
Start from the beginning
                                    

================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၇)

ကမာသည် ဟေဇယ်ထွက်သွားတော့ အထိန်းတော်ကြီးကို မေးသည်။
"ဟေဇယ့် အခြေအနေဘယ်လိုလဲ။"

"သူ သခင်လေးကို အရမ်းခင်တွယ်နေတာကို စိုးရိမ်မိပါတယ် သခင်လေး။"

ကမာ ခေါင်းငြိမ့်လိုက်သည်။ အထိန်းတော်ကြီးကို မှာလိုက်သည်။

"သူ့ကို ကျွန်တေ်ာ နေ့ခင်းပိုင်း စစ်တပ်လေ့ကျင့်ကွင်းမှာ သွားကျင့်ခိုင်းတော့မယ်။ သူ့ကို သေချာ သင်ကြားထားပေးပါ။ ဆေးတွေကို သေချာတိုက်ထားပေးပါ။ ကိုယ်လက်ကြံ့ခိုင်မှုကို သေချာကရုစိုက်ပါ။"

အထိန်းတော်ကြီးက ကမာကို ကျေးဇူးတင်စွာကြည့်ကာ တီးတိုးပြောသည်။

"သူ့ဘဝမှန်ကို ပြန်ပေးလို့မရတော့ဘူးလား သခင်လေး။"

ကမာ သက်ပြင်းရှိုက်လိုက်မိသည်။ ခေါင်းကို အသာယမ်းကာ
"အခုတော့ လုံးဝပေးလို့မရသေးဘူး။ကျွန်တော် ကြိုးစားပါ့မယ်။ ဒါနဲ့ ဒါလေး။ ဟေဇယ့်ကို ပေးလိုက်ပါ။ ခရီးထွက်တုန်း လှလို့ ဟေဇယ့်အတွက် ဝယ်လာတာ။ "

ကမာသည် လှပသော ကျောက်စိမ်းဆံထိုးလေးကို ကမ်းပေးလိုက်သည်။ တကယ်တော့ ကမာ ကိုယ်တိုင် ဟေဇယ်ကို ပေးချင်ပါသည်။ သို့သော် အစစအရာရာ သတိထားရမည်မဟုတ်လား။ ကမာ အထုပ်တစ်ထုပ်ကို ကမ်းပေးကာ ပြောလိုက်သည်။
"အဲ့ဒီထဲက လက်ဆောင်တွေကို အိမ်တော် ဝန်ထမ်းတွေကို အထိန်းတော်ကြီးကြည့်ပြီး ဝေပေးလိုက်ပါ။ အထိန်းတော်ကြီးအတွက်လည်း ပါတယ်။"

အထိန်းတော်ကြီးထွက်သွားတော့ ကမာ ရေချိုးကာ တရေးအိပ်လိုက်သည်။ တကယ်တော့ အကိုကြီးနှင့်အတူအိပ်စဉ် ကမာ ယောင်မိမည်စိုးလို့ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာ ကြာလေပြီ။ ခဏတွင်း ကမာ အိပ်ပျော်သွားတော့သည်။

တင်တက်ရင်သည် ကိုယ်ရံတော် ပြောသည့် စကားကို ကြားသော် မျက်မှောင်ကုတ်သွားသည်။ ကမာက ကောင်လေးကို တကယ့်ညီတစ်ယောက်လိုထားပါလား။ တကယ်ပဲ သူ့ညီလေးလားဟု သိချင်လို့ နောက်တနေ့ တင်တက်ရင်ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"မင်းကြီး။ အိမ်ရှေ့စံ တွေ့ခွင့်တောင်းနေပါတယ်။"

"ဝင်ခိုင်းလိုက်။"

တင်မော်ရင် အဆောင်ထဲ ဝင်လာသောအခါ နောင်တော်ကြီးကို တချက်ကြည့်ကာ မေးလိုက်သည်။
"ကမာ ဘာဖြစ်လို့လဲ နောင်တော်။"

တခါတည်း ရိပ်မိကာ တန်းမေးလိုက်သည်။ ကမာအတွက်ကလွဲလျှင် မည်သူကမှ နောင်တော်ကို စိုးရိမ်စိတ်ဝင်အောင် မလုပ်နိုင်ပေ။

"သူ ကောင်လေး တစ်ယောက်ကို မွေးစားထားတယ်။ နာမည်က ဟေဇယ်တဲ့။"

"ဟေဇယ်...အဲ့ဒါ ကမာ့ ညီဝမ်းကွဲနာမည် မဟုတ်လား။"

"ဟုတ်တယ်။ ညီအစစ်ဟုတ်မဟုတ် မသေချာဘူး။ မနက်ဖြန် နောင်တော် သွားတွေ့မလို့။"

"နောင်တော် မသွားပါနဲ့။ ကမာ လန့်သွားပါ့မယ်။ ကျွန်တော် သွားလိုက်ပါ့မယ်။ မစိုးရိမ်ပါနဲ့ နောင်တော်ရယ်။ ကမာက နောင်တော့်ကလွဲပြီး ဘယ်သူ့ကို မှ မချစ်ပါဘူး။"
"လူ့စိတ်ကို မင်းစိတ်ချရဲလို့လား။"

"နောင်တော်ကြီးရယ်။ ကမာ့ကို နောင်တော် ပိုင်ဆိုင်ထားပြီပဲ။သူကလည်း နောင်တော့်ကို အရမ်းချစ်တာ ညီတော် အသိဆုံးပါ။ "

တင်မော်ရင်သည် နောင်တော့်စိုးရိမ်စိတ်ကိုဖြေလျှော့ပေးလိုက်သည်။ တင်တက်ရင်သက်ပြင်းရှိုက် မိလိုက်သည်။ မော်ရင်ပြောသလို ကမာ မိမိကို ချစ်သည်ကို ပြန်တွေးမိတော့ နည်းနည်းတော့ စိတ်အေးသွားသည်။

"နောင်တော်... နောက် ၁၀ ရက်ဆိုရင် ဂိုယိုပြည်က သံတမန်တွေရောက်လာပါ့မယ်။"

တင်တက်ရင် ညီဖြစ်သူကို စိုက်ကြည့်ပြီးမေးလိုက်သည်။
"ဘာထူးခြားနေလို့လဲ။"

"သူတို့ပို့ထားတဲ့ မင်းသမီးနဲ့ နောင်တော်ကြီးတစ်ခါမှ သွားမအိပ်တဲ့သတင်းကို ရသွားလို့ ဘာပြီး မေးမြန်းတဲ့သဘောပါ နောင်တော်။"

တက်တက်ရင်၏ မျက်မှောင်ကြုတ်လိုက်သောအခါ ကျားကြီးမာန်ဖီသည့် ပုံပြန်ပေါ်လာခဲ့သည်။

"အဲ့ဒါ သူတို့နဲ့ ဘာဆိုင်သလဲ၊ ငါ့ မိဖုရားဖြစ်သွားရင်ပြီးရော မဟုတ်လား။ အိပ်တာ မအိပ်တာ သူတို့ဘာပူစရာလိုလို့လဲ။ "

"နောင်တော်။ သူတို့က နန်းဆက်သွေးအတွက်လည်း စဉ်းစားထားပုံရတယ်။"

"စိတ်မဝင်စားဘူး။ မင်းကြည့်လုပ်လိုက်။ ငါ့ ဘယ်မိဖုရားနဲ့မှ အိပ်မှာမဟုတ်ဘူး။ ဒါတွေက အစဉ် အလာအရ မိဖုရားမြှောက်ရမယ်ဆိုလို့သာ မြှောက်ထားတာ။ သူတို့ ကလေးမွေးချင်ရင် နည်းရှာပြီး မွေးခိုင်းလိုက်။"

တင်မော်ရင် စိတ်လည်းညစ်သွားသည်။ ရယ်လည်းရယ်ချင်သွားသည်။ အကိုကြီးရှေ့ဖြစ်လို့ ရယ်ချင် စိတ်ကို အောင့်ထားရသည်။ လောလောဆည် နောင်တော်က ကမာ့ကိုသာ စိတ်စွဲနေသည် မဟုတ်လား။ တင်မော်ရင် သက်ပြင်းချကာ နောင်တော့်ကို ကတိပေးလိုက်သည်။

"ညီတော် ဖြေရှင်းလိုက်ပါ့မယ်။ မနက်ဖြန် ညီတော် ကမာ့ဆီသွားလိုက်ပါ့မယ်။ နောင်တော် သူ့ဆီ မသွားနဲ့နော်။"

"အေး။"
တင်တက်ရင် ပြန်ဖြေလိုက်သည်။ သို့သော် စိတ်က သွားကြည့်ချင်တာ အောင့်ထားရသည်။

ကမာသည် ဟေဇယ်နှင့် အတူ လေ့ကျင့်နေစဉ် အကိုလေး ရောက်ချလာသည်။ တင်မော်ရင်သည် ကမာနှင့်အတူ ဓါးရေးလေ့ကျင့်နေသည့် ကောင်လေးကို ကြည့်ကာစိတ်ထဲထင့်သွားသည်။ ဒီကောင်လေး ပုံကို မိမိရင်းနှီးနေသလို ခံစားရသည်။ သေချာကြည့်တော့လည်း သူ့မျက်နှာကို မိမိမသိပေ။

"အကိုလေး...စောစောစီးစီး ဘယ်ကလှည့်လာတာလဲ။"

ကမာ လန့်သွားသော်လည်း ဟန်မပျက်နူတ်ဆက်ကာ မေးလိုက်သည်။ ဟေဇယ်နှင့် ကျန်ရဲမတ်များက ဒူးတုပ်ကာ အိမ်ရှေ့မင်းကိုအရိုအသေပြုကြသည်။

"အိမ်ရှေ့မင်းကို ဂါရဝပြုပါတယ်။"

"ရတယ်။ ထတော့။ နန်းတော်ထဲမဟုတ်ရင် ဒါတွေ မလိုဘူးလို့ပြောထားရဲ့နဲ့ကွာ။"
တင်မော်ရင်ပြောရင်း ဟေဇယ်ကို အကဲခတ်လိုက်သည်။

"ကမာနဲ့ အတူ မနက်စာစားချင်လို့လာခဲ့တာ။ ဘယ်လိုလဲ။ ခရီးသွားရတာ ပျော်လား။"

ကမာသည် အကိုလေးနှင့်အတူ နားနေဆောင်ဘက်ကိုထွက်လာခဲ့သည်။ အကိုလေးကို ဟေဇယ်နှင့် ဝေးရာသို့ မသိမသာခေါ်ထုတ်လာခြင်းဖြစ်သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၅)-ဒုတိယပိုင်း
"ဟုတ်ကဲ့ ။ ပျော်စရာကောင်းပါတယ် အကိုလေး။ အကိုကြီး တာဝန်တွေတော့ မလွယ်ဘူးနော်။ အခုလည်း နယ်စားတွေက သမီးကညာ ဆက်သလိုက်သေးတယ်။ နောက်ရက် မိဖုရားမြှောက် ရမှာလေ။"

"အေး။ မင်းပြောမှ သတိရတယ်။ နောင်တော်ကြီးက မိဖုရားမြှောက်ပြီး လက်ဖျားနဲ့တောင် မထိတော့ ကြာရင် မကောင်းဘူးနော်။ အခုတောင် ဂိုယိုပြည်က မိဖုရားနဲ့ အကိုကြီး မအိပ်တာ သိသွားလို့ လာစုံစမ်းကြတော့မယ်။"

ကမာ ဘာမှ မပြောပဲ နေလိုက်သည်။ အကိုလေး ဘာကို ဆိုလိုချင်တာလဲ။
"ကျွန်တော် အကိုကြီးကို ပြောပေးရမှာလား"

တင်မော်ရင်က တချက်ရယ်ကာ ပြောလိုက်သည်။

"အေး။ ကမာ တိုက်တွန်းရင် ရမယ်ထင်တယ်။ အနည်းဆုံး မိဖုရားတွေနဲ့အိပ်ဖို့ပေါ့ကွာ"

ကမာ နားလည်ပါသည်။ အခု အကိုကြီးက မိမိနှင့်အိပ်နေလို့ မိဖုရားတွေဆီမသွားတာ မဟုတ်လား။ မိမိလည်း အကိုကြိးကို သွားစေချင်ပါသည်။

"ကျွန်တော်ပြောလိုက်ပါ့မယ် အကိုလေး။"

ထိုစဉ် အစေတော်များက ဟင်းပွဲများလာပို့သည်။ မနက်စာက ရိုးရှင်းကာ အငွေ့တထောင်း ထောင်းထ ကာ စားချင်စဖွယ်ကောင်းလှသည်။
"ဟား...စားကောင်းမယ့်ပုံပဲ။ ညီလေးရဲ့မနက်စာက ဒါပဲလား။"

"ဟုတ်တယ် အကိုလေး။ အကိုလေးကို ကျွေးရမှာတောင် အားနာလိုက်တာ။"

"ဘာတွေ လာပြောနေတာလဲ။ အကိုလေး ဒီလိုဟင်းတွေကို ကြိုက်တာ သိလျက်နဲ့။ဒါနဲ့ ကမာနဲ့ ခုနက လေ့ကျင့်နေတဲ့ အစေတော်လေးကို ခေါ်လိုက်ပါလား။ အကိုလေး တွေ့ချင်လို့။"

ကမာ၏ တူလက်မှ လွတ်ကျသွားသည်။ ရုတ်တရက်ဆိုတော့ လန့်သွားခြင်းဖြစ်သည်။

"ဘာဖြစ်လို့လဲ အကိုလေး။"

တင်မော်ရင်သည် ကမာ့အမူအယာကြောင့် အကိုကြီးဘာကြောင့်စိတ်ပူသည်ကို သိသွားသည်။
"သူက ချစ်စရာလေးနော်။ ညီလေး ဘယ်က တွေ့ခဲ့တာလဲ။"

ကမာ သည် အကိုလေး၏ အကြည့်ကိုရှောင်ကာ ဖြေလိုက်သည်။

"ကျွန်ဈေးကနေ ဝယ်လာတာပါ။ "

"သူ့ကို အကိုလေး တွေ့ချင်တယ် ခေါ်ပေးပါ။"
တင်မော်ရင်ခိုင်မာစွာပြောလိုက်သံကို ကြားသော် ကမာ ငြင်းမရတော့မှန်းသိလိုက်သည်။

ကမာ သည် အစေတော်တစ်ဦးကို လွှတ်ကာခေါ်ခိုင်းလိုက်သည်။ ဟေဇယ်သည် အိမ်ရှေ့မင်းရှေ့သို့ ရောက်လာခဲ့သည်။ ဟေဇယ်သည် အကိုလေးကို ကြည့်လိုက်တော့

"အိမ်ရှေ့မင်းသားကို ဂါရဝပြုပါ ဟေဇယ်"

တင်မော်ရင်သည် ချစ်စဖွယ်ကောင်လေးကို ကြည့်ရင်း လက်ပြကာ တားလိုက်သည်။
"ရတယ် ညီလေး။ ဟေဇယ်တဲ့လား မင်း နာမည်လေးက..."

ဟေဇယ်က ကြောက်နေသဖြင့် မဖြေပဲနေသဖြင့် ကမာ ပြောလိုက်သည်။
"ဖြေလိုက်လေ ဟေဇယ်.."

"မှန်လှပါ။ ကျွန်တော်မျိုးနာမည်က ဟေဇယ်ပါ အရှင်။"

တင်မော်ရင်သည် ဝါဝင်းသောအသားအရည်ပိုင်ရှင်ကောင်လေးနှင့် ကမာ့ကို ယှဉ်ကြည့်ကာ ကမာ့ ညီဝမ်းကွဲ ဟေဇယ်မဟုတ်မှန်း သိသွားသည်။ အသားအရောင်ခြင်းကွာသည် မဟုတ်လား။

"မင်း ဘယ်ဇာတိကလဲ ဟေဇယ်"
ဟေဇယ် ကြောက်သွားသော်လည်း အကိုလေးသင်ထားသည့်အတိုင်း ဖြေကြားလိုက်သည်။
"မမှတ်မိတော့ပါဘူး အရှင်။ ကျွန်တော်မျိုး သခင်လေး ကမာဆီကို မရောက်ခင်က အပြင်းဖျားလို့ အရင်က အကြောင်းတွေကို ဘာမှ မမှတ်မိတော့ပါဘူး။"

တင်မော်ရင်သည် ဟေဇယ်၏ စကားပြောပုံ၊ မျက်လုံးအကြည့်၊ ကိုယ်အမူအယာများကို အကဲခတ်ကာ ပြန်လွှတ်လိုက်သည်။

"ရပြီ။ မင်းသွားတော့။"

ကမာသည် ဟေဇယ်ထွက်သွားတော့မှ တင်မော်ရင်ကို မေးလိုက်သည်။

"အကိုလေး...ဘာကြောင့် ဟေဇယ့်ကို စိတ်ဝင်စားတာလဲ။"

"အကိုလေး စိတ်ဝင်စားတာ မဟုတ်ဘူး။ အကိုကြီး စိတ်ဝင်စားတာ။"

ကမာ မျက်နှာ သွေးဆုတ်သွားသည်။ ဒါဆို သွားပြီ။ အကိုကြီးသိသွားလျှင် ဟေဇယ်ကို မိမိဘယ်မှာ သွားဝှက်ရမှန်းမသိတော့ပေ။.
တင်မော်ရင်သည် ကမာ့မျက်နှာကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

"သူက မင်းညီလေး မဟုတ်ဘူး။ သူက အတော်လေးကို ချောပါတယ်။ အမျိုးကောင်းထဲက ဖြစ်မှာပါ။ ဒါပေမယ့် နှင်းမြို့တော်သား မဟုတ်ဘူး။ မင်း ဘာကြောင့် သူ့ကို ဟေဇယ်လို့ နာမည်ပေးထား တာလဲ။"

ကမာ သက်ပြင်းရှိုက်ကာ ဖြေလိုက်သည်။
"သူက ကျွန်တော့်ညီမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို တွေ့တော့ ကျွန်တော် အရင်က ဘဝကိုပြန် သတိရပြီး အကိုကြီးကယ်သလို သူ့ဘဝကို ကျွန်တော် ကယ်ထားတာပါ။"

"ဒါဆို သူက မင်းရဲ့ အစေတော်မဟုတ်ပဲ မင်းရဲ့ မွေးစားညီပေါ့ ဟုတ်လား။"
ကမာ ခေါင်းငြိမ့်လိုက်သည်။ တင်မော်ရင် ရင်မောသွားသည်။ ဟေဇယ် ကမာ့ကို ဘယ်လောက်ခင် တွယ်နေသည်ကို မိမိအတိုင်းသားမြင်နေရသည် မဟုတ်လား။ နောင်တော်များသိသွားလျှင် ....
တင်မော်ရင်သည် ကမာ့လက်လေးကို ညင်သာစွာဆုပ်ကိုင်ကာ မေးလိုက်သည်။

"မင်း ဘယ်သူ့ကိုမှချစ်လို့မရဘူးဆိုတာ သိရဲ့လား ညီလေး။ "

ကမာ အကိုလေးကိုမော့ကြည့်ကာ ပြောလိုက်သည်။

"သိပါတယ် အကိုလေး။ ကျွန်တော့်ကို အကိုကြီးတစ်ယောက်တည်းပိုင်တယ် ဆိုတာ ကျွန်တော် မမေ့ပါဘူုး။ ကျွန်တော့် ခန္ဓာနဲ့ စိတ်ကို အကိုကြီးပဲပိုင်တာပါ။ စိတ်ချပါ အကိုလေး။"

တင်မော်ရင်သည် ကမာ့စကားကြောင့် စိတ်မကောင်းဖြစ်သွားသည်။

"နောင်တော်က မင်းကိုချစ်လွန်းလို့ စိတ်မချတာပါ ကမာလေး။ မင်း နားလည်ပေးပါ။ နောင်တော်က မင်းကိုချစ်လွန်းလို့ မိဖုရားအဖြစ်တောင်မထားဘူး။"

"ကျွန်တော် သိပါတယ် အကိုလေး။"

ကမာ တိုးတိတ်စွာပြောလိုက်သည်။ တင်မော်ရင်သည် ကမာ့ကို အခြားအကြောင်းအရာများပြောကာ စကားလမ်းကြောင်းပြောင်းပေးလိုက်သော်လည်းကမာက စိတ်ပူနေပုံရသဖြင့် တင်မော်ရင် ကတိပေးလိုက်သည်။

"ညီလေး စိတ်ချပါ။ အကိုလေး ဟေဇယ့်အကြောင်းကို ကြည့်ပြောပေးပါ့မယ်။ ဒါပေမယ့် ဟေဇယ့်ကို မင်းနဲ့သိပ်ပြီးလက်ပွန်းတသီး မနေစေနဲ့။ "

ကမာစိတ်အေးသွားသည်။ တော်သေးသည်။ အကိုလေးက နားလည်ပေးလို့။ ကမာ သည် အထိန်းတော်ကြီးမှ တဆင့် ဟေဇယ့်ကို မိမိနားသိပ်မကပ်ရန်ပြောထားလိုက်သည်။

ည အကိုကြီးထံ အခစားဝင်တော့ ကမာ သတိနှင့်အိပ်နေသဖြင့် ဟေဇယ့်အကြောင်း မယောင်တော့ပေ။ တင်တက်ရင်ကတော့ ကမာ့ နူတ်မှ မည်သူ့နာမည်ကိုမှ မယောင်တော့ သဖြင့် စိတ်အေးသွားသည်။ သို့သော ကမာ တဖြည်းဖြည်း ဖျော့တော့လာသည်ကို နားမလည်နိုင်အောင်ဖြစ်နေမိသည်။ ရက်မှ လကူးသောအခါ ကမာ မဟန်နိုင်တော့ပေ။ တချက်တချက် မူးရိပ်မူးရိပ်ဖြစ်လာသည်။ ကမာ့ပုံက အားနည်းပုံပေါက်လာသည်။ လူလည်း ညှိုးငယ် လာသည်။
"ကမာလေး...နေမကောင်းဘူးလားကွယ်။ အရမ်းဖြူဖျော့လာတာပဲကွယ်။ ဟေ့ သမားတော်ကို ခေါ်စမ်း။"

"အကိုကြီး ကျွန်တော် နေကောင်းပါတယ်။ "

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now