
Start from the beginning
                                    

===================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၄)

ကျွန်တော်က မင်းကြီးရဲ့ မိဖုရားအဖြစ်နေခဲ့တာ အကိုကြီးတို့ကြောင့်ပါ။ တနေ့ အကိုကြီးက ကျွန်တော့်ကို ယောကျာ်း ဘဝပြန်ပေးမှာပဲ ဆိုတဲ့မျှော်လင့်ချက်ကြောင့် ကျွန်တော် အသက်ဆက် ရှင်နေတာပါ။ အခု အကိုကြီးကပါ မိန်းမဘဝနဲ့ ထပ်နေခိုင်းဦးမယ်ဆိုတော့ ကျွန်တော် ဘယ်လိုမှ မနေနိုင်လို့ပါ။ "

ကမာ ပြောရင်း ဝမ်းနည်းပြီးမျက်ရည်ကျလာခဲ့သည်။

"ကျွန်တော် အကိုကြီးကို ချစ်ပါတယ်။ ဒါပေမယ့် မိန်းမ ဘဝနဲ့ မနေပါရစေနဲ့။"

တင်မော်ရင်သည် ကမာ့အနောက်မှ တံခါး ရုတ်တရက်ပွင့်သွားပြီးအကိုကြီးရပ်နေသည်ကို တွေ့တော့ အလန့်တကြားထရပ်လိုက်မိသည်။ ကမာလည်း လှည့်ကြည့်လိုက်မိသည်။ အကိုကြီးကို တွေ့တော့ လန့်သွားသည်။ သွားပြီ။ အကိုကြီး ကြားသွားပြီ။

"နောင်တော်..."

"အကိုကြီး..."

တင်တက်ရင်သည် တင်မော်ရင်နှင့် ကမာတို့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ကမာ မင်း အကိုကြီးရဲ့ ကြင်ယာတော်လုပ်ရမှာကို မျက်ရည်ကျလောက်အောင်ကို စိတ်ဆင်းရဲ နေလား ကလေးရယ်။"

ကမာသည် အကိုကြီး၏ မျက်နှာကို မကြည့်ရဲသဖြင့် မျက်လွှာချထားရင်း မျက်ရည်ပေါက်များက ကြမ်းပေါ် တပေါက်ခြင်းကျလာခဲ့သည်။
တင်တက်ရင်သည် ကမာ့မျက်ရည်များကို တွေ့သော် ရင်ထဲနာကျင်လာခဲ့သည်။ ကမာ့ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးချင်သည်။သို့သော် ကမာက မိမိကြင်ယာတော် မလုပ်ချင်လို့ငိုနေသည် ဆိုသည့် အသိက ကမာ့ အသားကိုထိရန် မဝံ့မရဲဖြစ်နေစေသည်။ မိမိအချစ်က ကမာ့ကို ဒီလောက် နာကျင်စေရမည်ကို မိမိလုံးဝမသိခဲ့ပေ။

တင်တက်ရင်သည် ကမာ့ကို ဘာစကားတခွန်းမှ မပြောပဲ စိုက်ကြည့်နေမိသည်။
တင်မော်ရင်သည် သက်ပြင်းရှိုက်ကာ ပွဲဝင်ထိန်းရန်ကြိုးစားလိုက်သည်။

"နောင်တော်။ ကမာဆိုလိုတာ..."

"ရပြီ။ မော်ရင်။ နောင်တော်ကြားတယ်။ ကမာလေး...အကိုကြီးကို မော့ကြည့်ပါအုံး။ မင်း ကိုယ့် ကြင်ယာလုပ်ရရင် စိတ်ဆင်းရဲမှာလား။ ကိုယ့်ကို ဖြေပေးပါ။ မလိမ်တမ်းဖြေပေးပါကွယ်။ အကိုကြိး မင်းရဲ့ အဖြေကို သိရမှ ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်မှာမို့ပါ။ ကမာလေးအတွက် အကိုကြီး အကောင်းဆုံးဆောင်ရွက်ပေးမှာပါကွယ်။"

ကမာ မျက်ရည်များကြားမှ အကိုကြီးကို ဖြည်းဖြည်းချင်းမော့ကြည့်လိုက်မိသည်။ တည်ကြည်ခန့်ညား သောစစ်ဘုရင်အကိုကြီး၏ မျက်နှာကို ငေးကြည့်ကာ ဘာဖြေရမှန်းမသိဖြစ်နေစဉ် သူက ပြုံးကာ အားပေးသည်။
အကိုကြီး၏ အပြုံးကို တွေ့သောအခါ ကမာ ကြောက်စိတ်လွင့်ပြယ်သွားပြီး ခေါင်းငြိမ့်လိုက်မိသည်။
တကယ်တော့ ကမာ အကိုကြီးကို ချစ်ပါသည်။ အကိုကြီးကို ဘယ်တုန်းကမှ မလိမ်ချင်ခဲ့ပါ။ ထို့ကြောင့် အမှန်အတိုင်းဖြေလိုက်ခြင်းဖြစ်သည်။

"ကမာ...."
တင်မော်ရင်သည် နောင်တော်ကြီးအကြောင်းကို သိသောကြောင့် သတိပေးရန်လှမ်းခေါ်လိုက်သော် လည်း ကမာ က ခေါင်းငြိမ့်ပြီးသွားလေသည်။

"သွားပြီ။"
တင်မော်ရင် သက်ပြင်းချလိုက်မိသည်။ ဘာတွေဖြစ်လာဦးမည်ကို မသိတော့ပေ။ ဒါပေမယ့် နောင်တော်ကြီးစိတ်နှင့်ဆိုလျှင် မကောင်းတာတခုခုဖြစ်လာပေတော့မည်။

တင်တက်ရင်သည် ကမာ့အဖြေကို သိရတော့ ဘာမှ မဖြစ်သူလို ခေါင်းငြိမ့်လိုက်သည်။ ကမာ့ပုခုံးလေးကို ဖက်ကာ ပြောလိုက်သည်။

"နန်းတော်ကို ပြန်ကြစို့ ကမာလေး။ မော်ရင် ညနေစာ လာစားပါ။ ဖိန်းဖိန်းကိုပါ ခေါ်လာခဲ့လိုက်။ မိသားစု လက်ဆုံစားချင်တယ်။ လာ ကမာ ပြန်ကြစို့။"

ကမာ စောဒက မတက်ပဲ အကိုကြီးနောက်ကို ချက်ချင်းပြန်လိုက်ခဲ့သည်။ လမ်းတွင် အကိုကြီးက မေးသည်။

"အိမ်တော်ဟောင်းကို ဘာသွားလုပ်တာလဲ ကမာလေး။ "

"သတိရလို့ပါ အကိုကြီး။ ဒီနေပြည်တော်မှာ အိမ်တော်ဟောင်းက ကျွန်တော် အခင်တွယ်ဆုံးနေရာ လေးပါ။ အကိုကြီးတို့နဲ့ အတူနေခဲ့တဲ့နေရာလေးလေ။ "

တင်တက်ရင်သည် ကမာ့လက်လေးကို ဆုပ်ကိုင်ကာ နမ်းရှိုက်ပြီး ပြောလိုက်သည်။

"အကိုကြီးဘဝမှာ ကမာလေးကို ကယ်ခဲ့မိတာ အကောင်းဆုံးအဖြစ်ပဲ သိလား။"
သူက ပြောပြီးတိတ်သွားသည်။ မိမိအဖြေကြောင့် သူ စိတ်မကောင်းဖြစ်နေသည်ကို သိလိုက်တော့ ကမာ အကိုကြီးလက်မောင်းကို မှီကာပြောလိုက်သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၃)-ဒုတိယပိုင်း

"အကိုကြီး ညီ့ကိုခွင့်လွှတ်ပါနော်။ အကိုကြီးရဲ့ ဧကရီမလုပ်နိုင်ဘူးပြောမိတာ။"

တင်တက်ရင်က ကမာ့ပုခုံးလေးကို ဖက်ကာ
"ညီ့မှာ အပြစ်မရှိပါဘူး။ မချစ်သင့်တဲ့အချစ်နဲ့ချစ်မိတဲ့အကိုကြီးပဲ အပြစ်ရှိတာပါ။"

"ကျွန်တော်လေ အကိုကြီးအတွက်ဆို အသက်တောင် ပေးဝံ့ပါတယ်။ ဒါပေမယ့် မိန်းမဘဝနဲ့ တစ်သက်လုံးနေရမှာကိုတော့..."

"အကိုကြီး နားလည်ပါတယ်။ ကဲ..ကမာလေး။ အကိုကြီးပြောခဲ့တာကို မေ့လိုက်တော့။ အခုကစပြီး ပျော်ပျော်နေနော်။ ဒီနန်းတော်မှာ ကမာလေး ကြိုက်တာ လုပ်လို့ရတယ်။ ကမာ က မွန်ဂိုအင်ပါယာရဲ့ အရှင်သခင်ပါ။"

"အကိုကြီးရယ်။ မခံယူဝံ့ပါဘူးဗျာ။"

ကမာသည် အကိုကြီး၏ အပြောကို သိပ်မကြိုက်ပေ။ အကိုကြီး တစ်ခုခုကို ထိန်ချန်ထားသလို ခံစားရသည်။

"အကိုကြီး။"

"ဘာလဲ ကမာလေး။"

"အကိုကြီး တစ်ခုခုလုပ်ဖို့ကြံနေတာလား။"
တင်တက်ရင်က ကမာ့မျက်နှာကို စိုက်ကြည့်ပြီးပြုံးလာသည်။

"နန်းတက်ပွဲလုပ်ဖို့ ရက်ပိုင်းပဲလိုတဲ့ ဘုရင်သစ်က ဘာလုပ်ဖို့ကြံရမှာလဲ ကမာလေးရဲ့။ "

အကိုကြီး၏ စကားကြောင့် ကမာ စိတ်အေးသွားသည်။ အကိုကြီးရင်ခွင်ထဲတိုးဝင်ကာ ပြောလိုက်သည်။

"ကျွန်တော်လေ..အကိုကြီးဘေးမှာ အကိုကြီးအားကိုးရတဲ့လက်ရုံးတစ်ဆုူဖြစ်ချင်တာပါ အကိုကြီးရယ်။ အကိုကြီး ဘာလုပ်လုပ်၊ ဘာခိုင်းခိုင်း အားလုံးအောင်မြင်အောင်လုပ်ပေးမယ်။ အကိုကြီးရဲ့ အင်ပါယာကို ခိုင်မာအောင် ကူပေးမယ်။"

တင်တက်ရင်သည် ကမာ့စေတနာကို သိရတော့ စိတ်မထိန်းနိင်တော့ပဲ နူတ်ခမ်းလေးကို ငုံ့ကာ နမ်းလိုက်မိသည်။ ကမာ ရုတ်တရက် မတုန့်ပြန်သော်လည်း မငြင်းပါ။ ကျေးဇူးရှင်အကိုကြီး မိမိကို ဘာလုပ်လုပ် လိုက်လျောဖို့ဆုံးဖြတ်ထားသည် မဟုတ်လား။

တင်တက်ရင်သည် သက်ပြင်းရှိုက်ကာ အသာလွှတ်ကာ ပြောလိုက်သည်။
"အကိုကြီး ကမာ့စကားကို မှတ်ထားပါ့မယ်။"

နန်းတော်သို့ရောက်သော် တင်တက်ရင်က ကမာ့လက်ကိုတွဲကာ အဆောင်ထဲဝင်ခဲ့သည်။
"ကဲ... ရေချိုးတော့။ အကိုကြီး အလုပ်နည်းနည်းလက်စသတ်ဦးမယ်။"

ကမာ ထွက်သွားတော့မှ တင်တက်ရင် တစ်ယောက်တည်း အဆောင်ထဲတွင်ထိုင်ကာ အလေး အနက်ထား စဉ်းစားနေမိသည်။
ကမာ့ကို ချစ်လွန်းလို့ နန်းသိမ်းခဲ့တာ အလကားဖြစ်ရလေပြီ။ ဘာပဲ ဖြစ်ဖြစ်ပါ။ မိမိ သမိုင်းတွင် လူဆိုးစာရင်းဝင်သွားသည်ကိုကရုမစိုက်ပါ။ ကမာ့အတွက် လုံခြုံသော ဘဝကို ဖန်တီးပေးနိုင်သည်နှင့် ကျေနပ်ပါပြီ။ အခုဆိုလျှင် မိမိမရှိလျှင် မော်ရင်က ကမာ့ကို စောင့်ရှောက်ပေလိမ့်မည်။

ကမာ့ကို မိမိချစ်သည်။ ချစ်သူလို၊ ဇနီးမယားလိုချစ်သည်။ နေ့တိုင်း အတူနိုုးထချင်သည်။ နေ့တိုင်း အတူလက်ဆုံစားချင်သည်။ နေ့တိုင်း အတူ အချိန်ကို ကုန်လွန်ချင်သည်။ နေ့တိုင်း ကမာ့ ကိုယ်လေးကို ရင်ခွင်ထဲ ထွေးပွေ့ထားချင်သည်။ နေ့တိုင်း ကမာ့ကို ချစ်ချင်သည်။ နေ့တိုင်း...

တင်တက်ရင် သက်ပြင်းရှိုက်လိုက်မိသည်။ ကမာနှင့် အတူနေရမည့်နေ့ရက်များကို တွေးကာ ယင်းယင်း ကို မိမိသည်းခံပေါင်းသင်းခဲ့သည်။ အမတ်ချုပ်ကြီး အမိန့်ကို နာခံခဲ့သည်။ မင်းကြီးကို မပုန်ကန်ပဲ စောင့်ကြည့်နေခဲ့သည်။

မိမိချစ်သူလေး သူများရင်ခွင်တွင် နေရသည်ကို ရင်နာနာနှင့် ကြည့်နေရသည်။ ကမာ့အချစ်ကို ရခဲ့သော်လည်း သူကလေး မကြည်ဖြူသောကိုယ်ကို မိမိအတင်းအကျပ်မယူပဲ အလှကြည့်နေခဲ့ သည်။ ဒါတွေအားလုံးက မိမိနွားကျလို့လုပ်ခဲ့တာ မဟုတ်ပေ။ ကမာ့ကို ချစ်လွန်းလို့ နွားကျခဲ့ ခြင်း ဖြစ်သည်။

တင်တက်ရင်သည် ရွှေနန်းတော်ကြီးနှင့် အဆောင်အယောင်များကို ငြီးငွေ့စွာလှည့်ပတ်ကြည့် မိသည်။မိမိထင်ထားခဲ့တာက မိမိ ကမာ့နှင့် ရွှေလက်တွဲကာ နန်းမြင့်ထက်တွင် စံနိုင်ပြီပေါ့။ ကမာက မိမိဘေးတွင ်မရှိမှတော့ ဘုရင်နေရာက ဘာမက်စရာမှမရှိတော့ပေ။ မချစ်သော မိန်းမများကို နိုင်ငံရေး အရ မိဖုရားမြှောက်ရင်း၊ တိုင်းပြည်ရေးကို ဆောင်ရွက်ရင်း၊ နေ့စဉ် ငြီးငွေ့ဖွယ် ညီလာခံ တက်ရင်း၊ တစ်ညတယောက် အလှည့်ကျ မိဖုရားတွေဆီသွားအိပ်ရင်း၊ သားသမီးများမွေးရင်း ဒီနန်းတော်ထက်တွင် အကျဉ်းကျခံရသည်ထက် မိမိဝိဉာဏ်က တောတောင်များတွင် လှည့်လည် သွားနေရသည်က မှ ပိုပျော်စရာကောင်းဦးမည်။

ကမာသည် ရေချိုးပြီးအဝတ်စားလဲပြီးသည့်တိုင် သူက မလှုပ်သဖြင့် အကိုကြီးကို သွားသတိပေး လိုက်သည်။
"အင်း... ကမာလေး။ အကိုကြီး အခုပဲ ရေသွားချိုးလိုက်မယ်။"

ကမာသည် အကိုကြီးထွက်သွားသည့် ဘက်ကိုကြည့်နေရင်း စိတ်ထဲလေးလာသည်။ အကိုကြီး၏ ပုံစံက အရင်နှင့် မတူပေ။ အကိုကြီးကို မိမိစိုးရိမ်လာမိသည်။
အကိုလေး တင်မော်ရင်ရောက်လာတော့ ကမာ တီးတိုးကပ်ပြောလိုက်မိသေးသည်။ တင်မော်ရင်က ကမာ့ကို စိတ်ပူမည်စိုးသောကြောင့် နှစ်သိမ့်ထားလိုက်သည်။ သို့သော် မိမိလက်အောက်မှ သက်တော်စောင့်ကို မင်းကြီးအား မပြတ်စောင့်ကြည့်ရန် မှာကြားထားပြီးဖြစ်သည်။

ထိုညနေခင်း ထမင်းဝိုင်းသည် ပျော်စရာကောင်းလှသည်။ အရင်က ညီအစ်ကိုတစ်တွေ အတူ ဝိုင်းဖွဲ့စားရသလိုခံစားရသည်။ အကိုကြီးက အရင်အကြောင်းကို ပြန်ပြောကာ တဟားဟားရယ် နေသည်။ ကမာသည် အကိုကြီးပန်းကန်ထဲ ဟင်းကို ကရုတစိုက်ထည့်ပေးကာ လိုလေသေးမရှိ လုပ်ပေးသည်။ တင်မော်ရင်သည် ကမာ့အပြုအမှုမှ အကိုကြီးကို ဘယ်လောက် အလေးထား ချစ်သည်ကို သိသည်။ သို့သော် ကမာပြောသည့် ယောကျာ်းလေးဖြစ်လျက်နှင့် တသက်လုံး အကိုကြီးမယားဘဝမနေနိုင်သည်ကို လည်း နားလည်သည်။

အကိုကြီးက ကမာ့အငြင်းစကားကြောင့် ဘယ်လောက်ခံစားသွားရသည်ကိုလည်း သိသည်။ နောင်တော်ကြီး၏ အချစ်ကလည်း မမှားပါ။ ကမာလေး ငြင်းသည်လည်းမမှားပါ။ မှားသည်က ဖူးစာရေးနတ်ဖြစ်သည်။

တင်တက်ရင်သည် ညီများနှင့်အတူ စားသောက်ပြီးနောက် ကမာ့ကို မေးသည်။

"ကမာလေး။ ကမာ ဘယ်နန်းဆောင်ကို လိုချင်သလဲ။ ကမာနေဖို့နန်းဆောင်တစ်ခု သတ်မှတ်ပေးမယ်။ "

ကမာ ပျော်သွားသည်။
"အရင်အိမ်တော်ဟောင်းမှာပဲ နေချင်တယ် အကိုကြီး။"

"နန်းတော်ထဲမှာနေပါကွယ်။ ကမာ့ကို စိတ်မချဘူး။"

"ဟင့်အင်း။ အိမ်တော်ဟောင်းမှာပဲ နေပါရစေနော်။ ကျွန်တော် အဲ့နေရာလေးကို မြတ်နိုးလို့ပါ။"

တင်တက်ရင်က ခေါင်းငြိမ့်လိုက်သည်။
"ကမာ့သဘောပဲ။ အိမ်တော်ပတ်ပတ်လည်ကို တံတိုင်းအမြင့်ကာပြီး တပ်စိတ်တစ်စိပ်ချထားပေးပါ မော်ရင်။ ညီလေးရဲ့ အိမ်တော်ကို ဘာမှလိုလေသေးမရှိအောင် ပြင်ဆင်ပေးပါ။"

"ဟုတ်ကဲ့ နောင်တော်ကြီး။"

"ကဲ...စားပြီးပြီဆိုတော့ မော်ရင်လည်း ပြန်တော့။ နောင်တော် နားချငိပြီ။ ဒီရက်ပိုင်း ရက်ဆက် ပင်ပန်းနေတာ နားချင်ပြီ။ ကမာလေးလည်း ဘေးခန်းမှာပဲ အိပ်လိုက်တော့နော်။"

တင်မော်ရင် မသင်္ကာတော့ပေ။ သို့သော် ဘာမှ မပြောပဲ နူတ်ဆက်ကာ ဖိန်းဖိန်းနှင့်အတူ ပြန်ခဲ့သည်။ ကမာလည်း တင်တက်ရင်၏ အမိန့်ကြောင့် အံ့အားသင့်သွားသည်။ မိမိကို သူ့အခန်းထဲ ကနေ နှင်နေသည်ဆိုတော့ နည်းနည်းတော့ ထူးဆန်းသွားသည်။ တကယ်ဆိုလျှင် အကိုကြီး မိမိကို ဘယ်လောက်ချစ်သည်ကို မိမိအသိဆုံးဖြစ်သည်။

"အကိုကြီး။ ကျွန်တော် အကိုကြီးကို ပြုစုပေးပါရစေ။"

အကိုလေးပြန်သွားတော့ ကမာပြောလိုက်သည်။ တင်တက်ရင်က ကမာ့လက်ကို တားလိုက်သည်။
"ရတယ် ကမာ။ မလိုတော့ဘူး။ သွားအိပ်တော့။"

ကမာ ပိုလို့စိတ်မကောင်းဖြစ်သွားသည်။အကိုကြီး မိမိကိုနှင်သည်ကို ရင်ထဲနာကျင်စွာခံစားမိသည်။

သို့သော် စောဒက မတက်ပဲ ထွက်သွားတော့သည်။ တင်တက်ရင်သည် သလွန်ထက်တွင် ထိုင်ကာ စာတစ်စောင်ကို ရေးကာ စားပွဲပေါ်တင်ထားလိုက်သည်။ ပြီးတော့ ဓါးမြှောင်ကို ထုတ်ကာ မိမိရင်ဘတ်ကို အရှိန်နှင့် ထိုးစိုက်လိုက်သည်။ သို့သော် သလွန်နောက် ခန်းစီးအကွယ်မှ သက်တော်စောင့်က ပြေးထွက်လာပြီး တင်တက်ရင်၏ လက်ကို တွန်းလိုက်သည်။ဓါးက ချော်ကာ လက်မောင်းကို ထိုးမိသွားသည်။

"အရှင်မင်းကြီး ။ တောင်းပန်ပါတယ်။ မလုပ်ပါနဲ့ခင်ဗျာ။"

သက်တော်စောင့်က ဓါးကို ဆွဲနူတ်ကာ မင်းကြီးကို တောင်းပန်လိုက်သည်။ တင်တက်ရင်က တင်မော်ရင်၏ သက်တော်စောင့်ကို မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။

"မင်း သေချင်ပြီထင်တယ်။ ငါ့ကို ဓါးပြန်ပေးစမ်း။"

"မင်းကြိးတောင်းပန်ပါတယ်။ ဟေ့ အပြင်က အစောင့်တွေ။ သမားတော်ခေါ်ပါ။ မင်းကြီးဒဏ်ရာရလို့။"

ကမာသည် သက်တော်စောင့်၏ အသံကိုကြားတော့ ချက်ချင်းပြေးဝင်လာခဲ့သည်။ သွေးတွေနဲ့ အကိုကြီးကို တလှည့်၊ ဓါးမြှောင်နှင့် သက်တော်စောင့်ကို တလှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ။"

"မင်းကြီး သေကြောင်းကြံလို့ပါ မင်းသား"
ကမာ သိလိုက်လေပြီ။ အကိုကြီးက မိမိငြင်းလိုက်သောကြောင့် ဒီလိုလုပ်သည်ကို သိလိုက်လေပြီ။ ကမာ မျက်ရည်စီးကျလာပြီး အကိုကြီးကို ပြေးဖက်ကာ ပြောလိုက်သည်။

"အကိုကြီး ရူးနေလား။ ဟင် အကိုကြိး ရူးနေလား။ ကျွန်တော့်ကြောင့် ဒီလိုလုပ်တာလား။ "

တင်တက်ရင် မဖြေပေ။ ကမာသည် တင်တက်ရင်၏ ရင်ခွင်ထဲကို တိုးဝင်ကာ ဖက်ထားပြီး ပြောလိုက်သည်။
"အကိုကြီးသေရင် ကျွန်တော် လိုက်သေမယ်။ ကျွန်တော့် အသက်သခင်သေရင် ကျွန်တော်လည်း အသက်မရှင်ချင်တော့ဘူး။"

သမားတော်များရောက်လာတော့ တင်တက်ရင်က ဆေးထည့်မခံပေ။
"ငါ့ ဒဏ်ရာကို ဆေးထည့်စရာမလိုဘူး။ မင်းတို့ ငါ့ကို လာထိတဲ့သူမှန်သမျှ င့ါလက်နဲ့သတ်မယ်။"

ကမာ မျက်ရည်ပိုကျလာခဲ့သည်။ အကိုကြီးကိုဖက်ကာ ပြောလိုက်သည်။
"အကိုကြီး ကျွန်တော့်ကို အပြစ်ပေးပါ။ အားလုံး ကျွန်တော့်ကြောင့်..."

"မင်း ကအပြစ်ကင်းသူပါ။ အပြစ်ရှိတာ ကိုယ်ပါ။ ကိုယ်မရှိတာ မင်းအတွင် ပိုကောင်းပါလိမ့်မယ်။ ကမာလေး။ အကိုကြီးကို သေခွင့်ပေးပါ။ မင်း မရှိတဲ့ ဘဝကို ကိုယ်မဖြတ်သန်းနိုင်ဘူး။"

"အကိုကြီး။ ဟင့်အင်း ..ကျွန်တော်..."

ထိုစဉ် တင်မော်ရင် အခန်းထဲဝင်လာခဲ့သည်။ တင်တက်ရင်ကို တွေ့သော် ဒူးထောက်တောင်းပန်သည်။
"နောင်တော်။ ဆေးကုခွင့်ပေးလိုက်ပါ နောင်တော်။"

"မင်းကအစက ငါ့အမိန့်ကို နားမထောင်တော့တာလား မော်ရင်။ "

"မဟုတ်ပါဘူး နောင်တော်။ ကျွန်တော်တို့အတွက် နောင်တော်က နေမင်းကြီးပါ။ နောင်တော့်ကို ကျွန်တော် ဘယ်နည်းနဲ့မှ အသေမခံနိုင်ဘူး။ ခွင့်လွှတ်ပါ နောင်တော်မင်းကြီး။"
တင်မော်ရင် အချက်ပြလိုက်သည်နှင့် လက်ရွေးစင်တပ်သား ခြောက်ယောက် တင်တက်ရင်ကို ဝိုင်းချူပ်ကာ အတင်းဆေးထည့်ပေးရန်ကြိုးစားကြသည်။ တင်မော်ရင်က ကမာ့ကို ဆွဲခေါ်ကာ အပြင်ကို ထုတ်လာခဲ့သည်။ တင်တက်ရင်သည် လုူအများစုကြောင့်ချူပ်မိပြီး ဆေးထည့်ခံနေရသည်။

"မော်ရင်။ ပြီးရင် မင်းကို ငါသတ်မယ်။ ငါ့ အသက်ကို ငါပိုင်တယ်။ ငါသေချင်ရင် ဘယ်သူမှ တားလို့ မရစေရဘူး။"

ကမာသည် အကိုကြီး၏ အသံကြောင့် မျက်ရည်ကျသည်။ တင်မော်ရင်သည် ကမာ့ကို အပြင်ခေါ်ထုတ်လာပြီး ပြောလိုက်သည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now