မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၂၆)

4.9K 324 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၆)

"ကိုယ်တော် ဒီနေ့ ညီလာခံမသွားဘူး။ကိုယ်တော် စိတ်မကြည်ဘူး... "
"အ... မင်းကြီး...."
တေးဟာခန်က စိတ်မထိန်းနိုင်ပဲ ကမာ့ပုခုံးစွန်းကို သွားရာအကွင်းလိုက်ထင်အောင် ကိုက်လိုက်မိ သည်။ ကမာ နာသွားပြီး အသံထွက်လာသည်။ မင်းကြီးက ကမာ့ အသံလေးကို သဘောကျကာ နောက်ကျောပြင်များ၊ ရင်ဘတ်များကို အကွင်းရာများထင်အောင် ကိုက်လိုက်သည်။
"မင်းကြီး နာတယ်။"
"ကိုယ့်ရင်ထဲက ဒီထက်နာတယ်။ နာပါစေ။ မင်း ကိုယ်တော့်ကို ပစ်ထားလို့ အပြစ်ပေးရမယ်။"
ကမာ စိတ်ညစ်သွားသည်။ တေးဟာခန် ကြမ်းပြန်တော့မည်။ တခါတလေ မင်းကြီးက နည်းနည်း စိတ်လွတ်သလို ကြမ်းတတ်သည်။ ထိုအခါတိုင်း မိမိမှာခံရတာ မသက်သာပေ။ မင်းကြီး တခုခု စိုးရိမ် စရာရှိချိန်မျိုး၊ ၀မ်းနည်းချိန်မျိုးတွင် ကမာ ဘယ်လိုတောင်းပန်တောင်းပန် သူလုပ်ချင်တာ လုပ်တတ် သည်။ ထိုညမျိုးတွင် သူက ဘီလူးစီးနေသည့်ပမာ အင်မတန်ကို ကြမ်းတမ်းရိုင်းစိုင်းပါသည်။ နောက် တနေ့သူစိတ်ပြေသွားလျှင် မိမိကို အနူးအညွတ်တောင်းပန်ကာ စိန်ရွှေရတနာများစွာပေးပြီး ချော့တတ်သည်။
ယခုလည်း သူ့စိတ်အခြေအနေ တင်းမာနေဟန်တူသည်။ ကမာ ညည်းညူရင်း မင်းကြီးနှိက်စက်သမျှ ခံနေရသည်။ မင်းကြီးရင်ခွင်အောက်တွင် နေရင်း မဆီမဆိုင် အကိုကြီးကို သတိရမိသည်။ အကိုကြီး သာ ဆိုလျှင် မိမိကို ဒီလိုလုပ်မည်မဟုတ်ဟု တွေးမိသည်။
"ကမာလေး...ကမာလေး...."
တေးဟာခန်သည် အကြိမ်ကြိမ် အားရအောင်ချစ်တင်းနှောပြီးနောက် ကျေနပ်စွာအိပ်ပျော်သွားတော့ သည်။ ထိုအခါမှ ကမာ မင်းကြီးဘေးမှ အသာထလာပြီး အပြင်သို့ထွက်လာသည်။ အပြင်တွင် အတွင်းဝန်ကြီးနှင့် သမားတော်က အသင့်စောင့်နေသည်။
အတွင်းဝန်ကြီးက ကမာကို အရိုအသေပေးကာ တီးတိုးပြောသည်။
"သမားတော်ကြီးက မင်းကြီးရဲ့ ရောဂါ အခြေအနေကို တင်လျှောက်ချင်လို့ပါ။"
ကမာ ခေါင်းငြိမ့်ကာ ဘေးကပ်လျက်အခန်းသို့ခေါ်လာခဲ့သည်။ သမားတော်ကြီးက အရိုအသေ ပေးကာ လိုရင်းကိုပြောလိုက်သည်။
"မင်းကြီးရဲ့ စိတ်အခြေအနေ နည်းနည်းဖောက်ပြန်နေပါတယ် သခင်မ။"
ကမာ နားမလည်ဟန်ဖြင့်မေးလိုက်သည်။
"မင်းကြီးက ဘာရောဂါရှိလို့လဲ။"
သမားတော်က စဉ်းစားနေစဉ် အတွင်းဝန်ကြီးက ရှင်းပြခိုင်းလိုက်သည်။
"ပြောလိုက်ပါ သမားတော်ကြီး။ မင်းကြီးကို ထိန်းနိုင်တာ သခင်မတစ်ပါးတည်းရှိတယ်။"
သမားတော်က ခေါင်းငြိမ့်ကာ ကမာကို ရှင်းပြသည်။
"မင်းကြီးမှာ မျိုးရိုးလိုက်တဲ့ေ၇ာဂါတစ်မျိုးရှိပါတယ် သခင်မ။ ဘိုးတော် မင်းတရားကြီးဖြစ်သလိုမျိုး စိတ်အခြေအနေ မငြိမ်သက်တာပါ။ ခန်မင်းကြီးရဲ့မျိုးရိုးက စိတ်တက်လိုက်၊ကျလိုက်ဖြစ်တဲ့ ရောဂါ ရှိပါတယ်။ အဲ့ဒီ ရောဂါက အသက်ကြီးတာနဲ့ ပိုပြိးပေါ်လွင်လာပါတယ်။"
ကမာ သေချာအောင်မေးလိုက်သည်။
"အဲဒီရောဂါက မင်းကြီးကို ဘယ်လိုထိခိုက်နိုင်ပါသလဲ သမားတော်ကြီး။"
"အစပိုင်းမှာ သံသယကြီးလာပါတယ်။ နောက်တော့ ညညအိပ်မပျော်တော့ပါဘူး။ အစားပျက် လာမယ်။ ပြီးရင် လူတိုင်းကို မယုံပဲ ဆုံးဖြတ်ချက်တွေမှားယွင်းလာမယ်။ ပြီးရင်...."
သမားတော် ဆက်မပြေ၀ံ့သလို ရပ်သွားသဖြင့်အတွင်းဝန်ကြီးက ဆက်ရှင်းပြလိုက်သည်။
"နောက်ဆုံး ရောဂါဝင်ပြီး နတ်ရွာလားရတာပါ သခင်မ.."
ကမာ ရင်သပ်ရှုမောဖြစ်သွားသည်။ ခန်မင်းကြီးတို့က အရူးမျိုးပဲပေါ့။

"ဒါကြောင့် သခင်မကိုပဲ အားကိုးစရာရှိပါတော့တယ်။"
"ကမာ ဘာလုပ်ပေးရမလဲ အတွင်းဝန်ကြီး။"
အတွင်းဝန်ကြီးက ကမာကို စိုက်ကြည့်ကာ
"မင်းကြီးကို ဆေးမှန်မှန်သောက်ဖို့နဲ့ စိတ်မလှုပ်ရှားစေဖို့ သခင်မ ထိန်းပေးရမှာပါ။ "
"ကျွန်တော် ဘယ်လိုထိန်းရမှာလဲ။"

"မင်းကြီးစိတ်ငြိမ်အောင် ခရီးထွက်ဖို့ စီစဉ်ရမှာပါ။ ခု ရောဂါနည်းနည်းစနေပါပြီ သခင်မ။ ချူးမိဖုရား နတ်ရွာစံပြီးနောက်ပိုင်း သမီးတော်လေးပါ နတ်ရွာစံသွားတော့ မင်းကြီးအတော့်ကို စိတ်ထိခိုက်သွား တာပါ။ ဒါကြောင့် မင်းကြီးကို စိတ်ရောကိုယ်ပါ နားလို့ရတဲ့နေရာကို ခရီးထွက်ဖို့ သခင်မ တိုက်တွန်း ပေးတော်မူပါ။"
ကမာ သက်ပြင်းရှိုက်မိသည်။ ဒါကြောင့် မင်းကြီးက ဒီနေ့ အရမ်းကြမ်းနေတာကိုး။ ကမာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ အတွင်းဝန်ကြီး။ သမားတော်ကြီးလည်း ကျွန်တော် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပါ။ မင်းကြီးရဲ့ ကျန်းမာရေးကို ကရုစိုက်ပေးပါ့မယ်။"
သမားတော်ကြီး ယခုမှ စိတ်အေးသွားဟန်ဖြင့် အရိုအသေပေးကာ ကမာ့ကို မင်းကြီးရောဂါအတွက် ဆောင်ရန် ရှေုာင်ရန်ကို တခါတည်းမှာကြားထားလိုက်သည်။ ထို့နောက် သမားတော်ပြန်ခါနီးသော် ကမာ တခုကို သတိရပြီးမေးလိုက်သည်။
"သမားတော်ကြီး နန်းတွင်းဆေးခန်းက သမားတော်လေး တစ်ဦးညက အသတ်ခံရတယ်လို့ ကြားတယ်။ ဘယ်သူသတ်သွားတာလဲ တရားခံမိရဲ့လား။"
သမားတော်ကြီးမျက်နှာပျက်သွားသည်။ ခေါင်းငုံ့ကာ
"ကျွန်တော်မျိုးလည်းမသိပါဘူး သခင်မ။ ကျူးက တယောက်ယောက်နဲ့ ရန်ငြိုးရန်စရှိလို့ဖြစ်မှာပါ ။ ကျွန်တော်မျိုးကို ခွင့်ပြုပါအုံးသခင်မ။"
ကမာသည် ကပျာကယာရှောင်ထွက်သွားသော သမားတော်ကြိးကိုကြည့်ကာ မင်းကြီးလက်ချက်မှန်း သေချာသွားလေပြီ။ ကမာ သက်ပြင်းရှိုက်လိုက်သည်။ အကိုတော်များကို မိမိရအောင်ကယ်ရမည်။ မင်းကြီးက အသိစိတ်တဖြည်းဖြည်းလွတ်လာလေပြီ။ မိမိအနေအထိုင် မဆင်ခြင်လျှင် အကိုနှစ်ဦးကို ထိခိုက်လိမ့်မည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now