မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၄၂)

5.1K 308 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၂)

ညီလာခံတွင် ကမာက တင်တက်ရင်နှင့် အနီးဆုံးခုံတွင်ထိုင်ရသည်။ အကိုကြီးက ဘုရင်အဖြစ် ဆက်ခံသည်။ နန်းတက်ပွဲအတွက်နေ့ရက်ရွေးကြသည်။ နယ်ပယ်များကို စီမံခန့်ခွဲသည်။ အကိုကြီး ကို ခန့်ညားလေးစားသော နယ်စား၊ မြို့စားများလည်း ညီလာခံတက်ရောက်ကြသည်။ တချို့ပုန်ကန် သော၊ အညံ့မခံသော နယ်များကို စစ်ချီဖို့စီမံရသည်။ အကိုကြီးဘေးတွင် ယင်းယင်းကို မတွေ့ရ သောကြောင့် ကမာထူးဆန်းနေသည်။ ယခင်မင်းကြီးတေးဟာခန်၏ မိဖုရားများကို သူတို့ တိုင်းပြည် ကို ပြန်လွှတ်၇န်မဖြစ်နိုင်သောကြောင့် လက်ရှိမင်းကြီးတင်တက်ရင်က မိဖု၇ားအဖြစ်ဆက်လက်
သိမ်းပိုက်ရသည်။

အဘယ့်ကြောင့်ဆိုသော သူတို့၏ ဖခင်များ ပုန်ကန်ခြားနားမည်စိုးသောကြောင့်ဖြစ်သည်။ နိုင်ငံရေးအရ ဆက်သသောသူများကို အဆောင်အယောင်မပျက် မိဖုရားဆက်မြှောက်ရသည်။ သားသမီးရှိသည့် မိဖုရားများကိုတော့ နိုင်ငံပြန်ပို့သည်။ ကမာ မိဖုရားခေါင်ကျောက်မိန်၏ သမီးတော် လေးကိုသတိရလိုက်သည်။ သူမကိုလည်း သူမ မိခင်ဘက်က နယ်ကို ပြန်ပို့လိုက်သည်ဟု ထင်လိုက်သည်။

အဆောင်ကို ပြန်ရောက်တော့မှ ကမာ သက်ပြင်းချနိင်တော့သည်။ ဘုရင်ဖြစ်ရတာလည်း မလွယ်ပေ။ အကိုကြီးနှင့် အကိုလေး လုပ်စရာများစွာရှိသည်မဟုတ်လား။ အုပ်ချုပ်ရေးကို နေရာပြန်ချရသည်။ လစ်လပ်သည့်နေရာကို အစားထိုးရသည်။ အညံ့မခံသည့်နယ်များကို စစ်ချီရသည်။ တိုင်းသူပြည်သား များအတွက် ထိတ်လန့်မှုပြောရန် ပွဲလန်းသဘင်စီစဉ်ပေးရသည်။

အိမ်နီးချင်းနိုင်ငံများကို အကြောင်းကြားစာပို့ရသည်။ လက်အောက်ခံနယ်မှဆက်သလာသော သမီးကညာများကို ဘွဲ့ထူးပေးပြီး မိဖုရားမြှောက်ရသည်။ စစ်တပ်ကို ပြန်လည်တည်ဆောက်ရသည်။ နန်းစောင့်တပ်ကို ပြန်ဖွဲ့စည်းရသည်။ အညံ့ခံသော အမတ်ချုပ်ကြီး၏ လူများကိုရွေးချယ်ကာ တချို့ကို နယ်နှင်ဒဏ်ပေးရသည်။ တချို့ကို ရာထူးလျှော့ကာ ပြန်ခန့်အပ်ရသည်။

တင်တက်ရင်သည် နန်းဆောင်ကို ပြန်ရောက်တော့ ကမာပင် အိပ်ပျော်နေလေပြီ။

"ကမာလေး။ အကိုကြီး ပြန်လာပြီ။"

တင်တက်ရင် သည် ကမာ၏ ပါးပြင်ကို အနမ်းဖြင့်နိုးလိုက်သည်။ ကမာ လူးလွန့်ကာ မျက်လုံးကို ပွတ်လိုက်ပြီးမေးလိုက်သည်။

"စစ်ရေးညီလာခံပြီးပြီလား အကိုကြီး။"

"အင်း။အခုမှ ချစ်သူလေးနားကို ကပ်ရတော့တယ်။"

တင်တက်ရင်က ကမာ၏ လည်တိုင်ကို ပူပြင်းသော အနမ်းပေးလိုက်စဉ် ကမာ မေးလိုက်သည်။
"အကို မရီးတော်ဆီ မသွားဘူးလား။"

တင်တက်ရင် ပြန်မဖြေပဲ သည်းသည်းမည်းမည်းနမ်းနေသဖြင့်ကမာ သူ့ကို အတင်းမေးလိုက်သည်။

"အကိုကြီး မရီးတော်ကို အပြစ်ပေးလိုက်သေးလား။"

"သူ အဆိပ်သောက်သွားတယ် ကမာလေး။"

ကမာ စိတ်မကောင်းဖြစ်သွားသည်။ ထို့နောက် အကိုကြီး၏ ကလေးကို သတိရပြီးမေးလိုက်သည်။

"သားတော်လေးရော..."

တင်တက်ရင် ကမာကို ဖက်ကာ မျက်ရည်ကျတော့သည်။

"ယင်းယင်း ကလေးကိုပါ အဆိပ်ကျွေးလိုက်တယ်။ အခု ကိုယ့်ဘေးမှာ ကမာနဲ့ မော်ရင်ပဲ ကျန်တော့တယ်။"

ကမာ အကိုကြီးကို ဖက်ကာ ပြောလိုက်သည်။
"အကိုကြီး ဖြစ်ရလေဗျာ။ ကျွန်တော့်ကြောင့်လား။"

"မဟုတ်ဘူး။ အားလုံးက သူ့ဖာသာဖြစ်လာတာ။ ကိုယ့်ကို သောကတွေ မေ့သွားအောင် အချစ်တွေနဲ့ ကုစားပေးပါဦး ကမာလေးရယ်။ မင်းလေးကို အကိုကြီး လိုချင်လှပြီ။"

ကမာ မျက်ရည်ကြားမှ အကိုကြီးကို အနမ်းပေးကာ သူ့ကို လိုက်လျောပေးလိုက်တော့သည်။ အချစ်များက လှိုင်းထန်သည်ထက်ထန်လာခဲ့သည်။ ကမာသည် အကိုကြီးကို သောကအားလုံး မေ့အောင် တတ်နိုင်သလောက် ပြုစုပေးလိုက်တော့သည်။

"အကိုကြီးရယ်။ ဖြစ်မှဖြစ်ရလေဗျာ။ အားလုံး ကျွန်တော့်ကြောင့်ဆိုရင် ကျွန်တော် အကိုကြိး မျက်နှာကို ဘယ်လိုကြည့်ရဲတော့မှာလဲဗျာ။"

"ဟင့်အင်း။ မင်းကြောင့်မဟုတ်ဘူး။ မင်းတားထားလို့ ကိုယ်ဒီလောက် စောင့်နေခဲ့တာ။ မင်း ကိုယ့်ဘေးက နေလုံးဝ ခွဲမသွားရဘူးနော် ကမာလေး။ မင်းကို ချစ်လွန်းလို့ အရာအားလုံးကို ချနင်းပြီး မင်းရှိရာကို လာခဲ့ပြီ။ မင်းကိုယ့်ဘေးမှာ နေပေးပါကွယ်နော်။ ကိုယ်တောင်းပန်ပါတယ်။ ကမာလေးရယ်။ ကိုယ့်ဘေးမှာနေပေးပါနော်။"
ကမာ သူ့စကားကို မငြင်းနိုင်တော့ပေ။ သူ့ကို ခေါင်းငြိမ့်လိုက်တော့ သူပြုံးသွားခဲ့သည်။ သူ့မျက်နှာက အပြုံးကို တွေ့တော့ ကမာ နည်းနည်းစိတ်ချမ်းသာသွားသည်။

တင်တက်ရင်သည် ကမာ့ကို ပိုင်ပိုင်နိုင်နိုင်ချစ်ခွင့်ရသဖြင့် ပျော်မဆုံးတော့ပေ။ ကမာ့မျက်နှာလေး ကို တစိမ့်စိမ့်ကြည့်နေမိသည်။ အိပ်နေသော ကမာလေး၏ မျက်နှာလေးသည် ပြစ်မျိုးမဲ့မထင်၊ တင်တက်ရင်၏ အချစ်များကို အဆက်မပြတ်ဖြစ်အောင်နှိုးဆွနေသလို ခံစားရသည်။
ကမာ၏ နဖူးပြင်လေး၊ ကမာ့ မျက်လုံးလေးများ၊ နှာတံစင်းစင်းလေး၊ နှင်းပွင့်လိုဖြူဖွေးနုညံ့သည့် ပါးပြင် နုနုလေး၊ နှင်းဆီရောင် နူတ်ခမ်းပါးလေး။ မေးချွန်ချွန်လေး၊ လည်တိုင်ကျော့လေးတွင် ညက မိမိ မညှာမတာနမ်းမိသော အနမ်းရာများကို အသာတို့ထိကြည့်မိရင်း နောက်တခါ အရမ်း မနမ်း တော့ဟု ဆုံးဖြတ်လိုက်သည်။ မနာသည်ကိုသိသော်လည်း ချစ်သူလေး၏ကိုယ်ပေါ်တွင် မိမိကြောင့် ဘာမှမဖြစ်စေချင်တာ တင်တက်ရင်၏ စိတ်ရင်းပါ။ မိမိအချစ်က ကမာ့ကို နေမင်းကြီးလို လင်းလက် သော ရောင်ခြည်များဖြင့် ဖြန်းပက်ပေးချင်တာပါ။
တင်တက်ရင်သည် ဖြူဖွေးသော ပုခုံးသားလေးများကို ဖွဖွနမ်းကာ မထိရက်၊ မကိုင်ရက် ဖွဖွလေး ပွတ်သပ်နေမိသည်။ ချစ်သည်။ ကမာလေးကို အရမ်းချစ်သည်။ကမာသာမရှိရင် မိမိဘ၀အဓိပ္ပါယ် ကင်းမဲ့သွားမည်ဖြစ်သည်။ ယခု မှစပြီး မိမိဘ၀ကို ကမာအတွက်ရှင်သန်သွားမည်ဟု ဆုံးဖြတ် လိုက်သည်။
ကမာသည် ညတစ်ညလုံး အကိုကြီး၏ ပြင်းထန်သောအချစ်လှိုင်းအောက်ကျသွားသဖြင့် မိုးလင်းခါနီးမှ အိပ်ပျော်သွားတော့သည်။ မင်းကြီးနှင့်၂ နှစ် အတူနေခဲ့သော်လည်း ယောက်ျားပီသကာ အချစ်စွမ်းအားကြီးသော အကိုကြီး၏ အချစ်မုန်တိုင်းများကြားရောက်သွားသောအခါ မိမိက အတောင်ကျိုးသော ဌက်ငယ်လေးလို မုန်တိုင်းထဲလွင့်ပါသွားခဲ့သည်။ တညလုံး ဘယ်နှစ်ကြိမ်မှန်း တောင်မသိတော့ပေ။ ကမာသည် မောဟိုက်လာသော်လည်း အကိုကြီး၏ ရင်ထဲမှဝေဒနာကို ကုစား ပေးချင်သောကြောင့် တစ်ချက်လေးမှ မညည်းခဲ့ပါ။ တစ်ချက်လေးမှ မငြင်းဆန်ခဲ့ပါ။
အကိုကြီး၏ အနမ်းများ၊ အထိအတွေ့များက ကမာ့ကို အချစ်စိတ်များ ထပ်တလဲလဲ ဖြစ်ပေါ်လာစေ သည်။ အကိုကြီး၏ ပူပြင်းသော အနမ်းများ၊ အတွေ့များ၊ အချစ်များ၊ သူ့ရင်ခွင်ထဲရောက်နေချိန် အရည်ပျော်ကျမတတ်ခံစားရသည်တို့က ကမာ့ကို ရူးမတတ်ဖြစ်စေသည်။ မင်းကြီးနှင့် ချစ်တင်း နှော ရသည်နှင့်မတုသော အရသာ၊ ခံစားချက်များက ကမာ့ကိုမူးမူးမိုက်မိုက်ဖြစ်စေသည်။
ကမာသည် အကိုကြီုးမိမိပုခုံးများကို နမ်းလိုက်ကတည်းက နိုးသွားသည်။ မျက်လုံးဖွင့်ကြည့်မိစဉ် သူကပြုံးကာ ကြည့်နေသည်နှင့် တိုးသည်။ သူ့ရင်ဘတ်တွင် လက်သည်းရာများအစင်းလိုက်ရှိနေ သည်ကို တွေ့တော့ ကမာ လက်နှင့်တို့ကြည့်ပြီးမေးလိုက်သည်။
"အကိုကြီး နာလားဟင်။ ညက ကျွန်တော်ကုတ်လိုက်မိတယ် ထင်တယ်။ ဒီနေ့ လက်သည်းညှပ်ထား လိုက်မယ်။"

တင်တက်ရင်သည် ကမာ့လက်လေးကို ဆုပ်ကိုင်ကာ နမ်းလိုက်ပြီး ပြောလိုက်သည်။
"မနာဘူး။ ကမာလေး ကိုယ့်ကို ဘာလုပ်လုပ်ရတယ်။ ကိုယ်ခံနိုင်တယ်။ ကမာသာ ကိုယ်ချစ်တာကို သည်းခံပေး၇င်ရပြီ။"

ကမာ ထထိုင်လိုက်စဉ် မိမိကိုယ်တွင် အ၀တ်တစ်ခုမှ မရှိသည်ကို တွေ့တော့ မျက်နှာနီသွားပြီး သူ့ကို ပြောလိုက်သည်။
"အကိုကြီး ညက အရမ်းကြမ်းတာပဲ။ အ၀တ်တွေကို ဘာလို့ဆုတ်ဖြဲရတာလဲ လို့။"

တင်တက်ရင်က ကမာရှက်သည့် မျက်နှာလေးကို စိုက်ကြည့်ရင်းပြောလိုက်သည်။
"ကို စောင့်နေတာ ၂ နှစ်ကျော်ပြီလေ။ နောက်နေ့ ကောင်းကောင်းချွတ်ပေးမယ်နော်။"

ကမာ သူ့အနားက ထထွက်သွားမည်အပြု သူက ကမာ့ကိုယ်လေးကို ခါးမှဆွဲပွေ့ကာ ရင်ခွင်ထဲဖက်ထားပြီးပြောလိုက်သည်။

"ကိုယ် နဲ့ အတူနေပါဦး။ ကိုယ် ကမာ့ကို ချစ်ချင်သေးတယ်။"

ကမာ အလန့်တကြားလေးကြည့်လိုက်ကာ သူ့ကို ချော့သည်။

"အကိုကြီးနော်။ တညလုံး ဘယ်နှစ်ခါမှန်းမသိဘူး။ ကမာ့ကို ဘယ်ကတည်းက မကျေနပ်နေတာလဲ ဟင်။ အခု ရေချိုးပါရစေနော်။ အကိုကြီးနဲ့ အတူရေချိုးမယ်လေ။"

တင်တက်ရင် ပြုံးသွားပြီး ကမာ့ကို ဆတ်ခနဲ ပွေ့ချီလိုက်သည်။ ကမာသည် အ၀တ်မပါပဲ ဖြစ်နေသဖြင့် အတင်းရုန်းကာ အ၀တ်ကို ၀တ်ရန်ကြိုးစားသည်။

"၀တ်မနေနဲ့။ ကိုယ်ဝတ်ရုံနဲ့ခြုံပေးမယ်။ လာ.."

သူက ကမာ့ကိုယ်ကို ၀တ်ရုံနဲ့ခြုံပေးပြီး ရေချိုးကန်ထဲပွေ့လာပေးသည်။
သူပွေ့မှဖြစ်မည်လေ။ မဟုတ်ရင် လမ်းလျှောက်တာ ခက်နေမှာသေချာသည်။ မင်းကြီး ကျန်းမာရေး မကောင်းတာ ၃ လကျော်ဆိုတော့ ကမာလည်း ကျင့်သားမရသေးသလိုဖြစ်နေသည်။ ညက အရမ်းနာကျင်သော်လည်း အကိုကြီးကို သနားသောကြောင့် ကမာ လုံးဝမငြင်းဆန်ပဲ သူကကို လက်ခံနေခြင်းဖြစ်သည်။

"သက်သာလား။ ကမာလေး။"

တင်တက်ရင်သည် ရေနှင့်ထိလိုက်စဉ် မျက်နှာရှုံ့သွားသည်ကို တွေ့လို့ စိုးရိမ်တကြီးမေးလိုက် ခြင်းဖြစ်သည်။
"ရတယ်။ အကိုကြီး ခဏနေရင် သက်သာသွားမှာပါ။ "

"တောင်းပန်ပါတယ်။ ကိုယ်လွတ်သွားတယ်။ နောင် ဆင်ခြင်ပါ့မယ်နော်။"

"အကိုကြီး ဆင်ခြင်မှပဲ။ မဟုတ်ရင်ကျွန်တော်သေမှာလေ။"

တက်တက်ရင်က ရေကန်ထဲ အတူဝင်လိုက်ပြီး ကမာလေးကိုယ်ကို နှိပ်နယ်ပေးသည်။ သူ ကိုယ်လေးကို ပွတ်သပ်ကာ ပုခုံးလေးများကို အသာနှိပ်ပေးသည်။

"ရတယ် အကိုကြီး။ အကိုကြီးကို ကျွန်တော်က ပြုစုပေးရမှာပါ။ "

"ဟင့်အင်း ။ကိုယ်က လုပ်ပေးချင်တာ။ အခုမှ ကမာလေးနဲ့ လွတ်လွတ်လပ်လပ်နေခွင့်ရတယ်။ ကမာလေး လိုအပ်တာ မှန်သမျှလုပ်ပေးမယ်နော်။ လာပါဦးကွယ်။ ကမာ့ နူတ်ခမ်းလေးကို နမ်းပါရစေ။"

ကမာ သူ့ရင်ခွင်ထဲ ခိုဝင်လိုက်သည်။ ကျားကြီးတစ်ကောင်လို ခက်ထန်သော မဟာစစ်သူကြီးက အင်မတန်ကို သိမ်မွေ့စွာအနမ်းပေးနေသည်။ အခုကျတော့ ကျားကြီးက ကြောင်လိမ္မ္မာလေးလို သိမ်မွေ့လို့နေသည်။

သူ့အနမ်းများက အင်မတန်ကို သိမ်မွေ့လှသည်။ သူက ကမာ့ကို ချစ်တင်းနှောချင်လာသော်လည်း ကမာ ညက အတော်ပင်ပန်းကာ နာကျင်သွားသည်ကို သိတော့ သူ စိတ်ထိန်းလိုက်သည်။ ကမာ့ကို ရေချိုးပေးပြီး ရေကန်ထဲမှ ပွေ့ထုတ်လိုက်သည်။

"အကိုကြီး ရပြီ။ ကျွန်တော် လမ်းလျှောက်လာမယ်။"

"ဘာဖြစ်လို့လဲ။ အတွင်းဝန်ကြီးကို ရှက်လို့လား။"

"ဟုတ်တယ်။ "

"ဘာမှ ရှက်စရာ မလိုဘူး။ မင်းကြီးနဲ့ မိဖုရားကြီး အချစ်သည်းတာ ကြာရင် ရိုးသွားလိမ့်မယ်။"

တင်တက်ရင်က အပြတ်ပြောပြီး ကမာ့ကို ပွေ့ကာ အဆောင်ထဲခေါ်လာခဲ့သည်။
ကမာ သည် အကိုကြီးပြောလိုက်သော စကားကြောင့် ရင်ထဲထိတ်သွားသည်။

"ဘယ်သူက မိဖုရားကြီးလဲ အကိုကြီး။"

"မင်းလေးကလွဲလို့ မွန်ဂိုအင်ပါယာရဲ့ ဧကရီက ဘယ်သူမှ မဖြစ်နိုင်ဘူးလေ။ နောက်ရက် နန်းတက် ပွဲမှာ ကမာက ကိုယ့်ရဲ့ ဧကရီဘုရင်မ အဖြစ်တင်မြှောက်မယ်။ တင်မော်ရင်က အိမ်ရှေ့မင်း။"

ကမာ အကိုကြီးကို ကြောင်ကြည့်နေမိသည်။ အကိုကြီးက မိမိကို ယောကျာ်း ဘ၀ပြန်မပေးဘူးပေါ့။ ကမာ သူ့ကို ဘယ်လိုပြောရမှန်း မသိဖြစ်သွားသည်။ အခုချက်ချင်းပြောလျှင် အကိုကြီးပျော်နေ သည်ကို ဖျက်ဆီးရာကျမည်စိုးသောကြောင့် ကမာ နူတ်ဆိတ်နေလိုက်သည် ။ အကိုလေးထံ သွားမှ ဖြစ်တော့မည်။ အကိုလေးကတဆင့် အကိုကြီးကို ဖြောင့်ဖြခိုင်းရမည်။

တင်တက်ရင်ကတော့ ကမာနှင့်အတူ ပျော်ရွှင်စွာနေသွားရမည့် ဘ၀အတွက်ပျော်ရွှင်တက်ကြွ နေသည်။
"ကမာလေး...အကိုကြီး စစ်ရေးညီလာခံ သွားဦးမယ်။ ကမာ ဘယ်ကိုသွားချင်လဲ။ သွားလေ။ နေ့လည်စာ အတူစားမယ်နော်။ ဘယ်နေရာရောက်ရောက် ပြန်လာခဲ့နော်။"

ကမာ သူ့ကို ခွင့်တောင်းလိုက်သည်။
"အကိုကြီး ကျွန်တော် ယောကျာ်းလေးလို ၀တ်ချင်တယ်"

"ရတယ်။ ၀တ်လေ။ ကမာ သွားလေရာကို ကိုယ့်ရဲ့ လက်ရွေးစင်တပ်ဖွဲ့က လိုက်စောင့်ရှောက်ပေး လိမ့်မယ်။"

"အကိုကြီးရယ်။ မလိုပါဘူး။"

"လိုတာပေါ့။ အမတ်ကြီးလူတွေ ကမာလေးကို တခုခုလုပ်သွားလိမ့်မယ်။"

ကမာ သည် အကိုကြီးနှင့် အတူ မနက်စာစားပြီး နန်းတော်ထဲကို လျှောက်ကြည့်သည်။ ကမာ့နောက်တွင် ကိုယ်ရံတော် တပ်ဖွဲ့က ထပ်ချက်မခွာ လိုက်ပါစောင့်ရှောက်သည်။ တွေ့သမျှ နန်းတွင်းသူ၊ နန်းတွင်းသားမှန်သမျှ ကမာ့ကို နှင်းမိဖုရားမှန်း မသိပေ။ သူတို့သိသည်က ယခုဘုရင်၏ ညီတော်အငယ်ဆုံး၊ ကမာမင်းသားဖြစ်သည်။

နန်းတော်က ဘာမှ မပြောင်းလဲပါ။ ပြောင်းလဲသွားတာ အုပ်ချုပ်သူလူသားပါ။ ဘုရင်အသစ်ကို နန်းတွင်းသားများ အတော်ကြောက်ရွံ့နေပုံရသည်။ ကမာ နန်းတော်ကို လှည့်ပတ်ကြည့်ရင်း အိမ်ရှေ့မင်းစံအိမ်နားကိုရောက်သွားတော့ မရီးတော်အငယ်ကို ဂါရ၀ပြုရန်ဝင်ခဲ့သည်။

"မတ်တော်မောင်လေး။ နေကောင်းသွားပြီလား။"

"ကောင်းသွားပါပြီ မရီးတော်ဘုရား။ "

မင်းသမီး ဖိန်းဖိန်းကတော့ ကမာ့ကို လှိုက်လှဲစွာကြိုဆို နူတ်ဆက်ရှာသည်။ အမတ်ချုပ်ကြီး အာဏာပြင်းစဉ်က သူမလည်း သိမ်ငယ်စွာနေခဲ့ရသည်။

"မရီးတော်...မင်းကြီးရဲ့ သမီးတော်တွေ ဘာဖြစ်သွားသေးလဲ။"

ဖိန်းဖိန်း မျက်နှာပျက်သွားသည်။ ကမာ့ကို တွေတွေငေးငေးလေးစိုက်ကြည့်ကာ ဖြေလိုက်သည်။

"သူတို့ မယ်တော်တွေနဲ့ အတူ သူတို့တိုင်းပြည် ပြန်ပို့ခံရတယ်။"

"မိဖုရားကျောက်မိန်ရဲ့ သမီးတော်လေးရော။"

ဖိန်းဖိန်း က ကမာ့ကို ပြန်မေးလိုက်သည်။

"မတ်တော်မောင်လေးက ဘာလို့မေးတာလဲ။"

ကမာ ဖိန်းဖိန်းကို ပြန်ကြည့်ကာဖြေလိုက်သည်။
"ချူးချူးမှာ မယ်တော်မရှိတော့ဘူးလေ။ ပြီးတော့ သူ့ဦးတော်တွေ အားလုံးနီးပါး အသတ်ခံ လိုက်ရတယ် မဟုတ်လား။ အခု သူ ဘယ်ကို သွားစရာရှိမှာလဲ။ သူ့ကို ကျွန်တော် စိးုရိမ်လို့ပါ။"

ဖိန်းဖိန်း၏ မျက်ဝန်းထဲမှ မျက်ရည်တို့ရစ်ဝဲလာပြီး တီးတိုးပြောလိုက်သည်။

"နန်းသိမ်းပွဲမှာ ချူးချုးပျောက်သွားတယ် မတ်တော်မောင်လေး။ သူ့ကို တွေ့တဲ့ ရဲမတ်တွေက သတ်လိုက်ပြီထင်တယ်။"

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now