မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၅၁)

4.1K 261 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅၁)

"နောင်တော် ကမာ။ ကျွန်တော် ဒီတစ်သက် နောင်တော့ကိုပြန်မတွေ့ရတော့ဘူးလို့ ထင်နေတာ။"

"နောင်တော်လည်း ညီတော်နဲ့ ပြန်ဆုံခွင့်ရတာ အိပ်မက်လို့ထင်နေတုန်းပဲ ။ ဟေဇယ်..ညီလေး။"

ဟေဇယ်သည် နောင်တော်နှင့် လူခြင်းခွာပြီး နောင်တော့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောလိုက်သည်။
"နောင်တော် အရမ်းကို ချောလာတယ်။ အခုမွန်ဂိုမင်းကြီးက နောင်တော့်အတွက် နန်းသိမ်းခဲ့တယ် ဆို ဟုတ်သလားဟင်။"

ကမာသည် ဟေဇယ့်ကို အံ့သြစွာကြည့်ကာ
"ညီတော်လေး ဒါကို ဘယ်က ကြားလာတာလဲ။ မဟုတ်ပါဘူး။ အမတ်ချုပ်ကြီး နန်းသိမ်းတာကို အကိုကြီးက ပြန်တိုက်ယူခဲ့တာပါ။ "

"နောင်တော့်ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့ သတင်းကတော့ ပါရှားဘုရင့်နန်းတော်ကနေတောင် ကျွန်တော် ကြားခဲ့ရတယ် နောင်တော်။ လက်ရှိမွန်ဂို စစ်ဘုရင်ကြီးက နှင်းမြို့တော်သား တစ်ယောက်ကြောင့် မွန်ဂိုနန်းကို သိမ်းလိုက်တယ်လို့ကြားတော့ အဲ့ဒါနောင်တော်ရယ်လို့တော့ မသိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် မွန်ဂိုပြည်ကိုလာချင်လို့ ဘုရင်အမျက်တော်ရှအောင်လုပ်ခဲ့တယ်။ ပါရှားဘုရင်က ကျွန်တော့်ကို စိတ်ကုန်ပြီး မွန်ဂိုစစ်သံမှုးကို လက်ဆောင်ပေးရင်း ကျွန်တော်ဒီကို ရောက်လာခဲ့တယ် နောင်တော်။"

ကမာ သည် စကားပြောသွက်လက်ကာ ချက်ကျလက်ကျပြောတတ်လာသော ညီတော် ဟေဇယ်ကို ကြည့်ကာ မေးလိုက်သည်။

"ညီတော်လေး ပါရှားနန်းတော်ကို ဘယ်လိုရောက်သွားတာလဲ။"

"ကျွန်တော်တို့ကို တာတာတွေ ဖမ်းပြီး ပါရှားမှာရောင်းစားခဲ့တယ် နောင်တော်။ နောင်တော့်ကို ခေါ်သွားတဲ့ တာတာအဖွဲ့ ကမွန်ဂိုတပ်နဲ့ တိုးသွားခဲ့တယ်။ ကျွန်တော့်ကိုခေါ်သွားတဲ့ အဖွဲ့ပဲ လွတ်သွားတာပါ။ ပါရှားနန်းတော်က မင်းသားတစ်ပါးက ကျွန်တော့်ကို ၀ယ်ပြီး လေ့ကျင့်ပေးပြီး ပါရှားဘုရင်ဆီဆက်သခဲ့တယ် နောင်တော်။ ပါရှားနန်းတော်မှာ ကျွန်တော် ငါးနှစ်နေခဲ့ရတယ်။ အခုမှ နောင်တော့် အရိပ်မှာ အေးအေးချမ်းချမ်းနေရတော့မယ် နောင်တော်ကမာ။"

ကမာသည် ဟေဇယ့်ကို မေးလိုက်သည်။
"ဟေဇယ်က ပါရှားဘုရင်ရဲ့ လူပျိုတော်သားလား။"

ဟေဇယ် တခစ်ခစ်ရယ်မောလိုက်သည်။
"နောင်တော်ရယ်။ သူတို့က နတ်သားတွေလိုချောတဲ့ နှင်းမြို့တော်သားတွေကို အလှကြည့်ဖို့ ၀ယ်တာ မဟုတ်ဘူး။ကျွန်တော်က ပါရှားဘုရင်ရဲ့ ကိုယ်လုပ်တော်ဖြစ်ခဲ့တာပါ နောင်တော်။"

ကမာသည် ဟေဇယ်၏ စကားကြောင့် ကြက်သေသေသွားသည်။ မိမိညီလေး ဘယ်လို ဘ၀ကို ဖြတ်သန်းခဲ့ရပါလိမ့်ဟု တွေးနေမိစဉ် ဟေဇယ်က မထင်မှတ်သောစကားကို ပြောခဲ့သည်။

"မွန်ဂိုဘုရင်က နောင်တော့်ကို အရမ်းချစ်တာပဲနော်။ နောင်တော် အရမ်းကံကောင်းတယ်။ ဒီလို ကံကောင်းခြင်းတွေသာ ရမယ်ဆိုရင် ကျွန်တော် ဘာမဆိုပေးဝံ့ပါတယ်ဗျာ။"

"မွန်ဂိုဘုရင်က နောင်တော့်ကို အရမ်းချစ်တာပဲနော်။ နောင်တော် အရမ်းကံကောင်းတယ်။ ဒီလို ကံကောင်းခြင်းတွေသာ ရမယ်ဆိုရင် ကျွန်တော် ဘာမဆိုပေးဝံ့ပါတယ်ဗျာ။"

ကမာသည် ဟေဇယ့်မျက်နှာကို ဖြတ်ခနဲကြည့်လိုက်မိစဉ် ဟေဇယ်က ရယ်သွေးသွမ်းကာ ပြောလိုက် သည်။
"စိတ်ချပါ။ ညီတော်က နောင်တော့်ချစ်သူကို မလုပါဘူး။ ညီတော် စိတ်ထဲရှိတဲ့အတိုင်းပြောလိုက် တာပါ။"

"ညီတော်။ မင်း ဘာတွေပြောနေတာလဲ။ နောင်တော်ရဲ့ အနေအထားကို နောင်တော် ဂုဏ်ယူနေ မယ်ထင်လို့လား။ ညီတော် ဘာကြောင့် ယောကျာ်းတစ်ယောက်ရဲ့ ချစ်သူနေရာကို ရချင်တာလဲ။ နောင်တော် အကိုကြီးကို ဘယ်လို လိုက်လျောနေရတယ်ဆိုတာကို ညီတော်လည်းသိလျက်နဲ့ကွာ"

ဟေဇယ် ကမာ့ကို စိုက်ကြည့်ကာဖြေလိုက်သည်။
"သိတာပေါ့ နောင်တော်။နောင်တော်က အချစ်စစ်နဲ့အချစ်ခံရတာကို ရှက်ရွံ့နေတဲ့အချိန် ကျွန်တော် ကယောက်ျားတစ်ယောက်ကို အချစ်အတွက်မဟုတ်ပဲ လိင်စိတ်သာယာမှု အပြည့်ပေးနိုင်ဖို့ ဘယ်လိုပြုစုလုပ်ကျွေးရမယ်ဆိုတာကို လေ့ကျင့်သင်ကြားခံ၇တယ် နောင်တော်။"

ကမာသည် ဟေဇယ့် နူတ်ခမ်းလေးကို လက်နှင့်ပိတ်လိုက်ကာပြောလိုက်သည်။

"တော်ပါတော့ ညီတော် ဟေဇယ်ရယ်။ညီတော် ဒါတွေကိုမေ့လိုက်ပါ။အခုညီတော်က ဒီမွန်ဂို နန်းတွင်းမှာ ဘယ်သူ့ကိုမှ ခစားပြီး ဖျော်ဖြေစရာမလိုဘူး။ ညီတော်က နောင်တော့် ရဲ့ ညီပါ။ အကိုကြီးကိုယ်တိုင်က ညီတော်တို့တစ်တွေကို နောင်တော့်အနားမှာထားခိုင်းလိုက်ပြီ။ စိတ်ချ တော့နော်။"

ဟေဇယ်သည် နောင်တော်ကမာကို ဖက်ကာ ပြောလိုက်သည်။
"နောင်တော်နဲ့ အတူနေခွင့်ရလို့ ကျွန်တော် အရမ်းဝမ်းသာတယ် သိလား။ ကျွန်တော်နောင်တော်နဲ့ အတူ အိပ်လို့ရလား။"
ကမာ ခေါင်းကို အသာယမ်းလိုက်သည်။
"ဒါတော့ မရဘူး ညီတော်။ တခါတလေ မင်းကြီးက နောင်တော့်ဆီကို လာတယ်။ ညီတော့် အတွက် အခန်းသီးသန့်စီစဉ်ပေးပါ့မယ်။ "

"ဒါဆို နောင်တော် ညီတော်နဲ့ လာအိပ်ပေးပါလား။ညီတော် တစ်ယောက်တည်းမအိပ်ချင် လို့ပါ။ ဟိုး အရင်တုန်းကလို နောင်တော်နဲ့ အတူအိပ်ချင်တယ်။"

ကမာ သည် ဟေဇယ့်ပြောပုံလေးကို သနားသွားပြီး အတူအိပ်ရန် ကတိပေးလိုက်သည်။ ဟေဇယ် ပြောသည်ကို သဘောရိုးဟုသာ ကမာ ထင်ခဲ့မိသည်။ သို့သော် ဟေဇယ်သည် ပါရှားနန်းတော်တွင် ပညာစုံခဲ့လေပြီ။ နေရာတစ်ခုကိုရောက်လျှင် အာဏာအရှိဆုံးလူ၏ ဦးပေးခြင်းကို မက်ရကောင်းမှန်း သိခဲ့လေပြီ။

ဟေဇယ်သည် နောင်ကမာ၏ နန်းဆောင်ကို ငေးမောကြည့်ရင်း ပါရှားဘုရင်ပင် နောင်တော်လောက် အကောင်းစားများသုံး၇မည်မထင်ဟု တွေးလိုက်မိသည်။ အသုံးအဆောင်များကို ရွှေများဖြင့်ပြုလုပ် ထားပြီး ပါရှားကော်ဇောများကို ခန်းလုံးပြည့်ခင်းထားသည်။ ပိုးခန်းဆီးများ၊ ရတနာစီခြယ်လှထား သော အလှဆင်ပစ္စည်းများမှာ တန်ဖိုးမဖြတ်နိုင်မှန်းသိသာသည်။
ဟေဇယ်သည် နောင်တော့်ကိုချစ်သည်။ ကျွန်ဘ၀ဖြင့် အခက်အခဲများစွာကို ကျော်လွှားလာပြီး ယခုလို မွန်ဂိုဘုရင်၏ ချစ်ခြင်းကို အပြည့်ရထားသော နောင့်တော့်ဘေးကို ပြန်ရောက်လာရသဖြင့် မိုးနတ်မင်းကို ကျေးဇူးတင်မိသည်။ မိမိတို့ ဘ၀အေးချမ်းပြီကို နားလည်လိုက်သည်။

ထိုနေ့ည နောင်တော့် ရင်ခွင်ထဲတွင် ကလေးလေးတစ်ယောက်လို တိုးဝင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်သွားတော့သည်။
ဟေဇယ်အိပ်ပျော်သော်လည်း အိပ်မပျော်နိုင်သူက ကမာဖြစ်သည်။ မိမိတောင်းပန်ထားသော်လည်း အကိုကြီး ချူးချူးကို အလွတ်ပေးပါ့မလားဟုတွေးပူ နေမိသည်။ ထို့ကြောင့် မနက်မိုးလင်းတော့ ကမာ အိမ်ရှေ့မင်းစံအိမ်သို့အမြန်ထွက်လာခဲ့သည်။
စံအိမ်တော်တွင် အသင့်စောင့်နေသူက မထင်မှတ်ထားသောသူတစ်ယောက်ဖြစ်သည်။

"အကိုကြီး။"
ကမာ မထင်မှတ်ထားသောသူကို တွေ့လိုက်ရသောကြောင့် ဘာပြောရမှန်းမသိဖြစ်သွားသည်။
တင်တက်ရင်သည် ကမာ့ကို စိုက်ကြည့်ကာမေးလိုက်သည်။
"ဘယ်သူ့ကို လာရှာတာလဲ ကမာလေး။"
ကမာ လိမ်လည်းမပြောချင်တော့ပေ။ လိမ်လို့လည်းမရတော့ပေ။ သူက သိလို့ အသင့်လာစောင့်နေပြီ မဟုတ်လား။

"ကျွန်တော် ချူးချူးကို အကြောင်းကို အကိုလေးဆီလာမေးတာပါ အကိုကြီး။"

တင်တက်ရင် တည်ငြိမ်စွာပင် ကမာ့ကို စိုက်ကြည့်နေမိစဉ် တင်မော်ရင် ရောက်လာသည်။ မနက်စောစောစီးစီး မိမိစံအိမ်သို့ အကိုကြီးရောက်လာပြီး မေးလည်း မျက်မှောင်ကြုတ်ကာ ဘာမှ မဖြေပဲနေသည်။ မကြာခင် ကမာရောက်လာတော့မှ တင်မော်ရင် နားလည်တော့သည်။

"ကဲ နှစ်ယောက်လုံး အိမ်တော်ထဲ ၀င်ထိုင်ကြပါဦး။ နောင်တော်က ဘယ်လိုဖြစ်နေတာလဲ။ "

တင်တက်ရင် ဘာမှ မပြောပ အိမ်တော်ထဲဝင်သွားတော့သည်။ ကမာသည် အကိုကြီးနောက်ကို တန်းခနဲ လိုက်ခဲ့သည်။ ခုံပေါ်တွင် ဘာမှ မပြောပဲ ထိုင်နေသော အကိုကြီးနားကို ကပ်ကာ ပြောလိုက်သည်။

"အကိုကြီး ကျွန်တော် ချူးချူးအကြောင်း သိချင်လို့ပါ။ သူဒီမှာရှိသေးလား။"

"ဘယ်ရှိမလဲ။ သူ ဘယ်သူဆိုတာ သိပြီး ကျူပ်က ဘာလို့ အလှကြည့်နေမှာလဲ။ သူ့ကို ကျွန်ဈေးပို့ပြီးရောင်းခိုင်းလိုက်ပြီ။"

တင်တက်ရင်၏ စကားကိုကြားသော် ကမာ ကြက်သေသေသွားသည်။ ရုတ်တရက် စကားမဆို နိုင်အောင်ဖြစ်သွားသည်။. အကိုကြီး မလိမ်တတ်မှန်းမိမိအသိဆုံးပါ။ ထို့ကြောင့် ကမာ တုန်ယင်စွာ ဖြင့် မျက်နှာကို လက်နှင့်အုပ်လိုက်မိသည်။
တင်တက်ရင်သည် ကမာ၏ ပုံစံကို တွေ့တော့ ဒေါသ ထောင်းခနဲ ဖြစ်သွားသည်။ ဘာလဲ ။ မိမိ၏ လုပ်ရပ်ကို ကမာက ဘယ်လိုတုန့်ပြန်သလဲ။ တင်တက်ရင်သည် ကမာ့လက်ကိုဆွဲခွါကာ ပြောလိုက်သည်။

"မင်းအတွက် သူက အဲ့လောက် တန်ဖိုးရှိသလား။ဒါဆို ကျူပ်က မင်းအတွက်ဘာလဲ။"

ကမာသည် အမေးကို မဖြေပဲ အကိုကြီး၏ လက်ကို ပုတ်ထုတ်ကာ ပြောလိုက်သည်။
"အကိုကြီး တကယ်ပဲ ချူးချူးကို ကျွန်အဖြစ်ရောင်းခိုင်းလိုက်ပြီလား။"

"ဟုတ်တယ်။ "
တင်တက်ရင် အေးစက်စွာဖြေလိုက်သည်။ တင်မော်ရင်က ချစ်သူနှစ်ယောက်ကြား မ၀င်ချင်သောကြောင့် အခန်းထဲပင်လိုက်ဝင်မလာခဲ့ပေ။

ကမာသည် ချူးချူးအဖြစ်ကို တွေးကာ စိတ်မကောင်းခြင်းကြီးစွားဖြင့် နာကျင်လာသည်။ မင်းကြိး တေးဟာခန်ကို မိမိ ကျေးဇူးဆပ်ချင်လို့ ကယ်ထားသည်ကို အကိုကြီးက ဘာကြောင့် မယုံကြည်တာလဲ ဟု တွေးကာ ကမာ ရင်နာလာသည်။ အကိုကြီးက မိမိကို ဘာလို့ မယုံကြည်ရ တာလဲ။ မိမိ အခြားမိန်းကလေး၊ ယောက်ျားလေးကို ချစ်သွားလိမ့်မည်ဟု သူဘာလို့ ထင်ရတာလဲ ဟုတွေးကာ ရင်ထဲ နာကျင်လာခဲ့သည်။ မိမိကတော့ ယောက်ျားတစ်ယောက်အဖြစ်ကို မေ့ကာ သူ့အလိုကို ဖြည့်ဆည်းပေးခဲ့သည်။ သူ့ကို ဘယ်တုန်းကမှ အငြိုငြင်ခဲ့ဖူးပေ။

"အကိုကြီး ရက်စက်တယ်။ "

ထိုစကားတစ်ခွန်းသာ ပြောပြီး ကမာ ခေါင်းငိုက်စိုက်ကျသွားသည်။ မျက်ရည်များက ပါပြင်ကို ဖြတ်ကာ ကြမ်းပြင်ပေါ် တစက်စက်ကျနေသည်။ တင်တက်ရင်သည် ကမာ့မျက်ရည်ကို တွေ့သော အခါ ဒေါသထွက်သည်ထက် ထွက်လာခဲ့ပြီး စားပွဲပေါ်မှ ပန်းအိုးများကိုတွန်းလှဲလိုက်သည်။ အခန်းထဲတွင် ၀ုန်းဒိုင်းကြဲသွားသော်လည်း ကမာ မတုန်လှုပ်ပေ။ တင်တက်ရင်သည် အခန်းလုံးကို ဖျက်ဆီးပြီး ပြောလိုက်သည်။

"အေး ရက်စက်တယ် ဆိုတာ မင်းအခုမှ သိသလားကမာ။ မင်းပြောသလို ရက်စက်တယ်ဆိုတာ ဘယ်လိုလဲဆိုတာ မင်းသိအောင်ပြရသေးတာပေါ့။"

တင်တက်ရင် ဒေါသတကြီးနှင့် အပြင်ထွက်သွားတော့ ကမာ ငိုပြီးကျန်ရစ်ခဲ့သည်။ အကိုကြီး မရှိတော့မှ တင်မော်ရင် အခန်းထဲကို ၀င်လာခဲ့သည်။

"ညီလေး အကိုကြီးပြောတာကို တကယ်မှတ်နေတာလား။။ သူက မင်း ချူးချူးကို ပိုကရုစိုက်လို့ ဒေါသထွက်ပြီး တမင်ပြောလိုက်တာပါ။"

အကိုလေး၏ စကားကြောင့် ကမာ ချက်ချင်းမျက်ရည်တိတ်သွားတော့သည်။ အကိုလေးကို အားကိုးတကြီးမေးလိုက်သည်။
"ချူးချူးဘယ်မှာလဲ အကိုလေး။ သူ့ကို ဘယ်မှာ ဖမ်းထားတာလဲ။"

"မြေအောက်အကျဉ်းထောင်မှာပေါ့။ သူ့အထိန်းတော်လည်းပါတယ်။ မင်း ဘာကြောင့် အကိုလေး ကိုမတိုင်ပင်ပဲ လျှောက်လုပ်ရတာလဲ။ အကိုကြီးက မင်းနဲ့ ချူးချူးကို အထင်လွဲသွားပြီ။ အကိုကြီး ဒေါသကြီးတာကို သိလျက်သားနဲ့။ မင်း ဘာလို့ အကိုကြီးကို နားမလည်ရတာလဲ ကမာလေး။ အကိုကြီးက မင်းကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်ဘူးဆိုတာ မင်းဘာလို့ မယုံရတာလဲ။ ချူးချူးကို သတ်လိုက်ရင် မင်းသူ့ကိုမုန်းမယ်ဆိုတာ သိလို့ သူဘာမှ မလုပ်သေးပဲ ချူပ်ထား သေးတယ်။"

အကိုလေး၏ စကားကြောင့် ကမာဝမ်းသာသွားသည်။
"တကယ်လား အကိုလေး။ "

"အင်းပေါ့။ မင်းက နောင်တော့် စိတ်ကို အခုထိ မသိသေးဘူးလား ကမာလေး။ အခုမှ နောင်တော် တကယ်ဒေါသထွက်ပြီး ချူးချူးကိုသွားသတ်ရင် မသိတော့ဘူးနော်။ အခု ချက်ချင်း နောင်တော့်ကို လိုက်တောင်းပန်ချည်။"

အကိုလေး ပြောမှ ကမာ ကပျာကယာထကာ အခန်းအပြင်ကို ပြေးထွက်သွားသည်။ ပြီးမှ ပြန်ဝင်လာ ပြီး တင်မော်ရင်ကို ဖက်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကိုလေး။ ကျွန်တော် သွားပြီနော်။"

ကမာပြောပြီး အခန်းထဲမှ ယုန်ကလေးလို လှစ်ခနဲ ပြေးထွက်သွားတော့သည်။ တင်မော်ရင်သည် အချစ်သည်းသော နောင်တော်နှင့် တုံးအသော ကမာတို့ နှစ်ယောက်ကို ကြည့်ကာ ခေါင်းယမ်းကာ ကျန်ရစ်ခဲ့သည်။

"မောင်တော်...မင်းကြီးက ချူးချူုးကို အသက်ချမ်းသာပေးပါ့မလားဟင်"

ဖိန်းဖိန်းက အခန်းထဲ ၀င်လာပြီးမေးလိုက်သည်။ သူမသည်လည်း တူမလေးကို ကယ်တင်ချင်သည်။ တင်မော်ရင်ကို တငိုငို တရီရီနှင့် တောင်းဆိုနေသည်မှာကြာပြီ။ ချူးချူးကို တင်မော်ရင် အသက်ချမ်းသာခွင့်ပေးရန် တောင်းဆိုသည်ထက် ကမာ တောင်းဆိုလျှင်ပိုရနိုင်သည်မို့ တင်မော်ရင် က စိတ်ရှည်စွာစောင့်နေခဲ့သည်။ နောင်တော်က ကွပ်မျက်ခိုင်းသောအခါ ကမာနှင့် ကိုင်ပေါက်ကာ တားထားရသည်။ ကမာစိတ်နာသွားမည်ကိုတော့ နောင်တော် တကယ်ကြောက်သည်။ ထို့ကြောင့် ချူးချူးကို ထောင်ချထားသည်ကလွဲရင် ဘာမှ မလုပ်ပေ။

ကမာသည် မင်းကြီးအဆောင်ကို တခါတည်းတန်းလာခဲ့သည်။ အဆောင်ထဲတွင် အကိုကြီး မရှိပေ။ အတွင်းဝန်ကိုမေးတော့ ရေချိုးဆောင်ထဲသွားသည်ဆိုတော့ လိုက်လာခဲ့သည်။ ရေကန်ထဲတွင် အကိုကြီး ကန်ပေါင်ကို မှီကာ မျက်လုံးမှိတ်ထားသဖြင့် ကမာ သူ့ပုခုံးများကို အသာနှိပ်ပေး လိုက်သည်။

"ဟာစန် အချစ်လေး..ကိုယ်တော့်ရင်ခွင်ထဲကို လာခဲ့။ ကိုယ်တော် အရမ်းတင်းနေတာ ဖြေလျှော့ပေးပါဦး။"

ကမာ မိမိနားကို မယုံနိုင်အောင်ဖြစ်သွားသည်။ အကိုကြီး ၏ နူတ်မှ မိမိနာမည်အပြင် သူစိမ်း ကောင်လေး နာမည်ကို ထုတ်ဖော်ပြောလာသောခါ ကမာ စိတ်တိုသွားသလို အံ့အားသင့်သွားသည်။
ကမာစိတ်ဆိုးပြီး သူ့နားမှလှည့်ထွက်သွားတော့ သူက လက်ကိုဆောင့်ဆွဲလိုက်သဖြင့် ရေကန်ထဲ ကမာ ပြုတ်ကျသွားသည်။ သူ့ရင်ခွင်တွင် ချုပ်မိပြီး သူ၏ မွတ်သိပ်သော အနမ်းတချို့ကို ရလိုက်သည်။ ကမာ ရုန်းသည်။ သို့သော သူက အတင်းပင် နမ်းရင်းမေးသည်။

"ကမာလေး။ မျက်နှာကဘာဖြစ်သွားတာလဲ။ ပြောပါဦး။"

"ဘာမှ မဖြစ်ဘူး။ အကိုကြီး လွှတ်ပါ။ ကျွန်တော် သွားပါရစေ။ "

ကမာ ခံပြင်းစွာပြောသည်။ အကိုကြီးကို မျက်နှာမကြည့်ချင်အောင်ဖြစ်မိသည်။ ဘာကြောင့်မှန်း မသိ ဒေါသထွက်နေမိသည်။ အကိုကြီးက လွှတ်မပေးပဲ နူတ်ခမ်းလေးကို ဇွတတင်းတုပ်နှောင်လိုက်သည်။ ကမာ စိတ်တိုတိုနှင့် သူ့နူတ်ခမ်းကို ကိုက်လိုက်သည်။ သူက လွှတ်မပေးပဲ ဇွတ်ပင် ကမာ့ အ၀တ်များ ကို ဆွဲချွတ်နေသည်။ ကမာ ငိုချင်လာသည်။ အကိုကြီး၏ လက်များကို အတင်းဆွဲဖယ်ရင်းပြော လိုက်သည်။

"အကိုကြီး ကျွန်တော် မကြိုက်ဘူး။လွှတ်နော်။"
ကမာ ပြောရင်း ငိုသံပါလာသဖြင့် တင်တက်ရင် လှုပ်ရှားမှုကို ဗြုန်းခနဲ ရပ်လိုက်သည်။သို့သော် ကမာ့ ခါးလေးကို ဖက်ကာ လည်တိုင်များကိုနမ်းရင်းမေးလိုက်သည်။
"ကမာလေး။ ဘာလို့ စိတ်ဆိုးနေတာလဲ။"

"မင်းကြီးကို စိတ်မဆိုးဝံ့ပါဘူး။ ကျွန်တော်မျိုးက အရှင့်ကိုယ်လုပ်တော်ပဲ။ အရှင် ဘာလုပ်လုပ် သည်းခံရမှာပဲလေ။"
ကမာ ပြောရင်း မျက်ရည်က ၀ဲလာသည်။ ရင်ထဲက ဘာကြောင့်မှန်းမသိပဲ နာကျင်လာသည်။ အကိုကြီး တကယ်ပဲ အချစ်တော် တစ်ယောက်ရသွားပြီလားဟုတွေးကာ စိတ်ညစ်နေမိသည်။

"ဟေး...ကိုယ့်ကို မင်းကြီးတွေ ဘာတွေ ခေါ်လို့ပါလား။ ကမာလေး ပြောစမ်း။ ဘယ်သူက ကမာ့ကို စိတ်ညစ်အောင်လုပ်တာလဲ။"

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now