မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၅၂)(Z+U)

Start from the beginning
                                    

===================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅၂)

တင်တက်ရင်၏ အပြောကြောင့် ကမာ စိတ်တိုတိုနှင့် သူ့ရင်ဘတ်ကို ကုန်းကိုက်ကာ ပြောလိုက်သည်။
"ဒီလူကြီးကြောင့် ..."

"ဒီလူကြီးက ဘာလုပ်လို့လဲ ပြောပါဦး။"

ကမာ သူ့ကို မကျေမနပ်ကြည့်ကာ ပြောလိုက်သည်။
"ဘာမှ မလုပ်ဘူး။ သူ့အချစ်တော်ကို မခေါ်ပဲ လူကို အတင်းဖက်ထားလို့ စိတ်တိုနေတာ။ အကိုကြီး လွှတ်ပေးတော့။ ဟာစန်ကိုပဲ ခေါ်လိုက်။ ကျွန်တော် မလိုတော့ဘူး။ သွားပါရစေ။"

"ဘယ်က ဟာစန်လဲ။ "

အကိုကြီးဗြောင်ငြင်းနေသောကြောင့် ကမာ သက်ပြင်းရှိုက်ကာ
"ဘာမှ မဟုတ်တော့ဘူး။ကျွန်တော် နားကြားမှားတာနေမှာပါ။ ကျွန်တေ်ာ့ကို လွှတ်ပေးပါတော့။"

တင်တက်ရင်သည် စိတ်ဆိုးနေသော ချာတိတ်လေးကို ဖက်ကာပြောလိုက်သည်။
"ကမာ နားကြားမမှားပါဘူး။ ဟာစန်ဆိုတာ မော်ရင်ကိုယ့်ဆီကို လွှတ်လိုက်တဲ့ ပါရှားကောင်လေးပါ။ အတော့်ကိုချောတယ်။ ရွှေစင်တစ်ထောင်နဲ့ ဝယ်ခဲ့တာတဲ့။"
ကမာ အံကြိတ်လိုက်သည်။ မိမိမရှိသည့် ၃ လတာအတွင်း အကိုကြီးက ပါရှားလူငယ်လေးနှင့် ပျော်ပါးနေတာပေါ့။ မထင်ထားပါ။ အကိုကြီး ဒီလိုလူမျိုးးဆိုတာ မိမိအိပ်မက်ပင်မက်မထားပါ။ မိမိနှင့် အတူနေရာ သူက မိမိကိုချစ်လွန်းလို့ပါဆိုသည့် စကားကို မိမိယုံထားခဲ့မိသည်။

ကမာ့ ရင်ထဲ ဟာလာဟင်းလင်းဖြစ်သွားသည်။ ဘယ်လိုပြောရမှန်းမသိတော့ပေ။ နာကျင်တာလား။ ကြေကွဲတာလားလည်းမသိတော့ပေ။ သေချာတာကတော့ ကမာ စိတ်တခြားလူတခြားဖြစ်နေခြင်းပါ။

တင်တက်ရင်သည် ငြိမ်ကျသွားသောကမာ့ကို မျက်နှာခြင်းဆိုင်ဆွဲလှည့်ကာ မေးလေးကိုပင့်မော့ လိုက်စဉ် ကမာ၏ မှိုင်နေသောမျက်နှာလေးကို ကြည့်ကာပြောလိုက်သည်။
"ကမာလေး ကိုယ့်ကိုစိတ်ဆိုးနေလား။"

ကမာ မဖြေပါ။ သူက ကမာ့ နဖူးလေးကို အသာနမ်းကာ လည်တိုင်ကျော့ကို နမ်းရင်းပြောသည်။
"ချူးချူးနာမည် ကမာ့ပါးစပ်က ထွက်လာတဲ့အချိန်တုန်းက ကိုယ်ဒီထက် ၁၀ ခံစားရတယ် ကမာလေး။ ကိုယ်ချစ်တာမင်းတစ်ယောက်တည်းပါ။ "

ကမာ ဘာမှမပြောပဲ ငြိမ်နေသဖြင့် တင်တက်ရင် ကမာ့ကိုယ်လေးကို ပွေ့ချီကာ အခန်းထဲခေါ်လာပြီး သလွန်ထက်တွင်တင်ကာမေးလိုက်သည်။

"ကိုယ်ပြောတာ မယုံဘူးလား။ ယုံအောင်သက်သေပြရမလား။"

တင်တက်ရင်က ကမာ့အဝတ်များကို ဆွဲဖယ်ကာ အနမ်းမုန်တိုင်းဆင်ရင်းမေးလိုက်သည်။ ကမာ မျက်နှာကြက်ကို ငေးကြည့်ကာ ခံစားချက်ကင်းမဲ့ဟန်ဖြင့် ပြောလိုက်သည်။

"ယုံပါတယ်။ သက်သေပြစရာ မလိုပါဘူး။ "

ကမာ့ အသံများက ခြောက်ကပ်ကာ အသက်ကင်းမဲ့နေသည်။ တင်တက်ရင် တိုးတိုးရယ်လိုက်သည်။ ကမာ သူ့ကို ကြည့်မိစဉ်သူက ပြောသည်။

"ကမာလေး ကိုယ့်ကို သဝန်တိုတာလား"

သူ့အမေးကို ကမာ ဒေါသထွက်သွားသည်။ အကြည့်လွှဲကာ ပြောလိုက်သည်။
"သဝန်မတိုပါဘူး။ အကိုကြီးစိတ်ချမ်းသာမယ်ဆိုရင် အိပ်ချင်တဲ့သူနဲ့အိပ်ပါ။ ကျွန်တော် ဘာမှ မပြောပါဘူး။"

ကမာ ပြောလိုက်သည့် စကားများက သူ့ဒေါသကို ပေါက်ကွဲလာစေသည်။ ကမာ့ကို အကြီးအကျယ် စိတ်ဆိုးသွားတော့သည်။ ကမာ့ကို အကြမ်းပတမ်းချစ်တင်းနှောရင်းပြောသည်။

"တကယ်ပဲလား။ ကိုယ် ဘယ်သူနဲ့ အိပ်အိပ်ဟုတ်လား။ မင်း တကယ်ပဲ ကိုယ့်ကို ဘယ်သူနဲ့ ဖြစ်ဖြစ်ရတယ်တဲ့လား။"

ကမာသည် နာကျင်မှုကြောင့် သူ့လက်ဖျံကို ညစ်ကာ ပြောလိုက်သည်။
"ဟင့်အင်း။ အကိုကြီး နည်းနည်းလျှော့ပါဦး။ နာတယ်။"

သို့သော် ဒေါသအိုးပေါက်ကွဲနေသော အချစ်ဘုရင်ကြီးက ကမာ့စကားကို မနာယူတော့ပါ။ ထိုနေ့ ကမာ နာကျင်စွာဖြင့် မျက်ရည်ကျလာခဲ့သည်။ ခန္ဓာကိုယ်နာကျင်ခြင်းထက် စိတ်ထဲက နာကျင်တာ ဆိုးသည်။

"ကမာလေး။ ကိုယ့်အချစ်က မင်းကို မျက်ရည်ကျစေသလားဟင်။ ကိုယ်က မင်းအတွက် ဘီလူုးတစ်ကောင်လို ကြမ်းတမ်းခက်ထန်နေလား။"

ကမာ့ မျက်ရည်များကြောင့် သူ ဖြုန်းခနဲရပ်ကာ မေးလိုက်သည်။ ကမာ မျက်နှာကိုအုပ်ကာ ငိုပြီးပြောသည်။

"မဟုတ်ဘူ။ အကိုကြီး ဟာစန်ကို ခေါ်အိပ်တာက ကျွန်တော့်ကို မျက်ရည်ကျစေတာပါ။"

ကမာ့ စကားကို ကြားသော် တင်တက်ရင် ၏ ဒေါသအားလုံးပျောက်ကွယ်သွားသည်။ ကမာ့ လက်ကို ဖယ်ကာ ညင်ညင်သာသာနမ်းပြီး နားနားကပ်ကာ တိုးတိုးပြောလိုက်သည်။

"ကိုယ် အရမ်းဝမ်းသာတယ် သိလား ကမာလေး။ မင်း ကိုယ့်ကို အခြားတစ်ယောက်နဲ့ သဝန်တိုတယ် ဆိုတာ ကိုယ့်ကို ချစ်လို့ပဲပေါ့။ ကမာလေးရယ်။ အစကတည်းက ရှင်းအောင်ပြောပါလားကွယ်။ မင်းကို နာကျင်စေတာတောင်းပန်ပါတယ်။ မော်ရင်က ဟာစန်ကို လက်ဆောင်ပေးခဲ့ပေမယ့် ကိုယ့် အိပ်ယာပေါ် သူ့ကို မတင်ခဲ့ပါဘူး။ မင်းကလွဲပြီး ကိုယ်ဘယ်သူ့ကို မှ မချစ်ခဲ့ဘူး။ ကဲ ကျေနပ်ပြီလား။ကိုယ် အချစ်နတ်သားလေး။"

မုန်တိုင်းများ၏ အရှင်သခင်
အပိုင်း (၃၈)-ပထမပိုင်း

ကမာသည် အကိုကြီး၏နူတ်မှ ပြောလာသည့် စကားကိုကြားသော် သူ့ရင်ခွင်ထဲ ခေါင်းတိုးကာ ရှိုက်ငိုမိပြန်သည်။ ဒီတစ်ခါတော့ ပျော်လို့ကျသည့် မျက်ရည်ပါ။
တင်တက်ရင်သည် ကမာ့ကို ညင်သာစွာနမ်းကာ ပြုံးရင်းမေးသည်။
"ကမာလေး ကိုယ့်ကို ချစ်သလား။"

"ဟုတ်ကဲ့။"

"ဘယ်လိုချစ်တာလဲ။"

ကမာ သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။ ကမာ့မျက်နှာက နီနေသည်။
"ချစ်သူလို။"

"တကယ်လား။ တကယ် ကိုယ့်ကို ချစ်သူလို ချစ်နိုင်င်္ပြိလား ကမာလေး။"

"ဟုတ်ကဲ့။"
ကမာ့ အဖြေကို ကြားသော် တင်တက်ရင် စကားမဆိုနိုုင်အောင်ပြုစားလိုက်ပြန်သည်။ ဒီတခါတော့ ငြိမ်းချမ်းရေး ချစ်သံစဉ်များ အခန်းထဲ ပျံ့လွင့်လို့နေသည်။

တင်တက်ရင်သည် ကမာ့ ပုခုံးသားဝင်းဝင်းလေးများကို ဖွဖွပွတ်ရင်းပြောလိုက်သည်။
"ချူးချူးကို ကိုယ် ပြည်နှင်ဒဏ်ခတ်လိုက်မယ် ကမာ။"

ကမာ စိတ်မကောင်းဖြစ်မိသည်။ တကယ်တော့ ချူးချူးအရမ်းငယ်သေးသည်.။ နယ်နှင်ဒဏ်ခတ် တာက သူမကို သေဒဏ်ချတာနှင့် ဘာမှ မထူးခြားပါ။ ကမာ သူမလေးကို နန်းတွင်းထဲမှာ ခေါ်ထား ချင်သည်။ သို့သော် ထိုသို့တောင်းဆိုလျှင် အကိုကြီး စိတ်ဆိုးမည်ကို သိသည်။ မလိုက်လျောနိုင်မည်ကို သိသည်။ ထို့ကြောင့် ကမာ ဘာမှ ထပ်မတောင်းဆိုပါ။

တင်တက်ရင်က ကမာ့မျက်နှာလေး ညှိုးသွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ကမာလေး။ ချူးချူးကို ဘယ်လိုလုပ်ချင်တာလဲ။"

ကမာမဖြေပါ။ တင်တက်ရင်က ကမာ့စိတ်ကို သိလိုက်သည်။သို့သော် ချူးချူးကို အနားခေါ် ထား တာ နောင်တချိန်တွင် ကမာ့ကို ထိခိုက်မည်ကို စိုးရိမ်ရသည်။ရန်စမီးက တခါတည်း ရှင်းပစ် တာအကောင်းဆုံးမဟုတ်လား။

"ကမာလေး။ ချူးချူးကို သွားတွေ့ချင်လား။"

"ဟုတ်ကဲ့။ အကိုကြီး ကျွန်တော် ချူးချူးကို ညီမလေးလိုပဲ ချစ်တာပါ။"

"ကိုယ်ယုံပါတယ်။ သွားတွေ့ပါ။"

ကမာ သူ့မျက်နှာထားကြောင့် ဆက်မတောင်းဆိုရဲတော့ပါ။ မတော်လို့ သတ်ခိုင်းလျှင် ဘယ်လိုလုပ်မလဲ။
ကမာ သူ့အဆောင်မှ ပြန်လာတော့ နေ့လည်ပင်ရောက်နေပြီ။ မိမိအဆောင်တွင် အဝတ်အစားလဲ နေစဉ် ဟေဇယ်တို့ အုပ်စု စာသင်နေရာမှပြန်လာခဲ့သည်။ ဟေဇယ်သည် နောင်တော် ကမာ့ကို တွေ့ သည်နှင့် အပြေးလေးလာဖက်သည်။ ကမာလည်းဖက်ထားကာ မေးလိုက်သည်။

"ဟေဇယ်လေး။ စာလိုက်နိုင်လား။ ကြိုးစားနော်။"

"ဟုတ်ကဲ့။ နောင်တော် မနက်အစောကြီး ဘယ်ထွက်သွားတာလဲ။ ကျွန်တော်နိုးလာတော့ နောင်တော့်ကို မတွေ့ရတော့ဘူး။"

"အိမ်ရှေ့မင်းသားဆီသွားနေတာပါ။ ကဲ ညီတော်လေး ဆာနေရောပေါ့။ နေ့လည်စာစား ရအောင်နော်။ နောင်တော် စောင့်နေတာ။ လာ အားလုံး အတူစားရအောင်။"

နှင်းမြို့တော်သား လူငယ်များက အပြိုင်ငြင်းလိုက်သည်။
"သခင်လေးနဲ့ အတူ မစားဝံ့ပါ ။"
ကမာ ဘယ်လိုခေါ်ခေါ် အတင်းငြင်းနေသောကြောင့် ကမာ လက်လျော့လိုက်ရသည်။ ဟေဇယ်နှင့် အတူစားရင်း ဟေဇယ်မေးသမျှကိုဖြေပေးနေသည်။

"နောင်တော် အိမ်ရှေ့မင်းက ကြောက်စရာကောင်းလားဟင်၊"

"အကိုလေးက သိပ်သဘောကောင်းတယ် ညီလေးရဲ့။ ဘာလို့မေးတာလဲ။"

"ညီတော်က အိမ်ရှေ့မင်းသားရဲ့ အပါးတော်မြဲလုပ်ချင်လို့ပါ။"

"ဘာစိတ်ကူးပေါက်လို့လဲ ဟေဇယ်လေးရဲ့။"

"နောင်တော်က မင်းကြီးရဲ့ အပါးတော်မြဲဆိုတော့ ညီတော်လည်း အိမ်ရှေ့မင်းရဲ့ အပါးတော်မြဲလုပ် ချင်လို့ပါ။"
ဟေဇယ်ပြောသည်ကို ကမာ ဘယ်လိုမှ မတွေးတတ်ခဲ့ပါ။ တကယ်လည်း သူလေး အလုပ်လုပ်ချင်သည် ဟု သာထင်ခဲ့သည်။ လောလောဆည် ကမာ့ ခေါင်းထဲတွင် ရှိနေသည်က ချူးချူးဖြစ်သည်။

"နောင်တော် ဘယ်သွားမလို့လဲ။ ညီတော် လိုက်ခဲ့ချင်တယ်။ "
ဟေဇယ် နောင်တော်ကို ပူဆာလိုက်သည်။ သို့သော် ကမာက ခေါင်းယမ်းကာ ဟေဇယ်ကို ထားရစ်ခဲ့သည်။

"ဟေဇယ် လိုက်လို့မရဘူးနော်။ နောင်တော် အရေးကြီးလုပ်စရာရှိလို့။နောက်ရက်မှ ကန်ထဲ လှေစီးထွက်ရင်း ညီတော့ကို ခေါ်သွားမယ်နော်။."

ဟေဇယ် သည် နောင်တော့် စကားကို နားထောင်ကာ အဆောင်တွင် ကျန်ရစ်ခဲ့သည်။ နောင်တော် ယခုတလော တစုံတစ်ခု ဖြစ်နေသည်ဟု သတိပြုမိသည်။ မင်းကြီးနှင့် ပြဿနာ တက်နေပုံ ရသည်။

ကမာသည် မင်းကြီးခွင့်ပြုချက်နှင့် မြေအောက်အကျဥ်းထောင်သို့ထွက်လာခဲ့သည်။ သံတံခါး အထပ်ထပ်ကို ဖြတ်သန်းပြီး လှေကားထစ်များစွာကို ဆင်းလာပြီးနောက် အေးစိမ့်သော မြေတိုက်ခန်း ထဲသို့ရောက်ခဲ့သည်။ မြေအောက်ထပ်ဖြစ်လို့ အောက်သိုးသိုးအနံ့များလှိုင်နေသည်။
ကမာကို ထောင်မှုးကိုယ်တိုင် ရိုသေစွာလိုက်ပို့ပေးသည်။အခန်းတစ်ခုသို့ရောက်သော် ထောင်မှုးထွက်သွားသည်။

"ဟေဇယ်..."

ကမာ့အသံကို ကြားသော် ဟေဇယ်သည် အပေါက်ဝကို ချာခနဲလှည့်ကြည့်လိုက်သည်။ သံတိုင်၏ အခြားတစ်ဖက်တွင် အကိုလေး ရပ်နေသည်ကို တွေ့သော် အိပ်မက်များလည်းဟု မျက်လုံးကို အထပ်ထပ်ပွတ်ကြည့်လိုက်မိသည်။

"ဟေဇယ်လေး။ အကိုလေး ကမာပါ။ ဟေဇယ်လေးကို အကိုလေး ရအောင်ကယ်ပေးမယ်နော်။"

ကမာ့ အသံကိုကြားရတော့ ဟေဇယ် ငိုရှိုက်ရင်း သံတိုင်နားတိုးကပ်လာခဲ့သည်။ သို့သော် ခြေထောက်မှ သံခြေကျင်းကြောင့် ဟေဇယ် ဟပ်ထိုးလဲကျသွားသည်။

"အကိုလေး...ဟီး...ဟီး...အကိုလေး။ ဟေဇယ့်ကို ကယ်ပါဦး။ ဟေဇယ် ဒီမှာ မနေချင်ဘူး။ အထိန်းတော်ကြီးကိုလည်း ကယ်ပေးပါဦး။"

ဟေဇယ့်အဖြစ်ကို တွေ့သော် ကမာ စိတ်တင်းမထားနိုင်တော့ပဲ ထောင်မှုးကို အော်ခေါ်လိုက်သည်။

"ထောင်မှုးကြီး ထောင်မှုးကြီး အခုချက်ချင်း သူ့ကို သံခြေကျင်းခတ်တာ လွှတ်ပေးပါ။"

"မင်းသားလေး။ မင်းကြီး အမိန့်နဲ့ပါ။ "

"အခု ချက်ချင်းလွှတ်ပေးပါ။ ကျူပ် မင်းကြီးကို သွားပြောမယ်။"

"ဟင့်အင်း အကိုလေး မသွားပါနဲ့၊ ဟေဇယ့်ကို ထားမသွားပါနဲ့။"

ဟေဇယ်က ကမာ ပြန်သွားမည်ဆိုတော့ အတင်းတောင်းပန်ကာ တားသည်။ ကမာ ပျောက်သွားမည်ကို သူမကြောက်နေမိသည်။
ကမာသည် ပိန်ချူံးနေသော သူမကို ကြည့်ကာ မျက်ရည်များပင်ကျလာခဲ့သည်။ ဒါကို ကြည့်ကာ စိတ်မကောင်းဖြစ်နေသူက တင်မော်ရင်ဖြစ်သည်။ တင်မော်ရင်က ထောင်မှုးကို အချက်ပေးလိုက်တော့ ထောင်မှုူးကတံခါးဖွင့်ကာ ခြေကျုင်းဖြုတ်ပေးသည်။ ခြေကျင်းစားထားသည့် အနာမှာ ယင်းလို့နေသည်။ ကမာသည် ဟေဇယ်ကို ကြင်နာစွာပွေ့ဖက်ကာ ငိုရင်းပြောသည်။.

"ဟေဇယ်လေးရယ်။ တောင်းပန်ပါတယ်။ မင်းဒီလို အဖမ်းခံရတာ အကိုလေး မသိခဲ့ဘူး။ အကိုလေးလည်း မနေ့ကမှ နန်းတော်ကို ပြန်ရောက်ခဲ့တာပါ။"

"အကိုလေး.အကိုလေး..."
ချူးချူးက ကမာ့ကို အတင်းဖက်ကာ ရင်ခွင်ထဲတိုးပြီး ငိုနေသောကြောင့် ကမာ စိတ်မကောင်းဖြစ်မိသည်။

"ကမာ. သူ့ကို လွှတ်ပေးလိုက်ပြီ။ သူ့ကို နယ်နှင်ဒဏ်ခတ်ဖို့ နောင်တော် အမိန့်ချလိုက်ပြီ။ ခေါ်ခဲ့လိုက်တော့။"
အကိုလေး၏ အသံကြောင့် ကမာ လှည့်ကြည့်ကာတောင်းပန်သည်။

"အကိုလေး။ သူ့မှာ ဒဏ်ရာတွေနဲ့ ချက်ချင်းပို့လို့မဖြစ်ဘူး။ ဆေးကုပေးပါရစေ။"

တင်မော်ရင် ခေါင်းယမ်းလိုက်သည်။

"မရဘူး ကမာ။ နောင်တော့်စိတ်ကို မင်းလည်း သိတာပဲ။ အခု သူ့ကို အကိုလာခေါ်တာ အဲ့အတွက်ကြောင့်ပဲ။ "

ကမာ စိတ်မကောင်းစွာဖြင့် အကိုလေးကို မော့ကြည့်ကာမေးလိုက်သည်။
"အကိုလေး အထိန်းတော်ကြီးကိုလည်း လွှတ်ပေးလိုက်လား။"

မော်ရင် ခေါင်းငြိမ့်လိုက်သည်။ မိမိလည်း စိတ်မကောင်းပါ။ တကယ်တော့ ချူးချူးက မိမိသူငယ်ချင်း တေးဟာခန်ရဲ့ သမီးလေးဖြစ်သည်။ ပြီးတော့ ဖိန်းဖိန်းရဲ့ တူမလေးဖြစ်သည်။ နောင်တာ်က ကမာ့အတွက် စိုးရိမ်လို့ နယ်နှင်ဒဏ် ခတ်လိုက်ခြင်းဖြစ်သည်။ နောင်တော်က ကျောက်မိန်နှင့် ပတ်သတ်ပြီး ချူးချူးက ကမာ့ကို အငြိုးနှင့် ပြန်ကလဲ့စားခြေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ကမာ ချူးချူးကို ပွေ့ချီကာ ထောင်အပြင်ကို ထွက်လာခဲ့သည်။ ချူးချူးက ငိုရင်းလိုက်ပါလာခဲ့သည်။ ချစ်သော အကိုလေး၏ ရင်ခွင်တွင် နောက်ဆုံးအဖြစ်ခိုဝင်ရခြင်းဖြစ်သည်ကို သိလိုက်ရလေပြီ။

"ဟင့်အင်း။ ဟေဇယ် အကိုလေးကို မခွဲနိုင်ဘူး။ မခွဲပါရစေနဲ့နော်။"

"မရဘူး။ ဟေဇယ် အကိုလေးကို ချစ်ရင် အကိုလေး ရဲ့ စကားကို နားထောင်ရမယ်နော်။ ဟေဇယ် အသက်ဆက်ရှင်၇မယ်။ ဒါဆို တနေ့ အကိုလေး ဟေဇယ့်ကို လာရှာမယ်။"

"ဟင့်အင်း။ မသွားချင်ဘူုး။"

"မသွားလို့ မရဘူး။ မင်းကို ဒီနန်းတော်မှာ လုံးဝမထားနိုင်ဘူး။ မင်းကောင်းကောင်းမသွားရင် အကိုလေး မင်းကို မုန်းလိုက်မယ် ဟေဇယ်။"

ချူးချူးသည် ကမာ့လေသံမာမာကြောင့် တအိအိနှင့်ငိုနေတော့သည်။ကမာ ကိုယ်တိုင် ငိုချင်သော် လည်း အတင်းအောင့်ထားလိုက်သည်။ ချူးချုးသာ မိမိမျက်ရည်ကို တွေ့လျှင် သွားမည် မဟုတ်တော့ ပေ။ အောင့်ထားရလို့ ကမာ့ရင်ဘတ်တခုလုံးနာကျင်လို့နေသည်။
ကမာသည် ချူးချူးနှင့်အထိန်းတော်ကြီးကို ရထားလုံးထဲ ထည့်လိုက်ကာ သေချာမှာကြားလိုက်သည်။

"အထိန်းတော်ကြီး ဟေဇယ်ကို သေချာစောင့်ရှောက်ပေးပါ။ ဟေဇယ် ကောင်းကောင်းအသက်ရှင်ပါ။ အကိုလေး ဟေဇယ့်ကိုလာရှာပါ့မယ်။"

ရထားလုံး မြို့က ထွက်သွားသည်ကို ကြည့်ရင်း ကမာ့ရင်ထဲ ပေါက်ကွဲလုမတတ်ငိုရှိုက်နေမိသည်။

ကမာစိတ်အေးခြင်းတစ်ဝက်။စိတ်ပူခြင်းတစ်ဝက်နှင့် မိမိအဆောင်ကိုပြန်လာခဲ့သည်။ အဆောင်ရောက်သော် ဘာမှ မလုပ်နိုင်ပဲ အိပ်ယာထက်တွင်လှဲလျောင်းနေမိသည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now