတော် နားလည်ပါတယ်။ ဒါပေမယ့် ကမာ့ကို အသက်ရှူချိန်လေးပေးပါဦး။ သူက နောင်တော့် အချစ်ကြောင့် အရမ်းမွန်းကြပ်နေပြီ။ သူ စိတ်ကျသလိုဖြစ်နေပြီ နောင်တော်။ ကြာရင် သူ အဲ့စိတ်နဲ့ သေသွားလိမ့်မယ်။"

"ငါ့ အချစ်ကြောင့် ကမာ နေမကောင်းဖြစ်တယ်လို့ပြောတာလား"
"ဟုတ်တယ်။ နောင်တော်ကကော ကမာ့ကို အားရက်ပေးလို့လား။ ညတိုင်း အနားမှ မပေးတာ။ မိဖုရားတွေဆီလည်း မသွားဘူး။ ကမာ့ကို ပဲချစ်နေတော့ သူလည်း စိတ်ညစ်တာပေါ့။ သူက နောင်တော့်ကို ချစ်လွန်းလို့ လိုက်လျောပေမယ့် သူလည်း ယောကျာ်းလေး ပဲလေ။ သူ့ကို နည်းနည်းလေးတော့ ယောကျာ်းလေး သဘာဝ နေခွင့်ပေးဦးမှပေါ့ဗျ။ အခုက မိဖုရားဝတ်စုံ မ၀တ်ရတာပဲ ရှိတယ်။ မိန်းကလေးနဲ့ မနီးစပ်ရ။ယောကျာ်းလေးတွေနဲ့ မရောနှောရဆိုတော့ နောင် တော့်အချစ်က သူ့ကို ချစ်ရာမကျတော့ဘူး"

တင်တက်ရင် ကျားကြီးတစ်ကောင်လို ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ ကနာမငြိမ်ဖြစ်နေသည်။ ညီတော် ပြောတာလည်း မှန်နေသဖြင့်စောဒက လည်းမတက်နိုင်။ မိမိ အကျင့်ကို လည်း မပြင်နိုင်ဖြစ်လို့ ဒေါသထွက်နေသည်။

"ငါ ဘယ်မိန်းမကိုမှ စိတ်မ၀င်စားဘူး။ ကမာကိုပဲချစ်တယ်။"
တင်တက်ရင် အပြတ်ဖြေလိုက်သည်။ တင်မော်ရင်စိတ်ပျက်သွားသည်။

"ကောင်းပါပြီဗျာ။ဒါပေမယ့် တခါမှ သွားမအိပ်တာတော့ နောင်တော် လွန်တယ်။ မိဖုရားတွေနဲ့ တခါလောက်တော့ အိပ်မှပေါ့။"

"မအိပ်ချင်ဘူး။ အိပ်ချင် မင်းသွားအိပ်လိုက်။"

"နောင်တော်ရာ...ရမလားဗျ။ လွှတ်တော်အဖွဲ့က ကျွန်တော့်ကို သတ်မိန့်ပေးအောင်ဗျာ။ ဖိန်းဖိန်းသိ ရင် အရင်သတ်မှာ။"

"စိတ်မ၀င်စားဘူး။ မင်းကရွှေဥာဏ်ရှင်ပဲ။ ကြံလိုက်ပေါ့။ ကဲ ငါ မေးမယ်၊ ကမာ ကို ဘယ်မှာဝှက်ထားလဲ။ ခေါ်ခဲ့တော့။ ကမာသက်သာပြီ မဟုတ်လား။"

"မသက်သာသေးဘူး နောင်တော်။ "

တင်တက်ရင်သည် ညီကို မျက်ထောင့်နီနှင့်ကြည့်ကာ ပြန်မေးလိုက်သည်။

"ဘယ်တော့ သက်သာ မှာလဲ။"

"သုံးလပြည့်မှ။ သြော်...နောင်တော့်ကို ညီတော် ပြစရာတခုရှိတယ်။"

တင်မော်ရင်က အနောက်မှ အစေတော့်ကို အမိန့်ပေးလိုက်သည်။

"ဟေဇယ်ကို ခေါ်ခဲ့လိုက်ပါ။"
တင်တက်ရင်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချပြီးမေးလိုက်သည်။

"ဟေဇယ်ကို ဘာလို့ခေါ်တာလဲ။ "

"ကမာ မရှိတုန်း နောင်တော့်အဆောင်မှာ အခစားဝင်စေချင်လို့ပေါ့ဗျာ။"

"မလိုချင်ဘူး။ ခေါ်မလာနဲ့။ပြီးတော့ကျွန်ကောင်လေးတွေကို ငါ့အဆောင်ကို မပို့နဲ့။ ငါက ကမာ ကလွဲရင် ဘယ်သူနဲ့မှ အိပ်မှာမဟုတ်ဘူး။ အိပ်ချင်ရင် ငါ့မိဖုရားတွေဆီသွားမှာပေါ့။ ရှုပ်တယ်။"

"နောင်တော် ဒီတစ်ယောက်ကို တွေ့ရင်သိမှာပါ။ ကျွန်တော်ပြောတာ ယုံပါ။"

တင်တက်ရင်သည် ညီတော်ကို ဘာမှ ပြန်မပြောတော့ပေ။ ညီတော်က အကြောင်းမရှိပဲ မိမိကို ကောင်လေးအကြောင်းပြောမည်မဟုတ်ပေ။ ဟေဇယ်ကို မိမိမြင်ဖူးသားပဲ။ မိန်းကလေးလိုချောသည် ကလွဲရင် ဘာမှသိပ်ထားခြားမှုမရှိသူလေးကို မိမိစိတ်မ၀င်စားပါ။

တင်တက်ရင် အရက်ကို ဌဲ့သောက်နေစဉ် အခန်းတံခါးကို အပြင်မှအသာခေါက်ကာ ခွင့်တောင်းသံ ကြားလိုက်ရသည်။

"၀င်ခွင့်ပြုပါ အရှင်.."
တင်တက်ရင် အရက်ခွက်ကို ချလိုက်မိသည်။ ထိုင်ရာမှ ၀ုန်းခနဲ ထလိုက်မိသည်။ အပြင်တွင် ကမာ ဘယ်လိုရောက်နေတာလဲ။

"ကမာကို မင်းပြန်ခေါ်ထားတာလား။"
တင်မော်ရင် ပြန်မဖြေရသေးခင် အဆောင်တံခါးပွင့်သွားပြီး ကောင်လေး တစ်ဦးဝင်လာခဲ့သည်။ ရုတ်တရက်ကြည့်လျှင် ကမာနှင့်အတော်တူသည်။ တင်တက်ရင်သည် ထိုကောင်လေးကို စိုက်ကြည့်ပြီး ညီတော်ကို မေးလိုက်သည်။

"သူ ဘယ်သူလဲ။ ကမာနဲ့ ဘယ်လိုပတ်သတ်သလဲ။ ဘာကြောင့် သူ့နာမည်က ဟေဇယ်ဖြစ်နေတာလဲ။ ဘယ်တစ်ယောက်က ဟေဇယ်အစစ်လဲ။"

စူးရှသော စစ်သူကြီးမျက်လုံးကို လျှော့တွက်လို့မရပေ။ တချက်ကြည့်ရုံနှင့် ကမာနှင့် ပတ်သတ်မည်ကိုချက်ချင်းတန်းသိသွားသည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now