မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၃၂)

4.9K 310 4
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၂)

အကိုကြီး...ကျွန်တော်တို့ ချစ်သူလို အရင်နေရအောင်နော်။ ကျွန်တော်... ဒီလို မနေချင်သေးဘူး။"
တင်တက်ရင်မျက်နှာပျက်သွားသည်။ ကမာ့ကို မျက်မှောင်ကုတ်ကြည့်ကာ မေးလိုက်သည်။
"မိဖုရားဖြစ်နေလို့ မင်းကို ချစ်လို့မရတာလား ကမာလေး။"

ကမာ လန့်သွားသည်။ အကိုကြီး ဒီလိုမေးလာမည်ဟု မထင်မိပေ။
"ဟင့်အင်း မဟုတ်ဘူး အကိုကြီး။ကျွန်တော် ရှက်လို့"

ကမာ့စကားကြောင့် တင်တက်ရင်မျက်နှာထားပျော့ပြောင်းသွားပြီး နားနားကပ်ကာ ပြောလိုက်သည်။

"မရှက်ပါနဲ့။ မနေ့က အကိုကြီးနဲ့ တခါချစ်ပြီးပြီပဲ။ ကိုယ် မနေ့က အသိစိတ်လွတ်သွားတာ ကမာ့ ကို ချစ်လိုက်ရတယ်လို့တောင် မထင်မိဘုး။ ဒါကြောင့် ဒီည အရက်တောင်သောက်မထားဘူး။ ကမာလေးရဲ့ အလှတွေကို သေချာမှတ်ချင်လို့။"

တင်တက်ရင်၏ စကားကြောင့် ကမာအရမ်းကိုရှက်သွားသည်။ မင်းကြိးပြောသည်ကို အကြိမ်ရာချီ ပြောတာ ကြားခဲ့သောလည်း ကမာ ဘယ်လိုမှ မခံစား၇ပေ။ အခု အကိုကြီးပြောသည်ကို ကြားတော့ ကမာ့ မျက်နှာပြုတ်ထားသလို ခံစားလိုက်ရသည်။ မျက်နှာက အငွေ့တထောင်းထောင်း ထနေ သလိုပင်။

"ကမာလေးရှက်နေတာ တကယ်ချစ်ဖို့ကောင်းတယ်ကွာ။"
သူက ပြောပြီး ကမာ့လည်တိုင်ကို ငုံ့ကာနမ်းလိုက်သည်။ ကမာသည် သူ့ရင်ဘတ်ကို အသာတွန်းကာ တောင်းပန်လိုက်သည်။

"အကိုကြီး.. ကမာ့ကို အချိန်နည်းနည်းပေးပါဦး။"

"ဘာဖြစ်လို့လဲကွယ်။"

"ကမာလေ အကိုကြီးကို အကိုရင်းလို အရမ်းချစ်ခဲ့တာပါ။ အခုလိုပြောင်းချစ်ဖို့ ချက်ချင်းကြီးဆိုတော့ ကျွန်တော် နည်းနည်းရှက်နေသေးတယ်။"

ကမာ့စကားကြောင့် တင်တက်ရင်သနားသွားသည်။ ကမာပြောသည်ကို နားလည်လိုက်သဖြင့် မိမိရင်ထဲ မှ အချစ်စိတ်ရိုင်းကို ထိန်းချုပ်ကာ ကမာလေးကို ပြန်လွှတ်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ။ ကိုယ် အတင်းမလုပ်တော့ပါဘူး။ အဲ့ဒါ ကိုယ်က ကမာ့ ကို ရမ္မက်စိတ်နဲ့ တပ်မက် တာထက် ကမာ့ကို မြတ်နိုးလို့ဆိုတာ မမေ့ပါနဲ့။"

ကမာသည် တင်တက်ရင်၏ စကားကြောင့် စိတ်သက်သာရာရသွားသည်။ အကိုကြိးက မိမိကို တကယ်ချစ်မြတ်နိုးလို့ တော်သေးသည်။

"အကိုကြီးက ကျွန်တော့်ကို စိတ်ညစ်အောင်မလုပ်ဘူးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ "

တင်တက်ရင်သည် မိမိအိပ်ယာထက်မှ ကမာလေးကို ဆွဲထူကာ ရင်ခွင်ထဲဖက်ထားကာ ပြောလိုက်သည်။
"ဘယ်လိုလုပ်ရက်မှာလဲ ကမာလေးရယ်။ မင်းက အကိုကြီးရဲ့ အသက်ပဲ။ မင်းကို စိတ်ချမ်းသာအောင် အကိုကြီးထားဖို့ ဆုံးဖြတ်ထားတယ်။"

"အကိုကြီး..."
ကမာ သူ့ကို ပြန်ဖက်ထားကာ သူ့ပါးပြင်ကို ဖွဖွနမ်းကာ ပြောလိုက်သည်။

"ကျွန်တော့် အသက်ကို ကယ်ခဲ့ကတည်းက ကျွန်တော်က အကိုကြီးအတွက် အသက်ပေးဖို့ ဆုံးဖြတ်ပြီးသားပါ။"

တင်တက်ရင်က ပြုံးကာ
"အသက်ပေးစရာ မလိုဘူး။ အချစ်ပေးရင်ရပြီ။"

"ဟုတ်ကဲ့။ ကျွန်တော့်ကို အချိန်တော့ပေးပါနော်။ ကျွန်တော်လေ အကိုကြီးလိုချင်တဲ့ အချစ်တွေကို ပြန်ပေးပါ့မယ်။"

"ချစ်တယ် ကမာလေးရယ်။ ကိုယ်တော့ ဒီတစ်ည မင်းကို သတိရလို့ အိပ်ပျော်တော့မှာ မဟုတ်ဘူး။"

"ဟင့်အင်း အိပ်ပျော်အောင် အိပ်ရမယ်။ အကိုကြီးကျွန်တော့်ကြောင့် တခုခု ဖြစ်တာကို ကျွန်တော် မလိုချင်ဘူး။"
တင်တက်ရင် အင်မတန်ကို ချစ်စဖွယ်ဆိုတတ်သည့် ကမာ့နူတ်ခမ်းလေးကို စကားမဆိုနိုင်အောင်
လုပ် လိုက်တော့သည်။ ကမာလည်း အကိုကြီး၏ အနမ်းပင်လယ်တွင် ကျရှုံးသွားတော့သည်။

ကမာသည် အကိုကြီးကို ချော့ကာ မင်းကြိးထံပြန်လာခဲ့သည်။ တော်သေးသည်။ မင်းကြီးမနိုးသေးလို့။ ကမာ သက်ပြင်းရှိုက်ကာ မင်းကြိးနားတွင်ပြန်လှဲလိုက်သည်။ ရှေ့ဆက် အကိုကြီးကို မိမိဘယ်လိုထိန်းရပါ့မလဲဟု တွေးရင်းအိပ်ပျော်သွားတော့သည်။

တေးဟာခန်သည် အိပ်ယာမှ ကြည်လင်စွာနိုးလာသောအခါ နံဘေးမှ အိပ်ပျော်နေသော ချစ်ရသော ကမာလေးကို အနမ်းဖြင့် နှိုးလိုက်သည်။ ကမာလေး၏ လည်တိုင်များကို အနမ်းပေးရင်း အညိုမှတ်ကို မြင်မိလိုက်စဉ် တေးဟာခန် ဆတ်ခနဲဖြစ်သွားသည်။ မနေ့ညက မိမိပင်ပန်းလွန်းသဖြင့် ကမာနှင့် ချစ်တင်းမနှောပဲ အိပ်ပျော်သွားသဖြင့် ထိုအနမ်းအမှတ်အသားက မိမိပေးထားတာ မဖြစ်နိုင်ပေ။ ထိုကြောင့် ကမာ့ကို လှုပ်နှိုးကာ မေးလိုက်သည်။

"ကမာ... မင်းလည်ပင်းက အရာက ဘယ်လိုရလာတာလဲ။"

ကမာသည် မင်းကြီး၏ တင်းမာသောဒေါသအကြည့်ကြောင့် မနေ့ညက အကိုကြီးနမ်းထားသည်ကို သတိရသွားသည်။ သို့သော် မင်းကြိးက အံ့သြစွာ ပြန်ကြည့်ကာ

"မင်းကြိီး...ဘာအရာလဲဟင်..."

မင်းကြီးက မှန်ရှေ့ဆွဲခေါ်သွားပြီး ကမာ့င်္အကျီကို ဆွဲလှန်ကာပြောလိုက်သည်။

"မင်းလည်ပင်းက အမှတ်အသားကလတ်လတ်ဆတ်ဆတ်အရာ။ မနေ့ညက ကျုပ်အိပ်ပျော်
သွားတော့ မင်းဘယ်အကောင်နဲ့ဖောက်ပြန်ခဲ့တာလဲ။"

ကမာသည် မင်းကြီးကို စိတ်ထိခိုက်စွာကြည့်ကာ ပြန်အော်လိုက်သည်။

"မင်းကြီး"

ကမာ စိုးရိမ်စိတ်ဖြင့် မျက်ရည်ကျလာခဲ့သည်။

"ကျွန်တော့်ကို ဘယ်တုန်းကမှ မယုံကြည်မှတော့ ဘာကြောင့် ခုတင်မှာ သံခြေကျင်းတပ် မထား တာလဲ။ ကျွန်တော်က ဘယ်သူနဲ့ ဖောက်ပြန်ရမှာလဲ။ ကျွန်တော့်ကို မယုံမှတော့ မင်းကြိး ကျွန်တော့်ကို စွန့်ပစ်လိုက်ပါတော့။"

ကမာပြောရင်း မျက်ရည်ကျလာတော့သည်။ အကိုကြီးအတွက်ကို စိုး၇ိမ်သဖြင့် မျက်ရည်က ထိန်းမရတော့်ပေ။
တေးဟာခန်သည်ကမာ့ မျက်ရည်ကို တွေ့တော့ ဒေါသတို့လွင့်ပျယ်သွားတော့သည်။ ကမာ့ကို ရင်ခွင်ထဲဖက်ထားကာ

"တိတ်ပါကွယ်။ ကိုယ်တော်က အရူးပါ။ မင်းကိုချစ်လွန်းလို့ သံသယ၀င်သွားတာပါ။ တောင်းပန်ပါတယ်။ ကိုယ်တော်မှားသွားပါတယ်။ တိတ်ပါတော့ကွယ်။ ကိုယ်တော် မင်းကို ထပ်မစွပ်စွဲတော့ပါဘူး။ တိတ်ပါတော့နော်။"

ကမာသည် မင်းကြီးရင်ခွင်တွင် တိုးတိုးရှိုက်နေမိသည်။ တော်သေးသည်။ မင်းကြီး ကမိမိကို ဘာမှ ဆက်မပြောလို့။ ကမာကို ချော့ရင်း တေးဟာခန်သည် ညတိုင်း ကမာ အပြင်ထွက်မထွက် စောင့်ကြည့် ရန်တေးထားလိုက်သည်။

ကမာလည်း မင်းကြီး၏ သံသယလွယ်လွယ်နှင့် ပျောက်မည်မဟုတ်သည်ကို သိတော့ အကိုကြီးနှင့် သွားမတွေ့ရန် ဆုံးဖြတ်လိုက်သည်။
မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၄)

မိမိကို မင်းကြီးစောင့်ကြည့်နေသဖြင့် ကမာ အကိုကြီးကို လုံးဝမသွားရဲပေ။ မင်းကြီးဘေးတွင် အဖော်ပြုကာ မင်းကြီးကို ပြုစုပေးနေသည်။ တေးဟာခန်သည် ကမာက မိမိကို ယခင်လို ကရုတစိုက် ပြုစုပေးကာ အနားမှ မခွာသဖြင့် စိတ်နည်းနည်းပြေသွားသည်။

"မင်းကြီး ပန်းချီဆွဲပေးပါလား။ မင်းကြီးစိုက်ထားတဲ့ ပန်းပင်နားမှာ ကမာ့ကိုပုံဆွဲပေးပါနော်။"
တေးဟာခန်က ကမာ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"တကယ်ပဲ စိတ်ရင်းနဲ့ပြောတာလားကမာလေး။"

ကမာသည် သံသယဖြင့်မေးသော မင်းကြီး၏ စကားကြောင့် မျက်နှာညှိုးသွားသည်။ မင်းကြီးကို မော့ကြည့်ကာ တီးတိုးပြောလိုက်သည်။

"ကျွန်တော်မျိုးစိတ်ထဲကမပါပဲ ဘယ်တုန်းက လိမ်ပြောဖူးခဲ့လို့လဲ။ မင်းကြီး စိတ်မပါရင်လည်း မဆွဲပါနဲ့။ အခန်းထဲမှာ ကျွန်တော်မျိုးကဗျာရွတ်ပေးပါ့မယ်။"

ကမာ ပြောပြီး ကဗျာစာအုပ်ယူရန်လှည့်ထွက်သွားသောအခါ မင်းကြီးက ထလိုက်လာပြီး အနောက်မှ သိုင်းဖက်ထားကာ ကမာ၏ လည်ဂုတ်လေးကို ဖွဖွနမ်းကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ကမာလေးရယ်။ ကိုယ်တော် မင်းကို ချစ်လွန်းလို့ရူးသွားတာပါ။ မင်းလေးကို ဆုံးရှုံးသွားမှာကြောက်လို့ ပြောမိတာပါ။ ကမာ့ပုံလေးကို ကိုယ်တော်ဆွဲချင်တာပေါ့။ ကမာလေး အကြာကြီးထိုင်နေရင် ညောင်းမှာစိုးလို့ပါ။ ပြီးတော့ ကိုယ်တော်က မင်းရဲ့ အပေါ်ပိုင်း ဗလာနဲ့ပုံကို ဆွဲချင်တာ။"

ကမာသည် မင်းကြီးဘက်လှည့်ကာ လည်ပင်းကို ဖက်ထားပြီးပြောလိုက်သည်။

"မင်းကြီးရဲ့စိတ်ကို နားလည်ပါတယ်။ မင်းကြီးဆွဲချင်တဲ့ပုံ ဆွဲပါ။ ကျွန်တော်မျိုးကိုယ်ဟန်ပြပေး ပါ့မယ်။ မင်းကြီး စိတ်ကို တင်းမထားနဲ့နော်။ ကျွန်တော်မျိုး မင်းကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်လို့ပါ။ မင်းကြီးစိတ်ဆိုးရင် ကျွန်တော်မျိုးကို ရိုက်ချင်ရိုက်လိုက်ပါနော်။ ကျွန်တော်မျိုးက မင်းကြီးရဲ့ မိဖုရားပါ မင်းကြီးအပေါ် သစ္စာမဖောက်ပါဘူး။"

တေးဟာခန်သည် ကမာ့စကားကြောင့် ပြုံးသွားသည်။ ကမာ့နုတ်ခမ်းလေးကို ငုံ့နမ်းကာ

"ကျေးဇူးတင်တယ် ကမာလေး။ ကဲ... ကိုယ်တော် မင်းကို ပန်းခြုံနားမှာပန်းချီဆွဲပေးမယ်။"

ကမာစိတ်အေးသွားသည်။ မင်းကြိးအကြောင်းကို သိသူပီပီ သူ့ကိုအာရုံလွှဲပေးမှ။ မဟုတ်လျှင် မင်းကြီး၏ သံသယက ကြီးသည်ထက်ကြီးလာလိမ့်မည်။

"မင်းကြီး ဘယ်လိုအ၀တ်အစားနဲ့ လာရမလဲ။"

တေးဟာခန်က ကမာကို ယောက်ျားလေး ၀တ်စုံပဲဝတ်လာစေသည်။ ပန်းခြုံနားသို့ေ၇ာက်သော် သလွန်ပေါ်တွင် ကျောပေးကာ ထိုင်နေစေသည်။ ကမာ့ အ၀တ်ကို ပုခုံးများပေါ်အောင် ဆွဲဟာကာ ကောင်းကင်ကို မော့ကြည့်နေစေသည်။ နေရောင်က ကမာ့ကိုယ်ပေါ်ပက်ဖြန်းထားသည်။ ယောက်ျားတစ်ဦး၏ ပုံအတိုင်းဆံပင်ကို ထုံးဖွဲ့ထားသည်။ နောက်ကျောပြင်နှင့် မျက်နှာတစောင်း အနေအထားမှ မင်းကြီးက ပုံစဆွဲသည်။

မိန်းကလေးတစ်ဦးလိုလှသည်ထက် ယောက်ျားတစ်ဉ်ီးလို လှသည့် ကမာ၏ အလှကို တေးဟာခန် အမိအရဆွဲနေသည်။ လှသည်။ ချောသည်။ ခန့်ညားသည်။ ဆွဲဆောင်မှုရှိသော ယောကျာ်းလေး။ တေးဟာခန်သည် ပန်းချီကားချပ်ပေါ်တွင် ပုံကြမ်းကောက်ကြောင်းကို ကောက်ဆွဲကာ အသေးစိတ် ဆွဲသည်။

စိတ်ရောကိုယ်ပါ နစ်ပြီးဆွဲနေသော မင်းကြီးသည်အချိန်ကုန်လို့ကုန်မှန်း မသိတော့ပေ။ သို့သော် ကမာက ညောင်းလာခဲ့သည်။ သို့သော် ကမာ မင်းကြီးကို အနှောက်အယှက်မပေးချင်သောကြောင့် အောင့်ထားသည်။

တေးဟာခန်သည် ကမာ့အလှတွင် စိတ်ကို နစ်ကာ ဆွဲရင်း တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့သည်။
သမားတော်ကြီးက မင်းကြီးအရမ်းအာရုံစိုက်နေသဖြင့် ပင်ပန်းမည်စိုးကာ မျက်နှာသိပ်မကောင်းပေ။ မင်းကြီး၏ မမြင်အောင်ကမာကို အရိပ်အယောင်လှမ်းပြလိုက်သဖြင့် ကမာ မင်းကြီးကို အသံပြုလိုက်သည်။

"မင်းကြီး..."

ထိုအခါမှ တေးဟာခန်သတိဝင်လာသည်။ နေလည်းစောင်းသွားလေပြီ။

"သြော်.... ကမာလေး တောင်းပန်ပါတယ.်။ ကိုယ်တော် အာရုံဝင်စားသွားမိတယ်။ နောက်နေ့မှ အချောဆွဲမယ်။ ထလို့ရပြီ ကမာလေး။ လာကြည့်ပါဦး"

ကမာသည် အ၀တ်စားကို နေသားတကျပြင်ကာ မင်းကြီးအနားကို သွားကြည့်သောအခါ အံ့သြသွားသည်။ မိမိနောက်ကျောပြင်နှင့် မျက်နှာတခြမ်းကို အဓိကထားရေးဆွဲထားပြီး ယခင်က မိမိမတွေ့ဖူးသည့် ရှု့ထောင့်မှရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။ ပုံကြမ်းကပင် ကမာ့ကို ခံစားချက် တခုပေးနိုင်သည်။

"ကြိုက်လား ကမာလေး။"

"ဟုတ်ကဲ့။ အရင်က မိဖုရားအ၀တ်အစားနဲ့ဆွဲတာထက် အခုပုံကို ပိုကြိုက်တယ် မင်းကြီး"

တေးဟာခန်ပျော်သွားသည်။ ခေါင်းထဲ မိုက်ခနဲဖြစ်သွားသဖြင့်လူကယိုင်သွားစဉ် ကမာက စိုးရိမ်တကြီး ဖေးမကာ ပြောလိုက်သည်။

"မင်းကြီး...ဘာဖြစ်လို့လဲ။ သမားတော်ကြီး..."

"အင်း နည်းနည်းမူးသွားလို့။"

"အခန်းထဲသွားနားကြစို့နော်။"

တေးဟာခန် ခေါင်းငြိမ့်လိုက်သည်။ ကမာ့ကို တွဲပြီး တေးဟာခန် အဆောင်ထဲသို့ဝင်သွားသည်။ ထိုည မင်းကြီးနှင့်မိဖုရား အပြင်ထွက် ညစာမစားပေ။ မင်းကြီးပင်ပန်းသွားသောကြောင့် သမားတော် ညွှန်းသော အစာကို သာပြင်ခိုင်းပြီးအဆောင်ထဲပဲစားသည်။ ကမာလည်း မင်းကြီးစားသည့် အစားအစာပဲ လိုက်စားသည်။

"ကမာလေး စားချင်တာ ပြင်ခိုင်းလေ။ ကိုယ်တော်စားတာက လူမမာစာဖြစ်နေတယ်။"

ကမာက မင်းကြီးကိုပြုံးကာ ပြောလိုက်သည်။
"လူမမာစာ မဟုတ်ပါဘူး မင်းကြီးရဲ့။ အစာကြေလွယ်တာပါ။ ဒါမှ မင်းကြီးအစာကြေလွယ်ပြီး နောက်နေ့ ပန်းချီပြန်ဆွဲနိုင်အောင်လို့ပါ။ ကမာက မင်းကြီးရဲ့ မိဖုရားပါ။ မင်းကြီးစားတာ အကုန် လိုက်စားမယ်။ မင်းကြီးဟင်းရည်ပဲ သောက်ရင် ကျွန်တော်မျိုး ဟင်းရည်ပဲ သောက်မယ်။"

တေးဟာခန်က ကမာလေးကို စိုက်ကြည့်ကာ တိုးတိုးပြောလိုက်သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now